သင့်ကျန်းမာရေး အလေးပေး
အစာလည်းဆေး ဆေးလည်းအစာဆိုတာ သိကြပြီး ဖြစ်ပါတယ်။ အခု မီးဖိုချောင်ထွက် အသီးအနှံလေးတွေကနေ ကျန်းမာရေးကို တူတူ ရှာဖွေကြရအောင်! 🙂
၁။ သံပုရာသီး
သံပုရာသိးတစ်လုံးနဲ့တင် တစ်နေ့စာလိုတဲ့ ဗီတာမင်စီပမာဏထက် ပိုလျှံပါတယ်။ ဗီတာမင်စိဟာ အဆီကျဖို့၊ သွယ်လျဖို့နဲ့ ရောဂါကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သံပုရာသီးမှာပါတဲ့ Flavonoids တွေကြောင့် ယောင်ယမ်းမှုတွေ သက်သာစေတဲ့အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပါတယ်။ဒါကြောင့် မိမိနေ့စဉ်သောက်တဲ့ ရေနွေးကြမ်းထဲကို သံပုရာသီးလေး တစ်စိတ် ထည့်သောက်ပါ။ လက်ဖက်ခြောက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေကို ၈၀ရာနှုန်းအထိ ပြည့်ပြည့်ဝဝ ရစေမှာပါ။
၂။ ပန်းဂေါ်ဖီစိမ်း
Broccoli ပန်းဂေါ်ဖီစိမ်းကို အထင်မသေးပါနဲ့နော်။ တစ်စိတ်လောက်မှာ မိမိတို့ တစ်နေ့စာလိုအပ်တဲ့ ဗီတာမင် ကေနဲ့ ဗီတာမင်စီ အလျှံအပယ်ပါပါတယ်။ ဒါကြောင့် အရိုးတွေ သန်မာစေတဲ့အပြင် ကင်ဆာလည်း ကာကွယ်ပါတယ်။ ပေးချင်တဲ့ tips လေးကတော့ Broccoliကို microwave နဲ့ ချက်ပါ။ သူ့မှာပါတဲ့ အာဟာရရဲ့ ၉၀ရာနှုန်းထိ ရပါတယ်။ ပြုတ်လိုက်ရင် ၆၆ရာနှုန်းလောက်ပဲ ရပါတော့တယ်။
၃။ အာလူး
အာလူးတစ်လုံးမှာ ပါတဲ့ ဖောလစ်အက်ဆစ် ဟာ Broccoli တစ်ပန်းကန်မှာပါတဲ့ ဖောလစ်အက်ဆစ်နဲ့ ညီမျှပါတယ်။ အာလူးကို ဝိတ်တက်လို့ မစားဘူးဆိုသူတွေအတွက် သတင်းကောင်းပါ။ အာလူးပြုတ်ကို အေးအောင်ထားပြီး တစ်နေ့တစ်လုံး စားပေးရင် ၂၅ရာနှုန်းသော တစ်နေ့စားသုံးမှုကို လောင်ကျွမ်းပေးပါတယ်နော်။
၄။ ကန်စွန်းဥ
ကန်စွန်းဥမှာ ပါဝင်တဲ့ ဗီတာမင်အေဟာ တစ်နေ့လိုအပ်ချက်ရဲ့ ၈ဆပါ။ ဒါကြောင့်ဓာတ်တိုးဆန့်ကျင်မှု အလွန်ကောင်းလို့ ကင်ဆာကို ကာကွယ်တဲ့နေရာမှ ကောင်းမွန်ပါတယ်။
၅။ ငါးသေတ္တာငါး
ငါးသေတ္တာငါးရဲ့ Omega 3 fatty acid ပါဝင်မငက မနည်းမနောပါပဲ။ ဒါကြောင့် စိတ်ကျရောဂါတွေ၊ နှလုံးအဆီဖုံးခြင်းတွေ၊ ကင်ဆာရောဂါတွေကို ကာကွယ်ပါတယ်။ ဒါ့အပြင် Niacin ဆိုတဲ့ ဗီတာမင်ဘီ လည်း ကြွယ်ဝတာမို့ သူငယ်ပြန်ရောဂါတွေ၊ မှတ်ဉာဏ်ချို့ယွင်းမှုတွေ ကာကွယ်ပေးပါတယ်နော်။
၆။ ထောပတ်သီး
ထောပတ်သီးတစ်လုံးမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ ဖောလစ်အက်ဆစ် ၅၀ရာနှုန်းလောက် ပါတာမို့ နှလုံးရောဂါကို ကာကွယ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီးပါလို့ ဆံပင်နဲ့ အသားအရေတွေပါ လှပစေမှာပါ။
၇။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ယောင်ယမ်းသက်သာစေတဲ့နေရာနဲ့ အဆီကျ သွေးတိုးကျတဲ့နေရာမှာ ပထမတန်းပေါ့။ သူ့မှာပါတဲ့ Allicin က cholesterol ကျစေပြီး သွေးတိုးကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ပိုးလည်း သေတယ်လေ။ ဒါပေမယ့် သတိထားပါ။ အစိမ်းစားမှ ရပါတယ်။ ကျက်သွားရင် အရေးကြိးတဲ့ဓာတ်တွေ ဆုံးရှုံးသွားလို့ပါ။ ဒါကြောင့် လက်ဖက်စားရင် ကြက်သွန်ဖြူလေးကိုက်ဖို့ မမေ့နဲ့နော်။
၈။ ပဲကြီး
ပဲမျိုးနွယ်ဝင်တွေကို တစ်ပတ်လေးကြိမ်ရအောင် စားပေးခြင်းဖြင့် နှလုံးရောဂါနဲ့ ရင်သားကင်ဆာကို ၂၀ရာနှုန်းထိ ကာကွယ်ပေးပါတယ်။ ပဲက မည်းလေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု များလေပါ။ ပဲကတ္တီပါဆို အကောင်းဆုံးပေါ့။
ကဲအခုပဲ မိးဖိုထဲဝင်ပြီး လှန်လှောရှာဖွေလိုက်ကြပါစို့
ဒေါက်တာယမင်း (ဆေး ၁)