ကိုယ်ဝန်ဆောင်ချိန် ဆောင်ရန်ရှောင်ရန် အစားအသောက်နှင့် နေထိုင်မှုပုံစံများ
ကိုယ်ဝန်ဆောင်တစ်ဦးဟာ သင့်တင့်ညီမျှတဲ့အစားအသောက်တွေကိုစားပေးဖို့အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်များ အဓိကစားသုံးပေးသင့်တာတွေကတော့
- အခြေခံအစားအစာဖြစ်တဲ့ ထမင်း
- အာလူး၊ ဂျုံ၊ ပေါင်မုန့်
- လတ်ဆတ်သော အသီးအနှံများ
- အမျှင်ဓာတ် (Fibre)နှင့် ဖောလစ်အက်စစ်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ
- သံဓာတ်နှင့် ပရိုတင်းဓာတ်ပါဝင်သော အစားအစာအုပ်စုဖြစ်တဲ့ အသား၊ ငါး အမျိုးမျိုး
- ကယ်လစီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းများပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တို့အဓိကရှောင်ရန်အစားအစာတွေကတော့
- ကဖင်းဓာတ်များသော ကော်ဖီ၊ လက်ဘက်ရည် နှင့် အားဖြည့်အချိုရည်အမျိုးမျိုး
- အစိမ်းစားရသော အသားများ (ပုစွန်အစိမ်းသုပ်၊ ဆာရှိမိ စသည်)
- အဆီအနှစ်လွန်ကဲသောအစားအစာများ
- အငန်ဓာတ်ကဲသောအစားအစာများ
- အချိုဓာတ်ပါဝင်မှုများလွန်းသောအစားအစာများပဲဖြစ်ပါတယ်။
နေထိုင်ပုံစံနစ်မှာလည်း ဂရုပြုတို့လိုအပ်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးလိပ်မသောက်ရုံတင်မကဘဲ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့များရှူရှိုက်မိခြင်းမရှိအောင် ဂရုပြုသင့်ပါတယ်။
- အရက်သေစာသောက်စားမှုကို ရှောင်ကျဉ်ရပါမယ်။
- မလှုပ်မရှားဘဲ တစ်နေကုန် ထိုင်နေခြင်း၊ တစ်ဖက်တည်းသာစောင်း၍အကြာကြီးလှဲနေခြင်းတိုကိုမပြုလုပ်သင့်ပါ။
- လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်လနုစဉ်မှာ အန္တရာယ်ကင်းပါတယ်။ သားပျက်သားလျောဖြစ်ဖူးသူတွေအတွက်ကတော့ ဂရုပြုစရာတစ်ခုဖြစ်ပေမယ့် ပုံမှန်ကျန်းမာတဲ့မိခင်လောင်းအတွက်တော့ အန္တရာယ်မရှိပါ။
- ကိုယ်လက်လှုပ်ရှားမှု၊ အိမ်မှုကိစ္စလုပ်ကိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ခန္ဓာကိုယ်သွေးလည်ပတ်မှုနဲ့ ကျန်းမာရေးကောင်းမွန်စေဖို့အနွက် ကိုယ်လက်လှုပ်ရှားမှု လိုအပ်ပါတယ်။ အလေးအပင် မ,ခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကိုယ္ဝန္ေဆာင္ခ်ိန္ ေဆာင္ရန္ေ႐ွာင္ရန္ အစားအေသာက္ႏွင့္ ေနထိုင္မႈပံုစံမ်ား
ကိုယ္ဝန္ေဆာင္တစ္ဦးဟာ သင့္တင့္ညီမ်ွတဲ့အစားအေသာက္ေတြကိုစားေပးဖို႔အေရးႀကီးပါတယ္။ ကိုယ္ဝန္ေဆာင္မ်ား အဓိကစားသံုးေပးသင့္တာေတြကေတာ့
- အေျခခံအစားအစာျဖစ္တဲ့ ထမင္း
- အာလူး၊ ဂ်ံဳ၊ ေပါင္မုန္႔
- လတ္ဆတ္ေသာ အသီးအႏွံမ်ား
- အမ်ွင္ဓာတ္ (Fibre)ႏွင့္ ေဖာလစ္အက္စစ္ပါဝင္မႈမ်ားေသာ ဟင္းသီးဟင္းရြက္မ်ား
- သံဓာတ္ႏွင့္ ပ႐ိုတင္းဓာတ္ပါဝင္ေသာ အစားအစာအုပ္စုျဖစ္တဲ့ အသား၊ ငါး အမ်ိဳးမ်ိဳး
- ကယ္လစီယမ္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြျဖစ္တဲ့ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားပဲျဖစ္ပါတယ္။
ကိုယ္ဝန္ေဆာင္တို႔အဓိကေ႐ွာင္ရန္အစားအစာေတြကေတာ့
- ကဖင္းဓာတ္မ်ားေသာ ေကာ္ဖီ၊ လက္ဘက္ရည္ ႏွင့္ အားျဖည့္အခ်ိဳရည္အမ်ိဳးမ်ဳိး
- အစိမ္းစားရေသာ အသားမ်ား (ပုစြန္အစိမ္းသုပ္၊ ဆာ႐ွိမိ စသည္)
- အဆီအႏွစ္လြန္ကဲေသာအစားအစာမ်ား
- အငန္ဓာတ္ကဲေသာအစားအစာမ်ား
- အခ်ိဳဓာတ္ပါဝင္မႈမ်ားလြန္းေသာအစားအစာမ်ားပဲျဖစ္ပါတယ္။
ေနထိုင္ပံုစံနစ္မွာလည္း ဂ႐ုျပဳတို႔လိုအပ္ပါတယ္။
- ကိုယ္ဝန္ေဆာင္မိခင္ဟာ ေဆးလိပ္မေသာက္ရံုတင္မကဘဲ ေဆးလိပ္ေငြ႔၊ မီးခိုးေငြ႔မ်ား႐ွဴ႐ိႈက္မိျခင္းမ႐ွိေအာင္ ဂ႐ုျပဳသင့္ပါတယ္။
- အရက္ေသစာေသာက္စားမႈကို ေ႐ွာင္က်ဥ္ရပါမယ္။
- မလႈပ္မ႐ွားဘဲ တစ္ေနကုန္ ထိုင္ေနျခင္း၊ တစ္ဖက္တည္းသာေစာင္း၍အၾကာႀကီးလွဲေနျခင္းတို္ကိုမျပဳလုပ္သင့္ပါ။
- လိင္ဆက္ဆံျခင္းဟာ ကိုယ္ဝန္လႏုစဥ္မွာ အႏၲရာယ္ကင္းပါတယ္။ သားပ်က္သားေလ်ာျဖစ္ဖူးသူေတြအတြက္ကေတာ့ ဂ႐ုျပဳစရာတစ္ခုျဖစ္ေပမယ့္ ပံုမွန္က်န္းမာတဲ့မိခင္ေလာင္းအတြက္ေတာ့ အႏၲရာယ္မ႐ွိပါ။
- ကိုယ္လက္လႈပ္႐ွားမႈ၊ အိမ္မႈကိစၥလုပ္ကိုင္ျခင္းတို႔ကို ျပဳလုပ္ေပးပါ။ ခႏၶာကိုယ္ေသြးလည္ပတ္မႈနဲ႔ က်န္းမာေရးေကာင္းမြန္ေစဖို႔အနြက္ ကိုယ္လက္လႈပ္႐ွားမႈ လိုအပ္ပါတယ္။ အေလးအပင္ မ,ျခင္းကိုေတာ့ေ႐ွာင္က်ဥ္သင့္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ