All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

သင့်ကျားအင်္ဂါမှာ ပြသနာရှိနေပြီလား

1 Mins read

သင့်ကျားအင်္ဂါမှာ ပြသနာရှိနေပြီလား ?

သင်ဟာ ကျားလိင်အင်္ဂါနဲ့မွေးဖွားလာသူတစ်ယောက်ပါလား ? ဒါဆို သင့်အနေနဲ့ သင့်အင်္ဂါနဲ့ပတ်သတ်ပြီး ကောင်းကောင်းသိထားသင့်ပါပြီ ။

ကိုယ့်ကျားအင်္ဂါအရွယ်အစားကို ပူပန်နေခြင်းထက် အောက်ဖော်ပြပါ အချက်ငါးချက်ကို သတိပြုမှသာ သင့်ကျန်းမာရေး စိတ်ချရမှာဖြစ်တဲ့အတွက် ကြည့်လိုက်ကြရအောင်လား

၁။သင့်ကျားလိင်အင်္ဂါဟာ ပုံမှန်ထက် ပိုမိုစောင်းနေခြင်း

သင့်အနေနဲ့ လိင်အင်္ဂါတောင်မတ်စဉ်မှာ ပုံမှန်ထက်စောင်းနေတယ်လို့ ခံစားရရင် လိင်တံအောက်မှာ မာကျောကျောအရာတစ်ခုခု ခုလုခုလုနဲ့ ခံစားနေရမယ်ဆို သင့်အနေနဲ့ Peyronie’s disease လို့ခေါ်တဲ့ အမာရွတ်တစ်ရှူးများကြောင့်ဖြစ်သောရောဂါ ဖြစ်နိုင်ပါတယ် ။

မကုသဘဲထားပါက လိင်ဆက်ဆံရာတွင် နာကျင်ခြင်းကိုဖြစ်စေနိုင်ပြီး လိင်အင်္ဂါကျိုးပဲ့ခြင်း အထိ ဖြစ်စေနိုင်ပါတယ် ။

၂။ ကပ္ပအိတ်အတွင်း အလုံးအကြိတ်များ စမ်းမိခြင်း

ဒါဟာ ဝှေးစေ့ကင်ဆာ လက္ခဏာဖြစ်နိုင်ပါတယ် ။

စောစောစီးစီးသိရှိပြီး ကုသခဲ့လျှင် ပျောက်ကင်းနိုင်သည့်အတွက် ပုံမှန်စစ်ဆေးဖို့တော့လိုပါလိမ့်မယ် ။

၃။ လိင်အင်္ဂါတဝိုက်မှာ
အဖြူရောင်အစက်အပျောက်လေးတွေ တွေ့ရှိပြီဆိုပါက သင့်အနေနဲ့ lichen sclerosus လို့ခေါ်တဲ့အရေပြားအခြေအနေတစ်ခုဖြစ်နိုင်ပြီး ဒါဟာ ဟော်မုန်းသို့မဟုတ် ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့်ဖြစ်စေနိုင်ပါတယ် ။

ဒါကို လိင်အင်္ဂါအရေပြား ထိပ်မဖြတ်ထားတဲ့အမျိုးသားတွေ ဒါမှမဟုတ် ဆီးသွားတဲ့အခါ တစ်ခုခုခံနေတယ်လို့ ခံစားရတဲ့သူတွေမှာစိုးရိမ်ရပါတယ် ။ မကုသဘဲထားပါက ကင်ဆာဖြစ်ပွားနိုင်ခြင်း ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းတို့အထိဖြစ်စေနိုင်ပါတယ် ။

၄။ ဆီးထဲသွေးပါခြင်း

ဒါဟာ ဆီးကျိတ်ကြီးခြင်း ကျောက်ကပ်ကျောက်တည်ခြင်း လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ဆီးရောင်ဟာ ပန်းရောင်ဖျော့တော့တော့ဖြစ်နိုင်သလို ကိုလာရောင်ကဲ့သို့လဲ မည်းနက်နေနိုင်ပါတယ် ။ ဆီးပိုးဝင်ခြင်း ၊ ကျောက်ကပ်ပိုးဝင်ခြင်း ဆီးကျောက်တည်ခြင်း ၊ ကင်ဆာ ၊ ဆေးဝါးများကြောင့်ဖြစ်နိုင်ပါတယ် ။

၅။ ဆီးသွားစဉ် နာကျင်ခြင်း

ဒါဟာ ဆီးထဲ ပိုးဝင်ခြင်း ၊ ဆီးလမ်းကြောင်း ကျဉ်းမြောင်းခြင်း ၊ ဆီးလမ်းကြောင်းယောင်ခြင်း ၊ လိင်မှတဆင့်ကူးက်သော ရောဂါများဖြစ်သည့် ဂနိုရောဂါဖြစ်ခြင်း အစရှိသည်တို့ဖြစ်နိုင်ပါတယ် ။

ဒါကြောင့်အမျိုးသားများအနေဖြင့်အထက်ပါလက္ခဏာများ ကြုံတွေ့ရပါက ပေါ့ဆစွာ မနေသင့်ပဲ ဆရာဝန်နှင့်ပြသတိုင်ပင်ကုသသင့်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

သင့္က်ားအဂၤါမွာ ျပသနာရွိေနၿပီလား ?

သင္ဟာ က်ားလိင္အဂၤါနဲ႔ေမြးဖြားလာသူတစ္ေယာက္ပါလား ? ဒါဆို သင့္အေနနဲ႔ သင့္အဂၤါနဲ႔ပတ္သတ္ၿပီး ေကာင္းေကာင္းသိထားသင့္ပါၿပီ ။

ကိုယ့္က်ားအဂၤါအရြယ္အစားကို ပူပန္ေနျခင္းထက္ ေအာက္ေဖာ္ျပပါ အခ်က္ငါးခ်က္ကို သတိျပဳမွသာ သင့္က်န္းမာေရး စိတ္ခ်ရမွာျဖစ္တ့ဲအတြက္ ၾကည့္လိုက္ၾကရေအာင္လား

၁။သင့္က်ားလိင္အဂၤါဟာ ပံုမွန္ထက္ ပိုမိုေစာင္းေနျခင္း

သင့္အေနနဲ႔ လိင္အဂၤါေတာင္မတ္စဥ္မွာ ပံုမွန္ထက္ေစာင္းေနတယ္လို႔ ခံစားရရင္ လိင္တံေအာက္မွာ မာေက်ာေက်ာအရာတစ္ခုခု ခုလုခုလုနဲ႔ ခံစားေနရမယ္ဆို သင့္အေနနဲ႔ Peyronie’s disease လို႔ေခၚတ့ဲ အမာရြတ္တစ္႐ွဴးမ်ားေၾကာင့္ျဖစ္ေသာေရာဂါ ျဖစ္ႏိုင္ပါတယ္ ။

မကုသဘဲထားပါက လိင္ဆက္ဆံရာတြင္ နာက်င္ျခင္းကိုျဖစ္ေစႏိုင္ၿပီး လိင္အဂၤါက်ဳိးပ့ဲျခင္း အထိ ျဖစ္ေစႏိုင္ပါတယ္ ။

၂။ ကပၸအိတ္အတြင္း အလံုးအႀကိတ္မ်ား စမ္းမိျခင္း

ဒါဟာ ေဝွးေစ့ကင္ဆာ လကၡဏာျဖစ္ႏိုင္ပါတယ္ ။

ေစာေစာစီးစီးသိရွိၿပီး ကုသခ့ဲလွ်င္ ေပ်ာက္ကင္းႏိုင္သည့္အတြက္ ပံုမွန္စစ္ေဆးဖို႔ေတာ့လိုပါလိမ့္မယ္ ။

၃။ လိင္အဂၤါတဝိုက္မွာ
အျဖဴေရာင္အစက္အေပ်ာက္ေလးေတြ ေတြ႕ရွိၿပီဆိုပါက သင့္အေနနဲ႔ lichen sclerosus လို႔ေခၚတ့ဲအေရျပားအေျခအေနတစ္ခုျဖစ္ႏိုင္ၿပီး ဒါဟာ ေဟာ္မုန္းသို႔မဟုတ္ ကိုယ္ခံအားစနစ္ ခ်ဳိ့ယြင္းမႈေၾကာင့္ျဖစ္ေစႏိုင္ပါတယ္ ။

ဒါကို လိင္အဂၤါအေရျပား ထိပ္မျဖတ္ထားတ့ဲအမ်ဳိးသားေတြ ဒါမွမဟုတ္ ဆီးသြားတ့ဲအခါ တစ္ခုခုခံေနတယ္လို႔ ခံစားရတ့ဲသူေတြမွာစိုးရိမ္ရပါတယ္ ။ မကုသဘဲထားပါက ကင္ဆာျဖစ္ပြားႏိုင္ျခင္း ဆီးလမ္းေၾကာင္းပိတ္ဆို႔ျခင္းတို႔အထိျဖစ္ေစႏိုင္ပါတယ္ ။

၄။ ဆီးထဲေသြးပါျခင္း

ဒါဟာ ဆီးက်ိတ္ႀကီးျခင္း ေက်ာက္ကပ္ေက်ာက္တည္ျခင္း လကၡဏာေတြ ျဖစ္ႏိုင္ပါတယ္ ။ ဆီးေရာင္ဟာ ပန္းေရာင္ေဖ်ာ့ေတာ့ေတာ့ျဖစ္ႏိုင္သလို ကိုလာေရာင္က့ဲသို႔လဲ မည္းနက္ေနႏိုင္ပါတယ္ ။ ဆီးပိုးဝင္ျခင္း ၊ ေက်ာက္ကပ္ပိုးဝင္ျခင္း ဆီးေက်ာက္တည္ျခင္း ၊ ကင္ဆာ ၊ ေဆးဝါးမ်ားေၾကာင့္ျဖစ္ႏိုင္ပါတယ္ ။

၅။ ဆီးသြားစဥ္ နာက်င္ျခင္း

ဒါဟာ ဆီးထဲ ပိုးဝင္ျခင္း ၊ ဆီးလမ္းေျကာင္း က်ဥ္းေျမာင္းျခင္း ၊ ဆီးလမ္းေၾကာင္းေယာင္ျခင္း ၊ လိင္မွတဆင့္ကူးက္ေသာ ေရာဂါမ်ားျဖစ္သည့္ ဂႏိုေရာဂါျဖစ္ျခင္း အစရွိသည္တို႔ျဖစ္ႏိုင္ပါတယ္ ။

ဒါေၾကာင့္အမ်ဳိးသားမ်ားအေနျဖင့္အထက္ပါလကၡဏာမ်ား ၾကံဳေတြ႕ရပါက ေပါ့ဆစြာ မေနသင့္ပဲ ဆရာဝန္ႏွင့္ျပသတိုင္ပင္ကုသသင့္ပါတယ္ ။

အားလံုးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *