Fistula-In-Ano

ဂရင်ဂျီနာဆိုသည်မှာ

Fistula-In-Ano (FIA)ဆိုတဲ့ရောဂါအခြေအနေဟာ လူတွေကို စိတ်ကသိကအောက်အလွန်ဖြစ်စေတဲ့ရောဂါပါ။ အများကတော့ ဂရင်ဂျီနာလို့ ခေါ်ကြပါတယ်။

FIA ဆိုတာဘာလဲ?

FIA ဆိုတာ နာတာရှည် ပုံမှန်မဟုတ်သော လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းရဲ့ အတွင်းဘက်အပေါက်က ဝမ်းသွားတဲ့ Anal Canal(စအိုအတွင်းလမ်း)မှာရှိပြီး အပြင်ဘက်အပေါက်ကတော့ စအိုပေါက်ပတ်ဝန်းကျင်က အပေါ်ယံအရေပြားမှာရှိပါတယ်။ ပုံမှန်ဝမ်းသွားတဲ့လမ်းကြောင်းနားမှာ ပုံမှန်မဟုတ်သော လမ်းကြောင်းအခွဲတစ်ခုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အပြင်နဲ့အတွင်းကို တိုးလျိုးပေါက်ဖြစ်စေတဲ့ အပေါက်ငယ်၊လမ်းကြောင်းငယ်တစ်ခုဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ?

စအိုအတွင်းမှာ Anal Glands လို့ခေါ်တဲ့ အရည်ဂလင်းလေးတွေရှိပါတယ်။ အဲဒီ Glands တွေက ပိတ်ဆို့သွားတတ်ပါတယ်။ အဲလိုပိတ်ဆို့တဲ့အချိန်မှာ ဘတ်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ပိုးဝင်ကူးစက်နေတဲ့အရည်နဲ့ တစ်ရှူးစတွေ အိတ်လိုက်ဖြစ်လာပါတယ်။ အဲဒါကို ပြည်တည်နာလို့ ခေါ်ပါတယ်။

အဲဒီပြည်တည်နာကို မကုသတဲ့အခါ ပိုမိုကြီးမားပြီး ပြန့်လာပါတယ်။ နောက်ပိုင်းမှာ အဲဒီပြည်တည်နာဟာ အပြင်ကိုသူ့ဟာသူဖောက်ပြီး အရည်တွေထွက်ကျနိုင်ဖို့အတွက် စအိုနားတစ်ဝိုက်မှာရှိတဲ့ အရေပြားထိ လမ်းကြောင်းတစ်ခုဖြစ်စေလာပါတော့တယ်။ Fistula (ဂရင်ဂျီနာ)ဆိုတာကတော့ အဲဒီပြည်တည်နာ အပြင်ကိုထွက်စေတဲ့ လမ်းကြောင်းကို ခေါ်တာဖြစ်ပါတယ်။

ဒီရောဂါဖြစ်နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြမလဲ?

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

(၁)နာကျင်မှု

(၂)နီရဲခြင်း

(၃)စအိုတစ်ဝိုက်မှာရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ်။

ဒါ့အပြင်

-သွေးထွက်ခြင်း

-ဆီးသွားလျှင် နာကျင်ခြင်း ၊ဝမ်းသွားလျှင် နာကျင်ခြင်း

-ဖျားခြင်း

-စအိုနားရှိ အပေါက်ငယ်မှ အနံ့ဆိုးသောအရည်များစိမ့်ထွက်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။

ဒီလိုရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ကုသမှုတွေက ဘာတွေလဲ?

ဒီရောဂါကို ပျောက်ကင်းစေတဲ့ ဆေးရယ်လို့တော့မရှိပါဘူး။ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးပဲရှိပါတယ်။ ပျောက်ကင်းအောင် ကုသလို့ရမယ့်နည်းလမ်းကတော့ Surgery ခွဲစိတ်ကုသခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ ရောဂါအခြေအနေနဲ့ Fistula ရဲ့ တည်နေရာပေါ်မူတည်ပြီး ခွဲစိတ်ဆရာဝန်က လိုအပ်သလို ခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးရင်တော့ အစပိုင်းမှာ ဝမ်းသွားရတာ အခက်အခဲအနည်းငယ် ရှိကောင်းရှိနိုင်ပါတယ်။

သတိထားဖို့ကတော့ အနာဖြစ်ရင်၊ ရောဂါလက္ခဏာတွေဖြစ်ရင် မပေါ့လျော့ဘဲ ဆရာဝန်နဲ့ပြသဖို့ပါပဲ။ ကိုယ့်သဘောနဲ့ကိုယ် တွေ့ကရာဆေးမြီးတိုနဲ့ ကုသခြင်း၊ ဆေးများလိမ်းခြင်း၊ ဆေးသောက်ခြင်းများကို လုံးဝမပြုလုပ်သင့်ပါဘူး။ အနာကို တွေ့ကရာဆေးများလိမ်းခြင်းဟာ ပိုးဝင်မှုပိုမိုဆိုးရွားစေနိုင်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။ မောင်(ဆေး-၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…