ငါးကြီးဆီ
Fish oil ကတော့ လူတော်တော်များများ ကြားဖူးသိဖူးကြမှာပါ .. တကယ်တော့ မြန်မာလူမျိုးတွေက ဟိုးအရင်ခေတ်တွေထဲက ကျန်းမာရေးကောင်းအောင်လို့စားခဲ့ကြတာပါ … ရှေးမြန်မာကြီးတွေလက်ထက်ကတည်းက စားသုံးခဲ့ကြတဲ့ ငါးကြီးဆီပါပဲ … အဲ့ဒီခေတ်တွေတုံးကတော့ နည်းပညာမတိုးတက်သေးတော့ အနံ့နံပါတယ် … ခေတ်တွေတိုးတက်တာနဲ့အမျှ စားသုံးရလွယ်ကူအောင်ထုတ်လာကြတာပေါ့နော် 😀
ဒီဆောင်းပါးမှာတော့ ငါးကြီးဆီမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးအရှိဆုံးဖြစ်တဲ့ omega 3 fatty acids အကြောင်းကိုပြောပြသွားမှာပါ 😉
Omega 3 fatty acids မှာ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acids) တို့ပါဝင်ပါတယ်
omega 3 ကြွယ်ဝစွာပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ငါးသလောက်, တူနာငါး, ဆော်လမွန် နဲ့ ငါးမြစ်ချင်း တို့ကို စားသုံးချင်းမှရနိုင်သလို supplements, omega 3 ပါတဲ့ အားဆေးတွေ သောက်သုံးချင်းမှလဲရှိနိုင်ပါတယ် 🙂
Omega 3 ချို့တဲ့ရင် အသားအရေခြောက်မယ်, ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းမယ်, သတိမေ့လွယ်ပြီး စိတ်ဓာတ်ကျခြင်းတွေဖြစ်ပေါ်နိုင်ပါတယ် :-O
အဲ့ဒီတော့ ငါးများများစားမယ်
ငါးမစားချင်ဘူးဆိုရင် အားဆေး သောက်ခြင်းဖြင့်အထက်ပါ ဆိုးကျိုးတွေကာကွယ်နိုင်ပါတယ်နော် 😉
Omega 3 ရဲ့ကောင်းကျိုးတွေကတော့
ခန္ဓာကိုယ်ကြီးထွားစေသော ဟော်မုန်းဖြစ်တဲ့ HGH ကို ထွက်စေပါတယ် … HGH က အသက်၃၀ ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်မှ ထုတ်တာနည်းသွားပြီး အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ် 🙂 … အဲ့ဒီတော့ omega 3 သောက်ခြင်းဖြင့် HGH ကိုဆက်လက်ထုတ်စေမှာပါ … HGH ကအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးပြီး အရေးအကြောင်းတွေကို နည်းစေပါတယ် … အရိုးသိပ်သည်းဆများစေပြီး ကြွက်သားထုကိုကြီးစေတဲ့အတွက် gym ကစားတဲ့သူတွေက fish oil ကိုသောက်ကြတာပါ 🙂
နောက်တစ်ခုကောင်းတာကတော့ fish oil ကအဆီကျစေပါတယ် …triglycerides လို့ခေါ်တဲ့ မကောင်းတဲ့အဆီတွေကိုကျစေပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့အဆီကိုများစေပါတယ် … ခန္ဓာကိုယ်အရည်ပြားအောက်ကအဆီတွေကို ကျစေပါတယ် 😉
သွေးပေါင်ချိန်ကို ကျစေတဲ့အတွက် သွေးတိုးရောဂါရှိတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ် … မှန်မှန်သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ရောဂါတွေကိုကာကွယ်နိုင်ပါတယ် 🙂
စိတ်ဖိစီးမှုကို သက်သာစေပြီး အာရုံစူးစိုက်မှုကိုကောင်းစေပါတယ် … အမြင်အာရုံအတွက်ကောင်းစေပြီး မျက်ရိုးကိုက်ခြင်းကိုလဲသက်သာစေပါတယ် 🙂
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေ omega 3 ကိုမှန်မှန်သောက်သုံးခြင်းဖြင့် လမစေ့ပဲမွေးဖွားခြင်းကိုရှောင်ရှားနိုင်သလို ကလေးငယ်လေးရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကိုလဲ အထောက်အကူပြုပါတယ် 🙂
*Omega 3 ကိုသောက်သုံးချင်တယ်ဆိုရင်တော့…
ဒီဘက်ခေတ်မှာတိုးတက်လာတာနဲ့အမျှ ပါဝင်ပစ္စည်းမျိုးစုံနဲ့ပေါင်းစပ်ပြီးထုတ်လုပ်ကြပါတယ် … ဒါပေမယ့် ဘယ်လောက်ပဲကောင်းတယ်ပြောပြော fish oil ကသွေးကျဲစေတဲ့အတွက် တစ်နေ့ကို 3 grams ထက် ပိုမသောက်သင့်ပါဘူး
*အကြံပြုရမယ်ဆိုရင်တော့ တစ်နေ့ကို 1 gram ပုံမှန်သောက်သွားတာ အသင့်တော်ဆုံးပါပဲ
Brand တစ်ခုနဲ့တစ်ခုဘာကွာလဲဆိုရင်တော့ ဈေးကြီးတာအကောင်းဆုံးပါပဲ … fish oil ချင်းအတူတူ ထုတ်တဲ့နိုင်ငံချင်းလဲတူပြီး brand တစ်ခုနဲ့တစ်ခုဈေးနှစ်ဆသုံးဆ ကွာတာကတော့ ကုန်ကြမ်းကွာလို့ပါ
*သတိပြုရန်
ငါးနဲ့ဓာတ်မတည့်သူတွေ omega 3နဲ့လဲ မတည့်တတ်ပါဘူး
Omega 3 ကသွေးကျဲစေတဲ့အတွက် သွေးကျဲဆေး(aspirin,clopidogrel,warfarin, heparin) တွေသောက်နေတဲ့သူတွေ သွေးမတိတ်တဲ့လက္ခဏာဖြစ်တတ်လို့ လျှော့ပြီးသောက်သုံးသင့်ပါတယ် 🙂
Omega 3 ကသွေးပေါင်ချိန်ကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူတွေ သွေးကျဆေးနဲ့တစ်ပြိုင်တည်းမသောက်သင့်ပါဘူး 🙂
အဆီကျဆေး(orlistat) သောက်နေတဲ့သူတွေကတော့ omega 3 ကို အနည်းဆုံးနှစ်နာရီလောက်ခြားပြီးသောက်သင့်ပါတယ်
အားလုံးပဲကျန်းမာပြီး လှပတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ကြပါစေ 🙂
https://m.facebook.com/story.php?story_fbid=720259314744243&substory_index=0&id=667492273354281
ရွှန်းလဲ့ (ဆေး ၂ )
ငါးၾကီးဆီ
Fish oil ကေတာ့ လူေတာ္ေတာ္မ်ားမ်ား ၾကားဖူးသိဖူးၾကမွာပါ .. တကယ္ေတာ့ ျမန္မာလူမ်ိဳးေတြက ဟိုးအရင္ေခတ္ေတြထဲက က်န္းမာေရးေကာင္းေအာင္လို႔စားခဲ႔ၾကတာပါ … ေရွးျမန္မာၾကီးေတြလက္ထက္ကတည္းက စားသံုးခဲ႔ၾကတဲ႔ ငါးၾကီးဆီပါပဲ … အဲ႔ဒီေခတ္ေတြတံုးကေတာ့ နည္းပညာမတိုးတက္ေသးေတာ့ အနံ႔နံပါတယ္ … ေခတ္ေတြတိုးတက္တာနဲ႔အမ်ွ စားသံုးရလြယ္ကူေအာင္ထုတ္လာၾကတာေပါ့ေနာ္ 😀
ဒီေဆာင္းပါးမွာေတာ့ ငါးၾကီးဆီမွာ လူ႔ခႏၶာကိုယ္အတြက္ အက်ိဳးအရွိဆံုးျဖစ္တဲ႕ omega 3 fatty acids အေၾကာင္းကိုေျပာျပသြားမွာပါ 😉
Omega 3 fatty acids မွာ EPA (eicosapentaenoic acid) နဲ႔ DHA (docosahexaenoic acids) တို႔ပါဝင္ပါတယ္
omega 3 ၾကြယ္ဝစြာပါဝင္တဲ႔ ငါးေတြျဖစ္တဲ႔ ငါးသေလာက္, တူနာငါး, ေဆာ္လမြန္ နဲ႔ ငါးျမစ္ခ်င္း တို႕ကို စားသံုးခ်င္းမွရနိုင္သလို supplements, omega 3 ပါတဲ႔ အားေဆးေတြ ေသာက္သံုးခ်င္းမွလဲရွိနိုင္ပါတယ္ 🙂
Omega 3 ခ်ိဳ႕တဲ႔ရင္ အသားအေရေျခာက္မယ္, ပင္ပန္းႏြမ္းနယ္ျပီး အားအင္ကုန္ခမ္းမယ္, သတိေမ႔လြယ္ျပီး စိတ္ဓာတ္က်ျခင္းေတြျဖစ္ေပၚနိုင္ပါတယ္ :-O
အဲ႔ဒီေတာ့ ငါးမ်ားမ်ားစားမယ္
ငါးမစားခ်င္ဘူးဆိုရင္ အားေဆး ေသာက္ျခင္းျဖင့္အထက္ပါ ဆိုးက်ိဳးေတြကာကြယ္နိုင္ပါတယ္ေနာ္ 😉
Omega 3 ရဲ႕ေကာင္းက်ိဳးေတြကေတာ့
ခႏၶာကိုယ္ၾကီးထြားေစေသာ ေဟာ္မုန္းျဖစ္တဲ႔ HGH ကို ထြက္ေစပါတယ္ … HGH က အသက္၃၀ ေက်ာ္လာတာနဲ႔အမ်ွ ခႏၶာကိုယ္မွ ထုတ္တာနည္းသြားျပီး အိုမင္းရင့္ေရာ္မႈကိုျဖစ္ေစပါတယ္ 🙂 … အဲ႔ဒီေတာ့ omega 3 ေသာက္ျခင္းျဖင့္ HGH ကိုဆက္လက္ထုတ္ေစမွာပါ … HGH ကအိုမင္းရင့္ေရာ္ျခင္းကိုတားဆီးေပးျပီး အေရးအေၾကာင္းေတြကို နည္းေစပါတယ္ … အရိုးသိပ္သည္းဆမ်ားေစျပီး ၾကြက္သားထုကိုၾကီးေစတဲ႔အတြက္ gym ကစားတဲ႔သူေတြက fish oil ကိုေသာက္ၾကတာပါ 🙂
ေနာက္တစ္ခုေကာင္းတာကေတာ့ fish oil ကအဆီက်ေစပါတယ္ …triglycerides လို႔ေခၚတဲ႔ မေကာင္းတဲ႔အဆီေတြကိုက်ေစျပီး HDL လို႔ေခၚတဲ႔ ေကာင္းတဲ႔အဆီကိုမ်ားေစပါတယ္ … ခႏၶာကိုယ္အရည္ျပားေအာက္ကအဆီေတြကို က်ေစပါတယ္ 😉
ေသြးေပါင္ခ်ိန္ကို က်ေစတဲ႔အတြက္ ေသြးတိုးေရာဂါရွိတဲ႔သူေတြအတြက္အထူးသင့္ေလ်ာ္ပါတယ္ … မွန္မွန္ေသာက္သံုးျခင္းျဖင့္ နွလံုးေသြးေၾကာက်ဥ္းျခင္းနွင့္ ေလျဖတ္ေရာဂါေတြကိုကာကြယ္နိုင္ပါတယ္ 🙂
စိတ္ဖိစီးမႈကို သက္သာေစျပီး အာရံုစူးစိုက္မႈကိုေကာင္းေစပါတယ္ … အျမင္အာရံုအတြက္ေကာင္းေစျပီး မ်က္ရိုးကိုက္ျခင္းကိုလဲသက္သာေစပါတယ္ 🙂
ကိုယ္ဝန္ေဆာင္နွင့္နို႔တိုက္မိခင္ေတြ omega 3 ကိုမွန္မွန္ေသာက္သံုးျခင္းျဖင့္ လမေစ့ပဲေမြးဖြားျခင္းကိုေရွာင္ရွားနိုင္သလို ကေလးငယ္ေလးရဲ႕ ဦးေနွာက္ၾကီးထြားဖြံ႕ျဖိဳးမႈကိုလဲ အေထာက္အကူျပဳပါတယ္ 🙂
*Omega 3 ကိုေသာက္သံုးခ်င္တယ္ဆိုရင္ေတာ့…
ဒီဘက္ေခတ္မွာတိုးတက္လာတာနဲ႔အမ်ွ ပါဝင္ပစၥည္းမိ်ဳးစံုနဲ႔ေပါင္းစပ္ျပီးထုတ္လုပ္ၾကပါတယ္ … ဒါေပမယ့္ ဘယ္ေလာက္ပဲေကာင္းတယ္ေျပာေျပာ fish oil ကေသြးက်ဲေစတဲ႔အတြက္ တစ္ေန႔ကို 3 grams ထက္ ပိုမေသာက္သင့္ပါဘူး
*အၾကံျပဳရမယ္ဆိုရင္ေတာ့ တစ္ေန႔ကို 1 gram ပံုမွန္ေသာက္သြားတာ အသင့္ေတာ္ဆံုးပါပဲ
Brand တစ္ခုနဲ႔တစ္ခုဘာကြာလဲဆိုရင္ေတာ့ ေစ်းၾကီးတာအေကာင္းဆံုးပါပဲ … fish oil ခ်င္းအတူတူ ထုတ္တဲ႔နိုင္ငံခ်င္းလဲတူျပီး brand တစ္ခုနဲ႔တစ္ခုေစ်းနွစ္ဆသံုးဆ ကြာတာကေတာ့ ကုန္ၾကမ္းကြာလို႔ပါ
*သတိျပဳရန္
ငါးနဲ႔ဓာတ္မတည့္သူေတြ omega 3နဲ႔လဲ မတည့္တတ္ပါဘူး
Omega 3 ကေသြးက်ဲေစတဲ႔အတြက္ ေသြးက်ဲေဆး(aspirin,clopidogrel,warfarin, heparin) ေတြေသာက္ေနတဲ႔သူေတြ ေသြးမတိတ္တဲ႔လကၡဏာျဖစ္တတ္လို႔ ေလ်ွာ့ျပီးေသာက္သံုးသင့္ပါတယ္ 🙂
Omega 3 ကေသြးေပါင္ခိ်န္က်ေစတဲ႔အတြက္ ေသြးတိုးေရာဂါရွိသူေတြ ေသြးက်ေဆးနဲ႔တစ္ျပိဳင္တည္းမေသာက္သင့္ပါဘူး 🙂
အဆီက်ေဆး(orlistat) ေသာက္ေနတဲ႔သူေတြကေတာ့ omega 3 ကို အနည္းဆံုးနွစ္နာရီေလာက္ျခားျပီးေသာက္သင့္ပါတယ္
အားလံုးပဲက်န္းမာျပီး လွပတဲ႔အသားအရည္ကိုပိုင္ဆိုင္နိုင္ၾကပါေစ 🙂
https://m.facebook.com/story.php?story_fbid=720259314744243&substory_index=0&id=667492273354281
ရႊန္းလဲ႕ (ေဆး ၂ )