” လက်ချောင်းကလေးများ ရိုးတိုးရွတ လိင်မှုကိစ္စ “

ခေါင်းစီးကို ကြည့်ပြီး “ဇီဝကတစ်ယောက် ညစ်တီးညစ်ပတ်တွေ ရေးလိမ့်မယ်” လို့ ထင်မိကြမှာပါ ။အမှန်က မဟုတ်ပါဘူး ။ပုထုစဉ် လူသားတွေမှာ ချစ်မှု
ရေးရာ လိင်မှုရေးရာတွေက ရှောင်လွဲှမရတဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ ။မိမိတို့ တစ်ကိုယ်တည်းသော်လည်းကောင်း ၊ချစ်ခင်ရသူနဲ့သော်လည်းကောင်း စိတ်ကျေနပ်မှု ရှာဖူးကြမှာပါ။ဒါပေမယ့် ဇီဝကတို့နိုင်ငံရဲ့ ဘာသာရေးနဲ့ ဓလေ့ထုံးတမ်းတွေကြောင့် ရှက်ဖွယ်ကိစ္စတစ်ခုအဖြစ် လိင်မှုရေးရာကို အမြင်ရှိကြပါတယ် ။ဒါကြောင့် မိဘနဲ့သားသမီး ၊ညီအစ်ကို မောင်နှမသားချင်းတွေကြားမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထမရှိတတ်ကြပါဘူး ။ဒါကြောင့် တချို့သူတွေမှာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ကျန်းမာရေးအမြင်မရှိတာကြောင့် ဒုက္ခများကြရပါတယ် ။ဒီဆောင်းပါးလေးမှာ fingering လို့ခေါ်တဲ့ လိင်မှုကိစ္စမှာ လက်ချောင်းကလေးများ အသုံးပြုပြီး တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ မိမိရဲ့ကြင်ဖက်ကို ကျေနပ်မှုပေးစေခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်ကနေ ပြောပြမှာပါ ။

Fingering in Sex လိင်မှုရေးရာမှာ လက်ချောင်းကလေးများကို အသုံပြုခြင်းဆိုတာ ဘာလဲ?

  • လိင်မှုရေးရာမှာ လက်ချောင်းကလေးများကို အသုံးပြုပြီး သာယာကျေနပ်မှုကို ဖြစ်စေတာကို ဆိုလိုတာပါ ။
  • ချစ်ခင်ရင်းနှီးမှုကို တိုးစေပါတယ် ။

ဘယ်နေရာတွေကို လက်ချောင်းကလေးများ အသုံးပြုပြီး လှုံ့ဆော်ပေးလို့ရသလဲ?

  • အမျိုးသမီးတွေမှာ ဆိုရင် မိန်းမကိုယ်အပြင်ဘက်(အထူးသဖြင့် clitoris လို့ခေါ်တဲ့အဖုကလေး) ၊မိန်းမကိုယ်အထဲ(အထူးသဖြင့် G spot လို့ခေါ်တဲ့နေရာကလေး) ၊စအိုအထဲနဲ့ စအိုပတ်ချာလည် ၊နို့သီးခေါင်းနဲ့ နို့သီးခေါင်းပတ်ချာလည်
  • အမျိုးသားတွေမှာဆိုရင် လိင်တံ(အထူးသဖြင့် လိင်တံထိပ်ဖျားရှိ မှိုပွင့်သဏ္ဍန် Glans
    Penis) ၊စအိုအထဲနဲ့ စအိုပတ်ချာလည်

အထက်ပါနေရာတွေမှာ အာရုံခံ နာ့ဗ်ကြောတွေ အများကြီးရှိလို့ပါ ။ဒါကြောင့်အထက်ပါနေရာတွေကို လှုံ့ဆော်ပေးရင် လိင်ကိစ္စမှာ ကျေနပ်မှု ရတတ်ကြပါတယ် ။

ကျန်းမာရေးအရ ဘာတွေ သိထားဖို့လိုမလဲ?

  • လက်ချောင်းကလေးတွေကို လက်သည်း ညှပ်ထားဖို့လိုပါ့မယ် ။
  • လက်ချောင်းကလေးတွေကို သန့်သန့်ရှင်းရှင်းထားဖို့ လိုပါ့မယ် ။
  • လက်သည်း အတုတွေ ချွတ်ထားသင့်ပါတယ် ။အခန့်မသင့်ရင် မိန်းမကိုယ်ထဲ ၊စအိုထဲ ကျန်ခဲ့ပြီး ဒုက္ခများနိုင်ပါတယ် ။
  • ချောဆီသုံးပြီး အထက်ပါနေရာတွေကို လှုံ့ဆော်ပေးသင့်ပါတယ် ။
  • ချောဆီ မသုံးက ပွတ်တိုက်မှုများဖြစ်ကာ ဒဏ်ရာအနာတရဖြစ် ၊လက်သည်း မညှပ်ထားက အနာတွေပိုဖြစ်တတ် ၊ မသန့်တဲ့ပိုးတွေ ၊အရေပြားက ပိုးတွေ ဝင်သွားနိုင်ပါတယ် ။
  • လက်ချောင်းကလေးများကို အသုံးပြုပြီးပါက သေချာ ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ ။

ခေတ်သစ် ဇီဝက

” လက္ေခ်ာင္းကေလးမ်ား ရိုးတိုးရြတ လိင္မႈကိစၥ “

ေခါင္းစီးကို ႀကည့္ျပီး “ဇီ၀ကတစ္ေယာက္ ညစ္တီးညစ္ပတ္ေတြ ေရးလိမ့္မယ္” လို႕ ထင္မိႀကမွာပါ ။အမွန္က မဟုတ္ပါဘူး ။ပုထုစဥ္ လူသားေတြမွာ ခ်စ္မႈ
ေရးရာ လိင္မႈေရးရာေတြက ေရွာင္လဲႊမရတဲ့ ျဖစ္ရိုးျဖစ္စဥ္ပါ ။မိမိတို႕ တစ္ကိုယ္တည္းေသာ္လည္းေကာင္း ၊ခ်စ္ခင္ရသူနဲ႕ေသာ္လည္းေကာင္း စိတ္ေက်နပ္မႈ ရွာဖူးႀကမွာပါ။ဒါေပမယ့္ ဇီ၀ကတို႕ႏိုင္ငံရဲ႕ ဘာသာေရးနဲ႕ ဓေလ့ထုံးတမ္းေတြေႀကာင့္ ရွက္ဖြယ္ကိစၥတစ္ခုအျဖစ္ လိင္မႈေရးရာကို အျမင္ရွိႀကပါတယ္ ။ဒါေႀကာင့္ မိိိဘနဲ႕သားသမီး ၊ညီအစ္ကို ေမာင္ႏွမသားခ်င္းေတြႀကားမွာလည္း ဒီကိစၥနဲ႕ ပတ္သက္ျပီး ေျပာေလ့ေျပာထမရွိတတ္ႀကပါဘူး ။ဒါေႀကာင့္ တခ်ိဳ႕သူေတြမွာ လိင္ကိစၥနဲ႕ ပတ္သက္ျပီး က်န္းမာေရးအျမင္မရွိတာေႀကာင့္ ဒုကၡမ်ားႀကရပါတယ္ ။ဒီေဆာင္းပါးေလးမွာ fingering လို႕ေခၚတဲ့ လိင္မႈကိစၥမွာ လက္ေခ်ာင္းကေလးမ်ား အသုံးျပဳျပီး တစ္ကိုယ္ရည္အာသာေျဖျခင္းနဲ႕ မိမိရဲ႕ႀကင္ဖက္ကို ေက်နပ္မႈေပးေစျခင္းနဲ႕ ပတ္သက္ျပီး က်န္းမာေရးရွဳေထာင့္ကေန ေျပာျပမွာပါ ။

Fingering in Sex လိင္မႈေရးရာမွာ လက္ေခ်ာင္းကေလးမ်ားကို အသုံျပဳျခင္းဆိုတာ ဘာလဲ?

  • လိင္မႈေရးရာမွာ လက္ေခ်ာင္းကေလးမ်ားကို အသုံးျပဳျပီး သာယာေက်နပ္မႈကို ျဖစ္ေစတာကို ဆိုလိုတာပါ ။
  • ခ်စ္ခင္ရင္းႏွီးမႈကို တုိးေစပါတယ္ ။

ဘယ္ေနရာေတြကို လက္ေခ်ာင္းကေလးမ်ား အသုံးျပဳျပီး လႈံ႕ေဆာ္ေပးလို႕ရသလဲ?

  • အမ်ိဳးသမီးေတြမွာ ဆိုရင္ မိန္းမကို္ယ္အျပင္ဘက္(အထူးသျဖင့္ clitoris လို႕ေခၚတဲ့အဖုကေလး) ၊မိန္းမကိုယ္အထဲ(အထူးသျဖင့္ G spot လုိ႕ေခၚတဲ့ေနရာကေလး) ၊စအိုအထဲနဲ႕ စအိုပတ္ခ်ာလည္ ၊ႏို႕သီးေခါင္းနဲ႕ ႏို႕သီးေခါင္းပတ္ခ်ာလည္
  • အမ်ိဳးသားေတြမွာဆိုရင္ လိင္တံ(အထူးသျဖင့္ လိင္တံထိပ္ဖ်ားရွိ မိႈပြင့္သ႑န္ Glans
    Penis) ၊စအိုအထဲနဲ႕ စအိုပတ္ခ်ာလည္

အထက္ပါေနရာေတြမွာ အာရုံခံ နာ့ဗ္ေႀကာေတြ အမ်ားႀကီးရွိလို႕ပါ ။ဒါေႀကာင့္အထက္ပါေနရာေတြကို လႈံ႕ေဆာ္ေပးရင္ လိင္ကိစၥမွာ ေက်နပ္မႈ ရတတ္ႀကပါတယ္ ။

က်န္းမာေရးအရ ဘာေတြ သိထားဖို႕လိုမလဲ?

  • လက္ေခ်ာင္းကေလးေတြကို လက္သည္း ညွပ္ထားဖို႕လိုပါ့မယ္ ။
  • လက္ေခ်ာင္းကေလးေတြကို သန္႕သန္႕ရွင္းရွင္းထားဖို႕ လိုပါ့မယ္ ။
  • လက္သည္း အတုေတြ ခြ်တ္ထားသင့္ပါတယ္ ။အခန္႕မသင့္ရင္ မိန္းမကိုယ္ထဲ ၊စအိုထဲ က်န္ခဲ့ျပီး ဒုကၡမ်ားႏိုင္ပါတယ္ ။
  • ေခ်ာဆီသုံးျပီး အထက္ပါေနရာေတြကို လႈံ႕ေဆာ္ေပးသင့္ပါတယ္ ။
  • ေခ်ာဆီ မသုံးက ပြတ္တိုက္မႈမ်ားျဖစ္ကာ ဒဏ္ရာအနာတရျဖစ္ ၊လက္သည္း မညွပ္ထားက အနာေတြပိုျဖစ္တတ္ ၊ မသန္႕တဲ့ပိုးေတြ ၊အေရျပားက ပိုးေတြ ၀င္သြားႏုိင္ပါတယ္ ။
  • လက္ေခ်ာင္းကေလးမ်ားကို အသုံးျပဳျပီးပါက ေသခ်ာ ဆပ္ျပာနဲ႕ စင္ႀကယ္စြာ ေဆးေႀကာပါ ။

ေခတ္သစ္ ဇီ၀က

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *