ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော လက်ချောင်းမုန် လုပ်နည်းများ
Homemade လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ အစားအစာများ ဖြစ်ပါတယ်။ လက်ချောင်းမုန့်ရဲ့ အရှည်က အနည်းဆုံး ၂လက်မ ရှိရပါမယ်။ ဒါမှ ကလေးဟာ မြဲမြဲဆုပ်ကိုင်ထားနိင်မှာ ဖြစ်ပါတယ်။ ဒီလို အလေ့အကျင့် လုပ်ပေးခြင်းဖြင့် ကလေးရဲ့ လက်ချောင်းများကို သန်မာစေပြီး အာရုံကြော စနစ်ကို ဖွံ့ြုဖိုး စေပါတယ်။ ကိုယ့်အားကိုယ်ကိုး တတ်တဲ့ အကျင့်လည်း တိုးတက်စေပါတယ်။
လက်ချောင်းမုန့်ကို စကျွေးမယ့် ကလေးတွေကို ကျွေးနိုင်တာတွေကတော့
(၁) ဟင်းသီးဟင်းရွက်ပေါင်း (Steamed vegetables)
အသုံးပြုနိုင်တာတွေကတော့- မုန်လာဥ၊ ရွှေဖယုံသီး၊ အာလူး၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ပန်းသီး
၂ လက်မခန့် အရှည်ဖြစ်အောင် လှီးဖြတ်ပါ။ ရေနွေးငွေ့ ဖြင့် ပေါင်းပါ။ ဆား ထည့်စရာ မလိုပါ။ အအေးခံ ပြီးရင် ကျွေးလို့ ရပါပြီ။
(၂) ဟင်းသီးဟင်းရွက်ကြော် (Roasted/Pan fried)
အထက်ပါ လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို ချိစ်/ ထောပတ်/ ဒိန်ခဲ အနည်းငယ် တို့ဖြင့် ကြော်နိင်သည်။ မိနစ် အနည်းငယ်သာ မီးဖိုပေါ်ထားပါ။ အအေးခံ ပြီးရင် ကျွေးလို့ ရပါပြီ။
(၃) Microwave ဖြင့် bake လုပ်ခြင်း (Baked vegetables)
အထက်ပါ လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို သံလွင်ဆီ ပဲဆီ အနည်းငယ် ဆမ်းပြီး Microwave ဖြင့် bake လုပ်နိုင်ပါသည်။ အအေးခံ ပြီးရင် ကျွေးလို့ ရပါပြီ။
(၄) အသီးအနှံများ (Fruits)
အသီးအနှံတွေကိုတော့ ၂ လက်မခန့် အရှည်ဖြစ်အောင် လှီးဖြတ်ပြီး အစိမ်းဖြစ်ဖြစ်၊ ကင်တာဖြစ်ဖြစ်၊ ပေါင်းပြီးဖြစ်ဖြစ် ကျွေးလို့ ရပါတယ်။ သေချာ စင်ကြယ်အောင်ဆေးဖို့လိုပါတယ်။
(၅) အသားများ (Cooked meat)
အသားတွေကို အချောင်းလိုက်ဖြစ်ဖြစ်၊ ကျိတ်ထားပြီး ုဖြစ်ဖြစ် ၂ လက်မခန့် အရှည်ဖြစ်အောင် လှီးဖြတ်ပါ။ ပြီးရင် ကင်တာဖြစ်ဖြစ်၊ ပေါင်းပြီးဖြစ်ဖြစ် ကျွေးလို့ ရပါတယ်။
Dr.Jasmine
က်န္းမာေရးနွင့္ ညီညြတ္ျပီး အာဟာရ ျပည့္၀ေသာ လက္ေခ်ာင္းမုန္ လုပ္နည္းမ်ား
Homemade လြယ္လြယ္ကူကူ ျပဳလုပ္နိုင္တဲ့ အစားအစာမ်ား ျဖစ္ပါတယ္။ လက္ေခ်ာင္းမုန္ ့ရဲ ့ အရွည္က အနည္းဆံုး ၂လက္မ ရွိရပါမယ္။ ဒါမွ ကေလးဟာ ျမဲျမဲဆုပ္ကိုင္ထားနိင္မွာ ျဖစ္ပါတယ္။ ဒီလို အေလ့အက်င့္ လုပ္ေပးျခင္းျဖင့္ ကေလးရဲ ့ လက္ေခ်ာင္းမ်ားကို သန္မာေစျပီး အာရုံေၾကာ စနစ္ကို ဖြံ ့ျုဖိဳး ေစပါတယ္။ ကိုယ့္အားကိုယ္ကိုး တတ္တဲ့ အက်င့္လည္း တိုးတက္ေစပါတယ္။
လက္ေခ်ာင္းမုန္ ့ကို စေကၽြးမယ့္ ကေလးေတြကို ေကၽြးနိုင္တာေတြကေတာ့
(၁) ဟင္းသီးဟင္းရြက္ေပါင္း (Steamed vegetables)
အသံုးျပဳနိုင္တာေတြကေတာ့- မုန္လာဥ၊ ေရႊဖယံုသီး၊ အာလူး၊ ကန္စြန္းဥ၊ ပန္းပြင့္စိမ္း၊ ပန္းေဂၚဖီ၊ ပန္းသီး
၂ လက္မခန္ ့ အရွည္ျဖစ္ေအာင္ လွီးျဖတ္ပါ။ ေရေနြးေငြ ့ ျဖင့္ ေပါင္းပါ။ ဆား ထည့္စရာ မလိုပါ။ အေအးခံ ျပီးရင္ ေကၽြးလို ့ ရပါျပီ။
(၂) ဟင္းသီးဟင္းရြက္ေၾကာ္ (Roasted/Pan fried)
အထက္ပါ လွီးျဖတ္ထားေသာ ဟင္းသီးဟင္းရြက္မ်ားကို ခ်ိစ္/ ေထာပတ္/ ဒိန္ခဲ အနည္းငယ္ တို ့ျဖင့္ ေၾကာ္နိင္သည္။ မိနစ္ အနည္းငယ္သာ မီးဖိုေပၚထားပါ။ အေအးခံ ျပီးရင္ ေကၽြးလို ့ ရပါျပီ။
(၃) Microwave ျဖင့္ bake လုပ္ျခင္း (Baked vegetables)
အထက္ပါ လွီးျဖတ္ထားေသာ ဟင္းသီးဟင္းရြက္မ်ားကို သံလြင္ဆီ ပဲဆီ အနည္းငယ္ ဆမ္းျပီး Microwave ျဖင့္ bake လုပ္နိုင္ပါသည္။ အေအးခံ ျပီးရင္ ေကၽြးလို ့ ရပါျပီ။
(၄) အသီးအႏွံမ်ား (Fruits)
အသီးအႏွံေတြကိုေတာ့ ၂ လက္မခန္ ့ အရွည္ျဖစ္ေအာင္ လွီးျဖတ္ျပီး အစိမ္းျဖစ္ျဖစ္၊ ကင္တာျဖစ္ျဖစ္၊ ေပါင္းျပီးျဖစ္ျဖစ္ ေကၽြးလို ့ ရပါတယ္။ ေသခ်ာ စင္ၾကယ္ေအာင္ေဆးဖို ့လိုပါတယ္။
(၅) အသားမ်ား (Cooked meat)
အသားေတြကို အေခ်ာင္းလိုက္ျဖစ္ျဖစ္၊ က်ိတ္ထားျပီး ုျဖစ္ျဖစ္ ၂ လက္မခန္ ့ အရွည္ျဖစ္ေအာင္ လွီးျဖတ္ပါ။ ျပီးရင္ ကင္တာျဖစ္ျဖစ္၊ ေပါင္းျပီးျဖစ္ျဖစ္ ေကၽြးလို ့ ရပါတယ္။
Dr.Jasmine