” ရင်ဘတ်ပေါ်က ကြွက်ကလေး “

ဒေါ်ယမင်း၏ ဆေးခန်းသို့ ကလေးမ ငယ်ငယ်လေးတစ်ယောက်ကို အဒေါ်ကြီးတစ်ယောက်က မနက်စောစော ခေါ်လာသည်
ကလေးမလေးက အသက် ၁၆၊ ၁၇ လောက်ပင် ရှိဦးမည်။

သြော်
ဒေါ်လေး ထိုင်ပါ
ဘာဖြစ်သလဲ

ဒေါ်လေး မဖြစ်ပါဘူး ဆရာမ
ဒေါ်လေးသမီးလေးကို ပြချင်လို့
သမီးလေးရင်သားမှာလေ ပြေးနေတဲ့ အကျိတ်ကလေးတစ်လုံး ပေါ်နေလို့

ဒေါ်ယမင်း မပြောပဲ သိလိုက်သည်။ ရင်သားပေါ်က ကြွက်ကလေး breast mouse ဟု မိမိတု့ိ တင်စားခေါ်ဝေါ်တတ်သော သာမန်အကျိတ်ကလေး ဖြစ်လောက်ပါသည်။

စမ်းကြည့်မယ်လေ

စမ်းသပ်စစ်ဆေးလိုက်တော့ တကယ်ပင် သာမန်ကျိတ်လေး…
ဤသို့သော အကျိတ်မျိုးသည် တကယ်ပင် ကြွက်ကလေးဟု တင်စားရလောက်အောင် ဖမ်းရခက်လှသည်။ စမ်းရသည်မှာ မလွယ်။

ဒေါ်လေးရဲ့
ဒေါ်လေးသမီး အကျိတ်လေးက သာမန် ဖြစ်တတ်တ့ အကျိတ်လေးပါ။
ကလေးက အပျိုဖော်ဝင်ကာစ အရွယ်လေးဆိုတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဖြစ်တာပါ။
စိတ်ပူစရာ မလိုပါဘူး။
နာရော နာသေးလား၊ ဘယ်အချိန်တွေ နာတယ်ပြောလဲ။

သြော်.. ဆရာမရယ်
သမီးလေးက တစ်ချက်တစ်ချက် နာတယ်ပြောလို့၊ ရာသီလာခါနီးဆို ပိုနာတယ်တဲ့။

မနာတဲ့အချိန်တွေလည်း ရှိတယ်မလား။

မနာတာတော့ များပါတယ် ဆရာမ။

ဟုတ်တယ် ဒေါ်လေးရဲ့။
ရင်သားပေါ်က သာမန်ကျိတ်တွေက သည်လိုပဲ။ ဟော်မုန်းအပြောင်းအလဲနဲ့ လိုက်ပြီး ကြီးတတ် သေးတတ်တယ်။ နာလာတတ်တယ်။ ရာသီလာပြီးရင် နာချင်မှလည်း နာတော့တယ်။

ဟုတ်တယ် ဆရာမ၊ ဟုတ်တယ်။

ဒါ မစိုးရိမ်ရပါဘူး ဒေါ်လေးရဲ့။ ဖြစ်တတ်ပါတယ်။
အသက် ၃၀အရွယ် အမျိုးသမီးတွေလောက်ထိတောင် ဖြစ်တတ်ပါတယ်။ တစ်ချို့လည်း ဟော်မုန်းဆေးတွေ၊ လင်ဇီးဆေးတွေ သောက်ရင် ဖြစ်တတ်တယ်။ ညီမလေးကတော့ ဓမ္မတာအပြောင်းအလဲကြောင့်ပါ။ ကိစ္စမရှိပါဘူး။

သာမန်ဆို ဆရာမတို့က ဆေးတွေပဲ ပေးထားပါတယ်။ ဟော်မုန်းဆေးပဲ ပြန်ပေးရတာဆိုတော့ ပဋိသန္ဓေတားဆေးကဒ်တွေပဲ ဖြစ်နေတတ်တယ်။ ညီမလေးအရွယ် ကလေးတွေကျတေ့ သောက်ရမှာ ရှက်မှာပေါ့။ ဒါပေမယ့် အဲဒီလိုသောက်ရင်းလည်း ပျောက်သွားတတ်ပါတယ်။
အရမ်း မနာဘူး၊ ခံနိုင်တယ်။ အရမ်းကြီးမလာဘူး ဆိုရင်တော့ ဒီတိုင်း နေလို့ ရပါတယ်။

နောက် သူ့အကျိတ်ကလည်း သေးသေးလေး။
ဒီအရွယ် နဲ့ ဒီလောက်အကျိတ်လေး တစ်လုံးတည်းဆို မခွဲပါဘူး။ အကျိတ်တွေလည်း များတယ်/ကြီးတယ်။ နာလည်း နာတယ်။ စောင်ကြည့်ရင်းလည်း မသက်သာရင်တော့ ဆရာမတို့က ခွဲစိတ်ပါတယ်။
သမီးလေး ကြောက်သွားပြီလား။

ကလေးက ကိုယ်ကို ပြုံးပြပါသည်။

ဒါကြောင့် ဒေါ်လေးကို စိုးရိမ်စရာ မလိုဘူး လို့နော်။ ခွဲဖို့လည်း မလိုသေးဘူး။ လောလောဆယ် ဒီ ငါးကြီးဆီလို အားဆေးလေးသောက်။ သူက ဟော်မုန်းထိန်းပေးတယ်။ ၆လလောက်သောက်လို့မှ မသက်သာဘူး။ နာတယ်။ ဒီကြားထဲ ကြီးလာတယ်ဆို အချိန်မရွေး ပြန်လာပြပါ။ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ကြတာပေါ့။

ကျေးဇူးပါပဲ ဆရာမရယ်။

သြော်….
ဒေါ်ယမင်း စဉ်းစားမိသည်ကား…
မိန်းမတွေများ အပိုပစ္စည်း ရှိတော့လည်း အပိုရောဂါတွေ ကြောက်နေရသေးပါလားနော်…

#ဒေါက်တာယမင်း(ဆေး ၁)

” ရင္​ဘတ္​​ေပၚက ႂကြက္​က​ေလး “

​ေဒၚယမင္​း၏ ​ေဆးခန္​းသို႔ က​ေလးမ ငယ္​ငယ္​​ေလးတစ္​​ေယာက္​ကို အ​ေဒၚႀကီးတစ္​​ေယာက္​က မနက္​​ေစာ​ေစာ ​ေခၚလာသည္​
က​ေလးမ​ေလးက အသက္​ ၁၆၊ ၁၇ ​ေလာက္​ပင္​ ရွိဦးမည္​။

​ေၾသာ္​
​ေဒၚ​ေလး ထိုင္​ပါ
ဘာျဖစ္​သလဲ

​ေဒၚ​ေလး မျဖစ္​​ပါဘူး ဆရာမ
​ေဒၚ​​ေလးသမီး​ေလးကို ျပခ်င္​လို႔
သမီး​ေလးရင္​သားမွာ​ေလ ​ေျပး​ေနတဲ့ အက်ိတ္​က​ေလးတစ္​လံုး ​ေပၚ​ေနလို႔

​ေဒၚယမင္​း မ​ေျပာပဲ သိလိုက္​သည္​။ ရင္​သား​ေပၚက ႂကြက္​က​ေလး breast mouse ဟု မိမိတု႔ိ တင္​စား​ေခၚ​ေဝၚတတ္​​ေသာ သာမန္​အက်ိတ္​က​ေလး ျဖစ္​​ေလာက္​ပါသည္​။

စမ္​းၾကည္​့မယ္​​ေလ

စမ္​းသပ္​စစ္​​ေဆးလိုက္​​ေတာ့ တကယ္​ပင္​ သာမန္​က်ိတ္​​ေလး…
ဤသို႔​ေသာ အက်ိတ္​မ်ိဳးသည္​ တကယ္​ပင္​ ႂကြက္​​က​ေလးဟု တင္​စားရ​ေလာက္​​ေအာင္​ ဖမ္​းရခက္​လွသည္​။ စမ္​းရသည္​မွာ မလြယ္​။

​​ေဒၚ​ေလးရဲ႕
​ေဒၚ​ေလးသမီး အက်ိတ္​​ေလးက သာမန္​ ျဖစ္​တတ္​တ့ အက်ိတ္​​ေလးပါ။
က​ေလးက အပ်ိဳ​ေဖာ္​ဝင္​ကာစ အ႐ြယ္​​ေလးဆို​ေတာ့ ​ေဟာ္​မုန္​း အ​ေျပာင္​းအလဲ​ေတြ​ေၾကာင္​့ ျဖစ္​တာပါ။
စိတ္​ပူစရာ မလိုပါဘူး။
နာ​ေရာ နာ​ေသးလား၊ ဘယ္​အခ်ိန္​​ေတြ နာတယ္​​ေျပာလဲ။

​ေၾသာ္​.. ဆရာမရယ္​
သမီး​ေလးက တစ္​ခ်က္​တစ္​ခ်က္​ နာတယ္​​ေျပာလို႔၊ ရာသီလာခါနီးဆို ပိုနာတယ္​တဲ့။

မနာတဲ့အခ်ိန္​​ေတြလည္​း ရွိတယ္​မလား။

မနာတာ​ေတာ့ မ်ားပါတယ္​ ဆရာမ။

ဟုတ္​တယ္​ ​ေဒၚ​ေလးရဲ႕။
ရင္​သား​ေပၚက သာမန္​က်ိတ္​​ေတြက သည္​လိုပဲ။ ​ေဟာ္​မုန္​းအ​ေျပာင္​းအလဲနဲ႔ လိုက္​ၿပီး ႀကီးတတ္​ ​ေသးတတ္​တယ္​။ နာလာတတ္​တယ္​။ ရာသီလာၿပီးရင္​ နာခ်င္​မွလည္​း နာ​ေတာ့တယ္​။

ဟုတ္​တယ္​ ဆရာမ၊ ဟုတ္​တယ္​။

ဒါ မစိုးရိမ္​ရပါဘူး ​ေဒၚ​ေလးရဲ႕။ ျဖစ္​တတ္​ပါတယ္​။
အသက္​ ၃၀အ႐ြယ္​ အမ်ိဳးသမီး​ေတြ​ေလာက္​ထိ​ေတာင္​ ျဖစ္​တတ္​ပါတယ္​။ တစ္​ခ်ိဳ႕လည္​း ​ေဟာ္​မုန္​း​ေဆး​ေတြ၊ လင္​ဇီး​ေဆး​ေတြ ​ေသာက္​ရင္​ ျဖစ္​တတ္​တယ္​။ ညီမ​ေလးက​ေတာ့ ဓမၼတာအ​ေျပာင္​းအလဲ​ေၾကာင္​့ပါ။ ကိစၥမရွိပါဘူး။

သာမန္​ဆို ဆရာမတို႔က ​ေဆး​ေတြပဲ ​ေပးထားပါတယ္​။ ​ေဟာ္​မုုန္​း​ေဆးပဲ ျပန္​​ေပးရတာဆို​ေတာ့ ပဋိသ​ေႏၶတား​ေဆးကဒ္​​ေတြပဲ ျဖစ္​​ေနတတ္​တယ္​။ ညီမ​ေလးအ႐ြယ္​ က​ေလး​ေတြက်​ေတ့ ​ေသာက္​ရမွာ ရွက္​မွာ​ေပါ့။ ဒါ​ေပမယ္​့​ အဲဒီလို​ေသာက္​ရင္​းလည္​း ​ေပ်ာက္​သြားတတ္​ပါတယ္​။
အရမ္​း မနာဘူး၊ ခံနိုင္​တယ္​။ အရမ္​းႀကီးမလာဘူး ဆိုရင္​​ေတာ့ ဒီတိုင္​း ​ေနလို႔ ရပါတယ္​။

​ေနာက္​ သူ႔အက်ိတ္​ကလည္​း ​ေသး​ေသး​ေလး။
ဒီအ႐ြယ္​ နဲ႔ ဒီ​ေလာက္​အက်ိတ္​​ေလး တစ္​လံုးတည္​းဆို မခဲြပါဘူး။ အက်ိတ္​​ေတြလည္​း မ်ားတယ္​/ႀကီးတယ္​။ နာလည္​း နာတယ္​။ ​ေစာင္​ၾကည္​့ရင္​းလည္​း မသက္​သာရင္​​ေတာ့ ဆရာမတို႔က ခြဲစိတ္​ပါတယ္​။
သမီး​ေလး ​ေၾကာက္​သြားၿပီလား။

က​ေလးက ကိုယ္​ကို ၿပံဳးျပပါသည္​။

ဒါ​ေၾကာင္​့ ​ေဒၚ​ေလးကို စိုးရိမ္​စရာ မလိုဘူး လို႔​ေနာ္​။ ခဲြဖို႔လည္​း မလို​ေသးဘူး။ ​ေလာ​ေလာဆယ္​ ဒီ ငါးႀကီးဆီလို အား​ေဆး​ေလး​ေသာက္​။ သူက ​ေဟာ္​မုန္​းထိန္​း​ေပးတယ္​။ ၆လ​ေလာက္​​ေသာက္​လို႔မွ မသက္​သာဘူး။ နာတယ္​။ ဒီၾကားထဲ ႀကီးလာတယ္​ဆို အခ်ိန္​မ​ေ႐ြး ျပန္​လာျပပါ။ စမ္​းသပ္​စစ္​​ေဆးမႈ​ေတြ ဆက္​လုပ္​ၾကတာ​ေပါ့။

​ေက်းဇူးပါပဲ ​ဆရာမရယ္​။

​ေၾသာ္​….
​ေဒၚယမင္​း စဥ္​းစားမိသည္​ကား…
မိန္​းမ​ေတြမ်ား အပိုပစၥည္​း ရွိ​ေတာ့လည္​း အပို​ေရာဂါ​ေတြ ​ေၾကာက္​​ေနရ​ေသးပါလား​ေနာ္​…

#ေဒါက္တာယမင္း(ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *