လူတွေသိပ်မသိသေးတဲ့ အဖျားရဲ့ လှို့ဝှက်ချက်များ?
? အဖျားဆိုတာဘာလဲ ??
‘အရင်း’ရဲ့ အပေါ်ဘက်ထိပ် လို့တော့ စကားကပ်မပြောကြေးပေါ့။ အဖျားဆိုတာ လူတိုင်းဖြစ်ဖူးတဲ့ ဝေဒနာ တစ်မျိုးပါ။ Fever လို့ ခေါ်သလို Febrile illness လို့လည်းခေါ်တယ်။ Pyrexia လို့လည်း ခေါ်ပြီး Controlled Hyperthermia လို့လည်း ခေါ်ပါတယ်။
ကိုယ်ပူချိန်တက်လာရင် ဖျားပြီလို့ လူတွေ ပြောတတ်ကြသလို နေမကောင်းဖြစ်နေပြီလို့လည်း ယူဆတတ်ကြတယ်။
? ကိုယ်ပူတိုင်း ဖျားတာလား ??
ဖျားတိုင်း ကိုယ်ပူလေ့ရှိပေမဲ့ လက်နဲ့စမ်းကြည့်လို့ ကိုယ်ပူနေတိုင်းတော့ အဖျားမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အပူချိန်က အစားအသောက်၊ ပတ်ဝန်းကျင်အပူချိန်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေအပေါ်မူတည်ပြီး တသမတ်တည်းမဟုတ်ဘဲ ပြောင်းလဲနေတတ်ပါတယ်။ ညနေ ၆နာရီ ဝန်းကျင်မှာ အပူဆုံးဖြစ်တတ်ပြီး မနက် ၃နာရီ ဝန်းကျင်မှာ အအေးဆုံးဖြစ်တတ်ပါတယ်။
? အပူချိန်ဘယ်လောက်ဆို ဖျားတာလို့ ခေါ်မလဲ ??
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံမှန်အပူချိန်ဖြစ်တဲ့ 36–37° C (98–100° F)အထက်ကို ကျော်သွားပြီဆို ဖျားတယ်လို့ ဆိုရပါမယ်။
? ဘာနဲ့တိုင်းလဲ ??
ဒါတော့ လူတိုင်းသိပြီးသားပါ။ သာမိုမီတာနဲ့ တိုင်းရပါတယ်။ ဟိုးတုန်းကတော့ လျှာအောက်ထည့်တိုင်း..ချိုင်းအောက်မှာတိုင်းတဲ့ သိပ်ကြည့်ရမလွယ်တဲ့ ပြဒါးတိုင်ဆိုတဲ့ စိတ်ညစ်စရာ သာမိုမီတာတွေပေါ့။ အခုတော့ digital ဂဏန်းတွေနဲ့ ပြတဲ့ သာမိုမီတာတွေရှိလာသလို အသားကိုထိစရာမလိုတဲ့ အနီအောက်ရောင်ခြည်သုံး သာမိုမီတာတွေပါ ရှိနေပါပြီ။
ချိုင်းမှာတိုင်းရင်တော့ ပကတိအပူချိန်ထက် နည်းတာမို့ 0.2 – 0.3 ° C ထပ်ပေါင်းပြီးတွက်ရပါတယ်။
? ဘာကြောင့်ဖျားတတ်လဲ ??
များသောအားဖြင့်တော့ Virus ၊ Bacteria ၊ Fungi ၊ Protozoa စတဲ့ ရောဂါပိုးပေါင်းစုံထဲက တစ်ခုခု.. လမ်းကြောင်းတစ်ခုခုကနေ ခန္ဓာကိုယ်ထဲ အလည်အပတ်ရောက်လာပြီဆို ကိုယ်ပူတက်ပြီး ဖျားလာတတ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေထိုးပြီးတဲ့အခါမှာလည်း ဖျားတတ်ပါသေးတယ်။
သွေးလေးဖက်နာရောဂါကြောင့်လည်း ဖျားတတ်ပါတယ်။
တချို့ဆေးတွေကြောင့်လည်း ကိုယ်ပူချိန်တက်လာတတ်သလို Amphetamine လို စိတ်ကြွဆေးတွေကြောင့်လည်း ကိုယ်ပူတတ်ပါတယ်။ အရက်ဖြတ်တဲ့ အခါမှာလည်း ကိုယ်ပူတက်နေတတ်ပါတယ်။
ဖျားနိုင်တဲ့ အကြောင်းရင်းပေါင်း မြောက်များစွာရှိသလို ဘာကြောင့်ဆိုတာ လုံးဝအကြောင်းရင်းရှာမရတဲ့ Pyrexia of Unknown Origin (PUO) ဆိုတဲ့ ဆရာဝန်ကို ကျီစယ်စိန်ခေါ်ပြီး လူနာကို အကြာကြီးဒုက္ခပေးနေတဲ့ ရောဂါအခြေအနေမျိုးတွေလည်း ရှိပါတယ်။
? ဖျားရင် ဘာလက္ခဏာတွေ ပြတတ်လဲ ??
ကိုယ်ပူပါမယ်။ တချို့ ရောဂါတွေမှာ ချမ်း/တုန် နေတတ်ပါတယ်။ အဖျားစတက်တဲ့ အချိန်နဲ့ ဘယ်လိုဖျားတယ်ဆိုတာကို သေချာသတိပြု မှတ်ထားပြီး ဆရာဝန်ကိုပြောဖို့လိုပါတယ်။ ရောဂါတစ်ခုနဲ့ တစ်ခု ဖျားတဲ့ပုံစံချင်းကွာတတ်ပါတယ်။
အူရောင်ငန်းဖျားလို Relative Bradycardia လို့ခေါ်တဲ့ ရှားရှားပါးပါး နှလုံးခုန်နှေးနေစေတတ်တဲ့ ရောဂါမျိုးကလွဲရင် ကျန်တဲ့ အဖျားတွေမှာ နှလုံးခုန်မြန်တတ်ပါတယ်။
ကိုက်ခဲ..ညောင်းညာ..မလှုပ်ချင် ဖြစ်တတ်သလို..ခေါင်းကိုက်နေတတ်ပါတယ်။ အစားအသောက်လည်းပျက်တတ်ပါတယ်။ တုပ်ကွေးလို အခြေအနေမျိုးမှာ နှာစေး..ချောင်းဆိုး..ဝမ်းလျှော..စတာတွေ တွဲဖြစ်တတ်ပါတယ်။ ကျန်တဲ့ ရောဂါပိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ထိခိုက်တယ်ဆိုတာမူတည်ပြီး တခြားလက္ခဏာတွေပြနေတတ်ပါတယ်။
ဒီလက္ခဏာတွေရယ် ဘာတွေခံစားရတယ်ဆိုတဲ့ ဝေဒနာတွေရယ်ကို ကြည့်ပြီးမှ စမ်းသပ်စစ်ဆေး..လိုအပ်ရင် ဓာတ်ခွဲခန်းအဖြေတွေ…ဓာတ်မှန်အဖြေတွေအကူအညီနဲ့ ရောဂါအဖြေထုတ်ကုသရတာမို့ ဆရာဝန်ကို အားလုံး မခြွင်းမချန် ပြောပြဖို့ လိုပါတယ်။
မြန်မာလူမျိုးတွေရဲ့ ချစ်စရာစရိုက်တွေထဲက အားနာတတ်တဲ့ ဓလေ့က ဆေးရုံဆေးခန်းတွေဆီကို ပါလာတဲ့အခါ ဖြစ်သမျှ အားလုံးတခါတည်းမပြောဘဲ နောက်တစ်ခါပြမှ ခွဲပြော တတ်တဲ့ လူနာမျိုးတွေ တွေ့ဖူးတာမို့ပါ။
? ဖျားတာ ဘာကောင်းလဲ ??
ဘာမှမကောင်းဘူးလို့တော့ မပြောပါနဲ့ဦး။ တကယ်တော့ ကိုယ်ပူနေတာ ဖျားနေတာဟာ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ်နဲ့ ရောဂါပိုးမွှားတွေ တိုက်ခိုက်နေတဲ့ တိုက်ပွဲရဲ့ စစ်ချီတေးသံတွေလို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရရာလက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့ Immune System ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ သက်စောင့်တပ်သားလေးတွေရဲ့ အောင်ပွဲအပူရှိန်ကို ဗွေမယူသင့်ပါဘူး။
ရောဂါပိုးတွေဝင်လာတာကသာ မကောင်းလို့ ကာကွယ်ဖို့လိုတာပါ။
? ဒါဆို ရောဂါပိုးတွေကို ဘယ်လိုကာကွယ်မလဲ ??
– ကာကွယ်ဆေးတွေအားလုံး မပျက်မကွက်ထိုးပါ
– တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ
– အန္တရာယ်ရှိတဲ့ အကာအကွယ်မဲ့တဲ့ လိင်ဆက်ဆံမှုတွေကိုရှောင်ပါ
– မကြာခဏ လက်ဆေးပါ
– အိပ်ရေးဝအောင် အိပ်ပါ
– အစာအာဟာရ ပြည့်ဝမျှတစွာစားပါ
– လူထူထပ်တဲ့ နေရာတွေရှောင်ပါ
? ဖျားရင် ဘာလုပ်ရမလဲ ??
ကိုယ်ခံအားစနစ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တစ်ခုဖြစ်လို့ ကိုယ်နည်းနည်းပူနေရုံနဲ့တော့ ဆေးတွေသောက်ဖို့ မလိုသေးပါဘူး။ ?ကိုယ်ပူတာအပြင် ကိုက်ခဲနာကျင်တာတွေ၊ ခေါင်းကိုက် အကြောတက်တာတွေ၊ ညောင်းညာတာတွေဖြစ်လာရင်တော့ Paracetamol(ပါရာစီတမောလ်) ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်ထားလို့ရပါတယ်။ တော်ရုံတန်ရုံ အဖျားအနာတော့ လွင့်သွားမှာပါ။ လိုတာထက်တော့ ပိုမသောက်ပါနဲ့။
?ကိုယ်ခံအားပြန်တက်စေဖို့
– အသီးအနှံတွေစားဖို့
– အာဟာရပြည့်အောင်စားဖို့
– ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်း ရှောင်ဖို့
– အိပ်ရေးဝအောင် အိပ်ဖို့
– ပြည့်ပြည့်ဝဝအနားယူဖို့
-ဓာတ်ဆားရည်..အသီးဖျော်ရည်တွေနဲ့..
ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် ဖြည့်ဖို့ လိုပါတယ်။
?ကိုယ်ပူရုံမကတော့ဘဲ
-တခြားဝေဒနာတွေပါတွဲလာပြီ..
-အဖျားရက်ရှည်လာပြီ..
-ကိုယ်ပူအရမ်းကြီးလာပြီ..
ဆိုရင်တော့ ဆရာဝန်ဆီသွားဖို့ လိုပါလိမ့်မယ်။
အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဆိုရင်တော့ စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်..။
အားလုံး အဖျားအနာ ကင်းကြပါစေ..။
Dr ဖြိုးဝေလင်း
(22.4.19)
?လူေတြသိပ္မသိေသးတဲ့ အဖ်ားရဲ႕ လိႈ႕ဝွက္ခ်က္မ်ား?
? အဖ်ားဆိုတာဘာလဲ ??
‘အရင္း’ရဲ႕ အေပၚဘက္ထိပ္ လို႔ေတာ့ စကားကပ္မေျပာေၾကးေပါ့။ အဖ်ားဆိုတာ လူတိုင္းျဖစ္ဖူးတဲ့ ေဝဒနာ တစ္မ်ိဳးပါ။ Fever လို႔ ေခၚသလို Febrile illness လို႔လည္းေခၚတယ္။ Pyrexia လို႔လည္း ေခၚၿပီး Controlled Hyperthermia လို႔လည္း ေခၚပါတယ္။
ကိုယ္ပူခ်ိန္တက္လာရင္ ဖ်ားၿပီလို႔ လူေတြ ေျပာတတ္ၾကသလို ေနမေကာင္းျဖစ္ေနၿပီလို႔လည္း ယူဆတတ္ၾကတယ္။
? ကိုယ္ပူတိုင္း ဖ်ားတာလား ??
ဖ်ားတိုင္း ကိုယ္ပူေလ့႐ွိေပမဲ့ လက္နဲ႔စမ္းၾကည့္လို႔ ကိုယ္ပူေနတိုင္းေတာ့ အဖ်ားမဟုတ္ပါဘူး။ ခႏၶာကို္ယ္ရဲ႕ အပူခ်ိန္က အစားအေသာက္၊ ပတ္ဝန္းက်င္အပူခ်ိန္၊ ကိုယ္လက္လႈပ္႐ွားမႈ စတာေတြအေပၚမူတည္ၿပီး တသမတ္တည္းမဟုတ္ဘဲ ေျပာင္းလဲေနတတ္ပါတယ္။ ညေန ၆နာရီ ဝန္းက်င္မွာ အပူဆံုးျဖစ္တတ္ၿပီး မနက္ ၃နာရီ ဝန္းက်င္မွာ အေအးဆံုးျဖစ္တတ္ပါတယ္။
? အပူခ်ိန္ဘယ္ေလာက္ဆို ဖ်ားတာလို႔ ေခၚမလဲ ??
လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ပံုမွန္အပူခ်ိန္ျဖစ္တဲ့ 36–37° C (98–100° F)အထက္ကို ေက်ာ္သြားၿပီဆို ဖ်ားတယ္လို႔ ဆိုရပါမယ္။
? ဘာနဲ႔တိုင္းလဲ ??
ဒါေတာ့ လူတိုင္းသိၿပီးသားပါ။ သာမိုမီတာနဲ႔ တိုင္းရပါတယ္။ ဟိုးတုန္းကေတာ့ လ်ွာေအာက္ထည့္တိုင္း..ခ်ိဳင္းေအာက္မွာတိုင္းတဲ့ သိပ္ၾကည့္ရမလြယ္တဲ့ ျပဒါးတိုင္ဆိုတဲ့ စိတ္ညစ္စရာ သာမိုမီတာေတြေပါ့။ အခုေတာ့ digital ဂဏန္းေတြနဲ႔ ျပတဲ့ သာမိုမီတာေတြ႐ွိလာသလို အသားကိုထိစရာမလိုတဲ့ အနီေအာက္ေရာင္ျခည္သံုး သာမိုမီတာေတြပါ ႐ွိေနပါၿပီ။
ခ်ိဳင္းမွာတိုင္းရင္ေတာ့ ပကတိအပူခ်ိန္ထက္ နည္းတာမို႔ 0.2 – 0.3 ° C ထပ္ေပါင္းၿပီးတြက္ရပါတယ္။
? ဘာေၾကာင့္ဖ်ားတတ္လဲ ??
မ်ားေသာအားျဖင့္ေတာ့ Virus ၊ Bacteria ၊ Fungi ၊ Protozoa စတဲ့ ေရာဂါပိုးေပါင္းစံုထဲက တစ္ခုခု.. လမ္းေၾကာင္းတစ္ခုခုကေန ခႏၶာကိုယ္ထဲ အလည္အပတ္ေရာက္လာၿပီဆို ကိုယ္ပူတက္ၿပီး ဖ်ားလာတတ္ပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆးေတြထိုးၿပီးတဲ့အခါမွာလည္း ဖ်ားတတ္ပါေသးတယ္။
ေသြးေလးဖက္နာေရာဂါေၾကာင့္လည္း ဖ်ားတတ္ပါတယ္။
တခ်ိဳ႕ေဆးေတြေၾကာင့္လည္း ကိုယ္ပူခ်ိန္တက္လာတတ္သလို Amphetamine လို စိတ္ႂကြေဆးေတြေၾကာင့္လည္း ကိုယ္ပူတတ္ပါတယ္။ အရက္ျဖတ္တဲ့ အခါမွာလည္း ကိုယ္ပူတက္ေနတတ္ပါတယ္။
ဖ်ားႏိုင္တဲ့ အေၾကာင္းရင္းေပါင္း ေျမာက္မ်ားစြာ႐ွိသလို ဘာေၾကာင့္ဆိုတာ လံုးဝအေၾကာင္းရင္း႐ွာမရတဲ့ Pyrexia of Unknown Origin (PUO) ဆိုတဲ့ ဆရာဝန္ကို က်ီစယ္စိန္ေခၚၿပီး လူနာကို အၾကာႀကီးဒုကၡေပးေနတဲ့ ေရာဂါအေျခအေနမ်ိဳးေတြလည္း ႐ွိပါတယ္။
? ဖ်ားရင္ ဘာလကၡဏာေတြ ျပတတ္လဲ ??
ကိုယ္ပူပါမယ္။ တခ်ိဳ႕ ေရာဂါေတြမွာ ခ်မ္း/တုန္ ေနတတ္ပါတယ္။ အဖ်ားစတက္တဲ့ အခ်ိန္နဲ႔ ဘယ္လိုဖ်ားတယ္ဆိုတာကို ေသခ်ာသတိျပဳ မွတ္ထားၿပီး ဆရာဝန္ကိုေျပာဖို႔လိုပါတယ္။ ေရာဂါတစ္ခုနဲ႔ တစ္ခု ဖ်ားတဲ့ပံုစံခ်င္းကြာတတ္ပါတယ္။
အူေရာင္ငန္းဖ်ားလို Relative Bradycardia လို႔ေခၚတဲ့ ႐ွား႐ွားပါးပါး ႏွလံုးခုန္ေႏွးေနေစတတ္တဲ့ ေရာဂါမ်ိဳးကလြဲရင္ က်န္တဲ့ အဖ်ားေတြမွာ ႏွလံုးခုန္ျမန္တတ္ပါတယ္။
ကိုက္ခဲ..ေညာင္းညာ..မလႈပ္ခ်င္ ျဖစ္တတ္သလို..ေခါင္းကိုက္ေနတတ္ပါတယ္။ အစားအေသာက္လည္းပ်က္တတ္ပါတယ္။ တုပ္ေကြးလို အေျခအေနမ်ိဳးမွာ ႏွာေစး..ေခ်ာင္းဆိုး..ဝမ္းေလွ်ာ..စတာေတြ တြဲျဖစ္တတ္ပါတယ္။ က်န္တဲ့ ေရာဂါပိုးေတြမွာလည္း ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းကို ထိခိုက္တယ္ဆိုတာမူတည္ၿပီး တျခားလကၡဏာေတြျပေနတတ္ပါတယ္။
ဒီလကၡဏာေတြရယ္ ဘာေတြခံစားရတယ္ဆိုတဲ့ ေဝဒနာေတြရယ္ကို ၾကည့္ၿပီးမွ စမ္းသပ္စစ္ေဆး..လိုအပ္ရင္ ဓာတ္ခြဲခန္းအေျဖေတြ…ဓာတ္မွန္အေျဖေတြအကူအညီနဲ႔ ေရာဂါအေျဖထုတ္ကုသရတာမို႔ ဆရာဝန္ကို အားလံုး မႁခြင္းမခ်န္ ေျပာျပဖို႔ လိုပါတယ္။
ျမန္မာလူမ်ိဳးေတြရဲ႕ ခ်စ္စရာစ႐ိုက္ေတြထဲက အားနာတတ္တဲ့ ဓေလ့က ေဆးရံုေဆးခန္းေတြဆီကို ပါလာတဲ့အခါ ျဖစ္သမွ် အားလံုးတခါတည္းမေျပာဘဲ ေနာက္တစ္ခါျပမွ ခြဲေျပာ တတ္တဲ့ လူနာမ်ိဳးေတြ ေတြ႕ဖူးတာမို႔ပါ။
? ဖ်ားတာ ဘာေကာင္းလဲ ??
ဘာမွမေကာင္းဘူးလို႔ေတာ့ မေျပာပါနဲ႔ဦး။ တကယ္ေတာ့ ကိုယ္ပူေနတာ ဖ်ားေနတာဟာ ခႏၶာကိုယ္ထဲမွာ ကိုယ္ခံအားစနစ္နဲ႔ ေရာဂါပိုးမႊားေတြ တိုက္ခိုက္ေနတဲ့ တိုက္ပြဲရဲ႕ စစ္ခ်ီေတးသံေတြလို႔ ေျပာလို႔ရပါတယ္။ ခႏၶာကိုယ္ထဲမွာ ရရာလက္နက္စြဲကိုင္ တုိက္ပြဲဝင္ေနတဲ့ Immune System ဆိုတဲ့ ခႏၶာကိုယ္ရဲ႕ သက္ေစာင့္တပ္သားေလးေတြရဲ႕ ေအာင္ပြဲအပူ႐ွိန္ကို ေဗြမယူသင့္ပါဘူး။
ေရာဂါပိုးေတြဝင္လာတာကသာ မေကာင္းလို႔ ကာကြယ္ဖို႔လိုတာပါ။
? ဒါဆို ေရာဂါပိုးေတြကို ဘယ္လိုကာကြယ္မလဲ ??
– ကာကြယ္ေဆးေတြအားလံုး မပ်က္မကြက္ထိုးပါ
– တစ္ကိုယ္ရည္သန္႔႐ွင္းေရးဂ႐ုစိုက္ပါ
– အႏၲရာယ္႐ွိတဲ့ အကာအကြယ္မဲ့တဲ့ လိင္ဆက္ဆံမႈေတြကိုေ႐ွာင္ပါ
– မၾကာခဏ လက္ေဆးပါ
– အိပ္ေရးဝေအာင္ အိပ္ပါ
– အစာအာဟာရ ျပည့္ဝမွ်တစြာစားပါ
– လူထူထပ္တဲ့ ေနရာေတြေ႐ွာင္ပါ
? ဖ်ားရင္ ဘာလုပ္ရမလဲ ??
ကိုယ္ခံအားစနစ္ရဲ႕ ပံုမွန္လုပ္ေဆာင္ခ်က္တစ္ခုျဖစ္လို႔ ကိုယ္နည္းနည္းပူေနရံုနဲ႔ေတာ့ ေဆးေတြေသာက္ဖို႔ မလိုေသးပါဘူး။ ?ကိုယ္ပူတာအျပင္ ကိုက္ခဲနာက်င္တာေတြ၊ ေခါင္းကိုက္ အေၾကာတက္တာေတြ၊ ေညာင္းညာတာေတြျဖစ္လာရင္ေတာ့ Paracetamol(ပါရာစီတေမာလ္) ကို ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေသာက္ထားလို႔ရပါတယ္။ ေတာ္ရံုတန္ရံု အဖ်ားအနာေတာ့ လြင့္သြားမွာပါ။ လိုတာထက္ေတာ့ ပိုမေသာက္ပါနဲ႔။
?ကိုယ္ခံအားျပန္တက္ေစဖို႔
– အသီးအႏွံေတြစားဖို႔
– အာဟာရျပည့္ေအာင္စားဖို႔
– ေဆးလိပ္၊ အရက္၊ ဘီယာ၊ ကြမ္း ေ႐ွာင္ဖို႔
– အိပ္ေရးဝေအာင္ အိပ္ဖို႔
– ျပည့္ျပည့္ဝဝအနားယူဖို႔
-ဓာတ္ဆားရည္..အသီးေဖ်ာ္ရည္ေတြနဲ႔..
ေရမ်ားမ်ားေသာက္ၿပီး ေရဓာတ္ျပည့္ဝေအာင္ ျဖည့္ဖို႔ လိုပါတယ္။
?ကိုယ္ပူရံုမကေတာ့ဘဲ
-တျခားေဝဒနာေတြပါတြဲလာၿပီ..
-အဖ်ားရက္႐ွည္လာၿပီ..
-ကိုယ္ပူအရမ္းႀကီးလာၿပီ..
ဆိုရင္ေတာ့ ဆရာဝန္ဆီသြားဖို႔ လိုပါလိမ့္မယ္။
အထူးသျဖင့္ ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္အိုေတြဆိုရင္ေတာ့ ေစာေစာစီးစီး ကုသမႈခံယူသင့္ပါတယ္..။
အားလံုး အဖ်ားအနာ ကင္းၾကပါေစ..။
Dr ၿဖိဳးေဝလင္း
(22.4.19)