mydoctor-top-telemedicine

အဖျားရောဂါနဲ့ အစားအသောက်

“တုံကင် နံပါတ် ၁၈ ၊ဆရာ့အခန်းထဲ ဝင်ပါ ။”

“ဆရာ ၊ဝင်ခွင့်ပြုပါ ။”

“အော် ၊ဘယ်သူများလဲ မှတ်တယ် ။ဝတ်ဆံကိုး ။လာ…..လာ ။”

ဝတ်ဆံ။ ။ဆရာရေ ၊ညီမ ကိုယ်တွေပူပြီး ခြေလက်တွေ ညောင်းကိုက်နေတာ ဖျားနေပြီ ထင်လို့ ဆရာ့ဆီ လာပြတာ ။

ဇီဝက။ ။ ကိုယ်ပူတိုင်း ဖျားတာ မဟုတ်ဘူး ဟ ။ ဖျားတယ်ဆိုတာ ကိုယ်အပူချိန် တိုင်းကြည့်ရင် ၃၇ စင်တီဂရိတ် ၊ဒါမှမဟုတ် ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိရင် အဖျားတက်တယ်လို့ပြောနိုင်ပါတယ် ။ဖျားတယ်ဆိုတာ ခန္ဓာကိုယ်က နေထိုင်မကောင်းဘူးလို့ သွယ်ဝိုက် ပြောပြနေတာကွဲ့။လာ…..အဖျားတိုင်းရအောင် ။စမ်းသပ်ကြည့်ရအောင်

စမ်းသပ်ပြီးနောက်………………

ဇီဝက ။ ။ဟုတ်တယ် ဟ ၊အဖျားရှိတယ် ။

ဝတ်ဆံ။ ။ဘယ်လိုဖြစ်လို့ ဖျားတာနဲ့ ခန္ဓာကိုယ်က နေထိုင်မကောင်းမှန်း သိနိုင်တာလဲ ၊ဆရာ ။

ဇီဝက ။ ။ ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်မျိုးမျိုး ဝင်ရောက်လာတာနဲ့ သွေးဖြူဥတွေက ပြန်လည်ခုခံရာမှာ အဖျားတက်စေတဲ့ ဓာတ်တွေ ထွက်လာရာ ။ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေဟာ ဦးနှောက်ကို သွားရောက်လှုံ့ဆော်ရာကနေ ဖျားတယ်ဆိုပြီး လူတွေက ခံစားရပါတယ် ။ကိုယ်အပူချိန်တက်မယ် ၊ကိုယ်လက် ကိုက်ခဲမယ် ၊အစားအသောက်တွ ပျက်လာမယ် ၊ဟာ ။

ဝတ်ဆံ။ ။အိမ်က လူကြီးတွေ ပြောတာ ထမင်းစားရင် အဖျား ပိုတက်တယ်တဲ့ ဆရာ ။အဲ့ဒီတော့ ဝတ်ဆံတို့လို ဖျားတဲ့သူတွေက ထမင်း မစားရ တော့ဘူးလား ၊ဟင် ။

ဇီဝက ။ ။ အဖျားတက်နေရင် ထမင်း ဟင်း မစားရဘူးလို့ ၊အဖျားတက်မယ် ဆိုတာက အယူလွဲနေကြတာကွဲ့ ။အမှန်က ထမင်း ၊ဟင်းမှ မဟုတ်ပါဘူး ဘာစားစား ၊ဘာသောက် သောက်ပါ ခန္ဓာကိုယ်က အစာချေရတဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကိုယ်အပူ နည်းနည်းတက်တာပါ ။အဖျားတက်တာ မဟုတ်ဘူး ။

ဝတ်ဆံ။ ။ ဒါဆိုရင် ထမင်းနဲ့ ဟင်း စားလို့ ရတယ်ပေါ့နော် ။

ဇီဝက ။ ။ သိပ်ရတာပေါ့ ၊ဟ ။စားချင်စိတ်ရှိရင် ကျွေးသာကျွေးပါ ။အာဟာရရှိမှ နာလန်ထူမှာပါ ။ အများစုက တစ်ရက် နှစ်ရက်လောက် ခံတွင်းပျက်တတ်ပါတယ် ။အစာစားချင်စိတ်ပေါ်လာရင် နာလန်ထူလာတဲ့သဘောပေါ့ ။

ဝတ်ဆံ။ ။ ဖျားနေတဲ့အချိန် ဘာတွေ စားလို့ရသေးလဲ ၊ဆရာ ။

ဇီဝက ။ ။ အစာမာတွေ မစားနိုင်သေးရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေ ၊ဆန်ပြုတ် ၊စွပ်ပြုတ် ၊မြူစွမ်ပြုတ်အရည်တွေသောက်လို့ ရတယ် ။ဗိုက်တာမင် အေ ၊ စီ ၊ အီးဓာတ်တွေ ပါတဲ့ အစားအသောက်များ စားသုံးပေးပါ ။ထို ဗိုက်တာမင်တွေမှာ ဓာတ်တိုးဆန့်ကျင် Anti-oxidant အာနိသင်ရှိပါတယ် ။ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်စေပါတယ် ။နည်းနည်းနေကောင်းလာတာနဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သူ့အတိုင်းဖြစ်စေ ၊ချက်ပြုတ်ပြီးဖြစ်စေ စားသုံးပေးနိုင်တယ် ။

ဝတ်ဆံ။ ။ ဘာတွေ စားရမလဲ ၊ဆရာ ။အဲ့ဒီ ဗိုက်တာမင်တွေ ဘယ်အစားအ သောက်တွေထဲမှာ ပါလဲဟင် ။

ဇီဝက ။ ။ဗိုက်တာမင် အေပါတဲ့ အစားအသောက်တွေကတော့ တိရိစ္ဆာန်တွေ ရဲ့အသည်းအမြစ်များ ၊မုန်လာဥနီ ၊ရွှေဖရုံသီး ၊ကျောက်ဖရုံသီး ၊သရက်သီး၊တရုတ်ဆီးသီးခြောက် ၊ဟင်းနုနွယ် ၊ဆလတ်ရွတ် ၊ကြက်သွန်နီ ၊တရုတ်ပန်းဂေါ်ဖီ စတာတွေပေါ့ဟာ ။ ဗိုက်တာမင် စီကို ချဉ်တဲ့ သံပုရာနွယ်ဝင် အသီးများ ၊မာလကာသီး ၊ လိမ္မော်သီး ၊ငရုတ်သီးစိမ်း ၊ပန်းဂေါ်ဖီထုပ် ၊ငရုတ်ပွ ၊တရုတ်နံနံ ၊သရက်သီး စတာတွေမှာ ပေါများစွာ တွေ့ရပါတယ် ။ဗိုက်တာမင် အီးကို အဓိကအားဖြင့် အစေ့အဆန်နဲ့ ၎င်းတို့မှထွက် သောအဆီများ(နေကြာစေ့ ၊နေကြာဆီ ၊မြေပဲ ၊မြေပဲဆီ စသဖြင့် ) ၊ပင်လယ်ရေညှိ ၊စိမ်းပြာရေညှိ စတာတွေမှာ တွေ့ရပါတယ် ။ ဖျားနာသူတွေဟာ အရည်လည်းများများသောက်ဖို့ လိုတယ် ။

ဝတ်ဆံ။ ။ ဘာတွေ ရှောင်ရဦးမလဲ ၊ဆရာ ။

ဇီဝက ။ ။ ကဖင်းပါသော ကော်ဖီ ၊လက်ဖက်ရည် ၊ကိုလာ စတာတွေကို ရှောင်သင့်ပါတယ် ။အဖျားကျတာနဲ့ အစာကြေလွယ်တဲ့ အစားအသောက်ကို စားသင့်ပါတယ် ။ပြုပြင်စီမံထားတဲ့ အသင့်စား အစား အသောက်တွေကို ရှောင်ရှားသင့်ပါတယ် ။ဘာလို့လဲ ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပါဝင်မှုက နည်းပါးလွန်းပါတယ်။ဒါ့အပြင် အဆီအဆိမ့် ပေါကြွယ်ဝလွန်းတဲ့ အစားအ သောက်ကိုလည်း ရှောင်ပါ ။

ခေတ်သစ်ဇီဝက

အဖ်ားေရာဂါနဲ႕ အစားအေသာက္

“တုံကင္ နံပါတ္ ၁၈ ၊ဆရာ႕အခန္းထဲ ၀င္ပါ ။”

“ဆရာ ၊၀င္ခြင့္ျပဳပါ ။”

“ေအာ္ ၊ဘယ္သူမ်ားလဲ မွတ္တယ္ ။၀တ္ဆံကိုး ။လာ…..လာ ။”

၀တ္ဆံ။ ။ဆရာေရ ၊ညီမ ကိုယ္ေတြပူျပီး ေျခလက္ေတြ ေညာင္းကိုက္ေနတာ ဖ်ားေနျပီ ထင္လို႕ ဆရာ႕ဆီ လာျပတာ ။

ဇီ၀က။ ။ ကိုယ္ပူတိုင္း ဖ်ားတာ မဟုတ္ဘူး ဟ ။ ဖ်ားတယ္ဆိုတာ ကိုယ္အပူခ်ိန္ တိုင္းႀကည့္ရင္ ၃၇ စင္တီဂရိတ္ ၊ဒါမွမဟုတ္ ၉၈.၆ ဒီဂရီဖာရင္ဟုိက္ ရွိရင္ အဖ်ားတက္တယ္လုိ႕ေျပာႏုိင္ပါတယ္ ။ဖ်ားတယ္ဆိုတာ ခႏၶာကိုယ္က ေနထိုင္မေကာင္းဘူးလို႕ သြယ္၀ိုက္ ေျပာျပေနတာကဲြ႕။လာ…..အဖ်ားတိုင္းရေအာင္ ။စမ္းသပ္ႀကည့္ရေအာင္

စမ္းသပ္ျပီးေနာက္………………

ဇီ၀က ။ ။ဟုတ္တယ္ ဟ ၊အဖ်ားရွိတယ္ ။

၀တ္ဆံ။ ။ဘယ္လိုျဖစ္လို႕ ဖ်ားတာနဲ႕ ခႏၶာကိုယ္က ေနထိုင္မေကာင္းမွန္း သိႏိုင္တာလဲ ၊ဆရာ ။

ဇီ၀က ။ ။ ခႏၶာကိုယ္ထဲကို ေရာဂါပိုး တစ္မ်ိဳးမ်ိဳး ၀င္ေရာက္လာတာနဲ႕ ေသြးျဖဴဥေတြက ျပန္လည္ခုခံရာမွာ အဖ်ားတက္ေစတဲ့ ဓာတ္ေတြ ထြက္လာရာ ။ထြက္လာတဲ့ ဓာတ္ပစၥည္းေတြဟာ ဦးေႏွာက္ကို သြားေရာက္လႈံ႕ေဆာ္ရာကေန ဖ်ားတယ္ဆိုျပီး လူေတြက ခံစားရပါတယ္ ။ကုိယ္အပူခ်ိန္တက္မယ္ ၊ကိုယ္လက္ ကိုက္ခဲမယ္ ၊အစားအေသာက္တြ ပ်က္လာမယ္ ၊ဟာ ။

၀တ္ဆံ။ ။အိိမ္က လူႀကီးေတြ ေျပာတာ ထမင္းစားရင္ အဖ်ား ပိုတက္တယ္တဲ့ ဆရာ ။အဲ့ဒီေတာ့ ၀တ္ဆံတို႕လို ဖ်ားတဲ့သူေတြက ထမင္း မစားရ ေတာ့ဘူးလား ၊ဟင္ ။

ဇီ၀က ။ ။ အဖ်ားတက္ေနရင္ ထမင္း ဟင္း မစားရဘူးလုိ႕ ၊အဖ်ားတက္မယ္ ဆိုတာက အယူလဲြေနႀကတာကဲြ႕ ။အမွန္က ထမင္း ၊ဟင္းမွ မဟုတ္ပါဘူး ဘာစားစား ၊ဘာေသာက္ ေသာက္ပါ ခႏၶာကိုယ္က အစာေခ်ရတဲ့အခါ ဇီ၀ကမၼျဖစ္စဥ္ေတြေႀကာင့္ ကိုယ္အပူ နည္းနည္းတက္တာပါ ။အဖ်ားတက္တာ မဟုတ္ဘူး ။

၀တ္ဆံ။ ။ ဒါဆိုရင္ ထမင္းနဲ႕ ဟင္း စားလို႕ ရတယ္ေပါ့ေနာ္ ။

ဇီ၀က ။ ။ သိပ္ရတာေပါ့ ၊ဟ ။စားခ်င္စိတ္ရွိရင္ ေကြ်းသာေကြ်းပါ ။အာဟာရရွိမွ နာလန္ထူမွာပါ ။ အမ်ားစုက တစ္ရက္ ႏွစ္ရက္ေလာက္ ခံတြင္းပ်က္တတ္ပါတယ္ ။အစာစားခ်င္စိတ္ေပၚလာရင္ နာလန္ထူလာတဲ့သေဘာေပါ့ ။

၀တ္ဆံ။ ။ ဖ်ားေနတဲ့အခ်ိန္ ဘာေတြ စားလို႕ရေသးလဲ ၊ဆရာ ။

ဇီ၀က ။ ။ အစာမာေတြ မစားႏုိင္ေသးရင္ သစ္သီးနဲ႕ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ေတြ ၊ဆန္ျပဳတ္ ၊စြပ္ျပဳတ္ ၊ျမဴစြမ္ျပဳတ္အရည္ေတြေသာက္လို႕ ရတယ္ ။ဗိုက္တာမင္ ေအ ၊ စီ ၊ အီးဓာတ္ေတြ ပါတဲ့ အစားအေသာက္မ်ား စားသုံးေပးပါ ။ထို ဗိုက္တာမင္ေတြမွာ ဓာတ္တိုးဆန္႕က်င္ Anti-oxidant အာနိသင္ရွိပါတယ္ ။ဒါ့အျပင္ ကိုယ္ခံစြမ္းအားကိုလည္း ျမင့္ေစပါတယ္ ။နည္းနည္းေနေကာင္းလာတာနဲ႕ သစ္သီးေတြနဲ႕ ဟင္းသီးဟင္းရြက္ေတြကို သူ႕အတိုင္းျဖစ္ေစ ၊ခ်က္ျပဳတ္ျပီးျဖစ္ေစ စားသုံးေပးႏုိင္တယ္ ။

၀တ္ဆံ။ ။ ဘာေတြ စားရမလဲ ၊ဆရာ ။အဲ့ဒီ ဗိုက္တာမင္ေတြ ဘယ္အစားအ ေသာက္ေတြထဲမွာ ပါလဲဟင္ ။

ဇီ၀က ။ ။ဗိုက္တာမင္ ေအပါတဲ့ အစားအေသာက္ေတြကေတာ့ တိရိစာၦန္ေတြ ရဲ႕အသည္းအျမစ္မ်ား ၊မုန္လာဥနီ ၊ေရႊဖရုံသီး ၊ေက်ာက္ဖရုံသီး ၊သရက္သီး၊တရုတ္ဆီးသီးေျခာက္ ၊ဟင္းႏုႏြယ္ ၊ဆလတ္ရြတ္ ၊ႀကက္သြန္နီ ၊တရုတ္ပန္းေဂၚဖီ စတာေတြေပါ့ဟာ ။ ဗိုက္တာမင္ စီကို ခ်ဥ္တဲ့ သံပုရာႏြယ္၀င္ အသီးမ်ား ၊မာလကာသီး ၊ လိေမၼာ္သီး ၊ငရုတ္သီးစိမ္း ၊ပန္းေဂၚဖီထုပ္ ၊ငရုတ္ပြ ၊တရုတ္နံနံ ၊သရက္သီး စတာေတြမွာ ေပါမ်ားစြာ ေတြ႕ရပါတယ္ ။ဗိုက္တာမင္ အီးကို အဓိကအားျဖင့္ အေစ့အဆန္နဲ႕ ၎တို႕မွထြက္ ေသာအဆီမ်ား(ေနႀကာေစ့ ၊ေနႀကာဆီ ၊ေျမပဲ ၊ေျမပဲဆီ စသျဖင့္ ) ၊ပင္လယ္ေရညိွ ၊စိမ္းျပာေရညိွ စတာေတြမွာ ေတြ႕ရပါတယ္ ။ ဖ်ားနာသူေတြဟာ အရည္လည္းမ်ားမ်ားေသာက္ဖို႕ လိုတယ္ ။

၀တ္ဆံ။ ။ ဘာေတြ ေရွာင္ရဦးမလဲ ၊ဆရာ ။

ဇီ၀က ။ ။ ကဖင္းပါေသာ ေကာ္ဖီ ၊လက္ဖက္ရည္ ၊ကိုလာ စတာေတြကို ေရွာင္သင့္ပါတယ္ ။အဖ်ားက်တာနဲ႕ အစာေႀကလြယ္တဲ့ အစားအေသာက္ကို စားသင့္ပါတယ္ ။ျပဳျပင္စီမံထားတဲ့ အသင့္စား အစား အေသာက္ေတြကို ေရွာင္ရွားသင့္ပါတယ္ ။ဘာလို႕လဲ ဆိုရင္ ခႏၶာကို္ယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ပါ၀င္မႈက နည္းပါးလြန္းပါတယ္။ဒါ့အျပင္ အဆီအဆိမ့္ ေပါႀကြယ္၀လြန္းတဲ့ အစားအ ေသာက္ကိုလည္း ေရွာင္ပါ ။

ေခတ္သစ္ဇီ၀က

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *