ဗိုက်ထဲက ကလေးလေး လှုပ်နေတာ ခံစားရပြီလား?
ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကလေးလှုပ်တယ်ဆိုတာ အိပ်မက်ဆန်တဲ့ အစိတ်အပိုင်းတစ်ခုပါ။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကလေးလှုပ်ခြင်းကို အစောဆုံးအနေနဲ့ နောက်ဆုံးရာသီလာရက်မှ စရေတွက်ရင် ၁၃ပတ်_ ၁၆ပတ်( ကိုယ်ဝန် ၄လမြောက်) လောက်မှာ စတင်ခံစားသိရှိနိုင်ကြပါတယ်။
ကလေးလှုပ်တာဟာ မိခင်နဲ့ ကလေးကို ပထမဆုံးချည်နှောင်ပေးတဲ့ကြိုးလေးလို့တောင်ပြောနိုင်ပါတယ်။ မိခင်ဗိုက်ထဲမှာ သက်ရှိကလေးလေး ရှိနေတယ်ဆိုတယ့် ခံစားချက် စတင်ရရှိချိန်လည်းဖြစ်ပါတယ်။
ကလေးလှုပ်တာဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ?
ပထမ အစောပိုင်းကလေးလှုပ်တဲ့အချိန်မှာ သားဦးလည်းဖြစ်မယ်ဆိုရင် ဗိုက်ဆာလို့ တဂွီဂွီမြည်တာလို့ ထင်မှတ်မှားနိုင်ပါတယ်။ သိသိသာသာ ကလေးလှုပ်တာမျိုးကို မျက်စိနဲ့မြင်တွေ့ဖို့ထက် အစောပိုင်းမှာ ဗိုက်ထဲ လိပ်ပြာလေးတွေ ပျံသွားသလိုမျိုး၊ ငါးလေးတွေ ဗိုက်ထဲကူးသွားသလိုမျိုး ညင်ညင်သာသာလေးသာ ခံစားရနိုင်ပါတယ်။
ကလေးလှုပ်ခြင်းဟာအရေးကြီးပါသလား?
အရေးကြီးပါတယ်။ကလေးလှုပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြွက်သားအာရုံကြောတွေစတင်အလုပ်လုပ်တာကို ဖော်ပြပါတယ်။ ကလေးဟာ ပိုပြီးတက်ကြွတဲ့ရက်တွေမှာ ပိုလှုပ်တာမျိုးရှိပြီး တချို့ရက်တွေမှာ လှုပ်တာ နည်းတာမျိုးတော့ရှိနိုင်ပါတယ်။
ကလေးလှုပ်နေသမျှ ကာလပတ်လုံး ဗိုက်ထဲက ကလေးဟာ ဖွံ့ဖြိုးနေတယ်။ ကျန်းမာနေတယ်လို့ သွယ်ဝှိက် သိနိုင်ပါသေးတယ်။
ကလေးမလှုပ်တော့ဘူးဆိုရင်?
ကြာချိန် ၁၂နာရီ ( ဥပမာ _ မနက် ၇နာရီ ည၇နာရီ) ကြားမှာ ကလေးလှုပ်ခြင်းဟာ ၁၀ကြိမ်ထက်နည်းမယ်ဆိုရင် ချက်ခြင်း ဆေးရုံသွားဖို့လိုနိုင်ပါတယ်။
မယ်တင်( ဆေး ၁)
ဗိုက္ထဲက ကေလးေလး လႈပ္ေနတာ ခံစားရၿပီလား?
ကိုယ္ဝန္ေဆာင္ မိခင္ေတြအတြက္ ကေလးလႈပ္တယ္ဆိုတာ အိပ္မက္ဆန္တဲ့ အစိတ္အပိုင္းတစ္ခုပါ။
ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ကေလးလႈပ္ျခင္းကို အေစာဆံုးအေနနဲ႔ ေနာက္ဆံုးရာသီလာရက္မွ စေရတြက္ရင္ ၁၃ပတ္_ ၁၆ပတ္( ကိုယ္ဝန္ ၄လေျမာက္) ေလာက္မွာ စတင္ခံစားသိရွိႏိုင္ၾကပါတယ္။
ကေလးလႈပ္တာဟာ မိခင္နဲ႔ ကေလးကို ပထမဆံုးခ်ည္ေႏွာင္ေပးတဲ့ႀကိဳးေလးလို႔ေတာင္ေျပာႏိုင္ပါတယ္။ မိခင္ဗိုက္ထဲမွာ သက္ရွိကေလးေလး ရွိေနတယ္ဆိုတယ့္ ခံစားခ်က္ စတင္ရရွိခ်ိန္လည္းျဖစ္ပါတယ္။
ကေလးလႈပ္တာဟုတ္မဟုတ္ ဘယ္လိုသိႏိုင္မလဲ?
ပထမ အေစာပိုင္းကေလးလႈပ္တဲ့အခ်ိန္မွာ သားဦးလည္းျဖစ္မယ္ဆိုရင္ ဗိုက္ဆာလို႔ တဂြီဂြီျမည္တာလို႔ ထင္မွတ္မွားႏိုင္ပါတယ္။ သိသိသာသာ ကေလးလႈပ္တာမ်ိဳးကို မ်က္စိနဲ႔ျမင္ေတြ႕ဖို႔ထက္ အေစာပိုင္းမွာ ဗိုက္ထဲ လိပ္ျပာေလးေတြ ပ်ံသြားသလိုမ်ိဳး၊ ငါးေလးေတြ ဗိုက္ထဲကူးသြားသလိုမ်ိဳး ညင္ညင္သာသာေလးသာ ခံစားရႏိုင္ပါတယ္။
ကေလးလႈပ္ျခင္းဟာအေရးႀကီးပါသလား?
အေရးႀကီးပါတယ္။ကေလးလႈပ္ျခင္းဟာ ဗိုက္ထဲက ကေလးႂကြက္သားအာရံုေၾကာေတြစတင္အလုပ္လုပ္တာကို ေဖာ္ျပပါတယ္။ ကေလးဟာ ပိုၿပီးတက္ႂကြတဲ့ရက္ေတြမွာ ပိုလႈပ္တာမ်ိဳးရွိၿပီး တခ်ိဳ႕ရက္ေတြမွာ လႈပ္တာ နည္းတာမ်ိဳးေတာ့ရွိႏိုင္ပါတယ္။
ကေလးလႈပ္ေနသမၽွ ကာလပတ္လံုး ဗိုက္ထဲက ကေလးဟာ ဖြံ႕ၿဖိဳးေနတယ္။ က်န္းမာေနတယ္လို႔ သြယ္ဝွိက္ သိႏိုင္ပါေသးတယ္။
ကေလးမလႈပ္ေတာ့ဘူးဆိုရင္?
ၾကာခ်ိန္ ၁၂နာရီ ( ဥပမာ _ မနက္ ၇နာရီ ည၇နာရီ) ၾကားမွာ ကေလးလႈပ္ျခင္းဟာ ၁၀ႀကိမ္ထက္နည္းမယ္ဆိုရင္ ခ်က္ျခင္း ေဆးရံုသြားဖို႔လိုႏိုင္ပါတယ္။
မယ္တင္( ေဆး ၁)