ကိုယ်ဝန်ဆောင်ချိန် ကလေးလှုပ်ခြင်း

ရင်သွေးလေးလွယ်ထားရတဲ့ မိခင်လောင်းတိုင်းဟာ တစ်ချိန်မှာတော့ ကိုယ့်ရဲ့ရင်သွေးလေးလှုပ်ရှားမှုကို ကြည်နူးစွာခံစားသိရှိရမှာပါ။ဒီလိုလှုပ်ရှားမှုလေးတွေဟာ မေမေတို့ကို တသိမ့်သိမ့်ကြည်နူးစေသလို ကျန်းမာရေးရှုထောင့်ဘက်ကကြည့်ရင်လည်း အရေးကြီးလှတဲ့ အချက်များစွာရှိနေပါတယ်။

ဘယ်အချိန်မှာ ကလေးလှုပ်တာကိုစသိနိုင်မလဲ?

ဒါကတော့ မိခင်လောင်းတစ်ယောက်နဲ့တစ်ယောက်ပေါ်မူတည်ပြီးအတိအကျပြောဖို့တော့ခက်ပါတယ်။ပုံမှန်အားဖြင့်တော့ အခုမှသားဦးကိုယ်ဝန်ဆောင်တဲ့မေမေဆို ကိုယ်ဝန် ၁၈ ပတ်ကနေ အပတ် ၂၀ အတွင်းစတင်သတိပြုမိနိုင်ပါတယ်။ကိုယ်ဝန်တစ်ခါထက်မကဆောင်ဖူးသူအတွေ့အကြုံရှိပြီးသားမေမေတွေကတော့ ပိုပြီးစောစောသိနိုင်ပါတယ်။သူတို့ဆို ၁၅ ပတ်ကနေ ၁၇ ပတ်အတွင်းမှာတောင် ရင်သွေးလေးရဲ့ လှုပ်ရှားမှုကို သိရှိခံစားနိုင်ကြပါပြီ။လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားခြားနားမှုများစွာရှိတဲ့အတွက် ကလေးလှုပ်တာကို စတင်သိရှိချိန်ဟာ အစောဆုံး ၁၃ ပတ်ကနေ နောက်အကျဆုံး ၂၅ ပတ်လို့လည်း တစ်ချို့ကဆိုကြပါတယ်။အကယ်၍ ကိုယ့်ကလေးလှုပ်တာနောက်ကျနေတယ်လို့ထင်နေရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ရာသီလာတဲ့ရက်မှတ်တာမှားလို့ကိုယ်ဝန်ပတ်တွက်တာမှားနေတာ ကိုယ်ဝန်ရှိမှန်းမသိလိုက်လို့ဘယ်နှပတ်ရှိမှန်းမသိတာတွေမှာ ဆရာဝန်နဲ့ဆွေးနွေးပြီးလိုအပ်တဲ့စစ်ဆေးမှုတွေခံယူနိုင်ပါတယ်။

ဘာကြောင့်ရင်သွေးလေးလှုပ်ရှားရသလဲ။

မေမေတို့ရဲ့သားအိမ်ထဲမှာ ရင်သွေးလေးဟာတစ်နေ့တစ်ခြားကြီးပြင်းလာတာပါ။သူသေးသေးလေးတုန်းကလှုပ်ရှားမှုလေးတွေဟာ မဆိုစလောက်ပေမယ့် သူကြီးလာတာနဲ့အမျှ လက်လေးခြေလေးတွေဆန့်ချင် ကွေးချင်လာတယ်။ကန်ကြည့်မယ် လှိမ့်ကြည့်မယ် လက်သီးဆုပ်လေးတွေနဲ့ထိုးကြည့်မယ်။ဒီလိုအခါမျိုးတွေမှာ မေမေတို့ဟာ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကိုခံစားသိရှိလာရတာဖြစ်ပါတယ်။တစ်ခါတစ်ရံ မေမေတို့ရဲ့ ကိုယ်ဟန်နေထားက သူတို့ကိုအဆင်ပြေစေတာမျိုးဆိုရင်လည်း သူကလှုပ်ရှားရင်းနဲ့ ဆန္ဒပြတတ်ပါသေးတယ်။တစ်ခါတစ်ရံ မေမေတို့အစားအသောက်တစ်ခုခုစားလိုက်တဲ့အခါ သွေးထဲမှာသကြားဓာတ်မြင့်သွားခြင်းက သူတို့ကိုပိုမိုလှုပ်ရှားစေပါသေးတယ်။

ရင်သွေးလေးရဲ့ လှုပ်ရှားမှုကိုအာရုံခံပြီးသိရှိနိုင်တာကတော့ မေမေတို့ရဲ့ သားအိမ်ကြွက်သားတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေပါပဲ။ဒါကြောင့် ကလေးမွေးဖူးတဲ့မေမေတွေရဲ့ ကြွက်သားတွေဟာ ပိုမိုပျော့ပျောင်းနေတတ်တဲ့အတွက် ရင်သွေးလေးလှုပ်ရှားမှုကို ပိုပြီးစောစောခံစားသိရှိနိုင်တာလည်းဖြစ်ပါတယ်။

ရင်သွေးလေးရဲ့လှုပ်ရှားမှုဟာ အကြိမ်ရေဘယ်လောက်ရှိတတ်သလဲ။

ရင်သွေးလေးရဲ့စတင်လှုပ်ရှားမှုဟာ အလွန်နူးညံ့လွန်တဲ့အတွက် မေမေတွေအနေနဲ့သတိပြုမိဖို့ခက်တတ်ပါတယ်။သိပ်သေးငယ်လွန်းတဲ့ လူကလေးတစ်ယောက်ရဲ့ လှုပ်ရှားမှုဟာ လိပ်ပြာလေးတစ်ကောင်ပျံနေသလိုလောက်ပဲရှိတတ်ပါတယ်။ဒါကြောင့်မို့အတွေ့အကြုံ နုနယ်တဲ့မိခင်တွေဟာ ကလေးရဲ့လှုပ်ရှားမှုကို သတိမပြုမိတတ်ဘဲလေထိုးတာ လေအောင့်တာလိုမျိုးတောင်ထင်မှတ်မှားတတ်ကြပါတယ်။ကလေးလေးကြီးလာတာနဲ့အမျှ လှုပ်ရှားမှုတွေဟာ ပိုမိုပီပြင်လာပါတယ်။ကိုယ်ဝန်ရဲ့ ဒုတိယသုံးပတ်လောက်မှာ ကလေးဟာလှုပ်ရှားပေမယ့် ပုံမှန်အချိန်မှန်လှုပ်ရှားမှုမျိုးတော့မဟုတ်သေးပါဘူး။ကိုယ်ဝန်ရဲ့နောက်ဆုံးသုံးလတာ မွေးခါနီးမှာတော့ ရင်သွေးလေးရဲ့လှုပ်ရှားမှုဟာ ပိုမိုပီပြင်လာပြီး ပိုမိုအကြိမ်ရေစိပ်လာပါတယ်။မေမေတို့ဟာ ရင်သွေးလေးရဲ့ခြေထောက်အရာလေး ဗိုက်ပေါ်မှာပေါ်လာတာမျိုး လက်သီးဆုပ်ကလေးနဲ့ လှမ်းတိုးလိုက်တာမျိုးလေးတွေ တွေ့လာရမှာပါ။ကလေးဟာ အိပ်ချိန် နိုးချိန်ရယ်လို့ မှန်လာတတ်တဲ့အတွက် လှုပ်ရှားမှုလေးဟာလည်း အချိန်မှန်လာတတ်ပါတယ်။ဒီလိုလှုပ်ရှားလာရင်းနဲ့ မွေးခါနီးအချိန်မှာတော့ လှုပ်ရှားမှုဟာ အနည်းငယ်ကျသွားတတ်ပါတယ်။ဒါဟာသူရဲ့ကြီးပြင်းလာတဲ့ခန္ဓာကိုယ်အရွယ်အစားဟာ မိခင်ရဲ့သားအိမ်ထဲမှာ အနည်းငယ်ကျဉ်းကျပ်နေလို့ပဲဖြစ်ပါတယ်။ဒီလိုကျသွားတယ်ဆိုပေမယ့် ပုံမှန်လှုပ်ရှားတဲ့အကြိမ်ရေကတော့ ပြည့်မီရမှာဖြစ်ပါတယ်။

တစ်ခါတစ်ရံမေမေက စိတ်လှုပ်ရှားတာ အစားအသောက်တစ်ခုခုစားလိုက်တာ နဲ့ လိင်ဆက်ဆံလိုက်တာမျိုးတွေမှာလည်း ကလေးလှုပ်တာပိုစိပ်လာတတ်ပါတယ်။

ကလေးလှုပ်တဲ့အကြိမ်ရေဟာ ဘယ်လိုအရေးကြီးသလဲ?

ကျန်းမာနေတဲ့ကလေးဟာ ပုံမှန်အတိုင်းလှုပ်ရှားမှုရှိနေရပါမယ်။ကောင်းတာကတော့ ကိုယ်ဝန် ၂၈ ပတ်ကျော်လာတာနဲ့ ကလေးရဲ့ လှုပ်ရှားမှုကို နေ့စဉ်သတိပြုရေတွက်တတ်တဲ့အကျင့်လေးလုပ်ပါ။စာရွက်ကလေးနဲ့ နေ့စဉ်မှတ်သားထားရင်ပိုကောင်းပါတယ်။ကလေးလှုပ်ရှားမှုဟာ နှစ်နာရီအတွင်းမှာ ၁၀ ကြိမ်ပြည့်မီသင့်ပါတယ်။နေ့စဉ်နေ့တိုင်းကလေးလှုပ်တာမှတ်မယ့်အချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ။လှုပ်လှုပ်ရှားရှားသွားလာနေတဲ့အချိန်မှာ ကလေးလှုပ်တာကို အမှုမဲ့အမှတ်မဲ့ဖြစ်သွားနိုင်တဲ့အတွက် နားနားနေနေရှိချိန်မှာ မှတ်သင့်ပါတယ်။

မိမိရဲ့ဘယ်ဘက်မှာစောင်းအိပ်ပြီး ရင်သွေးလေးရဲ့လှုပ်ရှားမှုကို ရေတွက်ပါ။လှိမ့်လိုက်တာဖြစ်ဖြစ် ကန်လိုက်တာဖြစ်ဖြစ် ဘယ်လိုလှုပ်ရှားမှုပဲဖြစ်ဖြစ် အကြိမ်ရေမှတ်တဲ့အထဲ ထည့်ရေတွက်ပါ။၁၀ ကြိမ်ပြည့်သွားပြီဆိုရင် တစ်နေ့တာအတွက် မှတ်တာကိုရပ်လို့ရပါပြီ။အကယ်၍ ၁၀ ကြိမ်မပြည့်ရင်လည်း စိတ်မပူလိုက်ပါနဲ့ဦး။သူလေးကိုလှုံ့ဆော်မှုတစ်ခုခုပေးကြည့်ပါ။လမ်းထလျှောက်တာဖြစ်ဖြစ် အစာတစ်ခုခုစားလိုက်တာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။အဲ့ဒါတွေလုပ်ပြီးလို့ ပြန်မှတ်ကြည့်ရင် ပုံမှန်အတိုင်း ၁၀ ကြိမ်ပြည့်တယ်ဆို မေမေတို့စိတ်အေးနိုင်ပါတယ်။ဒီလိုတွေလုပ်ကြည့်တာတောင် ကလေးမလှုပ်ဘူးဆို နီးစပ်ရာ ဆရာဝန် ဆေးခန်းဆီပြေးသင့်ပါတယ်။လိုအပ်ရင် အာထရာဆောင်းရိုက်ကြည့်တာလို ကလေးနှလုံးခုန်နှုန်းစက်ဆွဲကြည့်တာလိုမျိုးတွေ လိုကောင်းလိုနိုင်ပါတယ်။ကလေးအလှုပ်နည်းတာဟာ အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်လို့ မေမေတို့အမေနဲ့ မပေါ့ဆသင့်ပါဘူး။လှုပ်ရှားနေတဲ့ကလေးမှ ကျန်းမာတယ်ဆိုတာ မိခင်လောင်းတိုင်း အမြဲတမ်းသတိထားစေလိုပါတယ်။

ဒေါက်တာပွင့်ဖြိုးကျော်

ကိုယ္ဝန္ေဆာင္ခ်ိန္ ကေလးလႈပ္ျခင္း

ရင္ေသြးေလးလြယ္ထားရတဲ႔ မိခင္ေလာင္းတိုင္းဟာ တစ္ခ်ိန္မွာေတာ့ ကိုယ့္ရဲ႕ရင္ေသြးေလးလႈပ္ရွားမႈကို ၾကည္ႏူးစြာခံစားသိရွိရမွာပါ။ဒီလိုလႈပ္ရွားမႈေလးေတြဟာ ေမေမတို႕ကို တသိမ့္သိမ့္ၾကည္ႏူးေစသလို က်န္းမာေရးရႈေထာင့္ဘက္ကၾကည့္ရင္လည္း အေရးၾကီးလွတဲ႔ အခ်က္မ်ားစြာရွိေနပါတယ္။

ဘယ္အခ်ိန္မွာ ကေလးလႈပ္တာကိုစသိနိုင္မလဲ?

ဒါကေတာ့ မိခင္ေလာင္းတစ္ေယာက္နဲ႔တစ္ေယာက္ေပၚမူတည္ျပီးအတိအက်ေျပာဖို႕ေတာ့ခက္ပါတယ္။ပံုမွန္အားျဖင့္ေတာ့ အခုမွသားဦးကုိယ္ဝန္ေဆာင္တဲ႔ေမေမဆို ကိုယ္ဝန္ ၁၈ ပတ္ကေန အပတ္ ၂၀ အတြင္းစတင္သတိျပဳမိနိုင္ပါတယ္။ကိုယ္ဝန္တစ္ခါထက္မကေဆာင္ဖူးသူအေတြ႕အၾကံဳရွိျပီးသားေမေမေတြကေတာ့ ပိုျပီးေစာေစာသိနိုင္ပါတယ္။သူတို႔ဆို ၁၅ ပတ္ကေန ၁၇ ပတ္အတြင္းမွာေတာင္ ရင္ေသြးေလးရဲ႕ လႈပ္ရွားမႈကို သိရွိခံစားနိုင္ၾကပါျပီ။လူတစ္ေယာက္နဲ႔တစ္ေယာက္ကြဲျပားျခားနားမႈမ်ားစြာရွိတဲ႔အတြက္ ကေလးလႈပ္တာကို စတင္သိရွိခ်ိန္ဟာ အေစာဆံုး ၁၃ ပတ္ကေန ေနာက္အက်ဆံုး ၂၅ ပတ္လို႔လည္း တစ္ခ်ိဳ႕ကဆိုၾကပါတယ္။အကယ္၍ ကိုယ့္ကေလးလႈပ္တာေနာက္က်ေနတယ္လို႔ထင္ေနရင္ ဆရာဝန္နဲ႕တိုင္ပင္ေဆြးေႏြးနိုင္ပါတယ္။ရာသီလာတဲ႔ရက္မွတ္တာမွားလို႔ကိုယ္ဝန္ပတ္တြက္တာမွားေနတာ ကိုယ္ဝန္ရွိမွန္းမသိလိုက္လို႔ဘယ္နွပတ္ရွိမွန္းမသိတာေတြမွာ ဆရာဝန္နဲ႔ေဆြးေႏြးျပီးလိုအပ္တဲ႔စစ္ေဆးမႈေတြခံယူနိုင္ပါတယ္။

ဘာေၾကာင့္ရင္ေသြးေလးလႈပ္ရွားရသလဲ။

ေမေမတို႔ရဲ႕သားအိမ္ထဲမွာ ရင္ေသြးေလးဟာတစ္ေန႕တစ္ျခားၾကီးျပင္းလာတာပါ။သူေသးေသးေလးတုန္းကလႈပ္ရွားမႈေလးေတြဟာ မဆိုစေလာက္ေပမယ့္ သူၾကီးလာတာနဲ႔အမ်ွ လက္ေလးေျခေလးေတြဆန္႔ခ်င္ ေကြးခ်င္လာတယ္။ကန္ၾကည့္မယ္ လွိမ့္ၾကည့္မယ္ လက္သီးဆုပ္ေလးေတြနဲ႔ထိုးၾကည့္မယ္။ဒီလိုအခါမ်ိဳးေတြမွာ ေမေမတို႔ဟာ သူတို႔ရဲ႕လႈပ္ရွားမႈေလးေတြကိုခံစားသိရွိလာရတာျဖစ္ပါတယ္။တစ္ခါတစ္ရံ ေမေမတို႕ရဲ႕ ကိုယ္ဟန္ေနထားက သူတို႔ကိုအဆင္ေျပေစတာမ်ိဳးဆိုရင္လည္း သူကလႈပ္ရွားရင္းနဲ႔ ဆႏၵျပတတ္ပါေသးတယ္။တစ္ခါတစ္ရံ ေမေမတို႔အစားအေသာက္တစ္ခုခုစားလုိုက္တဲ႔အခါ ေသြးထဲမွာသၾကားဓာတ္ျမင့္သြားျခင္းက သူတို႕ကိုပိုမိုလႈပ္ရွားေစပါေသးတယ္။

ရင္ေသြးေလးရဲ႕ လႈပ္ရွားမႈကိုအာရုံခံျပီးသိရွိနုိင္တာကေတာ့ ေမေမတို႕ရဲ႕ သားအိမ္ၾကြက္သားေတြနဲ႔ ဝမ္းဗိုက္ၾကြက္သားေတြပါပဲ။ဒါေၾကာင့္ ကေလးေမြးဖူးတဲ႕ေမေမေတြရဲ႕ ၾကြက္သားေတြဟာ ပိုမိုေပ်ာ့ေပ်ာင္းေနတတ္တဲ႔အတြက္ ရင္ေသြးေလးလႈပ္ရွားမႈကို ပိုျပီးေစာေစာခံစားသိရွိနိုင္တာလည္းျဖစ္ပါတယ္။

ရင္ေသြးေလးရဲ႕လႈပ္ရွားမႈဟာ အၾကိမ္ေရဘယ္ေလာက္ရွိတတ္သလဲ။

ရင္ေသြးေလးရဲ႕စတင္လႈပ္ရွားမႈဟာ အလြန္ႏူးညံ့လြန္တဲ႔အတြက္ ေမေမေတြအေနနဲ႔သတိျပဳမိဖို႔ခက္တတ္ပါတယ္။သိပ္ေသးငယ္လြန္းတဲ႔ လူကေလးတစ္ေယာက္ရဲ႕ လႈပ္ရွားမႈဟာ လိပ္ျပာေလးတစ္ေကာင္ပ်ံေနသလိုေလာက္ပဲရွိတတ္ပါတယ္။ဒါေၾကာင့္မို႔အေတြ႕အၾကံဳ နုနယ္တဲ႔မိခင္ေတြဟာ ကေလးရဲ႕လႈပ္ရွားမႈကို သတိမျပဳမိတတ္ဘဲေလထိုးတာ ေလေအာင့္တာလိုမ်ိဳးေတာင္ထင္မွတ္မွားတတ္ၾကပါတယ္။ကေလးေလးၾကီးလာတာနဲ႔အမ်ွ လႈပ္ရွားမႈေတြဟာ ပိုမိုပီျပင္လာပါတယ္။ကိုယ္ဝန္ရဲ႕ ဒုတိယသံုးပတ္ေလာက္မွာ ကေလးဟာလႈပ္ရွားေပမယ့္ ပံုမွန္အခ်ိန္မွန္လႈပ္ရွားမႈမ်ိဳးေတာ့မဟုတ္ေသးပါဘူး။ကိုယ္ဝန္ရဲ႕ေနာက္ဆံုးသံုးလတာ ေမြးခါနီးမွာေတာ့ ရင္ေသြးေလးရဲ႕လႈပ္ရွားမႈဟာ ပိုမိုပီျပင္လာျပီး ပိုမိုအၾကိမ္ေရစိပ္လာပါတယ္။ေမေမတို႔ဟာ ရင္ေသြးေလးရဲ႕ေျခေထာက္အရာေလး ဗိုက္ေပၚမွာေပၚလာတာမ်ိဳး လက္သီးဆုပ္ကေလးနဲ႔ လွမ္းတိုးလိုက္တာမ်ိဳးေလးေတြ ေတြ႕လာရမွာပါ။ကေလးဟာ အိပ္ခ်ိန္ နိုးခ်ိန္ရယ္လို႔ မွန္လာတတ္တဲ႔အတြက္ လႈပ္ရွားမႈေလးဟာလည္း အခ်ိန္မွန္လာတတ္ပါတယ္။ဒီလိုလႈပ္ရွားလာရင္းနဲ႔ ေမြးခါနီးအခ်ိန္မွာေတာ့ လႈပ္ရွားမႈဟာ အနည္းငယ္က်သြားတတ္ပါတယ္။ဒါဟာသူရဲ႕ၾကီးျပင္းလာတဲ႔ခႏၶာကိုယ္အရြယ္အစားဟာ မိခင္ရဲ႕သားအိမ္ထဲမွာ အနည္းငယ္က်ဥ္းက်ပ္ေနလို႔ပဲျဖစ္ပါတယ္။ဒီလိုက်သြားတယ္ဆိုေပမယ့္ ပံုမွန္လႈပ္ရွားတဲ႔အၾကိမ္ေရကေတာ့ ျပည့္မီရမွာျဖစ္္ပါတယ္။

တစ္ခါတစ္ရံေမေမက စိတ္လႈပ္ရွားတာ အစားအေသာက္တစ္ခုုခုစားလိုက္တာ နဲ႔ လိင္ဆက္ဆံလိုက္တာမ်ိဳးေတြမွာလည္း ကေလးလႈပ္တာပိုစိပ္လာတတ္ပါတယ္။

ကေလးလႈပ္တဲ႔အၾကိမ္ေရဟာ ဘယ္လိုအေရးၾကီးသလဲ?

က်န္းမာေနတဲ႔ကေလးဟာ ပံုမွန္အတိုင္းလႈပ္ရွားမႈရွိေနရပါမယ္။ေကာင္းတာကေတာ့ ကိုယ္ဝန္ ၂၈ ပတ္ေက်ာ္လာတာနဲ႔ ကေလးရဲ႕ လႈပ္ရွားမႈကို ေန႔စဥ္သတိျပဳေရတြက္တတ္တဲ႔အက်င့္ေလးလုပ္ပါ။စာရြက္ကေလးနဲ႔ ေန႔စဥ္မွတ္သားထားရင္ပိုေကာင္းပါတယ္။ကေလးလႈပ္ရွားမႈဟာ နွစ္နာရီအတြင္းမွာ ၁၀ ၾကိမ္ျပည့္မီသင့္ပါတယ္။ေန႕စဥ္ေန႔တုိင္းကေလးလႈပ္တာမွတ္မယ့္အခ်ိန္ကိုသတ္သတ္မွတ္မွတ္ထားပါ။လႈပ္လႈပ္ရွားရွားသြားလာေနတဲ႔အခ်ိန္မွာ ကေလးလႈပ္တာကို အမႈမဲ့အမွတ္မဲ႔ျဖစ္သြားနိုင္တဲ႔အတြက္ နားနားေနေနရွိခ်ိန္မွာ မွတ္သင့္ပါတယ္။

မိမိရဲ႕ဘယ္ဘက္မွာေစာင္းအိပ္ျပီး ရင္ေသြးေလးရဲ႕လႈပ္ရွားမႈကို ေရတြက္ပါ။လွိမ့္လိုက္တာျဖစ္ျဖစ္ ကန္လိုက္တာျဖစ္ျဖစ္ ဘယ္လုိလႈပ္ရွားမႈပဲျဖစ္ျဖစ္ အၾကိမ္ေရမွတ္တဲ႔အထဲ ထည့္ေရတြက္ပါ။၁၀ ၾကိမ္ျပည့္သြားျပီဆိုရင္ တစ္ေန႕တာအတြက္ မွတ္တာကိုရပ္လို႔ရပါျပီ။အကယ္၍ ၁၀ ၾကိမ္မျပည့္ရင္လည္း စိတ္မပူလိုက္ပါနဲ႔ဦး။သူေလးကိုလႈံ႕ေဆာ္မႈတစ္ခုခုေပးၾကည့္ပါ။လမ္းထေလ်ွာက္တာျဖစ္ျဖစ္ အစာတစ္ခုခုစားလိုက္တာျဖစ္ျဖစ္ လုပ္ၾကည့္လိုက္ပါ။အဲ႔ဒါေတြလုပ္ျပီးလို႔ ျပန္မွတ္ၾကည့္ရင္ ပံုမွန္အတိုင္း ၁၀ ၾကိမ္ျပည့္တယ္ဆို ေမေမတို႔စိတ္ေအးနိုင္ပါတယ္။ဒီလိုေတြလုပ္ၾကည့္တာေတာင္ ကေလးမလႈပ္ဘူးဆို နီးစပ္ရာ ဆရာဝန္ ေဆးခန္းဆီေျပးသင့္ပါတယ္။လိုအပ္ရင္ အာထရာေဆာင္းရိုက္ၾကည့္တာလို ကေလးနွလံုးခုန္ႏႈန္းစက္ဆြဲၾကည့္တာလိုမ်ိဳးေတြ လိုေကာင္းလိုနိုင္ပါတယ္။ကေလးအလႈပ္နည္းတာဟာ အေရးၾကီးတဲ႔အေၾကာင္းအရာတစ္ခုျဖစ္လို႔ ေမေမတို႔အေမနဲ႔ မေပါ့ဆသင့္ပါဘူး။လႈပ္ရွားေနတဲ႔ကေလးမွ က်န္းမာတယ္ဆိုတာ မိခင္ေလာင္းတိုင္း အျမဲတမ္းသတိထားေစလိုပါတယ္။

ေဒါက္တာပြင့္ၿဖိဳးေက်ာ္

MyDoctor Telemedicine Application
Related posts
Covid - 19ကလေးကျန်းမာရေးကူးစက်တတ်သောရောဂါများမိခင်နှင့်ကလေးကျန်းမာရေး

Do babies get COVID ?

1 Mins read
ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်တတ်လား လေ့လာတွေ့ရှိချက်တွေအရ မွေးကင်းစကလေးငယ်တွေမှာ ကိုဗစ်ကူးစက်မှုကနည်းပါးသလို လက္ခဏာပြသမှု မှာလည်းအပျော့စားသာရှိတယ်လိုသိရပါတယ်။ ယခုချိန်ထိ အချက်အလက်တွေအရ အသက် ၁၈နှစ်အောက် ကလေးငယ်တွေရဲ့ရောဂါဖြစ်ပွားမှုက ၈.၅ရာခိုင်နုှန်းသာရှိပြီး အသက်သေဆုံးမှုလည်းနည်းပါးပါတယ်။ ကလေးတွေမှာဖြစ်ပွားမှုနည်းရခြင်း အကြောင်းရင်းတွေထဲမှာ ကလေးတွေက လူကြီးတွေလောက် ရောဂါအခံတွေမရှိသေးတာကလည်းအချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့သဘောက ပုံမှန်ဖြစ်နေတဲ့ရောဂါအခံတွေကို ပိုပြင်းထန်စေဖိုရာ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငယ်ဖုန်းသုံးတတ်တာခေတ်မီတာလား

1 Mins read
ကလေးဘဝမှာ ကစားသင့်သလောက်ကစားတာ လှုပ်ရှားတာဟာ ကလေးအတွက် ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုထောက်ပံ့ပေးသလို ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကလေးနဲ့ မဆိုင်သေးတဲ့ စမတ်ဖုနး်တွေကို သုံးစွဲမှုများတာက ကလေးအတွက် လှုပ်ရှားမှုတွေကိုလည်း နညး်ပါးသွားစေသလို စိတ်အလိုမကျမှု တွေသာများလာစေပါတယ်။ ကလေးကို ငြိမ်အောင် အမြဲသုံးခိုင်းထားပြီး ပြန်ပြီးလျော့ရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

GBS that expectant mothers should be aware of

1 Mins read
မိခင်လောင်းတို့သတိပြုရမယ့် GBS Group B Strep Awareness Month ကိုတော့ လူတိုင်းသတိပြုမိစေဖို့အတွက်ဇူလိုင်လမှာ သတ်မှတ်ထားပါတယ်။Group B Streptococcus (GBS) ဆိုတာကတော့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။ လူ ၅ ဦးအနက် ၂ ဦး မှာ ဒီပိုးရှိနေတတ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *