ကိုယ်ဝန်ဆောင်ချိန်တွင်ကလေးလှုပ်ခြင်း

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ မိခင်လောင်းဖခင်လောင်းတွေအတွက် စိုးရိမ်စရာ၊ ဂရုစိုက်စရာတွေများပြားပါတယ်။ ကလေးကောင်းကောင်းဖွံ့ဖြိုးရဲ့လား၊ နေကောင်းရဲ့လားစတာတွေကိုစိုးရိမ်တတ်ကြသလို အဆင်ပြေပြေမွေးနိုင်ပါ့မလား၊ မွေးပြီးရင်ကလေကေားအမေကောနေကောင်းပါ့မလား၊ ခြေလက်အစုံအလင်ပါရဲ့လား စတာတွေကိုလည်းစိုးရိမ်ကြရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်ဟာ စိတ်ညစ်စရာ၊ စိုးရိမ်စရာတွေပဲဖြစ်စေတာတော့မဟုတ်ပါဘူး။ ultrasoundရိုက်ရင်းနဲ့ သားလားသမီးလားရင်ခုန်ရတာ၊ ကလေးမွေးလာရင်ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာတွေ အစီအစဉ်ချရတာတွေကလည်း ပျော်ရွှင်ဖွယ်ရာတွေပေးစွမ်းနိုင်ပါတယ်။

အဆိုပါပျော်ရွှင်ဖွယ်ရာတွေထဲကတစ်ခုကတော့ ကလေးလှုပ်တဲ့အချိန်ဖြစ်ပါတယ်။ ကလေးလှုပ်တယ်ဆိုတာဟာ မိခင်ဖခင်တို့အတွက်ပျော်ရွှင်ဖွယ်ရာဖြစ်သလို ကလေးအတွက်လည်းကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကလေးလှုပ်တယ်ဆိုတာက ကလေးရဲ့အာရုံကြော၊ ကြွက်သား၊ ခြေလက်စတာတွေကောင်းမွန်စွာအလုပ်လုပ်နေတယ်ဆိုတဲ့သဘောသာမက ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနေတယ်လို့လည်းမှတ်ယူနိုင်ပါတယ်။
ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ဟာ။ ကလေးရဲ့ကျန်းမာရေးအခြေအနေကို တစ်စိတ်တစ်ပိုင်း ဖော်ပြနေတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။

ကလေးလှုပ်တယ်ဆိုတာကတော့ ဒီနေ့ကိုယ်ဝန်ရတာနဲ့ ဒီနေ့စလှုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ရပြီဆိုတာနဲ့ ကလေးရဲ့ခြေလက်၊ အာရုံကြောစတာတွေကအဆင့်ဆင့်ဖွံ့ဖြိုးလာပြီး အချိန်တစ်ခုရောက်ရင်လှုပ်တာစပါတယ်။ ကလေးလှုပ်တာကိုသိတဲ့ခံစားချက်ကတော့ ကိုယ်ဝန်ဆောင်ဖူးသူတွေမှသာကောင်းကောင်းသိနိုင်မှာပါ။ ကလေးလှုပ်ပြီဆိုတာနဲ့အနည်းဆုံးတော့ မိဘတွေကပျော်ရွှင်သွားကြတာတော့ အမှန်ပဲဖြစ်ပါတယ်။

ကိုယ်ဝန်ရဲ့ဘယ်အချိန်မှာကလေးစလှုပ်လည်းဆိုရင်တော့ ပထမ13ပတ်မှာလှုပ်နိုငခြေနည်းသေးတယ်လို့မှတ်ယူရပါမယ်။ အဆိုပါအချိန်မှာကလေးရဲ့ အစိတ်အပိုင်းတွေကလျင်မြန်စွာကြီးထွားနေပြီး နောင်တစ်ချိန်မှာလှုပ်ဖို့ အားယူပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်။ အဆေုံားအနေနဲ့ 14ပတ်မှာစလှုပ်တတ်ပြီး နောက်အကျဆုံးကတော့ 26ပတ်မှလှုပ်တတ်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ 18-22ပတ်မှာစပြီးလှုပ်တတ်ပါတယ်။ များသောအားဖြင့်လှုပ်တတ်တဲ့အချိန်ဖြစ်ပြီးစောတာ၊ နောက်ကျတာတွေကတော့ တစ်ဦးနဲ့တစ်ဦးကွဲပြားနိုင်ပါတယ်။

သားဦးကိုယ်ဝန်ဆောင်တဲ့သူတွေမှာတော့ လှုပါတာကိုလှုပ်နေမှန်းမသိတဲ့အတွက်ကြောင့် နောက်ကျတယ်လို့လည်းမှတ်ယူနေနိုင်ပါတယ်။ ပိန်တဲ့သူတွေ၊ ဒုတိယမြောက်၊ တတိယမြောက်ကိုယ်ဝန်စတာတွေမှာတော့ ကလေးလှုပ်တာကပု်ပြီးသိသာထင်ရှားနိုင်ပါတယ်။ တသ်နောတာအနေနဲ့ပြောရရင်တော့ တသ်နေကုန်အလုပ်တွေလုပ်ရာကနေအနားယူတဲ့အချိန်၊ အေးအေးဆေးဆေးဖြစ်ပြီးကလေးကိုအာရုံအပြည့်အဝပေးနိုင်တဲ့အချိန်ကျရင် လှုပ်တာကပိုပြီးသိသာနိုင်ပါတယ်။ အစာစားပြီးတဲ့အချိန်မ၊စိတ်လှုပ်ရှားတဲ့အချိန်တွေမှာလည်း ပိုပြီးလှုပ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်တဲ့ကာလ 5လရောက်လာပြီဆိုရင်တော့ ကလေူအနေနဲ့ကောင်းကောင်းလှုပ်နိုင်ပြီဖြစ်ပါတယ်။ နဂိုထက်ပိုပြီးလှုပ်လာသလို ပိုပြီးတော့လည်းအားပါလာတတ်ပါတယ်။ 5လရဲ့တသ်ဝက်လောက်ရောက်တဲ့အထိကလေးကတစ်ကြိမ်မှ မလှုပ်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ultrasoundရိုက်ကြည့်သင့်ပါတယ်။ ကလေးရဲ့ကျန်းမာရေးကောင်းရဲ့လား၊ကောင်းကောင်းဖွံ့ဖြိုးရဲ့လားဆိုတာတွေကို အကြမ်းဖျင်းသိနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတာကတော့ ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ကို မှတ်သားရတာဖြစ်ပါတယ်။ 28ပတ်နောက်ပိုင်းကို ကောင်းကောင်းရေတွက်လို့ရနိုင်ပါတယ်။ တစ်နာရီအတွင်းမှာ ကလေးလှုပ်တဲ့အကြိမ်ကအနည်းဆုံး 10ကြိမ်ရှိသင့်ပါတယ်။ တစ်ခါကိုတစ်နာရီနဲ့အနည်းဆုံးတစ်နေ့ကိုနှစ်ကြိမ်တော့ ရေတွက်ပေးသင့်ပါတယ်။ အကြိမ်နည်းလာတာနဲ့နားလည်တတ်ကျွမ်းသူနဲ့ပြသသင့်ပါတယ်။
ကိုယ်ဝန်ရင့်လာတာနဲ့အမျှလှုပ်တဲ့အကြိမ်၊ ပြင်းထန်ပုံတွေကပိုပိုများလာပါမယ်။ ဒါပေမယ့် 8-9လရောက်လာတဲ့အခါကျရင်တော့ လှုပ်တဲ့အကြိမ်နည်းနိုင်ပါတယ်။ လှုပ်ဖို့နေရာနည်းလာတဲ့အတွက်အကြိမ်နည်းလာတာဖြစ်ပါတယ်။

ကလေးလှုပ်တာဟာအမှုမဲ့အမှတ်မဲ့မနေသင့်တဲ့အရာဖြစ်ပါတယ်။ မိမိကလေးရဲ့ကျန်းမာရေးကိုတစ်စိတ်တစ်ဒေသပြသနေတဲ့အရာဖြစ်ပြီးဂရုတစ်စိုက်မှတ်သားထားသင့်ပါတယ်။ ပုံမမှန်ဖြစ်လာတာနဲ့ တတ်ကျွမ်းတဲ့သူနဲ့ပြသပြီး မြန်မြန်ဆန်ဆန်ကုသမှုခံယူလိုက်မှ စိတ်ချရမှာဖြစ်ပါတယ်။

Dr. ZZ

ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ကေလးလႈပ္ျခင္း

ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္မွာ မိခင္ေလာင္းဖခင္ေလာင္းေတြအတြက္ စိုးရိမ္စရာ၊ ဂ႐ုစိုက္စရာေတြမ်ားျပားပါတယ္။ ကေလးေကာင္းေကာင္းဖြံ႕ၿဖိဳးရဲ႕လား၊ ေနေကာင္းရဲ႕လားစတာေတြကိုစိုးရိမ္တတ္ၾကသလို အဆင္ေျပေျပေမြးႏိုင္ပါ့မလား၊ ေမြးၿပီးရင္ကေလေကားအေမေကာေနေကာင္းပါ့မလား၊ ေျခလက္အစံုအလင္ပါရဲ႕လား စတာေတြကိုလည္းစိုးရိ္မ္ၾကရပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ စိတ္ညစ္စရာ၊ စိုးရိမ္စရာေတြပဲျဖစ္ေစတာေတာ့မဟုတ္ပါဘူး။ ultrasound႐ိုက္ရင္းနဲ႔ သားလားသမီးလားရင္ခုန္ရတာ၊ ကေလးေမြးလာရင္ဘယ္လိုျပဳစုပ်ဳိးေထာင္မယ္ဆိုတာေတြ အစီအစဥ္ခ်ရတာေတြကလည္း ေပ်ာ္ရႊင္ဖြယ္ရာေတြေပးစြမ္းႏိုင္ပါတယ္။

အဆိုပါေပ်ာ္ရႊင္ဖြယ္ရာေတြထဲကတစ္ခုကေတာ့ ကေလးလႈပ္တဲ့အခ်ိန္ျဖစ္ပါတယ္။ ကေလးလႈပ္တယ္ဆိုတာဟာ မိခင္ဖခင္တို႔အတြက္ေပ်ာ္ရႊင္ဖြယ္ရာျဖစ္သလို ကေလးအတြက္လည္းေကာင္းမြန္တဲ့လကၡဏာတစ္ခုျဖစ္ပါတယ္။ ကေလးလႈပ္တယ္ဆိုတာက ကေလးရဲ႕အာ႐ံုေၾကာ၊ ႂကြက္သား၊ ေျခလက္စတာေတြေကာင္းမြန္စြာအလုပ္လုပ္ေနတယ္ဆိုတဲ့သေဘာသာမက ေကာင္းေကာင္းႀကီးထြားဖြံ႕ၿဖိဳးေနတယ္လို႔လည္းမွတ္ယူႏိုင္ပါတယ္။
ကေလးလႈပ္တဲ့အႀကိမ္အေရအတြက္ဟာ။ ကေလးရဲ႕က်န္းမာေရးအေျခအေနကို တစ္စိတ္တစ္ပိုင္း ေဖာ္ျပေနတယ္လို႔လည္း မွတ္ယူႏိုင္ပါတယ္။

ကေလးလႈပ္တယ္ဆိုတာကေတာ့ ဒီေန႔ကိုယ္ဝန္ရတာနဲ႔ ဒီေန႔စလႈပ္တာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ကိုယ္ဝန္ရၿပီဆိုတာနဲ႔ ကေလးရဲ႕ေျခလက္၊ အာ႐ံုေၾကာစတာေတြကအဆင့္ဆင့္ဖြံ႕ၿဖိဳးလာၿပီး အခ်ိန္တစ္ခုေရာက္ရင္လႈပ္တာစပါတယ္။ ကေလးလႈပ္တာကိုသိတဲ့ခံစားခ်က္ကေတာ့ ကိုယ္ဝန္ေဆာင္ဖူးသူေတြမွသာေကာင္းေကာင္းသိႏိုင္မွာပါ။ ကေလးလႈပ္ၿပီဆိုတာနဲ႔အနည္းဆံုးေတာ့ မိဘေတြကေပ်ာ္ရႊင္သြားၾကတာေတာ့ အမွန္ပဲျဖစ္ပါတယ္။

ကိုယ္ဝန္ရဲ႕ဘယ္အခ်ိန္မွာကေလးစလႈပ္လည္းဆိုရင္ေတာ့ ပထမ13ပတ္မွာလႈပ္ႏိုငေျခနည္းေသးတယ္လို႔မွတ္ယူရပါမယ္။ အဆိုပါအခ်ိန္မွာကေလးရဲ႕ အစိတ္အပိုင္းေတြကလ်င္ျမန္စြာႀကီးထြားေနၿပီး ေနာင္တစ္ခ်ိန္မွာလႈပ္ဖို႔ အားယူျပင္ဆင္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ အေဆံုားအေနနဲ႔ 14ပတ္မွာစလႈပ္တတ္ၿပီး ေနာက္အက်ဆံုးကေတာ့ 26ပတ္မွလႈပ္တတ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ေတာ့ 18-22ပတ္မွာစၿပီးလႈပ္တတ္ပါတယ္။ မ်ားေသာအားျဖင့္လႈပ္တတ္တဲ့အခ်ိန္ျဖစ္ၿပီးေစာတာ၊ ေနာက္က်တာေတြကေတာ့ တစ္ဦးနဲ႔တစ္ဦးကြဲျပားႏိုင္ပါတယ္။

သားဦးကိုယ္ဝန္ေဆာင္တဲ့သူေတြမွာေတာ့ လႈပါတာကိုလႈပ္ေနမွန္းမသိတဲ့အတြက္ေၾကာင့္ ေနာက္က်တယ္လို႔လည္းမွတ္ယူေနႏိုင္ပါတယ္။ ပိန္တဲ့သူေတြ၊ ဒုတိယေျမာက္၊ တတိယေျမာက္ကိုယ္ဝန္စတာေတြမွာေတာ့ ကေလးလႈပ္တာကပု္ၿပီးသိသာထင္ရွားႏိုင္ပါတယ္။ တသ္ေနာတာအေနနဲ႔ေျပာရရင္ေတာ့ တသ္ေနကုန္အလုပ္ေတြလုပ္ရာကေနအနားယူတဲ့အခ်ိန္၊ ေအးေအးေဆးေဆးျဖစ္ျပီးကေလးကိုအာ႐ံုအျပည့္အဝေပးႏိုင္တဲ့အခ်ိန္က်ရင္ လႈပ္တာကပိုၿပီးသိသာႏိုင္ပါတယ္။ အစာစားၿပီးတဲ့အခ်ိန္မ၊စိတ္လႈပ္ရွားတဲ့အခ်ိန္ေတြမွာလည္း ပိုၿပီးလႈပ္တတ္ပါတယ္။

ကိုယ္ဝန္ေဆာင္တဲ့ကာလ 5လေရာက္လာၿပီဆိုရင္ေတာ့ ကေလူအေနနဲ႔ေကာင္းေကာင္းလႈပ္ႏိုင္ၿပီျဖစ္ပါတယ္။ နဂိုထက္ပိုၿပီးလႈပ္လာသလို ပိုၿပီးေတာ့လည္းအားပါလာတတ္ပါတယ္။ 5လရဲ႕တသ္ဝက္ေလာက္ေရာက္တဲ့အထိကေလးကတစ္ၾကိမ္မွ မလႈပ္ေသးဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသၿပီး ultrasound႐ိုက္ၾကည့္သင့္ပါတယ္။ ကေလးရဲ႕က်န္းမာေရးေကာင္းရဲ႕လား၊ေကာင္းေကာင္းဖြံ႕ၿဖိဳးရဲ႕လားဆိုတာေတြကို အၾကမ္းဖ်င္းသိႏိုင္ပါတယ္။

ေနာက္ထပ္အေရးႀကီးတာကေတာ့ ကေလးလႈပ္တဲ့အႀကိမ္အေရအတြက္ကို မွတ္သားရတာျဖစ္ပါတယ္။ 28ပတ္ေနာက္ပိုင္းကို ေကာင္းေကာင္းေရတြက္လို႔ရႏိုင္ပါတယ္။ တစ္နာရီအတြင္းမွာ ကေလးလႈပ္တဲ့အႀကိမ္ကအနည္းဆံုး 10ႀကိမ္ရိွသင့္ပါတယ္။ တစ္ခါကိုတစ္နာရီနဲ႔အနည္းဆုံးတစ္ေန႔ကိုႏွစ္ႀကိမ္ေတာ့ ေရတြက္ေပးသင့္ပါတယ္။ အႀကိမ္နည္းလာတာနဲ႔နားလည္တတ္ကြၽမ္းသူနဲ႔ျပသသင့္ပါတယ္။
ကိုယ္ဝန္ရင့္လာတာနဲ႔အမွ်လႈပ္တဲ့အႀကိမ္၊ ျပင္းထန္ပံုေတြကပိုပိုမ်ားလာပါမယ္။ ဒါေပမယ့္ 8-9လေရာက္လာတဲ့အခါက်ရင္ေတာ့ လႈပ္တဲ့အႀကိမ္နည္းႏိုင္ပါတယ္။ လႈပ္ဖို႔ေနရာနည္းလာတဲ့အတြက္အႀကိမ္နည္းလာတာျဖစ္ပါတယ္။

ကေလးလႈပ္တာဟာအမႈမဲ့အမွတ္မဲ့မေနသင့္တဲ့အရာျဖစ္ပါတယ္။ မိမိကေလးရဲ႕က်န္းမာေရးကိုတစ္စိတ္တစ္ေဒသျပသေနတဲ့အရာျဖစ္ၿပီးဂ႐ုတစ္စိုက္မွတ္သားထားသင့္ပါတယ္။ ပံုမမွန္ျဖစ္လာတာနဲ႔ တတ္ကြၽမ္းတဲ့သူနဲ႔ျပသၿပီး ျမန္ျမန္ဆန္ဆန္ကုသမႈခံယူလိုက္မွ စိတ္ခ်ရမွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…