သားသားမီးမီးတွေဘယ်လိုဖြစ်လာသလဲ?
မေမေတို့ဟာ များသောအားဖြင့် ဘယ်အချိန်မှာစပြီး ကိုယ်ဝန်ရှိတယ်ဆိုတာ မသိကြပါဘူး။ ဆရာဝန်က နောက်ဆုံးရာသီလာခဲ့တဲ့ပထမရက်ကိုတွက်ချက်ပြီး ကိုယ်ဝန်ကိုတွက်ချက်ပေးပါတယ်။ ဒါဟာကိုယ်ဝန်ရပြီး အနည်းဆုံးနှစ်ပတ်လောက်နေမှ သတိထားမိတဲ့ကိစ္စဖြစ်ပါတယ်။
သားဥကြွေခြင်း
လစဉ်လတိုင်း သားဥအိမ်ထဲမှာ follicles လို့ခေါ်တဲ့ သေးငယ်ပြီးအရည်အိတ်တွေရှိတဲ့သားဥပေါင်းများစွာရှိတဲ့နေရာရှိပါတယ်။ အဲဒီသားဥတွေထဲက တစ်ဥဟာ တဖြည်းဖြည်းခွဲထွက်ပြီး သားဥကြွေဆင်းပါတယ်။ အဲဒီဖြစ်စဉ်ဟာ ဓမ္မတာမလာခင် နှစ်ပတ်ခန့်မှာဖြစ်ပါတယ်။
ဟော်မုန်းဓာတ်များမြင့်တက်လာခြင်း
သားဥလေးဟာ follicle ကနေကြွေဆင်းလာတဲ့အခါမှာ follicle ဟာ Corpus Luteum လို့ခေါ်တဲ့အရာအဖြစ်ကိုပြောင်းလဲသွားပါတယ်။ အဲဒီအရာလေးကနေ ဟော်မုန်းတွေထွက်ပါတယ်။ အဲဒီဟော်မုန်းတွေဟာ သားအိမ်နံရံကိုထူလာစေပါတယ်။ တကယ်လို့များ ကိုယ်ဝန်ရခဲ့ရင် သားဥလေးတွယ်လို့ရအောင် ပြင်ဆင်ထားပေးတဲ့သဘောပါ။
သားဥဟာ ကြွေဆင်းလာပြီးတဲ့နောက်မှာ Fallopian Tube လို့ခေါ်တဲ့ သားဥပြွန်ဆီကို သွားပါတယ်။ သားဥပြွန်ထဲမှာ ၂၄နာရီကြာအောင်နေပြီး သူ့ကိုသန္ဓေအောင်အောင်ပြုလုပ်ပေါင်းစပ်မယ့် သုတ်ပိုးကိုစောင့်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ နောက်ဆုံးရာသီလာခဲ့ပြီးနှစ်ပတ်အကြာမှာဖြစ်နေတာပါ။
သန္ဓေမအောင်ခဲ့တဲ့အခါ….
သားဥဟာ သူနဲ့လာပေါင်းစပ်မယ့် သုတ်ပိုးမရှိလို့ သန္ဓေမအောင်တဲ့အခါ သားအိမ်ထဲကိုရွေ့သွားပြီး တဖြည်းဖြည်းနဲ့ပျက်စီးသွားပါတယ်။ ဟော်မုန်းဓာတ်တွေကလည်း ပုံမှန်အဆင့်ကိုပြန်လည်ရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်ဟာ ထူထဲနေတဲ့ သားအိမ်နံရံတွေကို ကွာကျစေပြီး ဓမ္မတာလာခြင်းအမှုဖြစ်ပေါ်လာပါတယ်။
သန္ဓေအောင်ခဲ့ရင်….
တကယ်လို့များ သုတ်ပိုးတစ်ကောင်ဟာ Fallopian Tube ထိကူးခတ်လာခဲ့ပြီး သားဥထဲကိုထိုးဖောက်နိုင်ရင် Fertilization လို့ခေါ်တဲ့ဖြစ်စဉ်အနေနဲ့ သန္ဓေအောင်သွားမှာပါ။ သုတ်ပိုးတစ်ကောင်ဝင်ရောက်လာရင် သားဥဟာနောက်ထပ် Sperm(သုတ်ပိုး)တွေထပ်ဝင်လို့မရအောင် ပြောင်းလဲပစ်လိုက်ပါတယ်။
သန္ဓေအောင်တဲ့ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပဲ ကလေးငယ်ရဲ့မျိုးဗီဇတွေ လိင်အမျိုးအစားတွေကဖြစ်ပေါ်ပါတယ်။ သုတ်ပိုးမှာ Y chromosome ရှိရင် ရင်သွေးဟာ ယောကျာ်းလေးဖြစ်ပြီး သုတ်ပိုးမှာ X Chromosome ရှိရင် ရင်သွေးဟာ မိန်းကလေးဖြစ်ပါလိမ့်မယ်။
သန္ဓေအောင်ပြီးနောက်သန္ဓေတွယ်ခြင်း
Fertilization ခေါ်တဲ့ သန္ဓေအောင်ခြင်းဖြစ်စဉ်ပြီးတဲ့အခါမှာ Implantation လို့ခေါ်တဲ့ သန္ဓေတွယ်ခြင်းဖြစ်ပါတယ်။ သန္ဓေအောင်သွားတဲ့သားဥဟာ သားဥပြွန်ထဲမှာ သုံးရက်ကနေ လေးရက်ထိနေပါတယ်။ ဒါပေမယ့် သန္ဓေအောင်ပြီး နှစ်ဆယ့်လေးနာရီအတွင်းမှာ ဆဲလ်ပေါင်းများစွာအဖြစ် ခွဲထွက်သွားပါတယ်။ သားဥပြွန်ထဲကနေ သားအိမ်ထဲရောက်သည်အထိ ဖြည်းဖြည်းချင်း ဆဲလ်တွေခွဲထွက်ပါတယ်။ နောက်ထပ်အလုပ်တစ်ခုကတော့ သားအိမ်နံရံကိုတွယ်ပြီး သန္ဓေတွယ်ခြင်းကိုပြုလုပ်ပါတယ်။
သန္ဓေတွယ်နေတဲ့အချိန်မှာ အချို့အမျိုးသမီးတွေဟာ ရာသီမဟုတ်ဘဲ သွေးတစ်စက် နှစ်စက်ဆင်းခြင်း (Spotting) ဖြစ်တတ်ပါတယ်။ သားအိမ်နံရံတွေကထူထဲလာပြီး သားအိမ်ခေါင်းကအချွဲတွေနဲ့ ကလေးမမွေးခင်အထိ sealလုပ်ထားသလိုများလာပါတယ်။
သုံးပတ်အတွင်းမှာ ဆဲလ်တွေဟာ ကြီးထွားလာပြီး စုစည်းလာပါတယ်။ ကလေးရဲ့ပထမဆုံးနာ့ဗ်ဆဲလ်တွေဖြစ်ပေါ်လာပါတယ်။
ကိုယ်ဝန်ရှိခြင်းကိုသိတော့မှာလား?
သန္ဓေတွယ်တာနဲ့ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းဖြစ်လာပါတယ်။ hCGဟာ ကိုယ်ဝန်ရှိမရှိစစ်ဆေးလို့ရတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဆီးထဲမှာ hCG ဟော်မုန်းကိုစစ်ဆေးလို့ရအောင် မြင့်တက်ဖို့အချိန်ဟာ နောက်ဆုံးရာသီလာခဲ့တဲ့ရက်ကနေ သုံးပတ်ကနေ လေးပတ်အထိကြာနိုင်ပါတယ်။
အထက်ပါဖြစ်စဉ်တွေကတော့ ရင်သွေးလေးတွေ ဘယ်လိုရရှိလာသလဲဆိုတဲ့ သန္ဓေအောင်ခြင်းနဲ့ကိုယ်ရလာခြင်းဖြစ်စဉ်အကြောင်းကို ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ မေမေတို့ဗဟုသုတရပြီး သားသားမီးမီးတွေဖြစ်လာပုံကို မှန်းဆခန့်မှန်းကြည့်လို့ရပါလိမ့်မယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
သားသားမီးမီးေတြဘယ္လိုျဖစ္လာသလဲ?
ေမေမတို႔ဟာ မ်ားေသာအားျဖင့္ ဘယ္အခ်ိန္မွာစၿပီး ကိုယ္ဝန္ရွိတယ္ဆိုတာ မသိၾကပါဘူး။ ဆရာဝန္က ေနာက္ဆံုးရာသီလာခဲ့တဲ့ပထမရက္ကိုတြက္ခ်က္ၿပီး ကိုယ္ဝန္ကိုတြက္ခ်က္ေပးပါတယ္။ ဒါဟာကိုယ္ဝန္ရၿပီး အနည္းဆံုးႏွစ္ပတ္ေလာက္ေနမွ သတိထားမိတဲ့ကိစၥျဖစ္ပါတယ္။
သားဥေႂကြျခင္း
လစဥ္လတိုင္း သားဥအိမ္ထဲမွာ follicles လို႔ေခၚတဲ့ ေသးငယ္ၿပီးအရည္အိတ္ေတြရွိတဲ့သားဥေပါင္းမ်ားစြာရွိတဲ့ေနရာရွိပါတယ္။ အဲဒီသားဥေတြထဲက တစ္ဥဟာ တျဖည္းျဖည္းခြဲထြက္ၿပီး သားဥေႂကြဆင္းပါတယ္။ အဲဒီျဖစ္စဥ္ဟာ ဓမၼတာမလာခင္ ႏွစ္ပတ္ခန္႔မွာျဖစ္ပါတယ္။
ေဟာ္မုန္းဓာတ္မ်ားျမင့္တက္လာျခင္း
သားဥေလးဟာ follicle ကေနေႂကြဆင္းလာတဲ့အခါမွာ follicle ဟာ Corpus Luteum လို႔ေခၚတဲ့အရာအျဖစ္ကိုေျပာင္းလဲသြားပါတယ္။ အဲဒီအရာေလးကေန ေဟာ္မုန္းေတြထြက္ပါတယ္။ အဲဒီေဟာ္မုန္းေတြဟာ သားအိမ္နံရံကိုထူလာေစပါတယ္။ တကယ္လို႔မ်ား ကိုယ္ဝန္ရခဲ့ရင္ သားဥေလးတြယ္လို႔ရေအာင္ ျပင္ဆင္ထားေပးတဲ့သေဘာပါ။
သားဥဟာ ေႂကြဆင္းလာၿပီးတဲ့ေနာက္မွာ Fallopian Tube လို႔ေခၚတဲ့ သားဥႁပြန္ဆီကို သြားပါတယ္။ သားဥႁပြန္ထဲမွာ ၂၄နာရီၾကာေအာင္ေနၿပီး သူ႔ကိုသေႏၶေအာင္ေအာင္ျပဳလုပ္ေပါင္းစပ္မယ့္ သုတ္ပိုးကိုေစာင့္ပါတယ္။ ဒီျဖစ္စဥ္ေတြဟာ ေနာက္ဆံုးရာသီလာခဲ့ၿပီးႏွစ္ပတ္အၾကာမွာျဖစ္ေနတာပါ။
သေႏၶမေအာင္ခဲ့တဲ့အခါ….
သားဥဟာ သူနဲ႔လာေပါင္းစပ္မယ့္ သုတ္ပိုးမရွိလို႔ သေႏၶမေအာင္တဲ့အခါ သားအိမ္ထဲကိုေရြ႕သြားၿပီး တျဖည္းျဖည္းနဲ႔ပ်က္စီးသြားပါတယ္။ ေဟာ္မုန္းဓာတ္ေတြကလည္း ပံုမွန္အဆင့္ကိုျပန္လည္ေရာက္ရွိသြားပါတယ္။ ခႏၶာကိုယ္ဟာ ထူထဲေနတဲ့ သားအိမ္နံရံေတြကို ကြာက်ေစၿပီး ဓမၼတာလာျခင္းအမႈျဖစ္ေပၚလာပါတယ္။
သေႏၶေအာင္ခဲ့ရင္….
တကယ္လို႔မ်ား သုတ္ပိုးတစ္ေကာင္ဟာ Fallopian Tube ထိကူးခတ္လာခဲ့ၿပီး သားဥထဲကိုထိုးေဖာက္ႏိုင္ရင္ Fertilization လို႔ေခၚတဲ့ျဖစ္စဥ္အေနနဲ႔ သေႏၶေအာင္သြားမွာပါ။ သုတ္ပိုးတစ္ေကာင္ဝင္ေရာက္လာရင္ သားဥဟာေနာက္ထပ္ Sperm(သုတ္ပိုး)ေတြထပ္ဝင္လို႔မရေအာင္ ေျပာင္းလဲပစ္လိုက္ပါတယ္။
သေႏၶေအာင္တဲ့ျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာပဲ ကေလးငယ္ရဲ႕မ်ိဳးဗီဇေတြ လိင္အမ်ိဳးအစားေတြကျဖစ္ေပၚပါတယ္။ သုတ္ပိုးမွာ Y chromosome ရွိရင္ ရင္ေသြးဟာ ေယာက်ာ္းေလးျဖစ္ၿပီး သုတ္ပိုးမွာ X Chromosome ရွိရင္ ရင္ေသြးဟာ မိန္းကေလးျဖစ္ပါလိမ့္မယ္။
သေႏၶေအာင္ၿပီးေနာက္သေႏၶတြယ္ျခင္း
Fertilization ေခၚတဲ့ သေႏၶေအာင္ျခင္းျဖစ္စဥ္ၿပီးတဲ့အခါမွာ Implantation လို႔ေခၚတဲ့ သေႏၶတြယ္ျခင္းျဖစ္ပါတယ္။ သေႏၶေအာင္သြားတဲ့သားဥဟာ သားဥႁပြန္ထဲမွာ သံုးရက္ကေန ေလးရက္ထိေနပါတယ္။ ဒါေပမယ့္ သေႏၶေအာင္ၿပီး ႏွစ္ဆယ့္ေလးနာရီအတြင္းမွာ ဆဲလ္ေပါင္းမ်ားစြာအျဖစ္ ခြဲထြက္သြားပါတယ္။ သားဥႁပြန္ထဲကေန သားအိမ္ထဲေရာက္သည္အထိ ျဖည္းျဖည္းခ်င္း ဆဲလ္ေတြခြဲထြက္ပါတယ္။ ေနာက္ထပ္အလုပ္တစ္ခုကေတာ့ သားအိမ္နံရံကိုတြယ္ၿပီး သေႏၶတြယ္ျခင္းကိုျပဳလုပ္ပါတယ္။
သေႏၶတြယ္ေနတဲ့အခ်ိန္မွာ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ ရာသီမဟုတ္ဘဲ ေသြးတစ္စက္ ႏွစ္စက္ဆင္းျခင္း (Spotting) ျဖစ္တတ္ပါတယ္။ သားအိမ္နံရံေတြကထူထဲလာၿပီး သားအိမ္ေခါင္းကအခြ်ဲေတြနဲ႔ ကေလးမေမြးခင္အထိ sealလုပ္ထားသလိုမ်ားလာပါတယ္။
သံုးပတ္အတြင္းမွာ ဆဲလ္ေတြဟာ ႀကီးထြားလာၿပီး စုစည္းလာပါတယ္။ ကေလးရဲ႕ပထမဆံုးနာ့ဗ္ဆဲလ္ေတြျဖစ္ေပၚလာပါတယ္။
ကိုယ္ဝန္ရွိျခင္းကိုသိေတာ့မွာလား?
သေႏၶတြယ္တာနဲ႔ ခႏၶာကိုယ္ထဲမွာ hCG ေဟာ္မုန္းျဖစ္လာပါတယ္။ hCGဟာ ကိုယ္ဝန္ရွိမရွိစစ္ေဆးလို႔ရတဲ့ ေဟာ္မုန္းျဖစ္ပါတယ္။ ဆီးထဲမွာ hCG ေဟာ္မုန္းကိုစစ္ေဆးလို႔ရေအာင္ ျမင့္တက္ဖို႔အခ်ိန္ဟာ ေနာက္ဆံုးရာသီလာခဲ့တဲ့ရက္ကေန သုံးပတ္ကေန ေလးပတ္အထိၾကာႏိုင္ပါတယ္။
အထက္ပါျဖစ္စဥ္ေတြကေတာ့ ရင္ေသြးေလးေတြ ဘယ္လိုရရွိလာသလဲဆိုတဲ့ သေႏၶေအာင္ျခင္းနဲ႔ကိုယ္ရလာျခင္းျဖစ္စဥ္အေၾကာင္းကို ေရးသားေဖာ္ျပေပးထားတာပဲျဖစ္ပါတယ္။ ေမေမတို႔ဗဟုသုတရၿပီး သားသားမီးမီးေတြျဖစ္လာပံုကို မွန္းဆခန္႔မွန္းၾကည့္လို႔ရပါလိမ့္မယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)