ကလေးလိုချင်တဲ့ စုံတွဲတွေ
ဒေါက်တာစု ဆေးခန်းကို စုံတွဲတစ်တွဲဝင်လာသည်။ သတ်လတ်ပိုင်းစုံတွဲလေး။အလှည့်ရောက်လို့ ဝင်လာတော့ အမျိုးသားဖြစ်သူက စပြီးပြောသည်။” ဆရာမ ကျွန်တော့်မိန်းမ မြုံနေလို့ အဲ့တာ ကျွန်တော်တို့ကလေးလိုချင်လို့ဆရာမ နဲ့ လာတိုင်ပင်တာပါ။”ဒေါက်တာစုစိတ်ထဲ သူက သူ့မိန်းမ မြုံနေတယ် အတိအကျပြောတော့ ကလေးမရတာနဲ့ပတ်သက်လို့ လင်မယား နှစ်ယောက်စစ်ဆေးဖို့လိုတာတွေစစ်ထားပြီးပြီလို့ ယူဆလိုက်သည်။
” ဟုတ်ပါပြီ အကိုရေ အကိုတို့စစ်ထားတဲ့သွေးအဖြေလေး ပြကြည့်ပါဦး”စုံတွဲ အမျိုးသားလည်း ” ဆရာမ ဘာကိုပြောတာလဲဗျ။ ဘာမှ မစစ်ရသေးဘူး။ ဒီအတိုင်းကျွန်တော်တို့ ယူထားတာ ၂နှစ်ရှိပြီ။ ဘာမှလည်း တားဆေး မသုံးဘဲ ကလေးယူနေတာ မရလို့ကျွန်တော့မိနိးမ မြုံနေတယ်ပြောတာပါ”ဗုဒ္ဓေါ ဒေါက်တာစုတယောက်မျက်လုံးပြူးသွားတော့တယ် ။
” အကိုရယ် ကလေးမရဘူးဆိုတာလေ မိန်းကလေးကြောင့်ချည်းပဲမဟုတ်ဘူးအကိုရဲ့။ ကလေးလေးဖြစ်ဖို့ဆိုတာ အမျိုးသမီးဆီက မမျိုးဥ နဲ့ အမျိုးသားဆီက သုတ်ပိုးပေါင်းစဉ်းမှဖြစ်တာဆိုတော့ အကို့အမျိုးသမီး မမျိုးဥ မကြွေတာဖြစ်နိုင်ပေမယ့် အကို့ရဲ့ သုတ်ပိုးမအောင်တာလည်းဖြစ်နိုင်တာပဲလေ”ဒီတော့မှ အမျိုးသမီးလည်း ” ဆရာမရယ် ကျွန်မက ကျွန်မကြောင့်ချည်းပဲထင်နေတာ၊ ဘာတွေစစ်ဖို့လိုတာလဲဟင် ဆရာမ””ဒီလိုလေ အမရဲ့ ကလေးရနိုင်မရနိုင်ဆိုတာကို အကြမ်းဖျဉ်းသိဖို့ဆိုရင်အမျိုးသားက သုတ်ရည်ကိုစစ်ဆေးရမယ်။ ဒီသုတ်ရည်ထဲက သုတ်ပိုးအကောင်ရေအလုံအလောက်ပါမယ်။အမျိုးသမီးအနေနဲ့က မမျိုးဥ ကြွေမကြွေစစ်လို့ရတဲ့ ဆီးစစ်တံလေးတွေအလွယ်တကူဝယ်လို့ရပါတယ်။ ဒီဆီးစစ်တံလေးတွေကိုနောက်ရာသီမလာခင် ၁၄ရက်မှာကြိုပြီးစစ်ကြည့်ရပါမယ်။ဒီဆီးစစ်တံလေးကို ( LH test Kit လို့ခေါ်ပါတယ်)ဆီးစစ်တံလေးက ၂ကြောင်းပေါ်မယ်ဆိုရင်တော့ ဒါ မျိုးဥ ကြွေနေပြီဆိုတဲ့ လက္ခဏာကိုပြပါတယ်။ ဒီရက်တွေမှာ အတူနေမယ်ဆိုရင်တော့ ကလေးရနိုင်ခြေများတာပေါ့နော်။နောက်တစ်ခုက အမျိုးသမီး မျိုးဥပြွန် ပိတ်လားပွင့်လားသိဖို့အတွက် စမ်းတဲ့နည်း( Tubal insufflation test) လုပ်ကြည့်လို့ရပါတယ်။ ဒီလိုလုပ်ကြည့်လို့ မမျိုးဥပြွန်ပွင့်တယ်ဆိုရင်မမျ်ုးဥ နဲ့သုတ်ပိုးပေါင်းပြီး ကလေးရနိုင်ခြေရှိတယ်ဆိ ုတာသိနိုင်မယ်ပေါ့ အမရယ်။ပြီးတော့ အမျိုးသမီးက ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်လို့ သားအိမ်အနေအထားပုံမှန်ဖြစ်ပြီးအသားလုံးတည်တာတွေမရှိဘူးဆိုရင် သန္တေသားမျိုးအောင်ပြီးရင် ကိုယ်ဝန် ခိုင်နိုင်တယ်ဆိုတာ သိနိုင်မယ်။
” အမရဲ့ အမျိုးသား အတွက်ကျတော့ Semen Analysis လို့ခေါ်တဲ့ သုတ်ရည်ကို အရေအသွေးပြည့်မှီမမှီ စစ်ဆေးကြည့်ဖို့လိုပါတယ်အကို။ သုတ်ရည်မှာ သုတ်ပိုး လုံလောက်အောင်မပါတာ ၊ သုတ်ပိုး လုံးဝမပါတာတွေ ၊ သုတ်ရည်ကို နောက်ပြန်လွှတ်တာကြောင့် သုတ်ပိုး ဆီးအိမ်တွင်း ရောက်သွားတာတွေ ကြောင့်
ကလေးမရနိုင်တာတွေလည်းဖြစ်နိုင်သေးတာကိုး ” ” လင်မယားနှစ်ယောက်လုံးအနေနဲ့ ကျတော့ အသည်းရောင် B ပိုး၊ C ပိုး၊ HIV ပိုးကြိုစစ်ကြည့်ထားသင့်တယ်။ ဒါမှ ကျန်းမာတဲ့ကလေးမွေးဖွးနိုင်မှာကိုး” ခုမှ ဇနီးမောင်နှံလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ” ဆရာမ ပြောပြတာတွေ သေချာစစ်ကြည့်ပြီး
ဆရာမကို အဖြေတွေလာပြမယ်နော် ဆရာမ”
မယ်တင်( ဆေး ၁)
ကေလးလိုခ်င္တဲ့ စံုတြဲေတြ
ေဒါက္တာစု ေဆးခန္းကို စံုတြဲတစ္တြဲဝင္လာသည္။ သတ္လတ္ပိုင္းစံုတြဲေလး။အလွည့္ေရာက္လို႔ ဝင္လာေတာ့ အမ်ိဳးသားျဖစ္သူက စၿပီးေျပာသည္။" ဆရာမ ကၽြန္ေတာ့္မိန္းမ ျမံဳေနလို႔ အဲ့တာ ကၽြန္ေတာ္တို႔ကေလးလိုခ်င္လို႔ဆရာမ နဲ႔ လာတိုင္ပင္တာပါ။"ေဒါက္တာစုစိတ္ထဲ သူက သူ႔မိန္းမ ျမံဳေနတယ္ အတိအက်ေျပာေတာ့ ကေလးမရတာနဲ႔ပတ္သက္လို႔ လင္မယား ႏွစ္ေယာက္စစ္ေဆးဖို႔လိုတာေတြစစ္ထားၿပီးၿပီလို႔ ယူဆလိုက္သည္။
" ဟုတ္ပါၿပီ အကိုေရ အကိုတို႔စစ္ထားတဲ့ေသြးအေျဖေလး ျပၾကည့္ပါဦး"စံုတြဲ အမ်ိဳးသားလည္း " ဆရာမ ဘာကိုေျပာတာလဲဗ်။ ဘာမွ မစစ္ရေသးဘူး။ ဒီအတိုင္းကၽြန္ေတာ္တို႔ ယူထားတာ ၂ႏွစ္ရွိၿပီ။ ဘာမွလည္း တားေဆး မသံုးဘဲ ကေလးယူေနတာ မရလို႔ကၽြန္ေတာ့မိနိးမ ျမံဳေနတယ္ေျပာတာပါ"ဗုေဒၶါ ေဒါက္တာစုတေယာက္မ်က္လံုးျပဴးသြားေတာ့တယ္ ။
" အကိုရယ္ ကေလးမရဘူးဆိုတာေလ မိန္းကေလးေၾကာင့္ခ်ည္းပဲမဟုတ္ဘူးအကိုရဲ႕။ ကေလးေလးျဖစ္ဖို႔ဆိုတာ အမ်ိဳးသမီးဆီက မမ်ိဳးဥ နဲ႔ အမ်ိဳးသားဆီက သုတ္ပိုးေပါင္းစဥ္းမွျဖစ္တာဆိုေတာ့ အကို႔အမ်ိဳးသမီး မမ်ိဳးဥ မေႂကြတာျဖစ္ႏိုင္ေပမယ့္ အကို႔ရဲ႕ သုတ္ပိုးမေအာင္တာလည္းျဖစ္ႏိုင္တာပဲေလ"ဒီေတာ့မွ အမ်ိဳးသမီးလည္း " ဆရာမရယ္ ကၽြန္မက ကၽြန္မေၾကာင့္ခ်ည္းပဲထင္ေနတာ၊ ဘာေတြစစ္ဖို႔လိုတာလဲဟင္ ဆရာမ""ဒီလိုေလ အမရဲ႕ ကေလးရႏိုင္မရႏိုင္ဆိုတာကို အၾကမ္းဖ်ဥ္းသိဖို႔ဆိုရင္အမ်ိဳးသားက သုတ္ရည္ကိုစစ္ေဆးရမယ္။ ဒီသုတ္ရည္ထဲက သုတ္ပိုးအေကာင္ေရအလံုအေလာက္ပါမယ္။အမ်ိဳးသမီးအေနနဲ႔က မမ်ိဳးဥ ေႂကြမေႂကြစစ္လို႔ရတဲ့ ဆီးစစ္တံေလးေတြအလြယ္တကူဝယ္လို႔ရပါတယ္။ ဒီဆီးစစ္တံေလးေတြကိုေနာက္ရာသီမလာခင္ ၁၄ရက္မွာႀကိဳၿပီးစစ္ၾကည့္ရပါမယ္။ဒီဆီးစစ္တံေလးကို ( LH test Kit လို႔ေခၚပါတယ္)ဆီးစစ္တံေလးက ၂ေၾကာင္းေပၚမယ္ဆိုရင္ေတာ့ ဒါ မ်ိဳးဥ ေႂကြေနၿပီဆိုတဲ့ လကၡဏာကိုျပပါတယ္။ ဒီရက္ေတြမွာ အတူေနမယ္ဆိုရင္ေတာ့ ကေလးရႏိုင္ေျခမ်ားတာေပါ့ေနာ္။ေနာက္တစ္ခုက အမ်ိဳးသမီး မ်ိဳးဥႁပြန္ ပိတ္လားပြင့္လားသိဖို႔အတြက္ စမ္းတဲ့နည္း( Tubal insufflation test) လုပ္ၾကည့္လို႔ရပါတယ္။ ဒီလိုလုပ္ၾကည့္လို႔ မမ်ိဳးဥႁပြန္ပြင့္တယ္ဆိုရင္မမ်္ဳးဥ နဲ႔သုတ္ပိုးေပါင္းၿပီး ကေလးရႏိုင္ေျခရွိတယ္ဆိ ုတာသိႏိုင္မယ္ေပါ့ အမရယ္။ၿပီးေတာ့ အမ်ိဳးသမီးက ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ၾကည့္လို႔ သားအိမ္အေနအထားပံုမွန္ျဖစ္ၿပီးအသားလံုးတည္တာေတြမရွိဘူးဆိုရင္ သေနၱသားမ်ိဳးေအာင္ၿပီးရင္ ကိုယ္ဝန္ ခိုင္ႏိုင္တယ္ဆိုတာ သိႏိုင္မယ္။
" အမရဲ႕ အမ်ိဳးသား အတြက္က်ေတာ့ Semen Analysis လို႔ေခၚတဲ့ သုတ္ရည္ကို အေရအေသြးျပည့္မွီမမွီ စစ္ေဆးၾကည့္ဖို႔လိုပါတယ္အကို။ သုတ္ရည္မွာ သုတ္ပိုး လံုေလာက္ေအာင္မပါတာ ၊ သုတ္ပိုး လံုးဝမပါတာေတြ ၊ သုတ္ရည္ကို ေနာက္ျပန္လႊတ္တာေၾကာင့္ သုတ္ပိုး ဆီးအိမ္တြင္း ေရာက္သြားတာေတြ ေၾကာင့္
ကေလးမရႏိုင္တာေတြလည္းျဖစ္ႏိုင္ေသးတာကိုး " " လင္မယားႏွစ္ေယာက္လံုးအေနနဲ႔ က်ေတာ့ အသည္းေရာင္ B ပိုး၊ C ပိုး၊ HIV ပိုးႀကိဳစစ္ၾကည့္ထားသင့္တယ္။ ဒါမွ က်န္းမာတဲ့ကေလးေမြးဖြးႏိုင္မွာကိုး" ခုမွ ဇနီးေမာင္ႏွံလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး " ဆရာမ ေျပာျပတာေတြ ေသခ်ာစစ္ၾကည့္ၿပီး
ဆရာမကို အေျဖေတြလာျပမယ္ေနာ္ ဆရာမ"
မယ္တင္( ေဆး ၁)