ကလေးမရတာဘယ်သူ့ကြောင့်လဲ
သားသမီးရတနာဆိုတာ အိမ့်ဆည်းလည်းလေး တစ်ပါးပါပဲ။ ဆားမပါတဲ့ဟင်း အရသာမရှိသလို သားသမီးရတနာ မရှိတဲ့ မိသားစုဟာလည်း မပြည့်စုံသလိုပါ။ သားသမီးရတနာ ထွန်းကားဖို့ အချိန်ကာလ အတန်ကြာ ကြိုးစားနေပေမယ့် မအောင်မြင်သေးတဲ့ စုံတွဲတွေမှာ သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ပြီး အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။
၁။ Semen analysis/ sperm test (သုတ်ပိုးစစ်ဆေးခြင်း)
သားသမီးရတနာ မရတဲ့ စုံတွဲတွေရဲ့၅၀%ဟာ အမျိုးသားတွေနဲ့ သက်ဆိုင်ပါတယ်။ သုတ်ပိုးနည်းပါးခြင်း၊ သုတ်ပိုးလှုပ်ရှားမှုအားနည်းခြင်း၊ သုတ်ပိုးအရည်အသွေးမကောင်းခြင်းတို့ကြောင့် သန္ဓေမအောင်ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကို သိနိုင်ဖို့ သုတ်ရည်နမူနာကို ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်ပါတယ်။
၂။ Blood test to cheek ovulation (မမျိုးဥကြွေခြင်းကို စမ်းစစ်တဲ့ သွေးစစ်ချက်များ)
အဖိုသုတ်ပိုးနှင့် ပေါင်းစပ်ကာ သန္ဓေအောင်ဖို့အတွက် မမျိုးဥအိမ်မှ တစ်လလျှင် တစ်ကြိမ်ခန့် မမျိုးဥကို ထုတ်ပေးပါတယ်။ မမျိုးဥထုတ်ပေးတဲ့ ကာလအတွင်း အဖိုသုတ်ပိုးနှင့် လွဲချော်ကာ သန္ဓေမအောင်ခဲ့လျှင် ရာသီလာခြင်းအဖြစ် မိန်းမကိုယ်မှ စွန့်ပစ်ပါတယ်။ ရာသီသွေး ကောင်းမွန်စွာ မလာခြင်း၊ ရာသီမမှန်ခြင်းစတဲ့ အကြောင်းတွေက မမျိုးဥကြွေခြင်းမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်း ဟော်မုန်း level ကို စစ်၍ မမျိုးဥကြွေခြင်းကို စစ်ဆေးနိုင်ပါတယ်။
၃။ Test for Chlamydia (Chlamydia ပိုးစစ်ဆေးခြင်း)
လိင်မှတစ်ဆင့် ကူးစက်တဲ့ Chlamydia ပိုးကြောင့် အမျိုးသမီးလိင်လမ်းကြောင်း ရောင်ယမ်းခြင်း (Pelvic inflammatory disease) ဖြစ်နိုင်ကာ သန္ဓေအောင်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဆီးစစ်ခြင်း သို့ မိန်းမယောနိလမ်းကြောင်းမှ အချွဲကို စစ်ဆေးခြင်းဖြင့် Chlamydia ပိုးရှိ မရှိစစ်ဆေးကာ ကုသနိုင်ပါတယ်။
၄။ Ultrasound scan
Ultrasound ဓာတ်မှန်ရိုက်ခြင်းဖြင့်လည်း သားအိမ်၊ မျိုးဥအိမ်နဲ့ မိန်းမအင်္ဂါလမ်းကြောင်း တစ်လျှောက် သန္ဓေသားဖြစ်ခြင်းကို တားဆီးတဲ့ အလုံးအကျိတ်များနဲ့ မီးယပ်ရောဂါအချို့ကို စစ်ဆေးနိုင်ပါတယ်။
၅။ X-ray of fallopian tube
မမျိုးဥအိမ်ovary နှင့် သားအိမ်Uterus ကို ဆက်ပေးသောလမ်းကြောင်းfallopian tube တွင်ပိတ်ဆို့နေလျှင် ကလေးရခြင်းကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ထို fallopian tube တွင် ပိတ်ဆို့ခြင်းရှိ မရှိကို dye ထိုး၍ ဓာတ်မှန်ရိုက်ကာ စစ်ဆေးနိုင်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကေလးမရတာဘယ္သူ့ေၾကာင့္လဲ
သားသမီးရတနာဆိုတာ အိမ့္ဆည္းလည္းေလး တစ္ပါးပါပဲ။ ဆားမပါတဲ့ဟင္း အရသာမရိွသလို သားသမီးရတနာ မရိွတဲ့ မိသားစုဟာလည္း မျပည့္စံုသလိုပါ။ သားသမီးရတနာ ထြန္းကားဖို႔ အခ်ိန္ကာလ အတန္ၾကာ ႀကိဳးစားေနေပမယ့္ မေအာင္ျမင္ေသးတဲ့ စံုတြဲေတြမွာ သားဖြားမီးယပ္ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ေအာက္ပါစစ္ေဆးမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။
၁။ Semen analysis/ sperm test (သုတ္ပိုးစစ္ေဆးျခင္း)
သားသမီးရတနာ မရတဲ့ စံုတြဲေတြရဲ႕၅၀%ဟာ အမ်ိဳးသားေတြနဲ႔ သက္ဆိုင္ပါတယ္။ သုတ္ပိုးနည္းပါးျခင္း၊ သုတ္ပိုးလႈပ္႐ွားမႈအားနည္းျခင္း၊ သုတ္ပိုးအရည္အေသြးမေကာင္းျခင္းတို႔ေၾကာင့္ သေႏၶမေအာင္ျဖစ္တတ္ပါတယ္။ ဒီလိုအေျခအေနေတြကို သိႏုိင္ဖို႔ သုတ္ရည္နမူနာကို ဓာတ္ခြဲခန္းပို႔ စစ္ေဆးႏိုင္ပါတယ္။
၂။ Blood test to cheek ovulation (မမ်ိဳးဥေႂကြျခင္းကို စမ္းစစ္တဲ့ ေသြးစစ္ခ်က္မ်ား)
အဖိုသုတ္ပိုးႏွင့္ ေပါင္းစပ္ကာ သေႏၶေအာင္ဖို႔အတြက္ မမ်ိဳးဥအိမ္မွ တစ္လလ်ွင္ တစ္ႀကိမ္ခန္႔ မမ်ိဳးဥကို ထုတ္ေပးပါတယ္။ မမ်ိဳးဥထုတ္ေပးတဲ့ ကာလအတြင္း အဖိုသုတ္ပိုးႏွင့္ လြဲေခ်ာ္ကာ သေႏၶမေအာင္ခဲ့လ်ွင္ ရာသီလာျခင္းအျဖစ္ မိန္းမကိုယ္မွ စြန္႔ပစ္ပါတယ္။ ရာသီေသြး ေကာင္းမြန္စြာ မလာျခင္း၊ ရာသီမမွန္ျခင္းစတဲ့ အေၾကာင္းေတြက မမ်ိဳးဥေႂကြျခင္းမွာ ျပႆနာတစ္စံုတစ္ရာ ရိွေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေသြးတြင္း ေဟာ္မုန္း level ကို စစ္၍ မမ်ိဳးဥေႂကြျခင္းကို စစ္ေဆးႏိုင္ပါတယ္။
၃။ Test for Chlamydia (Chlamydia ပိုးစစ္ေဆးျခင္း)
လိင္မွတစ္ဆင့္ ကူးစက္တဲ့ Chlamydia ပိုးေၾကာင့္ အမ်ိဳးသမီးလိင္လမ္းေၾကာင္း ေရာင္ယမ္းျခင္း (Pelvic inflammatory disease) ျဖစ္ႏိုင္ကာ သေႏၶေအာင္ျခင္းကို အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။ ဆီးစစ္ျခင္း သို႔ မိန္းမေယာနိလမ္းေၾကာင္းမွ အခြၽဲကို စစ္ေဆးျခင္းျဖင့္ Chlamydia ပိုးရိွ မရိွစစ္ေဆးကာ ကုသႏိုင္ပါတယ္။
၄။ Ultrasound scan
Ultrasound ဓာတ္မွန္႐ိုက္ျခင္းျဖင့္လည္း သားအိမ္၊ မ်ိဳးဥအိမ္နဲ႔ မိန္းမအဂၤါလမ္းေၾကာင္း တစ္ေလ်ွာက္ သေႏၶသားျဖစ္ျခင္းက္ို တားဆီးတဲ့ အလံုးအက်ိတ္မ်ားနဲ႔ မီးယပ္ေရာဂါအခ်ိဳ႕ကို စစ္ေဆးႏိုင္ပါတယ္။
၅။ X-ray of fallopian tube
မမ်ိဳးဥအိမ္ovary ႏွင့္ သားအိမ္Uterus ကို ဆက္ေပးေသာလမ္းေၾကာင္းfallopian tube တြင္ပိတ္ဆို႔ေနလ်ွင္ ကေလးရျခင္းကို အေႏွာက္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ ထို fallopian tube တြင္ ပိတ္ဆို႔ျခင္းရိွ မရိွကို dye ထိုး၍ ဓာတ္မွန္႐ိုက္ကာ စစ္ေဆးႏိုင္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)