အမျိုးသမီးများသားကြောဖြတ်ခြင်း
အမျိုးသမီးတွေသားကြောဖြတ်ကြတယ်ဆိုတာ တစ်သက်တာကိုယ်ဝန်မရအောင် တားဆီးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ဘယ်သူတွေကိုဖြတ်ပေးသလဲ?
မြန်မာပြည်မှာတော့ သားကြောဖြတ်ဖို့ကိုလျှောက်လွှာတင်ရပါတယ်။သတ်မှတ်ထားတဲ့အသက်အရွယ် ကလေးဦးရေနဲ့ ခွဲစိတ်မွေးဖွားထားတဲ့အကြိမ်ရေတို့ကို ထည့်သွင်းစဉ်းစားပါတယ်။ရောဂါအခြေအနေတစ်ခုခုအရ ကိုယ်ဝန်ဆောင်ဖို့မဖြစ်နိုင်တဲ့အမျိုးသမီးများကိုလည်း သားကြောဖြတ်ပေးလေ့ရှိပါတယ်။
ဘယ်လိုနည်းနဲ့ ကိုယ်ဝန်မရအောင် တားဆီးတာလဲ?
သားကြောဖြတ်ခြင်းဟာ အမျိုးသမီးရဲ့သားဥနဲ့အမျိုးသားရဲ့သုက်ပိုးတို့တွေ့ဆုံမယ့်လမ်းကြောင်းကိုဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။ဒီလမ်းကြောင်းဟာ သားဥပြွန်ဖြစ်တဲ့အတွက် သားကြောဖြတ်တဲ့အခါ သားဥပြွန်နှစ်ဖက်လုံးကို ဖြတ်တောက်ခြင်း ပိတ်ဆို့ခြင်းပြုလုပ်ရပါတယ်။
ဘယ်လိုနည်းတွေနဲ့သားကြောဖြတ်ကြသလဲ?
ခွဲစိတ်တဲ့နည်းရယ် မခွဲစိတ်ဘဲသားကြောဖြတ်နည်းရယ်ဆိုပြီးရှိပါတယ်။
မြန်မာပြည်မှာအသုံးများတွင်ကျယ်တာကတော့ ခွဲစိတ်ပြီးသားကြောဖြတ်နည်းပါ။ခွဲစိတ်တဲ့အခါမှာလည်း ဝမ်းခေါင်းအတွင်းကိုမှန်ပြောင်းနဲ့ကြည့်ရှုပြီး အသေးစားခွဲစိတ်မှုပြုလုပ်တာရယ် ရိုးရိုးရှင်းရှင်းဗိုက်ခွဲပြီးသားကြောဖြတ်တာရယ်ဆိုပြီးရှိပါတယ်။သားဥပြွန် နှစ်ဖက်လုံးကို ချည်ပြီးဖြတ်တောက်လိုက်ခြင်း သို့မဟုတ် ကလစ်/ညှပ်တစ်ခုခုနဲ့ညှပ်ပြီးပိတ်ဆို့လိုက်ခြင်းစသဖြင့် နည်းအမျိုးမျိုးရှိပါတယ်။
ကလေးကိုခွဲစိတ်မွေးဖွားရင်းတစ်ပါတည်းသားကြောဖြတ်နိုင်သလို ရိုးရိုးမွေးပြီးမှသားကြောသီးသန့်ဖြတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။
မခွဲစိတ်ဘဲ သားကြောဖြတ်နည်းကတော့ အသုံးနည်းပါတယ်။ဒီနည်းကတော့ သားကြောဖြတ်မယ့်ကိရိယာတစ်ခုကို အမျိုးသမီးရဲ့ မိန်းမကိုယ်ကနေတစ်ဆင့် သားအိမ်ထဲ သားအိမ်ကနေ သားဥပြွန်ဆီရောက်အောင် ထည့်သွင်းရတာပဲဖြစ်ပါတယ်။ဒီနည်းနဲ့ သားဥပြွန်တွေကိုပိတ်ဆို့လိုက်ခြင်းဖြင့် သားကြောဖြတ်တဲ့နည်းဖြစ်ပါတယ်။
သားကြောဖြတ်ခြင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲ?
- ကိုယ်ဝန်မရအောင် ရာနှုန်းပြည့်နီးပါးတားဆီးနိုင်ပါတယ်။
- ဒီသားဆက်ခြားနည်းက မိမိရဲ့လိင်မှုဘဝကို မထိခိုက်နိုင်ပါဘူး။ဆိုလိုတာက လိင်ဆက်ဆံတဲ့အခါတိုင်း ကိုယ်ဝန်ရသွားမှာစိုးကြောက်စိတ်တွေ လိင်စိတ်အားနည်းတာတွေမဖြစ်စေပါဘူး။
- သားကြောဖြတ်တာဟာ တခြားသောက်ဆေး ထိုးဆေးတွေလို မိမိရဲ့ခန္ဓာကိုယ်ထဲမှ ဟော်မုန်းအတက်အကျကို သက်ရောက်မှုမဖြစ်စေပါဘူး။
ရာသီပုံမှန်လာပါတယ်။ - သောက်ဆေးထိုးဆေးတွေလို ဆေးသောက်ဖို့ ဆေးထိုးဖို့မေ့သွားမှာလည်း မပူရတော့ပါဘူး။
ဆိုးကျိုးတွေကရော?
- သားကြောဖြတ်တာဟာ လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါဘူး။ဒါကြောင့်ဒီရောဂါတွေကာကွယ်ဖို့အတွက် condom ကိုတော့သုံးရပါမယ်။
- သားကြောဖြတ်တာဟာ ကလေးပြန်ရဖို့ခက်ပါတယ်။သားကြောမဖြတ်ခင်မှာကာယကံရှင်အမျိုးသမီးဟာ ကလေးမယူတော့တာသေချာမှပြုလုပ်စေချင်ပါတယ်။ဖြတ်တောက်ထားတဲ့ပြွန်တွေကိုပြန်ဆက်အောင်လုပ်ရတာအောင်မြင်ဖို့ခက်ခဲပါတယ်။ကလေးမယူဖြစ်တော့တာ လုံးဝမသေချာသေးဘူးဆိုရင် သားကြောဖြတ်တဲ့နည်းနဲ့ သန္ဓေတားဖို့မရွေးသင့်ပါဘူး။
- ရှားရှားပါးပါးဖြစ်ခဲတာကတော့ သားကြောဖြတ်ပြီးမှ ကိုယ်ဝန်ရသွားတာပါ။ဖြတ်တောက်ထားတဲ့ပြွန်နှစ်ခုဟာ အခန့်မသင့်လို့ပြန်ဆက်သွားခဲ့တယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ဒီလိုဖြစ်ရင်ကိုယ်ဝန်ဟာသာမန်အတိုင်းမဟုတ်ဘဲ သားဥပြွန်လို သားဥအိမ်လိုနေရာမျိုးမှာ မှားပြီးသန္ဓေတည်ဖို့အခွင့်အလမ်းလည်းပိုများတတ်ပါတယ်။ဒါဟာ အသက်အန္တရာယ်ကိုဖြစ်စေတတ်လို့ သားကြောဖြတ်ထားတဲ့အမျိုးသမီးတစ်ဦး ရာသီမလာတာမျိုးဆို သတိထားသင့်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်တဲ့အခွင့်အလမ်းကတော့ အတော့်ကိုနည်းပါတယ်။သားကြောဖြတ်ထားတဲ့အမျိုးသမီးဟာ သားကြောဖြတ်တဲ့နည်းပေါ်မူတည်ပြီးနောက်တစ်ခါရာသီလာတဲ့အချိန်အထိ သို့မဟုတ် သုံးလအထိသန္ဓေတားဆေးတစ်မျိုးမျိုးကိုမှီဝဲဖို့လိုပါတယ်။ဖြတ်တောက်ထားတဲ့ သားဥပြွန်တွေ အနာကျက်စေဖို့ အချိန်ပေးရတာကြောင့်ဖြစ်ပါတယ်။
- သားကြောဖြတ်တာဟာလည်း အခြားခွဲစိတ်မှုများလိုပဲ ခန္ဓာကိုယ်အတွင်းသွေးယိုတာ ပိုးဝင်တာလိုမျိုးတွေလည်းဖြစ်တတ်ပါတယ်။
သားကြောဖြတ်တာနဲ့ပတ်သက်ပြီး အယူအဆတွေဖြစ်တဲ့ အကြောသေသွားတာ သွေးဆုံးကိုင်တယ်ဆိုတာတွေဟာမှားပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုထိန်းချုပ်တဲ့ oestrogen ဟော်မုန်းဟာ သားဥအိမ်ကထွက်တာဖြစ်ပြီး သားဥပြွန်နဲ့မသက်ဆိုင်လှပါဘူး။မြန်မာပြည်ကအမျိုးသမီးတော်တော်များများဟာ အသက်ကြီးမှသားကြောဖြတ်တတ်ကြတဲ့အတွက် သဘာဝအတိုင်းသွေးဆုံးကိုင်ချိန်ကို သားကြောဖြတ်ခြင်းကြောင့်လို့ အထင်မှားတတ်ကြတာဖြစ်ပါတယ်။
သားကြောဖြတ်တာဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး ရာနှုန်းပြည့်နီးပါးကိုယ်ဝန်တားနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ဒါပေမယ့် ကလေးပြန်ရအောင်လုပ်ဖို့ခက်တဲ့အတွက် သေချာမှသာ ဆုံးဖြတ်ချက်ချစေလိုပါတယ်။
ဒေါက်တာပွင့်ဖြိုးကျော်
အမ်ိဳးသမီးမ်ားသားေၾကာျဖတ္ျခင္း
အမ်ိဳးသမီးေတြသားေၾကာျဖတ္ၾကတယ္ဆိုတာ တစ္သက္တာကိုယ္ဝန္မရေအာင္ တားဆီးတဲ႔နည္းလမ္းပဲျဖစ္ပါတယ္။
ဘယ္သူေတြကိုျဖတ္ေပးသလဲ?
ျမန္မာျပည္မွာေတာ့ သားေၾကာျဖတ္ဖို႕ကိုေလွ်ာက္လႊာတင္ရပါတယ္။သတ္မွတ္ထားတဲ႔အသက္အရြယ္ ကေလးဦးေရနဲ႔ ခြဲစိတ္ေမြးဖြားထားတဲ႔အၾကိမ္ေရတို႕ကို ထည့္သြင္းစဥ္းစားပါတယ္။ေရာဂါအေျခအေနတစ္ခုခုအရ ကိုယ္ဝန္ေဆာင္ဖို႔မျဖစ္နိုင္တဲ႔အမ်ိဳးသမီးမ်ားကိုလည္း သားေၾကာျဖတ္ေပးေလ့ရွိပါတယ္။
ဘယ္လိုနည္းနဲ႔ ကိုယ္ဝန္မရေအာင္ တားဆီးတာလဲ?
သားေၾကာျဖတ္ျခင္းဟာ အမ်ိဳးသမီးရဲ႕သားဥနဲ႔အမ်ိဳးသားရဲ႕သုက္ပိုးတို႔ေတြ႕ဆံုမယ့္လမ္းေၾကာင္းကိုျဖတ္ေတာက္လိုက္တာပဲျဖစ္ပါတယ္။ဒီလမ္းေၾကာင္းဟာ သားဥျပြန္ျဖစ္တဲ႔အတြက္ သားေၾကာျဖတ္တဲ႔အခါ သားဥျပြန္နွစ္ဖက္လံုးကို ျဖတ္ေတာက္ျခင္း ပိတ္ဆို႕ျခင္းျပဳလုပ္ရပါတယ္။
ဘယ္လိုနည္းေတြနဲ႔သားေၾကာျဖတ္ၾကသလဲ?
ခြဲစိတ္တဲ႔နည္းရယ္ မခြဲစိတ္ဘဲသားေၾကာျဖတ္နည္းရယ္ဆိုျပီးရွိပါတယ္။
ျမန္မာျပည္မွာအသံုးမ်ားတြင္က်ယ္တာကေတာ့ ခြဲစိတ္ျပီးသားေၾကာျဖတ္နည္းပါ။ခြဲစိတ္တဲ႔အခါမွာလည္း ဝမ္းေခါင္းအတြင္းကိုမွန္ေျပာင္းနဲ႔ၾကည့္ရႈျပီး အေသးစားခြဲစိတ္မႈျပဳလုပ္တာရယ္ ရိုးရိုးရွင္းရွင္းဗိုက္ခြဲျပီးသားေၾကာျဖတ္တာရယ္ဆိုျပီးရွိပါတယ္။သားဥျပြန္ ႏွစ္ဖက္လံုးကို ခ်ည္ျပီးျဖတ္ေတာက္လိုက္ျခင္း သို႔မဟုတ္ ကလစ္/ညွပ္တစ္ခုခုနဲ႔ညွပ္ျပီးပိတ္ဆို႕လိုက္ျခင္းစသျဖင့္ နည္းအမ်ိဳးမ်ိဳးရွိပါတယ္။
ကေလးကိုခြဲစိတ္ေမြးဖြားရင္းတစ္ပါတည္းသားေၾကာျဖတ္နိုင္သလို ရိုးရိုးေမြးျပီးမွသားေၾကာသီးသန္႔ျဖတ္တာမ်ိဳးလည္း လုပ္နိုင္ပါတယ္။
မခြဲစိတ္ဘဲ သားေၾကာျဖတ္နည္းကေတာ့ အသံုးနည္းပါတယ္။ဒီနည္းကေတာ့ သားေၾကာျဖတ္မယ့္ကိရိယာတစ္ခုကို အမ်ိဳးသမီးရဲ႕ မိန္းမကိုယ္ကေနတစ္ဆင့္ သားအိမ္ထဲ သားအိမ္ကေန သားဥျပြန္ဆီေရာက္ေအာင္ ထည့္သြင္းရတာပဲျဖစ္ပါတယ္။ဒီနည္းနဲ႔ သားဥျပြန္ေတြကိုပိတ္ဆို႕လိုက္ျခင္းျဖင့္ သားေၾကာျဖတ္တဲ႔နည္းျဖစ္ပါတယ္။
သားေၾကာျဖတ္ျခင္းရဲ႕ေကာင္းက်ိဳးေတြကဘာေတြလဲ?
- ကိုယ္ဝန္မရေအာင္ ရာႏႈန္းျပည့္နီးပါးတားဆီးနိုင္ပါတယ္။
- ဒီသားဆက္ျခားနည္းက မိမိရဲ႕လိင္မႈဘဝကို မထိခိုက္နိုင္ပါဘူး။ဆိုလိုတာက လိင္ဆက္ဆံတဲ႔အခါတိုင္း ကိုယ္ဝန္ရသြားမွာစိုးေၾကာက္စိတ္ေတြ လိင္စိတ္အားနည္းတာေတြမျဖစ္ေစပါဘူး။
- သားေၾကာျဖတ္တာဟာ တျခားေသာက္ေဆး ထိုးေဆးေတြလို မိမိရဲ႕ခႏၶာကိုယ္ထဲမွ ေဟာ္မုန္းအတက္အက်ကို သက္ေရာက္မႈမျဖစ္ေစပါဘူး။
ရာသီပံုမွန္လာပါတယ္။ - ေသာက္ေဆးထိုးေဆးေတြလို ေဆးေသာက္ဖို႕ ေဆးထိုးဖို႕ေမ့သြားမွာလည္း မပူရေတာ့ပါဘူး။
ဆိုးက်ိဳးေတြကေရာ?
- သားေၾကာျဖတ္တာဟာ လိင္ကတစ္ဆင့္ကူးစက္နိုင္တဲ႔ေရာဂါေတြကိုမကာကြယ္နိုင္ပါဘူး။ဒါေၾကာင့္ဒီေရာဂါေတြကာကြယ္ဖို႕အတြက္ condom ကိုေတာ့သံုးရပါမယ္။
- သားေၾကာျဖတ္တာဟာ ကေလးျပန္ရဖုိ႕ခက္ပါတယ္။သားေၾကာမျဖတ္ခင္မွာကာယကံရွင္အမ်ိဳးသမီးဟာ ကေလးမယူေတာ့တာေသခ်ာမွျပဳလုပ္ေစခ်င္ပါတယ္။ျဖတ္ေတာက္ထားတဲ႔ျပြန္ေတြကိုျပန္ဆက္ေအာင္လုပ္ရတာေအာင္ျမင္ဖို႕ခက္ခဲပါတယ္။ကေလးမယူျဖစ္ေတာ့တာ လံုးဝမေသခ်ာေသးဘူးဆိုရင္ သားေၾကာျဖတ္တဲ႔နည္းနဲ႔ သေႏၶတားဖို႕မေရြးသင့္ပါဘူး။
- ရွားရွားပါးပါးျဖစ္ခဲတာကေတာ့ သားေၾကာျဖတ္ျပီးမွ ကိုယ္ဝန္ရသြားတာပါ။ျဖတ္ေတာက္ထားတဲ႔ျပြန္နွစ္ခုဟာ အခန္႔မသင့္လို႔ျပန္ဆက္သြားခဲ႔တယ္ဆိုရင္ ကို္ယ္ဝန္ရသြားနိုင္ပါတယ္။ဒီလိုျဖစ္ရင္ကိုယ္ဝန္ဟာသာမန္အတိုင္းမဟုတ္ဘဲ သားဥျပြန္လို သားဥအိမ္လိုေနရာမ်ိဳးမွာ မွားျပီးသေႏၶတည္ဖို႔အခြင့္အလမ္းလည္းပိုမ်ားတတ္ပါတယ္။ဒါဟာ အသက္္အႏၲရာယ္ကိုျဖစ္ေစတတ္လို႕ သားေၾကာျဖတ္ထားတဲ႔အမ်ိဳးသမီးတစ္ဦး ရာသီမလာတာမ်ိဳးဆို သတိထားသင့္ပါတယ္။ဒါေပမယ့္ ျဖစ္နိုင္တဲ႔အခြင့္အလမ္းကေတာ့ အေတာ့္ကိုနည္းပါတယ္။သားေၾကာျဖတ္ထားတဲ႔အမ်ိဳးသမီးဟာ သားေၾကာျဖတ္တဲ႔နည္းေပၚမူတည္ျပီးေနာက္တစ္ခါရာသီလာတဲ႔အခ်ိန္အထိ သို႔မဟုတ္ သံုးလအထိသေႏၶတားေဆးတစ္မ်ိဳးမ်ိဳးကိုမွီဝဲဖို႔လိုပါတယ္။ျဖတ္ေတာက္ထားတဲ႔ သားဥျပြန္ေတြ အနာက်က္ေစဖို႕ အခ်ိန္ေပးရတာေၾကာင့္ျဖစ္ပါတယ္။
- သားေၾကာျဖတ္တာဟာလည္း အျခားခြဲစိတ္မႈမ်ားလိုပဲ ခႏၶာကိုယ္အတြင္းေသြးယိုတာ ပိုးဝင္တာလိုမ်ိဳးေတြလည္းျဖစ္တတ္ပါတယ္။
သားေၾကာျဖတ္တာနဲ႔ပတ္သက္ျပီး အယူအဆေတြျဖစ္တဲ႔ အေၾကာေသသြားတာ ေသြးဆံုးကိုင္တယ္ဆိုတာေတြဟာမွားပါတယ္။အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကိုထိန္းခ်ဳပ္တဲ႔ oestrogen ေဟာ္မုန္းဟာ သားဥအိမ္ကထြက္တာျဖစ္ျပီး သားဥျပြန္နဲ႔မသက္ဆိုင္လွပါဘူး။ျမန္မာျပည္ကအမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ အသက္ၾကီးမွသားေၾကာျဖတ္တတ္ၾကတဲ႔အတြက္ သဘာဝအတိုင္းေသြးဆံုးကိုင္ခ်ိန္ကို သားေၾကာျဖတ္ျခင္းေၾကာင့္လုိ႔ အထင္မွားတတ္ၾကတာျဖစ္ပါတယ္။
သားေၾကာျဖတ္တာဟာ ေဘးထြက္ဆိုးက်ိဳးနည္းျပီး ရာႏႈန္းျပည့္နီးပါးကို္ယ္ဝန္တားနိုင္တဲ႔နည္းလမ္းျဖစ္ပါတယ္။ဒါေပမယ့္ ကေလးျပန္ရေအာင္လုပ္ဖို႔ခက္တဲ႔အတြက္ ေသခ်ာမွသာ ဆံုးျဖတ္ခ်က္ခ်ေစလိုပါတယ္။
ေဒါက္တာပြင့္ၿဖိဳးေက်ာ္