အမျိုးသမီးများရဲ့ ဘဝကိုခြယ်လှယ်နေသော် ဟော်မုန်းများ

ဟော်မုန်းဓာတ်ဆိုတာ ယောင်္ကျား၊ မိန်းမ မရွေးခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာ လုပ်ဆောင်နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အစိတ်အပိုင်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးတဲ့ဆက်သားတွေလိုတယ်။

အဲ့ဒီလိုအရေးပါတဲ့ဟော်မုန်းတွေထဲကမှ အမျိုးသမီးများရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အင်မတန်အရေးပါတဲ့ ဟော်မုန်းတွေအနေနဲ့ Oestrogen နဲ့ progesterone ဆိုတဲ့ ဟော်မုန်းနှစ်ခုက ရှေ့တန်းကျကျ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Oestrogen ဆိုတာဘာလဲ?

Oestrogen ဆိုတာကတော့ အဓိကအားဖြင့် အမျိုးသမီးများရဲ့ သားဥအိမ် (ovary) ကနေ အများဆုံး ထုတ်လုပ်ပါတယ်။ ပမာဏအနည်းငယ်ကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့အချင်းကထုတ်ပါတယ်။ အမျိုးသမီးများ အပျိုဖော်ဝင်ပြီးရင်အများဆုံးထွက်ရှိပြီး သွေးဆုံးချိန်မှာလျော့နည်းသွားပါတယ်။

Oestrogen ကအမျိုးသမီးကိုယ်အင်္ဂါရပ်တွေ (ဥပမာ- ရင်သား၊ သားအိမ်အစရှိတာတွေကို ဖွံ့ဖြိုးစေဖို့လုပ်ဆောင်ပေးသလို ဓမ္မတာလာအောင်လဲ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အရိုးပါးအရိုးပွခြင်းကိုကာကွယ်ရုံမက အရိုးဖွဲ့စည်းမှုကိုလည်းအားပေးပါတယ်။ ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ cholesterol တွေကျစေပြီး ကောင်းတဲ့ cholesterol တွေတက်စေပါတယ်။
သွေးဆုံးသွားတဲ့အချိန်မှာ Oestrogen ထွက်တဲ့နှုန်းလျော့ကျသွားလို့ အမျိုးသမီးတွေ အရိုးပွ၊ အရိုးကျိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ သွေးဆုံးချိန်မှာစိတ်ဂဏာမငြိမ်ဖြစ်တာတွေဟာ Oestrogen လျော့နည်းလာခြင်းရဲ့အကျိုးဆက်များပါ။

Progesterone ကကော?

Progesterone ဆိုတာကလည်း Oestrogen နည်းတူအရေးပါတဲ့နေရာယူထားပါတယ်။ အရေးအပါဆုံးလုပ်ဆောင်ချက်အနေနဲ့ကတော့ သန္ဓေတည်ဖို့နဲ့ သန္ဓေကောင်းစွာဖွံ့ဖြိုးဖို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ Progesterone ကသားအိမ်ရဲ့နံရံတွေကိုထူစေပြီး သန္ဓေသားလောင်းကပ်တွယ်နိုင်ဖို့ အထူးလိုအပ်တဲ့ အာဟာရတွေထွက်အောင် လှုံ့ဆော်ပေးပါတယ်။ ဓမ္မတာမလာခင်မှာ Oestrogen ရော progesterone ရောဟာ သားအိမ်နံရံမှာ သန္ဓေသားကပ်တွယ်ဖို့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပေးထားပါတယ်။ သန္ဓေသားရောက်မလာရင်တော့ Oestrogen နဲ့ progesterone ပမာဏကျသွားပြီး ဓမ္မတာလာပါတယ်။

ကိုယ်ဝန်ရှိခဲ့ပြီဆိုရင်တော့ progesterone ပမာဏဟာ ကိုယ်ဝန်ဆောင်ချိန်မှာ များသထက်များပြီး သန္ဓေသားကပ်တွယ်ဖို့တင်မက Oestrogen နဲ့ပေါင်းပြီး ဓမ္မတာမလာအောင် တားဆီးပေးပါတယ်။ ဓမ္မတာများလာခဲ့ရင် ကိုယ်ဝန်ပျက်ကျမှာမို့လို့ ကာကွယ်ပေးထားတာပေါ့။

Oestrogen နဲ့ progesterone ကိုပူးတွဲပြီး အမျိုးသမီးများ ကျန်းမာရေးအတွက် အသုံးပြုလို့လဲရပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်ပေါ်တတ်တဲ့ရောဂါလက္ခဏာတွေအတွက် ဟော်မုန်းအစားထိုးကုသနည်း (Hormonal Replacement Therapy) မှာ Oestrogen ကမပါမဖြစ်ပါ။ ဒါ့အပြင် ကိုယ်ဝန်တားဆေးမှာလဲ Oestrogen နဲ့ progesterone ကပါဝင်ပါတယ်။

သုတေသနအများစုကတော့ အမျိုးသမီးများရဲ့ဘဝကို Oestrogen နဲ့ progesterone ကခြယ်လှယ်နေတယ်လို့ လက်ခံထားကြပါတယ်။ ဒါကြောင့်မို့ ဟော်မုန်းဓာတ်တွေက အမျိုးသမီးများအတွက အင်မတန်အရေးကြီးတာဖြစ်ပါတယ်။

Dr. ZZ

အမ်ိဳးသမီးမ်ားရဲ့ ဘ၀ကိုျခယ္လွယ္ေနေသာ္ ေဟာ္မုန္းမ်ား

ေဟာ္မုန္းဓာတ္ဆိုတာ ေယာက်ၤား၊ မိန္းမ မေရြးခႏၶာကိုယ္ရဲ႕လုပ္ငန္းေဆာင္တာ လုပ္ေဆာင္နိုင္ဖို႔အတြက္ မရွိမျဖစ္အေရးပါတဲ႔ ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ေဟာ္မုန္းေတြဟာ ခႏၶာကိုယ္ရဲ႕ အေရးပါတဲ႔လုပ္ငန္းေတြ လုပ္ေဆာင္ရာမွာ အစိတ္အပိုင္းတစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ေပးတဲ႔ဆက္သားေတြလိုတယ္။

အဲ႔ဒီလိုအေရးပါတဲ႔ေဟာ္မုန္းေတြထဲကမွ အမ်ိဳးသမီးမ်ားရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြအတြက္ အင္မတန္အေရးပါတဲ႔ ေဟာ္မုန္းေတြအေနနဲ႔ Oestrogen နဲ႔ progesterone ဆိုတဲ႔ ေဟာ္မုန္းႏွစ္ခုက ေရွ႕တန္းက်က် လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

Oestrogen ဆိုတာဘာလဲ?

Oestrogen ဆိုတာကေတာ႔ အဓိကအားျဖင္႔ အမ်ိဳးသမီးမ်ားရဲ႕ သားဥအိမ္ (ovary) ကေန အမ်ားဆံုး ထုတ္လုပ္ပါတယ္။ ပမာဏအနည္းငယ္ကိုေတာ႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ရဲ႕အခ်င္းကထုတ္ပါတယ္။ အမ်ိဳးသမီးမ်ား အပ်ိဳေဖာ္ဝင္ၿပီးရင္အမ်ားဆံုးထြက္ရွိၿပီး ေသြးဆံုးခ်ိန္မွာေလ်ာ႔နည္းသြားပါတယ္။

Oestrogen ကအမ်ိဳးသမီးကိုယ္အဂၤါရပ္ေတြ (ဥပမာ- ရင္သား၊ သားအိမ္အစရွိတာေတြကို ဖြံ႕ၿဖိဳးေစဖို႔လုပ္ေဆာင္ေပးသလို ဓမၼတာလာေအာင္လဲ လုပ္ေဆာင္ေပးပါတယ္။ ဒါ႔အျပင္ အရိုးပါးအရိုးပြျခင္းကိုကာကြယ္ရံုမက အရိုးဖြဲ႕စည္းမႈကိုလည္းအားေပးပါတယ္။ ခႏၶာကိုယ္အတြင္း မေကာင္းတဲ႔ cholesterol ေတြက်ေစၿပီး ေကာင္းတဲ႔ cholesterol ေတြတက္ေစပါတယ္။
ေသြးဆံုးသြားတဲ႔အခ်ိန္မွာ Oestrogen ထြက္တဲ႔ႏႈန္းေလ်ာ႔က်သြားလို႔ အမ်ိဳးသမီးေတြ အရိုးပြ၊ အရိုးက်ိဳးတာ၊ ႏွလံုးေသြးေၾကာက်ဥ္းတာ ေသြးဆံုးခ်ိန္မွာစိတ္ဂဏာမၿငိမ္ျဖစ္တာေတြဟာ Oestrogen ေလ်ာ႔နည္းလာျခင္းရဲ႕အက်ိဳးဆက္မ်ားပါ။

Progesterone ကေကာ?

Progesterone ဆိုတာကလည္း Oestrogen နည္းတူအေရးပါတဲ႔ေနရာယူထားပါတယ္။ အေရးအပါဆံုးလုပ္ေဆာင္ခ်က္အေနနဲ႔ကေတာ႔ သေႏၶတည္ဖို႔နဲ႔ သေႏၶေကာင္းစြာဖြံ႕ၿဖိဳးဖို႔ေဆာင္ရြက္ေပးတာျဖစ္ပါတယ္။ Progesterone ကသားအိမ္ရဲ႕နံရံေတြကိုထူေစၿပီး သေႏၶသားေလာင္းကပ္တြယ္နိုင္ဖို႔ အထူးလိုအပ္တဲ႔ အာဟာရေတြထြက္ေအာင္ လႈံ႕ေဆာ္ေပးပါတယ္။ ဓမၼတာမလာခင္မွာ Oestrogen ေရာ progesterone ေရာဟာ သားအိမ္နံရံမွာ သေႏၶသားကပ္တြယ္ဖို႔ အဆင္သင္႔ျဖစ္ေအာင္ျပင္ဆင္ေပးထားပါတယ္။ သေႏၶသားေရာက္မလာရင္ေတာ႔ Oestrogen နဲ႔ progesterone ပမာဏက်သြားၿပီး ဓမၼတာလာပါတယ္။

ကုိယ္ဝန္ရွိခဲ႔ၿပီဆိုရင္ေတာ႔ progesterone ပမာဏဟာ ကုိယ္ဝန္ေဆာင္ခ်ိန္မွာ မ်ားသထက္မ်ားၿပီး သေႏၶသားကပ္တြယ္ဖို႔တင္မက Oestrogen နဲ႔ေပါင္းၿပီး ဓမၼတာမလာေအာင္ တားဆီးေပးပါတယ္။ ဓမၼတာမ်ားလာခဲ႔ရင္ ကုိယ္ဝန္ပ်က္က်မွာမို႔လို႔ ကာကြယ္ေပးထားတာေပါ႔။

Oestrogen နဲ႔ progesterone ကိုပူးတြဲၿပီး အမ်ိဳးသမီးမ်ား က်န္းမာေရးအတြက္ အသံုးျပဳလို႔လဲရပါတယ္။ ေသြးဆံုးခ်ိန္မွာ ျဖစ္ေပၚတတ္တဲ႔ေရာဂါလကၡဏာေတြအတြက္ ေဟာ္မုန္းအစားထိုးကုသနည္း (Hormonal Replacement Therapy) မွာ Oestrogen ကမပါမျဖစ္ပါ။ ဒါ႔အျပင္ ကိုယ္ဝန္တားေဆးမွာလဲ Oestrogen နဲ႔ progesterone ကပါဝင္ပါတယ္။

သုေတသနအမ်ားစုကေတာ႔ အမ်ိဳးသမီးမ်ားရဲ႕ဘဝကို Oestrogen နဲ႔ progesterone ကျခယ္လွယ္ေနတယ္လို႔ လက္ခံထားၾကပါတယ္။ ဒါေၾကာင္႔မို႔ ေဟာ္မုန္းဓာတ္ေတြက အမ်ိဳးသမီးမ်ားအတြက အင္မတန္အေရးႀကီးတာျဖစ္ပါတယ္။

Dr. ZZ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *