အမျိုးသမီးသုံး ကွန်ဒုံး

ကိုယ်ဝန်တားနည်းတွေထဲကမှ ဇနီးမောင်နံှတွေ အသုံးပြုကြတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်…ထို့ပြင် ယခုခေတ်ကာလအရ ချစ်သူရည်းစားတွေမှာ ပိုပွင့်လင်းရဲတင်းလာကြတာမို့ အချစ်နှယ်ကွံျခြင်း(သို့)ကာမဆက်ဆံခြင်း အရာမြောက်ကြတဲ့အထိ ရှိပါတယ်…ဒီအခါမှာ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် ကာကွယ်တဲ့ နည်းလမ်းတွေထဲမှာ အမျိုးသမီးသုံးကွန်ဒုံး(female condom diaphragm ) လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်…..

အမျိုးသမီးသုံး ကွန်ဒုံးဆိုတာ…

အလွှာပါး ဆီလီကွန်နဲ့ ပြုလုပ်ထားပြီး ခပ်တိမ်တိမ် ခွက်ပုံစံလေးတစ်ခုပါ…. ထိုပစ္စည်းအား မိန်းမကိုယ်ထဲ ထည့်ကာ သားအိမ်ခေါင်းအဝထဲသို့ သုတ်ပိုးများ မဝင်စေရန် ကာကွယ်ပေးတဲ့ သန္ဓေတားပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်.. ” အမျိုးသားသုံး ကွန်ဒုံးကဲ့သို့ မဟုတ်ပဲ ပြန်လည်အသုံး ပြုလို့ရသော ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်”

ဘယ်လို အသုံးပြုပါလိမ့် ?

” အသုံးမပြုခင်မှာ ဆရာဝန် (သို့) နာ့စ် ဆီမှ အသုံးပြုနည်းကို သေချာ သင်ယူပါ.. မိမိကိုယ်တိုင် လေ့ကျင့်ပါ.. ပြီးမှ သေချာစွာ ထည့်သွင်း အသုံးပြုသင့်ပါတယ်… ဒ့ါပြင် ဘူးအခွံမှ အသုံးပြုနည်းကိုလည်း သေချာဖတ်ပြီး သုံးပါ”… မှားယွင်းသော အသုံးပြုပုံကြောင့် ကိုယ်ဝန်ရသွားနိုင်လို့ပါ..

ပထမဆုံး မိမိ၏ လက်ကို သန့်စင်အောင် ဆေးကြောပါ

spermicide လို့ခေါ်တဲ့ သုတ်ပိုးကို သေစေတဲ့ cream သို့ gel အနည်းငယ်ကို အမျိုးသမီးသုံးကွန်ဒုံးခွက်ကလေးထဲသို့ ထည့်ပါ

သက်တောင့်သက်သာအနေအထား ဥပမာ – ဆောင့်ကြောင့်ထိုင်းခြင်း သို့ လှဲလျောင်းခြင်း ပုံစံရှိပါစေ…လစဉ်သုံးပစ္စည်းtampon ထည့်သကဲ့သို့ မှတ်ယူလို့ရပါတယ်

လက်တစ်ဖက်မှ မိန်းမကိုယ်အဝကို သေချာဖြဲထားပါ.. ကျန်လက်တစ်ဖက်မှ ခေါက်ထားသော diaphragm၏ထိပ်အနားဝိုင်းလေးကို ညစ်ထားပြီး အထဲသို့ ထည့်ပါ..

မိန်းမကိုယ်ထဲရောက်နိုင်သမျှထိ ထည့်ပါ. ခွက်ကလေးဟာ အောက်ဖက်စိုက် အနေအထားလေး ဖြစ်နေပါ့လိမ့်မယ်…ဘေးအနားများကို ဆီးခုံရိုးနောက်ထဲသို့ တွန်းပါ… သားအိမ်ခေါင်းအဝကို သေချာ ဖုံးအုပ်မိရပါမည်…

လိင်မဆက်ဆံခင် နှစ်နာရီလောက်ကရင်း ထိုပစ္စည်းကို ထည့်ထားလို့ရပါတယ်.. အကယ်၍များ နှစ်နာရီအထက်ကျော်သွားလျှင် သုတ်ပိုးကိုသေစေသာ spermicide gel ကို ထည့်ဖြည့်သင့်ပါတယ်… ထိုပစ္စည်းအား ပြန်မထုတ်ခင် ထပ်မံ လိင်ဆက်ဆံလျှင်လည်း မိန်းမကိုယ်ထဲသို့ spermicide gel ထပ်ထည့်ကာ အသုံးပြုနိုင်ပါတယ်..

မိန်းမကိုယ်ထဲမှာ ခြောက်နာရီကြာလောက် အသုံးပြုနိင်ပါတယ်.. ထိုပစ္စည်းကို မိန်းမကိုယ်ထဲတွင် ၂၄ နာရီထပ် ပိုမထားမိပါစေနှင့်… ထပ်မံလိင်ဆက်ဆံလျှင် ပစ္စည်းအသစ်ကို အသုံးပြုသင့်ပါတယ်..

” ပြန်ထုတ်ပါက ခွက်၏ အနားစကို လက်ဖြင့် ဖြည်းညင်းစွာ ကုတ်ယူပြီး အပြင်ကို ထုတ်လို့ရပါတယ်”…

ပြန်လည်အသုံးပြုရန်…….

ထုတ်ယူပြီးပါက ထိုပစ္စည်းကို ရေနွေး၊ ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ..

  • အခြောက်ခံပါ…
  • powder မဖြန်းပါနဲ့.. တခြားသော ရောဂါပိုးမွှားများ ဝင်နိုင်ပါတယ်..
  • သန့်ရှင်းသော နေရာတွင်သိမ်းပါ.. အပူကဲသော နေရာ (သို့) နေရောင်တိုက်ရိုက်မထိပါစေနဲ့
  • ပြီးလျှင် ထိုပစ္စည်းတွင် အပေါက်အပြဲ ရှိသလား? လျော့ရဲနေသလား ? အစရှိသည်ကို ရေထည့်၍ စမ်းသပ်လို့ရပါတယ်.. အကယ်၍ စိတ်မချရပါက အသစ်တစ်ခု အသုံးပြုရပါမယ်.. အသုံးပြုရင် ခက်ခဲသေးပါက တခြားသော အမျိုးသားသုံး ကွန်ဒုံး (သို့) တားဆေး တစ်ခုခု ကို သုံးထားသင့်ပါတယ်…ဤနည်းအားဖြင့် မလိုအပ်သော ကိုယ်ဝန်ကို တားနိုင်ပါတယ်..

ဒါဆိုရင် အမျိုးသမီးတို့ အနေဖြင့် ဘယ်လိုအသုံးပြုရမည်ကို ဗဟုသုတ အဖြစ် သိရပြီမို့ ကျေနပ်ကြမည် ထင်ပါတယ်

female condom diaphragm ရဲ့ ကောင်းကျိုး ဆိုးကျိုးများ နဲ့ အသုံးဝင်ပုံများကိုတော့ အပိုင်း(၂) အနေနဲ့ ဆက်လက်ရေးသားသွားမှာမို့ စောင့်မျှော်ဖတ်ရှုကြပါဦးနော်….

ကျန်းမာလှပ အမျိုးသမီးဘဝ

ပိုင်နီမောင်
အမျိုးသမီးသုံး ကွန်​ဒုံး အပိုင်း(၁)

ကိုယ်​ဝန်​တားနည်း​တွေထဲကမှ ဇနီး​မောင်​နှံ​တွေ အသုံးပြုကြတဲ့နည်းလမ်း​တွေ အများကြီးရှိပါတယ်​…ထို့ပြင်​ ယခု​ခေတ်​ကာလအရ ချစ်သူရည်းစား​တွေမှာ ပိုပွင့်​လင်းရဲတင်းလာကြတာမို့ အချစ်​နှယ်​ကျွံခြင်း(သို့)ကာမဆက်​ဆံခြင်း အရာ​မြောက်​ကြတဲ့အထိ ရှိပါတယ်​…ဒီအခါမှာ မဖြစ်​သင့်​တာ​တွေ မဖြစ်​ရ​လေ​အောင်​ ကာကွယ်​တဲ့ နည်းလမ်း​တွေထဲမှာ အမျိုးသမီးသုံးကွန်​ဒုံး(female condom diaphragm ) လည်း တစ်​ခု အပါအဝင်​ ဖြစ်​ပါတယ်​…..













ပြန်​လည်​အသုံးပြုရန်​…….


  • အ​ခြောက်​ခံပါ…




ပိုင်​နီ​မောင်

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *