ဖျားနာနေတဲ့ ရင်သွေးလေးကို ဘာတွေဘယ်လိုကျွေးကြမလဲ?

ကလေးငယ်တွေဖျားနာရင် စိတ်အညစ်ရဆုံးဟာ မေမေတွေဖြစ်မှာပါပဲ။ဖျားနေလို့ ခံတွင်းပျက်နေတဲ့ကလေးကို အစာကျွေးရခက်တာ ဘာကျွေးရမှန်းမသိတာ မကျွေးသင့်တာကျွေးမိမှာတွေကြောင့် မေမေတို့ စိုးရိမ်ပူပန်တတ်ကြပါတယ်။

ကလေးငယ်တော်တော်များများဟာ နေကောင်းလာပြီဆိုတာနဲ့ ခံတွင်းပြန်လိုက်လာတတ်တဲ့အတွက် နေမကောင်းတဲ့အခိုက်အတန့်လေးမှာ မေမေတို့အနေနဲ့စိတ်ရှည်ကြံ့ခိုင်ဖို့လိုပါတယ်။

(၁)အရည်များများဝင်ပါစေ။

ကိုယ်ပူတာ ဝမ်းလျှောတာ နှာရည်ယိုအအေးမိတာ စတဲ့ကလေးငယ်တွေအဖြစ်များတဲ့ရောဂါတွေမှာ ရေဓာတ်ဆုံးရှုံးမှုဟာ များတတ်ပါတယ်။မေမေတို့အနေနဲ့ အရည်များများဝင်အောင်တိုက်တဲ့နေရာမှာ နို့စိုးတဲ့ကလေးငယ်ဆို နို့များများစို့စေတာ ဖြည့်စွက်စာ သို့မဟုတ် ပုံမှန်အစားအစာစားကျွေးနေကျကလေးတွေအတွက် သစ်သီးဖျော်ရည် ကျဲကျဲတိုက်ပေးတာ ဆူပွက်အောင်ကျိုချက်ပြီးအအေးခံထားတဲ့ရေကို များများတိုက်ပေးတာတွေလုပ်ရပါမယ်။ဝမ်းလျှောတဲ့ကလေးမျိုးဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဓာတ်ဆားရည်တိုက်နိုင်ပါတယ်။

(၂)သူကြိုက်တာစားပါစေ။

မေမေတို့ရဲ့ တစ်နေ့ကို ဘာကိုဘယ်လောက်ကျွေးရမယ်ဆိုတဲ့ အာဟာရရည်မှန်းချက်တွေ ခဏမေ့လိုက်ပါ။ဖျားနာနေတဲ့အချိန်မှာ ကလေးငယ်ဟာ ခံတွင်းပျက်နေတဲ့ သူတောင့်တတဲ့အစာကို မညည်းမညူလုပ်ကျွေးဖို့ပါပဲ။ဝေဒနာကိုပိုဆိုးစေမယ့်အစားအစာမဟုတ်ရင် ဒီအချိန်မှာကလေးရဲ့အာသီသကို ဦးစားပေးလိုက်ပါ။

(၃)သူ့ကို အတင်းမကျွေးပါနဲ့။

မေမေတို့ကစိုးရိမ်စိတ်နဲ့ အတင်းအကြပ်ကျွေးတတ်ကြပါတယ်။ကလေးတွေလည်း လူကြီးတွေလိုပဲ ဖျားနေတဲ့အချိန်မှာ ခံတွင်းပျက်တတ်ကြပါတယ်။အစာကို နည်းနည်းစီ ခဏခဏချော့ကျွေးတာမျိုးလုပ်သင့်ပါတယ်။

နှာစေးချောင်းဆိုးအအေးမိဝေဒနာမျိူ းမှာ အရည်များများတိုက်ပါ။ဗီတာမင် စီပါတဲ့ အသီးအနှံတွေ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထည့်ကျွေးပါ။အမေနို့ကလွဲလို့ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုမကျွေးသင့်ပါ။ဒါတွေကချွဲပိုကျပ်စေပါတယ်။ကြက်သွန်ဖြူ /နီတွေမှာ Virus ပိုးတွေကို တိုက်ခိုက်နိုင်တဲ့အစွမ်းရှိတာကြောင့် အစားအသောက်ထဲထည့်ကျွေးသင့်ပါတယ်။

ဝမ်းလျှောတဲ့ကလေးတွေဆို အရည်များများဝင်အောင်တိုက်ရပါမယ်။အဖတ်မစားချင်ရင် အတင်းမကျွေးပါနဲ့။အစာအိမ်နဲ့အူလမ်းကြောင်းကို သက်တောင့်သက်သာရှိစေမယ့် အစာပျော့ပျော့လေးတွေကျွေးနိုင်ပါတယ်။သကြားပါတဲ့ အချိုရည်တွေဟာ ဝမ်းပိုလျှောစေလို့ ရှောင်သင့်ပါတယ်။

Dr.Pwint Phyo Kyaw

ဖ်ားနာေနတဲ႔ ရင္ေသြးေလးကို ဘာေတြဘယ္လိုေကြ်းၾကမလဲ?

ကေလးငယ္ေတြဖ်ားနာရင္ စိတ္အညစ္ရဆံုးဟာ ေမေမေတြျဖစ္မွာပါပဲ။ဖ်ားေနလို႔ ခံတြင္းပ်က္ေနတဲ႔ကေလးကို အစာေကြ်းရခက္တာ ဘာေကြ်းရမွန္းမသိတာ မေကြ်းသင့္တာေကြ်းမိမွာေတြေၾကာင့္ ေမေမတုိ႔ စိုးရိမ္ပူပန္တတ္ၾကပါတယ္။

ကေလးငယ္ေတာ္ေတာ္မ်ားမ်ားဟာ ေနေကာင္းလာျပီဆိုတာနဲ႔ ခံတြင္းျပန္လိုက္လာတတ္တဲ႔အတြက္ ေနမေကာင္းတဲ႔အခိုက္အတန္႔ေလးမွာ ေမေမတို႕အေနနဲ႔စိတ္ရွည္ၾကံ့ခိုင္ဖို႕လိုပါတယ္။

(၁)အရည္မ်ားမ်ားဝင္ပါေစ။

ကိုယ္ပူတာ ဝမ္းေလ်ွာတာ ႏွာရည္ယိုအေအးမိတာ စတဲ႔ကေလးငယ္ေတြအျဖစ္မ်ားတဲ႔ေရာဂါေတြမွာ ေရဓာတ္ဆံုးရႈံးမႈဟာ မ်ားတတ္ပါတယ္။ေမေမတို႔အေနနဲ႔ အရည္မ်ားမ်ားဝင္ေအာင္တိုက္တဲ႔ေနရာမွာ နို႕စိုးတဲ႔ကေလးငယ္ဆို နုိ႕မ်ားမ်ားစို႔ေစတာ ျဖည့္စြက္စာ သို႔မဟုတ္ ပံုမွွန္အစားအစာစားေကြ်းေနက်ကေလးေတြအတြက္ သစ္သီးေဖ်ာ္ရည္ က်ဲက်ဲတိုက္ေပးတာ ဆူပြက္ေအာင္က်ိဳခ်က္ျပီးအေအးခံထားတဲ႔ေရကို မ်ားမ်ားတိုက္ေပးတာေတြလုပ္ရပါမယ္။ဝမ္းေလွ်ာတဲ႔ကေလးမ်ိဳးဆိုရင္ ဆရာဝန္ညႊန္ၾကားတဲ႔အတိုင္း ဓာတ္ဆားရည္တိုက္နိုင္ပါတယ္။

(၂)သူၾကိဳက္တာစားပါေစ။

ေမေမတုိ႔ရဲ႕ တစ္ေန႕ကို ဘာကိုဘယ္ေလာက္ေကြ်းရမယ္ဆိုတဲ႔ အာဟာရရည္မွန္းခ်က္ေတြ ခဏေမ့လိုက္ပါ။ဖ်ားနာေနတဲ႔အခ်ိန္မွာ ကေလးငယ္ဟာ ခံတြင္းပ်က္ေနတဲ႔ သူေတာင့္တတဲ႔အစာကို မညည္းမညဴလုပ္ေကြ်းဖို႔ပါပဲ။ေဝဒနာကိုပိုဆိုးေစမယ့္အစားအစာမဟုတ္ရင္ ဒီအခ်ိန္မွာကေလးရဲ႕အာသီသကို ဦးစားေပးလိုက္ပါ။

(၃)သူ႕ကို အတင္းမေကြ်းပါနဲ႔။

ေမေမတို႕ကစိုးရိမ္စိတ္နဲ႔ အတင္းအၾကပ္ေကြ်းတတ္ၾကပါတယ္။ကေလးေတြလည္း လူၾကီးေတြလိုပဲ ဖ်ားေနတဲ႔အခ်ိန္မွာ ခံတြင္းပ်က္တတ္ၾကပါတယ္။အစာကို နည္းနည္းစီ ခဏခဏေခ်ာ့ေကြ်းတာမ်ိဳးလုပ္သင့္ပါတယ္။

ႏွာေစးေခ်ာင္းဆိုးအေအးမိေဝဒနာမ်ိဴ းမွာ အရည္မ်ားမ်ားတိုက္ပါ။ဗီတာမင္ စီပါတဲ႔ အသီးအႏွွံေတြ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြထည့္ေကြ်းပါ။အေမနို႔ကလြဲလို႔ နို႕နဲ႔နို႕ထြက္ပစၥည္းေတြကိုမေကြ်းသင့္ပါ။ဒါေတြကခြ်ဲပိုက်ပ္ေစပါတယ္။ၾကက္သြန္ျဖဴ /နီေတြမွာ Virus ပိုးေတြကို တိုက္ခိုက္နိုင္တဲ႔အစြမ္းရွိတာေၾကာင့္ အစားအေသာက္ထဲထည့္ေကြ်းသင့္ပါတယ္။

ဝမ္းေလ်ွာတဲ႔ကေလးေတြဆို အရည္မ်ားမ်ားဝင္ေအာင္တိုက္ရပါမယ္။အဖတ္မစားခ်င္ရင္ အတင္းမေကြ်းပါနဲ႔။အစာအိမ္နဲ႔အူလမ္းေၾကာင္းကို သက္ေတာင့္သက္သာရွိေစမယ့္ အစာေပ်ာ့ေပ်ာ့ေလးေတြေကြ်းနိုင္ပါတယ္။သၾကားပါတဲ႔ အခ်ိဳရည္ေတြဟာ ဝမ္းပိုေလ်ွာေစလို႔ ေရွာင္သင့္ပါတယ္။

Dr.Pwint Phyo Kyaw

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *