စမျဉ်းခံခြင်းနှင့် ကျန်းမာရေး

စမျဉ်းခံတယ်ဆိုတာ လူအများစုဖြစ်ဖူးချင်မှဖြစ်ဖူးပါလိမ့်မယ်။ များသောအားဖြင့် ဝမ်းချုပ်တာ၊ ဝမ်းသွားရခက်တာတွေနဲ့ပဲ ပျောက်ကင်းသွားပြီး စမျဉ်းခံတဲ့အထိမဖြစ်တာလည်းရှိပါတယ်။ စမျဉ်းခံတယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်နိုင်သလို ကြာလေရောဂါကပိုဆိုးနိုင်လေဖြစ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ များသောအားဖြင့် လူကြီးတွေ၊ နာတာရှည်ရောဂါနဲ့အိပ်ရာထဲ လဲနေသူတွေမှာအဖြစ်များတတ်တယ်ဆိုပေမယ့် ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။

စမျဉ်းခံတာရဲ့ အဖြစ်များစေတဲ့အကြောင်းတစ်ခုကတော့ ဝမ်းချုပ်တာပါ။ ဝမ်းတစ်ခါနှစ်ခါချုပ်တာနဲ့မဖြစ်နိုင်ပေမယ့် ဝမ်းချုပ်တာကြာလာရင်တော့ ဝမ်းထဲမှာပါတဲ့ ရေဓာတ်တွေကိုအူနံရံတွေကစုပ်ယူပြီး ဝမ်းကမာကျစ်လာပါတယ်။ ဝမ်းကမာလေ ဝမ်းမသွားလေဖြစ်ပြီး နောက်ပိုင်းဝမ်းကမာပြီးတော့ စမျဉ်းခံတဲ့အထိဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးတွေအကြာကြီးသုံးတာ သောက်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဝမ်းအနည်းငယ်ချုပ်တာနဲ့ ဝမ်းနှုတ်ဆေးသောက်လိုက်တာဟာ လတ်တလောအခြေအနေကို ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ရေရှည်အတွက်တော့ အဖြေမဟုတ်ပါဘူး။ အဲဒီလိုဖြေရှင်းနေတာကနေ ကြာလာတဲ့အခါ ဆေးမသောက်ရင်ဝမ်းမသွားနိုင်တော့ပဲ စမျဉ်းခံတတ်ပါတယ်။ အခြားအကြောင်းအရာတွေအနေနဲ့ကတော့ ရေသောက်နည်းတာ၊ အမျှင်ဓာတ်အစားနည်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့တော့ ဗိုက်နာဗိုက်အောင့်တာ၊ သရိုးသရီဖြစ်တာ၊ ပျို့အန်တာ၊ လေနာထတာ စတာတွေဖြစ်နိုင်သလိုရောဂါရဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဖျားတာ၊ ရေဓာတ်ခန်းခြောက်လာတာ၊ မလှုပ်ချင်မရှားချင်ဖြစ်တာ၊ မအီမလည်ဖြစ်တာတွေနဲ့ပါတွဲနေနိုင်ပါတယ်။
စမျဉ်းခံနေလားသိချင်ရင်တော့ ဆေးရုံဆေးခန်းတွေမှာစမ်းသပ်ရမှာဖြစ်ပ်တယ်။ လက်ကိုထုံဆေးလိမ်းပြီးစအိုထဲကိုနှိုက်ပြီးစမ်းသပ်လို့ရသလို စအိုကနေမှန်ပြောင်းကြည့်တာ၊ ဓာတ်မှန်ရိုက်တာတွေနဲ့လည်းစစ်ဆေးလို့ရပါတယ်။

ကုသနည်းထက်ကာကွယ်တာကပိုပြီးထိရောက်ပါတယ်။ နေထိုင်ပုံပြောင်းလဲခြင်းကလည်း ထိရောက်တဲ့ကုသမှုတစ်မျိုးဖြစ်ပါတယ်။ ရေများများသောက်တာ၊ အမျှင်ဓာတ်များများစားတာ၊ အသီးအရွက်များများစားတာတွေနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆေးအနေနဲ့တော့ ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးတွေကို အချိုးအစားမှန်မှန်၊ သောက်တဲ့အကြိမ်မှန်မှန်နဲ့ ချိန်ဆပြီးသောက်နိုင်ပါတယ်။

စမျဉ်းခံမခံစမ်းသပ်ရင်းနဲ့ ဖယ်ရှားဖို့လွယ်ကူရင် ဖယ်ရှားနိုင်တာမျိုးရှိတဲ့အပြင် ဝမ်းချူပြီးလည်းကုသနိုင်ပါတယ်။ ဝမ်းချူတဲ့အခါ ပါဝင်တဲ့ဆေးတွေက ဝမ်းကိုပျော့စေနိုင်သလို ဝမ်းသွားနိုင်အောင်လည်းလှုံ့ဆော်ပေးနိုင်တာကြောင့် စမျဉ်းခံတာကို ကောင်းကောင်းဖြေရှင်းနိုင်မှာပါ။

စမျဉ်းခံတာဟာ ကြီးမားတဲ့ရောဂါမဟုတ်ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဝမ်းသွားရင်သွေးပါတာ၊ စအိုမှာအနာဖြစ်တာ၊ အူမှာအနာဖြစ်တာတွေနဲ့ပက်သက်နေနိုင်တာမို့ မပေါ့ဆပဲကာကွယ်တာဖြစ်ဖြစ် ရောဂါဖြစ်လာရင်ကုသတာဖြစ်ဖြစ် ပြုလုပ်ထားမှသာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

Dr. ZZ

စမ်ဥ္းခံျခင္းႏွင့္ က်န္းမာေရး

စမ်ဥ္းခံတယ္ဆိုတာ လူအမ်ားစုျဖစ္ဖူးခ်င္မွျဖစ္ဖူးပါလိမ့္မယ္။ မ်ားေသာအားျဖင့္ ဝမ္းခ်ဳပ္တာ၊ ဝမ္းသြားရခက္တာေတြနဲ႔ပဲ ေပ်ာက္ကင္းသြားၿပီး စမ်ဥ္းခံတဲ့အထိမျဖစ္တာလည္းရိွပါတယ္။ စမ်ဥ္းခံတယ္ဆိုရင္ေတာ့ က်န္းမာေရးထိခိုက္ႏိုင္သလို ၾကာေလေရာဂါကပိုဆိုးႏိုင္ေလျဖစ္တာေၾကာင့္ ဂ႐ုစိုက္သင့္ပါတယ္။ မ်ားေသာအားျဖင့္ လူႀကီးေတြ၊ နာတာရွည္ေရာဂါနဲ႔အိပ္ရာထဲ လဲေနသူေတြမွာအျဖစ္မ်ားတတ္တယ္ဆိုေပမယ့္ ဘယ္သူမဆိုျဖစ္ႏိုင္ပါတယ္။

စမ်ဥ္းခံတာရဲ႕ အျဖစ္မ်ားေစတဲ့အေၾကာင္းတစ္ခုကေတာ့ ဝမ္းခ်ဳပ္တာပါ။ ဝမ္းတစ္ခါႏွစ္ခါခ်ဳပ္တာနဲ႔မျဖစ္ႏိုင္ေပမယ့္ ဝမ္းခ်ဳပ္တာၾကာလာရင္ေတာ့ ဝမ္းထဲမွာပါတဲ့ ေရဓာတ္ေတြကိုအူနံရံေတြကစုပ္ယူၿပီး ဝမ္းကမာက်စ္လာပါတယ္။ ဝမ္းကမာေလ ဝမ္းမသြားေလျဖစ္ၿပီး ေနာက္ပိုင္းဝမ္းကမာၿပီးေတာ့ စမ်ဥ္းခံတဲ့အထိျဖစ္လာပါတယ္။

ေနာက္တစ္ခုကေတာ့ ဝမ္းႏႈတ္ေဆး၊ ဝမ္းေပ်ာ့ေဆးေတြအၾကာႀကီးသံုးတာ ေသာက္တာေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဝမ္းအနည္းငယ္ခ်ဳပ္တာနဲ႔ ဝမ္းႏွုတ္ေဆးေသာက္လိုက္တာဟာ လတ္တေလာအေျခအေနကို ေျဖရွင္းႏိုင္တယ္ဆိုေပမယ့္ ေရရွည္အတြက္ေတာ့ အေျဖမဟုတ္ပါဘူး။ အဲဒီလိုေျဖရွင္းေနတာကေန ၾကာလာတဲ့အခါ ေဆးမေသာက္ရင္ဝမ္းမသြားႏိုင္ေတာ့ပဲ စမ်ဥ္းခံတတ္ပါတယ္။ အျခားအေၾကာင္းအရာေတြအေနနဲ႔ကေတာ့ ေရေသာက္နည္းတာ၊ အမွ်င္ဓာတ္အစားနည္းတာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ေရာဂါလကၡဏာေတြအေနနဲ႔ေတာ့ ဗိုက္နာဗိုက္ေအာင့္တာ၊ သ႐ိုးသရီျဖစ္တာ၊ ပ်ဳိ႕အန္တာ၊ ေလနာထတာ စတာေတြျဖစ္ႏိုင္သလိုေရာဂါရဲ႕ အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ ဖ်ားတာ၊ ေရဓာတ္ခန္းေျခာက္လာတာ၊ မလႈပ္ခ်င္မရွားခ်င္ျဖစ္တာ၊ မအီမလည္ျဖစ္တာေတြနဲ႔ပါတြဲေနႏိုင္ပါတယ္။
စမ်ဥ္းခံေနလားသိခ်င္ရင္ေတာ့ ေဆး႐ံုေဆးခန္းေတြမွာစမ္းသပ္ရမွာျဖစ္ပ္တယ္။ လက္ကိုထံုေဆးလိမ္းၿပီးစအိုထဲကိုႏိႈက္ၿပီးစမ္းသပ္လို႔ရသလို စအိုကေနမွန္ေျပာင္းၾကည့္တာ၊ ဓာတ္မွန္႐ိုက္တာေတြနဲ႔လည္းစစ္ေဆးလို႔ရပါတယ္။

ကုသနည္းထက္ကာကြယ္တာကပိုၿပီးထိေရာက္ပါတယ္။ ေနထိုင္ပံုေျပာင္းလဲျခင္းကလည္း ထိေရာက္တဲ့ကုသမႈတစ္မ်ဳိးျဖစ္ပါတယ္။ ေရမ်ားမ်ားေသာက္တာ၊ အမွ်င္ဓာတ္မ်ားမ်ားစားတာ၊ အသီးအရြက္မ်ားမ်ားစားတာေတြနဲ႔ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။ ေဆးအေနနဲ႔ေတာ့ ဝမ္းႏႈတ္ေဆး၊ ဝမ္းေပ်ာ့ေဆးေတြကို အခ်ဳိးအစားမွန္မွန္၊ ေသာက္တဲ့အႀကိမ္မွန္မွန္နဲ႔ ခ်ိန္ဆၿပီးေသာက္ႏိုင္ပါတယ္။

စမ်ဥ္းခံမခံစမ္းသပ္ရင္းနဲ႔ ဖယ္ရွားဖို႔လြယ္ကူရင္ ဖယ္ရွားႏိုင္တာမ်ဳိးရိွတဲ့အျပင္ ဝမ္းခ်ဴၿပီးလည္းကုသႏိုင္ပါတယ္။ ဝမ္းခ်ဴတဲ့အခါ ပါဝင္တဲ့ေဆးေတြက ဝမ္းကိုေပ်ာ့ေစႏိုင္သလို ဝမ္းသြားႏိုင္ေအာင္လည္းလံႈ႕ေဆာ္ေပးႏိုင္တာေၾကာင့္ စမ်ဥ္းခံတာကို ေကာင္းေကာင္းေျဖရွင္းႏိုင္မွာပါ။

စမ်ဥ္းခံတာဟာ ႀကီးမားတဲ့ေရာဂါမဟုတ္ေပမယ့္ ေနာက္ဆက္တြဲဆိုးက်ဳိးေတြအေနနဲ႔ ဝမ္းသြားရင္ေသြးပါတာ၊ စအိုမွာအနာျဖစ္တာ၊ အူမွာအနာျဖစ္တာေတြနဲ႔ပက္သက္ေနႏိုင္တာမို႔ မေပါ့ဆပဲကာကြယ္တာျဖစ္ျဖစ္ ေရာဂါျဖစ္လာရင္ကုသတာျဖစ္ျဖစ္ ျပဳလုပ္ထားမွသာ ေနာက္ဆက္တြဲဆိုးက်ဳိးေတြကို ေရွာင္ရွားႏိုင္မွာပါ။

Dr. ZZ

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *