အဖျားကြီးတိုင်း တက်တတ်တဲ့ကလေး

ကလေးငယ်တစ်ချို့က အဖျားကြီးပြီဆိုရင်( ကိုယ်ပူချိန်၃၈°C ) ကျော်ပြီခြေလက်တွေကွေးဆန့်ပြီး အဖျားကြီးပြီး တက်ခြင်းကို ကြုံတွေ့ရတတ်ပါတယ်။အဓိကကတော့ ဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ဦးနှောက်က ကိုယ်ပူချိန်တက်( အဖျားကြီး) တဲ့ ဒဏ်ကို လူကြီးတွေလောက် ခံနိုင်ရည်မရှိလို့ပါ။

မေမေတို့အနေနဲ့တော့ ကလေးဘာကြောင့်ပဲတက်တက် စိုးရိမ်တတ်ကြပါတယ်။ တကယ်လို့ ရိုးရိုးအဖျားကြီးလို့တတ်တာပဲဆိုရင်ဒီအချက် ၇ ချက်နဲ့ ကိုက်ညီလေ့ရှိပါတယ်။

  • အသက်အရွယ် အနေနဲ့ အသက်၅နှစ်အောက် ယောကျာ်းလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • မိဘမျိုးရိုးမှာအဖျားကြီးရင်တက်တတ်တဲ့ ဆွေမျိုးသားချင်းရှိတတ်ပါတယ်။
  • ဖျားပြီး တစ်ရက်အတွင်းတက်လေ့ရှိပါတယ်။
  • ဖျားတဲ့တောက်လျှောက်အဖျားအကြီးဆုံးအချိန်မှာ တက်ခြင်းဖြစ်လေ့ရှိပါတယ်။
  • တစ်ကိုယ်လုံး ခြေထောက်ရော လက်ပါ ကွေးလိုက်ဆန့်လိုက်ပုံစံနဲ့ တက် တတ်ပါတယ်။
  • တစ်ခါတက်ရင် ၁၅ မိနစ်ထက်ပိုမကြာတတ်ပါဘူး။
  • တက်ပြီးတဲ့နောက်ပိုင်းမှာကလေးက လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားတတ်ပါတယ်။

bioj

ရိုးရိုးအဖျားကြီးလို့ တက်ခြင်းသေချာမယ်ဆိုရင်တော့ သိပ်စိတ်ပူဖို့မလိုပါဘူး။ကလေးဟာ တက်ပြီးနောက်ပိုင်းမှာ ဦးနှောက်ထိခိုက်မှုမရှိတတ်ပါဘူး။ဒါပေမယ့်အဖျားကြီးပြီးတက် တတ်တဲ့ကလေးဟာ နောက်တစ်ခါ ဖျားရင်လည်းတက်နိုင်ခြေရှိပါတယ်။

ကလေးအဖျားကြီးပြီးတက်ခဲ့မယ်ဆိုရင် မေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ?

  • ကလေးကို ဘေးစောင်းပြီးထားပေးထားပါ။မျက်နှာကို ကြမ်းပြင်ဘက်သို့စောင်းပေးထားပါ။
  • တက်နေချိန်မှာ ကလေးပါးစပ်ထဲကို ပစ္စည်းများထည့်ခြင်း၊ သတိလည်လာစေရန် ကလေးအားရိုက်ခြင်း။
  • ကလေးကို ချုပ်ထားခြင်းလုံးဝမလုပ်ပါနဲ့။
  • ကလေးကို ထိခိုက်မိစေသော ချွန်ထက်သော၊ လေးလံသောအရာများကို အနီးအနားမှ ဖယ်ထားပေးပါ။
  • ကလေးကို အပူချိန်ကျစေရန် ရေစိုဝတ်နဲ့ သုတ်ပေးနိုင်ပါတယ်။
  • စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆေးရုံ၊ ဆေးခန်းသို့ သွားရန်စီစဉ်ပါ။

bioje

မယ်တင်( ဆေး ၁)

အဖ်ားႀကီးတိုင္း တက္တတ္တဲ့ကေလး

ကေလးငယ္တစ္ခ်ိဳ႕က အဖ်ားႀကီးၿပီဆိုရင္( ကိုယ္ပူခ်ိန္၃၈°C ) ေက်ာ္ၿပီေျခလက္ေတြေကြးဆန္႔ၿပီး အဖ်ားႀကီးၿပီး တက္ျခင္းကို ၾကံဳေတြ႕ရတတ္ပါတယ္။အဓိကကေတာ့ ဖြံ႕ၿဖိဳးေနတဲ့ ကေလးရဲ႕ဦးေႏွာက္က ကိုယ္ပူခ်ိန္တက္( အဖ်ားႀကီး) တဲ့ ဒဏ္ကို လူႀကီးေတြေလာက္ ခံႏိုင္ရည္မရွိလို႔ပါ။

ေမေမတို႔အေနနဲ႔ေတာ့ ကေလးဘာေၾကာင့္ပဲတက္တက္ စိုးရိမ္တတ္ၾကပါတယ္။ တကယ္လို႔ ရိုးရိုးအဖ်ားႀကီးလို႔တတ္တာပဲဆိုရင္ဒီအခ်က္ ၇ ခ်က္နဲ႔ ကိုက္ညီေလ့ရွိပါတယ္။

  • အသက္အရြယ္ အေနနဲ႔ အသက္၅ႏွစ္ေအာက္ ေယာက်ာ္းေလးေတြမွာ ပိုျဖစ္တတ္ပါတယ္။
  • မိဘမ်ိဳးရိုးမွာအဖ်ားႀကီးရင္တက္တတ္တဲ့ ေဆြမ်ိဳးသားခ်င္းရွိတတ္ပါတယ္။
  • ဖ်ားၿပီး တစ္ရက္အတြင္းတက္ေလ့ရွိပါတယ္။
  • ဖ်ားတဲ့ေတာက္ေလၽွာက္အဖ်ားအႀကီးဆံုးအခ်ိန္မွာ တက္ျခင္းျဖစ္ေလ့ရွိပါတယ္။
  • တစ္ကိုယ္လံုး ေျခေထာက္ေရာ လက္ပါ ေကြးလိုက္ဆန္႔လိုက္ပံုစံနဲ႔ တက္ တတ္ပါတယ္။
  • တစ္ခါတက္ရင္ ၁၅ မိနစ္ထက္ပိုမၾကာတတ္ပါဘူး။
  • တက္ၿပီးတဲ့ေနာက္ပိုင္းမွာကေလးက လန္းလန္းဆန္းဆန္းျပန္ျဖစ္သြားတတ္ပါတယ္။

bioj

ရိုးရိုးအဖ်ားႀကီးလို႔ တက္ျခင္းေသခ်ာမယ္ဆိုရင္ေတာ့ သိပ္စိတ္ပူဖို႔မလိုပါဘူး။ကေလးဟာ တက္ၿပီးေနာက္ပိုင္းမွာ ဦးေႏွာက္ထိခိုက္မႈမရွိတတ္ပါဘူး။ဒါေပမယ့္အဖ်ားႀကီးၿပီးတက္ တတ္တဲ့ကေလးဟာ ေနာက္တစ္ခါ ဖ်ားရင္လည္းတက္ႏိုင္ေျခရွိပါတယ္။

ကေလးအဖ်ားႀကီးၿပီးတက္ခဲ့မယ္ဆိုရင္ ေမေမတို႔ ဘာေတြလုပ္ေပးႏိုင္မလဲ?

  • ကေလးကို ေဘးေစာင္းၿပီးထားေပးထားပါ။မ်က္ႏွာကို ၾကမ္းျပင္ဘက္သို႔ေစာင္းေပးထားပါ။
  • တက္ေနခ်ိန္မွာ ကေလးပါးစပ္ထဲကို ပစၥည္းမ်ားထည့္ျခင္း၊ သတိလည္လာေစရန္ ကေလးအားရိုက္ျခင္း။
  • ကေလးကို ခ်ဳပ္ထားျခင္းလံုးဝမလုပ္ပါနဲ႔။
  • ကေလးကို ထိခိုက္မိေစေသာ ခၽြန္ထက္ေသာ၊ ေလးလံေသာအရာမ်ားကို အနီးအနားမွ ဖယ္ထားေပးပါ။
  • ကေလးကို အပူခ်ိန္က်ေစရန္ ေရစိုဝတ္နဲ႔ သုတ္ေပးႏိုင္ပါတယ္။
  • စိတ္ကို တည္ၿငိမ္ေအာင္ထားၿပီး ေဆးရံု၊ ေဆးခန္းသို႔ သြားရန္စီစဥ္ပါ။

bioje

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *