All Articlesအခြားရောဂါများအထွေထွေရောဂါများ

ကိုယ်ပူကြီးလို့ ‘တက်’သွား တဲ့ ကလေးတွေ အကြောင်း?

1 Mins read

?ကိုယ်ပူကြီးလို့ ‘တက်’သွား တဲ့ ကလေးတွေ အကြောင်း?

မိဘတိုင်း အကြောက်ဆုံးနဲ့ စိတ်အညစ်ဆုံးအရာက ချစ်မဝတဲ့ ကိုယ့်ရင်သွေးလေးတွေ နေမကောင်းဖြစ်မှာကိုပါပဲ။အဖျားအနာ ဆိုတာကလည်း ပန်းကလေးတွေလို နုနယ်တဲ့ ကလေးလေးတွေအတွက် ငယ်သူငယ်ချင်းတွေလိုပဲ တတွဲတွဲ မဟုတ်လား။

“ဆရာ..ကလေးက ကိုယ်ပူကြီးရင် ‘တက်’သွားတတ်တယ်” လို့ ကလေးကိုယ်ပူလို့ ဆေးခန်းလာပြတဲ့ မိဘတော်တော်များများ စိုးရိမ်တကြီးပြောလေ့ရှိတယ်။
တကယ်တော့ “ကိုယ်ပူကြီးလို့ တက်သွားတဲ့ Frbrile Convulsion” ဆိုတဲ့ ပြဿနာက ဆရာဝန်တစ်ယောက်အတွက် ကလေးကိုထိခိုက်နိုင်တဲ့ စိုးရိမ်စရာ ရောဂါကြီးတစ်ခုမဟုတ်ပေမဲ့ မိဘတွေအတွက်ကတော့ ကမ္ဘာပျက်သလို ခံစားရတတ်တယ်။ ကလေးဘယ်အရွယ်ပဲရောက်ရောက် ကိုယ်ပူလာတိုင်း တက်များသွားဦးမှာလားပဲ စိတ်ပူနေကြတတ်တယ်။

? Febrile convulsion ဆိုတာဘာလဲ ??

ကိုယ်ပူကြီးပြီး တက်သွားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အကြာကြီးကိုယ်ပူတက်နေရာက ဖြစ်တာမျိုးထက် ရုတ်တရက် အပူချိန် မြန်မြန်ထိုးတက်သွားတဲ့ အခါမျိုးမှာဖြစ်တတ်ပါတယ်။ ပုံမှန်ဖွံ့ဖြိုးနေတဲ့ကလေးတွေမှာ အသက် ၆လ ကနေ ၆နှစ်အရွယ်လောက်အထိ ဖြစ်နိုင်ပါတယ်။ ကလေးအယောက် ၃၀ မှာ တစ်ယောက်နှုန်းလောက်အထိ ဖြစ်နိုင်ချေရှိပါတယ်။

? ဘာလို့ အန္တရာယ်မရှိတာလဲ ??

ဒီရိုးရိုးကိုယ်ပူကြီးလို့ဖြစ်တဲ့ ‘အတက်’ကြောင့် ဦးနှောက် ပျက်စီးထိခိုက်မှု မဖြစ်စေနိုင်ပါဘူး။ ဝက်ရူးပြန်ရောဂါလို့ ခေါ်တဲ့ Epilepsy ဖြစ်လာနိုင်ချေလည်း မရှိသလောက်နည်းတဲ့အတွက် ဆက်စပ်မှု မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။

? ဘယ်လို’တက်’လဲ ??

ကိုယ်ပူရုတ်တရက် ကြီးလာရာက သတိလစ်သွားတတ်ပါတယ်။ တစ်ကိုယ်လုံးကြွက်သားတွေ တောင့်တင်း..ကုတ်ကွေး.. ကော့လန် သွားတတ်ပါတယ်။
မျက်ဖြူလန်သလိုမျိုး မျက်လုံးတွေ အပေါ်ဘက်ကို လည်သွားတတ်ပါတယ်။ မျက်နှာရဲနေတတ်သလို ပြာနှမ်းနှမ်းလည်း ဖြစ်နေတတ်ပါတယ်။
မိနစ်အနည်းငယ်ကနေ မိနစ်နှစ်ဆယ်ထက်မပိုဘဲ ‘တက်’နိုင်ပါတယ်။

တက်ပြီးသတိပြန်လည်လာတဲ့ အခါမှာတော့ မှိန်းသွားတတ်သလို နည်းနည်းလည်း မရွှင်မပျနဲ့ ဂျီကျနေတတ်တယ်။ တခါတလေမှာ ကလေးဖျားနေမှန်း သတိမထားမိခင်မှာပဲ အပူရုတ်တရက်ထိုးတက်ပြီး ‘တက်’သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ၂၄နာရီအတွင်းမှာ တစ်ကြိမ်ထက်တော့ ပိုတက်လေ့မရှိပါဘူး။

? ဘယ်လိုတက်ရင် သတိထားရမလဲ ??

– ခဏခဏ တက်ခဲ့ရင်

– အချိန်တော်တော်ကြာကြာတက်နေရင်

– ခန္ဓာကိုယ်တစ်ဖက်တည်းကပဲ တက်ရင်

– အတက် ရပ်သွားပေမဲ့ သတိကောင်းကောင်းမလည်လာလျှင်

– ခြေ လက် တစ်ဖက်ဖက် မသန်သလို ဖြစ်ကျန်ခဲ့ရင်

ဆေးရုံမြန်မြန်ခေါ်သွားဖို့ လိုပါမယ်။

? ကလေး’တက်’သွားရင် ဘာလုပ်ရမလဲ ??

အကြောက်မလွန်ပါနဲ့။ စိတ်အေးအေးထားပါ။ ‘အတင်းဆွဲ..ဖက်..ချုပ်..ပါးစပ်ထဲ ဟိုဟာ ဒီဟာထည့်..လက်ထည့်..ဆေးတိုက်.. လက်တွေ ခြေတွေ အတင်း ဆွဲဆန့်..ခြေမချိုး..’စတဲ့ စိတ်ပူလွန်ပြီး လုပ်မိတဲ့အပြုအမူတွေက ကလေးအတွက် အန္တရာယ်ပဲ ပိုဖြစ်စေပါတယ်။

ပါးစပ်ထဲ ထည့်တဲ့ အရာတွေ.. ဆေးတွေ..ရေတွေ ကြောင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ပြီး သီးသွားတတ်ပါတယ်။ ခြေချောင်း လက်ချောင်းတွေ အတင်းနှိပ်နယ် ချိုးခြေ ရာက ကျိုးသွားတတ်ပါတယ်။ အတင်းဆွဲဖက် ချုပ် လူတွေ ဝိုင်းအုံကြည့်တာကြောင့်လည်း ကလေးအသက်ကောင်းကောင်း မရှူနိုင်ဘဲ ပိုဒုက္ခရောက်သွားတတ်ပါတယ်။ ကိုယ်ပူကျသွားအောင်ဆိုပြီး တက်နေတဲ့ကလေးကို ရေချိုးဇလုံထဲ မထည့်ပါနဲ့။

ကလေးကို တစ်ဖက်ဖက်ကို ဘေးစောင်းထားပေးထားပါ။ ပြုတ်ကျနိုင်တဲ့ နေရာကနေ ရွှေ့ထားပေးပါ။ အခင်းခပ်ပျော့ပျော့ပေါ်ထားထားပါ။

စ ‘တက်’ တဲ့ အချိန်နဲ့ ပြီးဆုံးချိန်ကို မှတ်ထားပါ။ ဘယ်လိုပုံစံတွေဖြစ်သွားတယ် ဘယ်လိုတက်တယ်ဆိုတာ သေချာကြည့်ပြီး မှတ်ထားပါ။ ဖြစ်နိုင်ရင် ဗီဒီယို ရိုက်ထားပါ။ ဆရာဝန် အတွက် အများကြီး အထောက်အကူဖြစ်ပြီး ကလေးအတွက် တကယ် အကျိုးရှိပါလိမ့်မယ်။

? ကလေးကိုယ်ပူလာရင် ဘာလုပ်မလဲ ??

-100° F အထက် အပူချိန်တက်လာရင် Paracetamol(ပါရာစီတမောလ်) ဆေးရည်ကို အသက်အရွယ်အလိုက် အညွှန်းအတိုင်း တိုက်လို့ရပါတယ်။

– ရေပတ်တိုက်လို့ရပေမဲ့ ချိုင်းကြားပေါင်ကြားမှာ အဝတ်အေးအေးလေး ကပ်ထားပေးတာက ကိုယ်ပူပိုကျစေပါတယ်။

တက်နေစဉ်မှာတော့ ဘာဆေးမှ မတိုက်ရပါ။

အတက်ရပ်သွားလျှင် သွားချင်း ဆရာဝန် မြန်မြန်ပြပါ။

ကလေးငယ်တိုင်း အဖျားအနာကင်းလို့ မိဘတိုင်း အပူအပင်လျော့ပါစေ..။

Dr ဖြိုးဝေလင်း
(22.4.19)

?ကိုယ္ပူႀကီးလို႔ ‘တက္’သြား တဲ့ ကေလးေတြ အေၾကာင္း?

မိဘတိုင္း အေၾကာက္ဆံုးနဲ႔ စိတ္အညစ္ဆံုးအရာက ခ်စ္မဝတဲ့ ကိုယ့္ရင္ေသြးေလးေတြ ေနမေကာင္းျဖစ္မွာကိုပါပဲ။အဖ်ားအနာ ဆိုတာကလည္း ပန္းကေလးေတြလို ႏုနယ္တဲ့ ကေလးေလးေတြအတြက္ ငယ္သူငယ္ခ်င္းေတြလိုပဲ တတြဲတြဲ မဟုတ္လား။

“ဆရာ..ကေလးက ကိုယ္ပူႀကီးရင္ ‘တက္’သြားတတ္တယ္” လို႔ ကေလးကိုယ္ပူလို႔ ေဆးခန္းလာျပတဲ့ မိဘေတာ္ေတာ္မ်ားမ်ား စိုးရိမ္တႀကီးေျပာေလ့႐ွိတယ္။
တကယ္ေတာ့ “ကိုယ္ပူႀကီးလို႔ တက္သြားတဲ့ Frbrile Convulsion” ဆိုတဲ့ ျပႆနာက ဆရာဝန္တစ္ေယာက္အတြက္ ကေလးကိုထိခိုက္ႏိုင္တဲ့ စိုးရိမ္စရာ ေရာဂါႀကီးတစ္ခုမဟုတ္ေပမဲ့ မိဘေတြအတြက္ကေတာ့ ကမၻာပ်က္သလို ခံစားရတတ္တယ္။ ကေလးဘယ္အရြယ္ပဲေရာက္ေရာက္ ကိုယ္ပူလာတိုင္း တက္မ်ားသြားဦးမွာလားပဲ စိတ္ပူေနၾကတတ္တယ္။

? Febrile convulsion ဆိုတာဘာလဲ ??

ကိုယ္ပူႀကီးၿပီး တက္သြားတဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။ အၾကာႀကီးကိုယ္ပူတက္ေနရာက ျဖစ္တာမ်ိဳးထက္ ႐ုတ္တရက္ အပူခ်ိန္ ျမန္ျမန္ထိုးတက္သြားတဲ့ အခါမ်ိဳးမွာျဖစ္တတ္ပါတယ္။ ပံုမွန္ဖြံ႔ၿဖိဳးေနတဲ့ကေလးေတြမွာ အသက္ ၆လ ကေန ၆ႏွစ္အရြယ္ေလာက္အထိ ျဖစ္ႏိုင္ပါတယ္။ ကေလးအေယာက္ ၃၀ မွာ တစ္ေယာက္ႏႈန္းေလာက္အထိ ျဖစ္ႏိုင္ေခ်႐ွိပါတယ္။

? ဘာလို႔ အႏၲရာယ္မ႐ွိတာလဲ ??

ဒီ႐ိုး႐ိုးကိုယ္ပူႀကီးလို႔ျဖစ္တဲ့ ‘အတက္’ေၾကာင့္ ဦးေႏွာက္ ပ်က္စီးထိခိုက္မႈ မျဖစ္ေစႏိုင္ပါဘူး။ ဝက္႐ူးျပန္ေရာဂါလို႔ ေခၚတဲ့ Epilepsy ျဖစ္လာႏိုင္ေခ်လည္း မ႐ွိသေလာက္နည္းတဲ့အတြက္ ဆက္စပ္မႈ မ႐ွိဘူးလို႔လည္း ဆိုႏိုင္ပါတယ္။

? ဘယ္လို’တက္’လဲ ??

ကိုယ္ပူ႐ုတ္တရက္ ႀကီးလာရာက သတိလစ္သြားတတ္ပါတယ္။ တစ္ကိုယ္လံုးႂကြက္သားေတြ ေတာင့္တင္း..ကုတ္ေကြး.. ေကာ့လန္ သြားတတ္ပါတယ္။
မ်က္ျဖဴလန္သလိုမ်ိဳး မ်က္လံုးေတြ အေပၚဘက္ကို လည္သြားတတ္ပါတယ္။ မ်က္ႏွာရဲေနတတ္သလို ျပာႏွမ္းႏွမ္းလည္း ျဖစ္ေနတတ္ပါတယ္။
မိနစ္အနည္းငယ္ကေန မိနစ္ႏွစ္ဆယ္ထက္မပိုဘဲ ‘တက္’ႏိုင္ပါတယ္။

တက္ၿပီးသတိျပန္လည္လာတဲ့ အခါမွာေတာ့ မွိန္းသြားတတ္သလို နည္းနည္းလည္း မရႊင္မပ်နဲ႔ ဂ်ီက်ေနတတ္တယ္။ တခါတေလမွာ ကေလးဖ်ားေနမွန္း သတိမထားမိခင္မွာပဲ အပူ႐ုတ္တရက္ထိုးတက္ၿပီး ‘တက္’သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ၂၄နာရီအတြင္းမွာ တစ္ႀကိမ္ထက္ေတာ့ ပိုတက္ေလ့မ႐ွိပါဘူး။

? ဘယ္လိုတက္ရင္ သတိထားရမလဲ ??

– ခဏခဏ တက္ခဲ့ရင္

– အခ်ိန္ေတာ္ေတာ္ၾကာၾကာတက္ေနရင္

– ခႏၶာကိုယ္တစ္ဖက္တည္းကပဲ တက္ရင္

– အတက္ ရပ္သြားေပမဲ့ သတိေကာင္းေကာင္းမလည္လာလွ်င္

– ေျခ လက္ တစ္ဖက္ဖက္ မသန္သလို ျဖစ္က်န္ခဲ့ရင္

ေဆးရံုျမန္ျမန္ေခၚသြားဖို႔ လိုပါမယ္။

? ကေလး’တက္’သြားရင္ ဘာလုပ္ရမလဲ ??

အေၾကာက္မလြန္ပါနဲ႔။ စိတ္ေအးေအးထားပါ။ ‘အတင္းဆြဲ..ဖက္..ခ်ဳပ္..ပါးစပ္ထဲ ဟိုဟာ ဒီဟာထည့္..လက္ထည့္..ေဆးတိုက္.. လက္ေတြ ေျခေတြ အတင္း ဆြဲဆန္႔..ေျခမခ်ိဳး..’စတဲ့ စိတ္ပူလြန္ၿပီး လုပ္မိတဲ့အျပဳအမူေတြက ကေလးအတြက္ အႏၲရာယ္ပဲ ပိုျဖစ္ေစပါတယ္။

ပါးစပ္ထဲ ထည့္တဲ့ အရာေတြ.. ေဆးေတြ..ေရေတြ ေၾကာင့္ အသက္႐ွဴလမ္းေၾကာင္းထဲ ဝင္ၿပီး သီးသြားတတ္ပါတယ္။ ေျခေခ်ာင္း လက္ေခ်ာင္းေတြ အတင္းႏွိပ္နယ္ ခ်ိဳးေျခ ရာက က်ိဳးသြားတတ္ပါတယ္။ အတင္းဆြဲဖက္ ခ်ဳပ္ လူေတြ ဝိုင္းအံုၾကည့္တာေၾကာင့္လည္း ကေလးအသက္ေကာင္းေကာင္း မ႐ွဴႏိုင္ဘဲ ပိုဒုကၡေရာက္သြားတတ္ပါတယ္။ ကိုယ္ပူက်သြားေအာင္ဆိုၿပီး တက္ေနတဲ့ကေလးကို ေရခ်ိဳးဇလံုထဲ မထည့္ပါနဲ႔။

ကေလးကို တစ္ဖက္ဖက္ကို ေဘးေစာင္းထားေပးထားပါ။ ျပဳတ္က်ႏိုင္တဲ့ ေနရာကေန ေရႊ႕ထားေပးပါ။ အခင္းခပ္ေပ်ာ့ေပ်ာ့ေပၚထားထားပါ။

စ ‘တက္’ တဲ့ အခ်ိန္နဲ႔ ၿပီးဆံုးခ်ိန္ကို မွတ္ထားပါ။ ဘယ္လိုပံုစံေတြျဖစ္သြားတယ္ ဘယ္လိုတက္တယ္ဆိုတာ ေသခ်ာၾကည့္ၿပီး မွတ္ထားပါ။ ျဖစ္ႏိုင္ရင္ ဗီဒီယို ႐ိုက္ထားပါ။ ဆရာဝန္ အတြက္ အမ်ားႀကီး အေထာက္အကူျဖစ္ၿပီး ကေလးအတြက္ တကယ္ အက်ိဳး႐ွိပါလိမ့္မယ္။

? ကေလးကိုယ္ပူလာရင္ ဘာလုပ္မလဲ ??

-100° F အထက္ အပူခ်ိန္တက္လာရင္ Paracetamol(ပါရာစီတေမာလ္) ေဆးရည္ကို အသက္အရြယ္အလိုက္ အၫႊန္းအတိုင္း တိုက္လို႔ရပါတယ္။

– ေရပတ္တို္က္လို႔ရေပမဲ့ ခ်ိဳင္းၾကားေပါင္ၾကားမွာ အဝတ္ေအးေအးေလး ကပ္ထားေပးတာက ကိုယ္ပူပိုက်ေစပါတယ္။

တက္ေနစဥ္မွာေတာ့ ဘာေဆးမွ မတိုက္ရပါ။

အတက္ရပ္သြားလွ်င္ သြားခ်င္း ဆရာဝန္ ျမန္ျမန္ျပပါ။

ကေလးငယ္တိုင္း အဖ်ားအနာကင္းလို႔ မိဘတိုင္း အပူအပင္ေလ်ာ့ပါေစ..။

Dr ၿဖိဳးေဝလင္း
(22.4.19)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…