မိခင်လောင်းရဲ့စိုးရိမ်သောကများ
ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတိုင်းမှာ စိုးရိမ်ပူပန်မှုတွေရှိစမြဲပါ။ ကိုယ်ဝန်ပျက်ကျသွားမှာ၊ မွေးဖွားလာတဲ့ကလေးဟာ ခြေလက်အင်္ဂါမစုံလင်မှာ၊ကိုယ်ဝန်ဆောင်ရင်ကြုံရမယ့် နာကျင်မှုနဲ့အခက်အခဲတွေကို တွေးကြောက်တာ စသဖြင့် ပူပန်မှုများစွာရှိတတ်ပါတယ်။ ဒီလိုစိတ်တွေကိုလျှော့ချဖို့ ဆောင်ရန်ရှောင်ရန်တွေကို သိဖို့ယခုဆောင်းပါးကရည်ရွယ်ပါတယ်။
ကိုယ်ဝန်ဆောင်တစ်ဦးမှာဖြစ်တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေရှိပါတယ်။ အဲဒါတွေကတော့
-လမစေ့ဘဲမွေးခြင်း
-ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်း
-ကိုယ်ဝန်ဆိပ်တက်ခြင်း
-သွေးတိုးခြင်း
-ကိုယ်ဝန်ပျက်ကျခြင်း စတာတွေပဲဖြစ်ပါတယ်။
ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ချေရှိတဲ့ မိခင်များကတော့
-ဆီးချိုရောဂါ
-ကင်ဆာရောဂါ
-သွေးတိုးရောဂါ
-လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ
-ကျောက်ကပ်ရောဂါ
-အတက်ရောဂါနဲ့
-သွေးအားနည်းရောဂါအခံရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အောက်ပါအချက်တွေကလည်း ကိုယ်ဝန်ဆောင်စဉ်မှာနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
-အသက် ၃၅နှစ်နဲ့အထက်မှ ကိုယ်ဝန်ဆောင်ခြင်း
-ကိုယ်ဝန်ဆောင်စဉ်မှာ အသက်ငယ်လွန်းခြင်း
-မစားချင်မသောက်ချင်သော အခြေအနေရောဂါရှိခြင်း
-ဆေးလိပ်သောက်ခြင်း
-အရက်သောက်ခြင်း
-တားမြစ်ဆေးဝါးများသုံးခြင်း
-ယခင်ကလည်း ကိုယ်ဝန်ပျက်ကျဖူးခြင်း၊လမစေ့ဘဲကလေးမွေးဖူးခြင်း
-အမြွာကိုယ်ဝန်ဆောင်ခြင်း စတဲ့အချက်တွေကို ပြုလုပ်နေတဲ့မိခင်တွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ဖို့နှုန်းပိုများပါတယ်။
မိခင်တိုင်းဟာ ကိုယ်ဝန်ရဲ့နောက်ဆက်တွဲဆိုးကျိုး
တွေဖြစ်မယ်လို့ ပြောလို့မရပါဘူး။ အချို့သောအချက်တွေဟာ မိမိကထိန်းချုပ်ကာကွယ်လို့မရပေမယ့် အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်းလိုအရာမျိုးကတော့ မိမိဘာသာထိန်းချုပ်ပြီး ဆိုးကျိုးဖြစ်စေတဲ့ risk ကို လျှော့ချလို့ရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ဆောင်သင့်တဲ့အချက်တွေကတော့
-ကိုယ်ဝန်ရှိမှန်းသိတာနဲ့ ဆရာဝန်နဲ့ကိုယ်ဝန်အပ်ပါ။ Antenatal Care လို့ခေါ်တဲ့ ကိုယ်ဝန်စောင့်ရှောက်မှု ပုံမှန်ယူပါ။
အကြာကြီးမတ်တပ်ရပ်တာကိုရှောင်ပါ။ ရပ်ရမယ်ဆိုရင်လည်း သွေးလှည့်ပတ်မှုကောင်းအောင် ခြေထောက်ကိုလှုပ်ရှားပေးပါ။
-ထိုင်ရာကနေထရင် ဖြည်းဖြည်းထပါ။ လှဲအိပ်ရာကနေထရင်လည်း ဖြည်းဖြည်းထပါ။
-ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များကိုသာ စားသုံးပါ။ အသား၊ငါး၊ပရိုတင်းကြွယ်ဝသောအစားအစာများ၊ အသီးအနှံ၊ဟင်းသီးဟင်းရွက် စသဖြင့် အာဟာရစုံလင်အောင်စားသုံးပါ။
-ကိုယ်ဝန်ဆောင်အားဆေးနေ့စဉ်သောက်ပါ။ (ဥပမာ-ဗီတာမင်နဲ့ ဖောလစ်အက်ဆစ်)
-ဆေးလိပ်နဲ့အရက်ကို လုံးဝရှောင်ကြဉ်ပါ။
-ယခင်ကစွဲသောက်ခဲ့တဲ့ဆေးတွေ ရှိခဲ့ရင် ဆရာဝန်ကိုပြောပြပြီး ကိုယ်ဝန်ဆောင်စဉ်မှာ သောက်လို့ရမရ မေးမြန်းတိုင်ပင်ပါ။
-ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ကိုပေါ့ပါးစွာထားသင့်ပါတယ်။ တေးဂီတနားထောင်တာ ၊ ကိုယ်ဝန်ဆောင်ပြုလုပ်တဲ့ ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်တာကလည်း ကျန်းမာပြီးစိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ခြင်းဟာ စိတ်ညစ်စရာ၊ကြောက်စရာမဟုတ်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ရှောင်ကြဉ်သင့်တာကိုရှောင်ပြီး၊ လုပ်ဆောင်သင့်တာကို ပုံမှန်ပြုလုပ်သွားရင် ကျန်းမာတဲ့သားသမီးတွေကို လွယ်လွယ်ကူကူမွေးဖွားနိုင်မှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
မိခင္ေလာင္းရဲ႕စိုးရိမ္ေသာကမ်ား
ကိုယ္ဝန္ေဆာင္ထားတဲ့ မိခင္ေလာင္းတိုင္းမွာ စိုးရိမ္ပူပန္မႈေတြရွိစၿမဲပါ။ ကိုယ္ဝန္ပ်က္က်သြားမွာ၊ ေမြးဖြားလာတဲ့ကေလးဟာ ေျခလက္အဂၤါမစံုလင္မွာ၊ကိုယ္ဝန္ေဆာင္ရင္ၾကံဳရမယ့္ နာက်င္မႈနဲ႔အခက္အခဲေတြကို ေတြးေၾကာက္တာ စသျဖင့္ ပူပန္မႈမ်ားစြာရွိတတ္ပါတယ္။ ဒီလိုစိတ္ေတြကိုေလွ်ာ့ခ်ဖို႔ ေဆာင္ရန္ေရွာင္ရန္ေတြကို သိဖို႔ယခုေဆာင္းပါးကရည္ရြယ္ပါတယ္။
ကိုယ္ဝန္ေဆာင္တစ္ဦးမွာျဖစ္တတ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြရွိပါတယ္။ အဲဒါေတြကေတာ့
-လမေစ့ဘဲေမြးျခင္း
-ကိုယ္ဝန္ေဆာင္စဥ္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လာျခင္း
-ကိုယ္ဝန္ဆိပ္တက္ျခင္း
-ေသြးတိုးျခင္း
-ကိုယ္ဝန္ပ်က္က်ျခင္း စတာေတြပဲျဖစ္ပါတယ္။
ဒီလိုေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ႏိုင္ေခ်ရွိတဲ့ မိခင္မ်ားကေတာ့
-ဆီးခ်ိဳေရာဂါ
-ကင္ဆာေရာဂါ
-ေသြးတိုးေရာဂါ
-လိင္မွတစ္ဆင့္ကူးစက္ေသာေရာဂါမ်ား
-ေက်ာက္ကပ္ေရာဂါ
-အတက္ေရာဂါနဲ႔
-ေသြးအားနည္းေရာဂါအခံရွိတဲ့သူေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။
ဒါ့အျပင္ ေအာက္ပါအခ်က္ေတြကလည္း ကိုယ္ဝန္ေဆာင္စဥ္မွာေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ႏိုင္ေခ်ကို ျမင့္တက္ေစပါတယ္။
-အသက္ ၃၅ႏွစ္နဲ႔အထက္မွ ကိုယ္ဝန္ေဆာင္ျခင္း
-ကိုယ္ဝန္ေဆာင္စဥ္မွာ အသက္ငယ္လြန္းျခင္း
-မစားခ်င္မေသာက္ခ်င္ေသာ အေျခအေနေရာဂါရွိျခင္း
-ေဆးလိပ္ေသာက္ျခင္း
-အရက္ေသာက္ျခင္း
-တားျမစ္ေဆးဝါးမ်ားသံုးျခင္း
-ယခင္ကလည္း ကိုယ္ဝန္ပ်က္က်ဖူးျခင္း၊လမေစ့ဘဲကေလးေမြးဖူးျခင္း
-အႁမြာကိုယ္ဝန္ေဆာင္ျခင္း စတဲ့အခ်က္ေတြကို ျပဳလုပ္ေနတဲ့မိခင္ေတြဟာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ဖို႔ႏႈန္းပိုမ်ားပါတယ္။
မိခင္တိုင္းဟာ ကိုယ္ဝန္ရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳး
ေတြျဖစ္မယ္လို႔ ေျပာလို႔မရပါဘူး။ အခ်ိဳ႕ေသာအခ်က္ေတြဟာ မိမိကထိန္းခ်ဳပ္ကာကြယ္လို႔မရေပမယ့္ အရက္ေသာက္ျခင္း၊ေဆးလိပ္ေသာက္ျခင္းလိုအရာမ်ိဳးကေတာ့ မိမိဘာသာထိန္းခ်ဳပ္ၿပီး ဆိုးက်ိဳးျဖစ္ေစတဲ့ risk ကို ေလွ်ာ့ခ်လို႔ရပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္မ်ား ေဆာင္သင့္တဲ့အခ်က္ေတြကေတာ့
-ကိုယ္ဝန္ရွိမွန္းသိတာနဲ႔ ဆရာဝန္နဲ႔ကိုယ္ဝန္အပ္ပါ။ Antenatal Care လို႔ေခၚတဲ့ ကိုယ္ဝန္ေစာင့္ေရွာက္မႈ ပံုမွန္ယူပါ။
အၾကာႀကီးမတ္တပ္ရပ္တာကိုေရွာင္ပါ။ ရပ္ရမယ္ဆိုရင္လည္း ေသြးလွည့္ပတ္မႈေကာင္းေအာင္ ေျခေထာက္ကိုလႈပ္ရွားေပးပါ။
-ထိုင္ရာကေနထရင္ ျဖည္းျဖည္းထပါ။ လွဲအိပ္ရာကေနထရင္လည္း ျဖည္းျဖည္းထပါ။
-က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအေသာက္မ်ားကိုသာ စားသံုးပါ။ အသား၊ငါး၊ပ႐ိုတင္းႂကြယ္ဝေသာအစားအစာမ်ား၊ အသီးအႏွံ၊ဟင္းသီးဟင္းရြက္ စသျဖင့္ အာဟာရစံုလင္ေအာင္စားသံုးပါ။
-ကိုယ္ဝန္ေဆာင္အားေဆးေန႔စဥ္ေသာက္ပါ။ (ဥပမာ-ဗီတာမင္နဲ႔ ေဖာလစ္အက္ဆစ္)
-ေဆးလိပ္နဲ႔အရက္ကို လံုးဝေရွာင္ၾကဥ္ပါ။
-ယခင္ကစြဲေသာက္ခဲ့တဲ့ေဆးေတြ ရွိခဲ့ရင္ ဆရာဝန္ကိုေျပာျပၿပီး ကိုယ္ဝန္ေဆာင္စဥ္မွာ ေသာက္လို႔ရမရ ေမးျမန္းတိုင္ပင္ပါ။
-ကိုယ္ဝန္ေဆာင္စဥ္မွာ ခံစားရတဲ့ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။ စိတ္ကိုေပါ့ပါးစြာထားသင့္ပါတယ္။ ေတးဂီတနားေထာင္တာ ၊ ကိုယ္ဝန္ေဆာင္ျပဳလုပ္တဲ့ ေယာဂေလ့က်င့္ခန္းေတြ ျပဳလုပ္တာကလည္း က်န္းမာၿပီးစိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ကိုယ္ဝန္ေဆာင္ျခင္းဟာ စိတ္ညစ္စရာ၊ေၾကာက္စရာမဟုတ္ပါဘူး။ သဘာဝျဖစ္စဥ္တစ္ခုပဲျဖစ္ပါတယ္။ ေရွာင္ၾကဥ္သင့္တာကိုေရွာင္ၿပီး၊ လုပ္ေဆာင္သင့္တာကို ပံုမွန္ျပဳလုပ္သြားရင္ က်န္းမာတဲ့သားသမီးေတြကို လြယ္လြယ္ကူကူေမြးဖြားႏိုင္မွာ ျဖစ္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)