” မီးဖွားခါနီး စိုးရိမ်စိတ်တွေကို ဘယ်လိုထိန်းချုပ်မလဲ? ”
မဗိုက်တို့ ကိုယ်ဝန်လာရင့်လာလေလေ..မီးဖွားခါနီးလာလေလေ သောကတွေ စိုးရိမ်ပူပန်မှုတွေ တစ်စတစ်စတိုးလာလေလေပါပဲ…
? ကလေးမွေးရင် မခံရပ်နိုင်လောက်အောင်နာမှာလား?
? အချိန်မှီဆေးရုံရောက်ပါ့မလား?
? ကိုယ်မွေးမယ့်အချိန် ဆရာဝန်ရော အချိန်မှီရောက်လာပါ့မလား?
?Due date ထက်စောမွေးရင်ဘယ်လိုလုပ်မလဲ၊သွားရင်းလာ ရင်း လမ်းမှာဗိုက်နာပြီး မွေးချင်လာရင်ဘယ်လိုလုပ်ရပါ့?
? အဆင်ပြေပြေမွေးနိုင်ပါ့မလား?
? ကလေးရော ကျန်းမာပါ့မလား၊ကိုယ်လက်အင်္ဂါစုံပါ့မလား?
? ဘာကိုကြောက်မှန်းမသိကြောက်နေတာ?
???????
အတွေ့အကြုံမရှိသေးတဲ့ သားဦးကိုယ်ဝန်ဆောင်တွေသာမက ရှေ့မှာ ကလေးနှစ်ယောက်သုံးယောက်မွေးဖူးသူတွေလည်း အထက်ပါအတိုင်း စိုးရိမ်သောကရောက်လေ့ရှိပါတယ်။
? ပထမကလေး မွေးရလွယ်သလောက် ခုကလေးအလှည့်ကျမှ မွေးရခက်နေမလား?
? အရင်ကလေးတွေတုန်းကလည်း မွေးရခက်တယ်၊ ခုကလေး လည်း အရင်လိုပဲ မွေးရခက်မလား??? စသဖြင့်ပေါ့။
ဒီလိုစိုးရိမ်စိတ်တွေဟာ ကိုယ်ဝန်ဆောင်တိုင်း အနည်းနဲ့အများ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ဒါတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ?
မိမိကြုံတွေ့နေရတဲ့ စိုးရိမ်မှုတွေကို ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်/သားဖွားဆရာမကို ဖွင့်ဟတိုင်ပင်ပါ။
မိမိခင်ပွန်း၊မိသားစု၊သူငယ်ချင်းများကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
တစ်ပါးသူတွေရဲ့ မွေးရခက်တဲ့အကြောင်းတွေကို နားမထောင် နားမယောင်ပါနဲ့။
စိတ်ဖိဆီးမှုလျော့ကျစေမယ့် တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်း၊ ယောဂကျင့်ခြင်း၊လေ့ကျင့်ခန်းအပျော့စားလုပ်ခြင်းများ ဆောင်ရွက်ပါ။
ဆေးရုံရက်ချိန်းသေချာပြန်ပြပါ။
မီးဖွားဖို့လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားပါ။
ကိုယ်ဝန်ဆောင်ကျန်းမာရေးဆိုင်ရာစာအုပ်များ၊ website များ လေ့လာဖတ်ရှုပါ။
မီးဖွားခါနီး ခရီးဝေးသွားခြင်း ရှောင်ကြဉ်ပါ။
အစာအာဟာရလုံလောက်စွာစားပါ။အိပ်ချိန်လုံလောက်စွာ အိပ်ပါ။
မေ (ဆေး ၂)
” မီးဖြားခါနီး စိုးရိမ္စိတ္ေတြကို ဘယ္လိုထိန္းခ်ဳပ္မလဲ? ”
မဗိုက္တို႔ ကိုယ္ဝန္လာရင့္လာေလေလ..မီးဖြားခါနီးလာေလေလ ေသာကေတြ စိုးရိမ္ပူပန္မႈေတြ တစ္စတစ္စတိုးလာေလေလပါပဲ…
? ကေလးေမြးရင္ မခံရပ္နိုင္ေလာက္ေအာင္နာမွာလား?
? အခ်ိန္မွီေဆးရံုေရာက္ပါ့မလား?
? ကိုယ္ေမြးမယ္႔အခ်ိန္ ဆရာဝန္ေရာ အခ်ိန္မွီေရာက္လာပါ့မလား?
?Due date ထက္ေစာေမြးရင္ဘယ္လိုလုပ္မလဲ၊သြားရင္းလာ ရင္း လမ္းမွာဗိုက္နာၿပီး ေမြးခ်င္လာရင္ဘယ္လိုလုပ္ရပါ့?
? အဆင္ေျပေျပေမြးႏိုင္ပါ့မလား?
? ကေလးေရာ က်န္းမာပါ့မလား၊ကိုယ္လက္အဂၤါစံုပါ့မလား?
? ဘာကိုေၾကာက္မွန္းမသိေၾကာက္ေနတာ?
???????
အေတြ႔အၾကံဳမ႐ွိေသးတဲ့ သားဦးကိုယ္ဝန္ေဆာင္ေတြသာမက ေ႐ွ႕မွာ ကေလးႏွစ္ေယာက္သံုးေယာက္ေမြးဖူးသူေတြလည္း အထက္ပါအတိုင္း စိုးရိမ္ေသာကေရာက္ေလ့႐ွိပါတယ္။
? ပထမကေလး ေမြးရလြယ္သေလာက္ ခုကေလးအလွည့္က်မွ ေမြးရခက္ေနမလား?
? အရင္ကေလးေတြတုန္းကလည္း ေမြးရခက္တယ္၊ ခုကေလး လည္း အရင္လိုပဲ ေမြးရခက္မလား??? စသျဖင့္ေပါ့။
ဒီလိုစိုးရိမ္စိတ္ေတြဟာ ကိုယ္ဝန္ေဆာင္တိုင္း အနည္းနဲ႔အမ်ား ျဖစ္ေလ့ျဖစ္ထ႐ွိပါတယ္။
ဒါေတြကို ဘယ္လိုထိန္းခ်ဳပ္ၾကမလဲ?
မိမိၾကံဳေတြ႔ေနရတဲ့ စိုးရိမ္မႈေတြကို ကိုယ္ဝန္အပ္ထားတဲ့ ဆရာဝန္/သားဖြားဆရာမကို ဖြင့္ဟတိုင္ပင္ပါ။
မိမိခင္ပြန္း၊မိသားစု၊သူငယ္ခ်င္းမ်ားကို ပြင့္ပြင့္လင္းလင္းေျပာျပပါ။
တစ္ပါးသူေတြရဲ႕ ေမြးရခက္တဲ့အေၾကာင္းေတြကို နားမေထာင္ နားမေယာင္ပါနဲ႔။
စိတ္ဖိဆီးမႈေလ်ာ့က်ေစမယ့္ တရားထိုင္ျခင္း၊ပုတီးစိပ္ျခင္း၊ ေယာဂက်င့္ျခင္း၊ေလ့က်င့္ခန္းအေပ်ာ့စားလုပ္ျခင္းမ်ား ေဆာင္ရြက္ပါ။
ေဆးရံုရက္ခ်ိန္းေသခ်ာျပန္ျပပါ။
မီးဖြားဖို႔လိုအပ္တာေတြ ႀကိဳတင္ျပင္ဆင္ထားပါ။
ကိုယ္ဝန္ေဆာင္က်န္းမာေရးဆိုင္ရာစာအုပ္မ်ား၊ website မ်ား ေလ့လာဖတ္႐ႈပါ။
မီးဖြားခါနီး ခရီးေဝးသြားျခင္း ေ႐ွာင္ျကဥ္ပါ။
အစာအာဟာရလံုေလာက္စြာစားပါ။အိပ္ခ်ိန္လံုေလာက္စြာ အိပ္ပါ။
ေမ (ေဆး ၂)