မျိုးစက်ပွားကျန်းမာရေး နှင့် အမေးမာျးဆုံး မေးခွန်းများ
လိင်ကိစ္စ လိင်မှုဆက်ဆံခြင်းဟာ လူရယ်လို့ ဖြစ်လာရင် မရှောင်လွှဲနိုင်တဲ့ကိစ္စပါပဲ ။ ဒါပေမယ့် ကျနော်တို့နိုင်ငံလိုမျိုးမှာ လိင်အသိပညာပေးရေးဟာ အလွန်အားနည်းတာကြောင့် မမေးရဲ မပြောရဲရာကနေ မဖြစ်သင့်သည်များ ဖြစ်ပွားခြင်း ရောဂါ ကူးစက်ခြင်း မလိုလားအပ်သော ကိုယ်ဝန်ရခြင်း အစရှိသည့် ပြသနာများ ကြုံတွေ့လာရပါတယ် ။ ဒီ့အတွက် လိင်ကိစ္စနှင့်ပတ်သတ်ပြီး မေးလေ့ရှိသည့် မေးခွန်းများကို ဖြေပေးလိုက်ရပါတယ် ။
>နမ်းရှုံ့ခြင်းကနေ လိင်ရောဂါတွေကူးစက်နိုင်ပါသလား ?
ရေယုန်ရောဂါမျိုးမှအပ တခြားလိင်ရောဂါတွေဟာ ကူးစက်လေ့မရှိပါ ။ ရေယုန်ရောဂါကို ပါးစပ် နှုတ်ခမ်း တဝိုက်တွင် အတာပေါက်နေချိန် နမ်းရှုံ့မိခြင်းဖြင့်သာ ကူးစက်နိုင်ပါတယ် ။
>ကွန်ဒုံဝယ်ယူဖို့အတွက် ဆေးရုံ ဆေးခန်း ထောက်ခံချက်လိုပါသလား ?
မလိုအပ်ပါ
ကွန်ဒုံဆောင်ထားခြင်းဟာ မိဘများ အုပ်ထိန်းသူများ မနှစ်မြို့စရာဖြစ်သော်လည်း ကွန်ဒုံသည် မရည်ရွယ်ဘဲ ရလာနိုင်သော ကိုယ်ဝန်များ လိင်ရောဂါများကို ကာကွယ်နိုင်ပါတယ် ။
>ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်လိုပါသလား ?
လိုအပ်ပါတယ်
ပါးစပ်ကနေတဆင့် လိင်ရောဂါများဟာ ကူးစက်နိုင်ချေနည်းပါးသော်လည်း ကူးစက်နိုင်ခြေရှိပါတယ် ။ လိင်အင်္ဂါမှ ထွက်ရှိသော အရည်များတွင် ရောဂါပိုးသန်းနှင့်ချီပါလေ့ရှိပြီး ပါးစပ်အတွင်းမှ တဆင့် ရောဂါပိုးများ ပျံ့နှံ့နိုင်ပါတယ် ။ ဒါကြောင့် ပါးစပ်နဲ့လိင်ဆက်ဆံရာတွင်လည်း ကွန်ဒုံသုံးရန် လိုအပ်ပါတယ် ။
> ကွန်ဒုံသုံးတာနဲ့ မသုံးတာ လိင်ဆက်ဆံရာမှာ ကွဲပြားပါသလား ?
လူအများစုကို မေးကြည့်လျှင် ကွာခြားသည်ဟူသော အဖြေကို ပုံစံအမျိုးမျိုးဖြင့် ဖြေကြမည်ကို တွေ့ရသလို တချို့သူများတွင် ပိုမို အဆင်ပြေသည်ဟုဆိုသည့် အဖြေကိုရလိမ့်မည် ။
တချို့သူများတွင် ကွန်ဒုံသုံးခြင်းကြောင့် ကိုယ်ဝန်ရနိုင်မည့် အန္တရာယ်များ လိင်ရောဂါ အန္တရာယ်များ စိုးရိမ်ရန် မရှိသည့်အတွက် အဆင်ပြေကြသလို တချိူ့သူများတွင် ကွန်ဒုံအမျိုးအစားအလိုက် ထိတွေ့မှုကွာခြားခြင်းကြောင့် ကွန်ဒုံစွပ်ခြင်းကို နှစ်သက်သူများလဲရှိသည် ။
ထို့အတွက် မည်သို့ပင်ခံစားရစေကာမူ ကွန်ဒုံသုံးခြင်းသည်သာလျှင် လိင်ရောဂါများကူးစက်ခြင်းကို တားမြစ်နိုင်သည် ။
>တားဆေးသောက်တာ ဝလာတတ်လား ?
မဝစေပါ
ဒါဟာ လွဲမှားနေတဲ့ ယုံတမ်းတစ်ခုသက်သက်ပဲဖြစ်ပါတယ် ။
>အတူပွေ့ဖက်နမ်းရှုပ်ခြင်း လက်ဖြင့် အာသာဖြေပေးခြင်းက ကိုယ်ဝန်ရနိုင်ပါသလား ?
မရနိုင်ပါ
ကိုယ်ဝန်ရစေရန်အတွက် ယောက်ျားမှ ထွက်သော သုတ်ရည်တွင်ပါသည့် သုတ်ပိုးကောင်နှင့် မိန်းမကိုယ်အတွင်းရှိ မမျိုးဥ ပေါင်းစပ်ရန်လိုအပ်ပါတယ် ။ ဒါကြောင့် သုတ်ရည်ဟာ မိန်းမအင်္ဂါအတွင်းဝင်မှသာ ကိုယ်ဝန်ရနိုင်ပါတယ် ။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှလဲ ကိုယ်ဝန်မရနိုင်ပါ ။
> အကာအကွယ်မသုံးမိပဲ လိင်ဆက်ဆံမိပါတယ် အဲ့အတွင် အရေးပေါ်သန္ဓေသားဆေး ဆိုတာ ဘယ်လိုများပါလဲ ?
အရေးပေါ်သန္ဓေသားဆေးဆိုသည်မှာ ရိုးရိုးလစဉ်သောက်ရတဲ့ သန္ဓေသားဆေးကို ဆေးပမာဏများများပါဝင်နေခြင်းပဲ ဖြစ်ပါတယ် ။ နာမည်အမျိုးမျိုးခေါ်ကြပြီး အီးဇီးတူးလို့ အသိများပါတယ် ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးချိန် ဒါမှမဟုတ် ကွန်ဒုံပေါက်ပြဲသွားချိန် ဖြစ်လာတဲ့အခါ ကိုယ်ဝန်မရအောင်တားဆီးပေးနိုင်ပါတယ် ။ ပုံမှန်အားဖြင့် ဘေးထွက်ဆိုးကျိုးမရှိပါ
သတိပြုရန်မှာ
၁။ အရေးပေါ်သာ သုံးရပါမယ် ပုံမှန်အသုံးပြုနေပါက ကိုယ်ဝန်တားဆေးများကဲ့သို့မဟုတ်သည့်အတွက် တားဆီးနိုင်ခြေနည်းပါးလာသလို မူမမှန်သော သန္ဓေတည်ခြင်းများဖြစ်ပွားနိုင်ပါတယ်
၂။ လိင်ရောဂါများ မတားဆီးပေးနိုင်ပါ
၃။ ကိုယ်ဝန်ဖျက်ချဆေးမဟုတ်ပါ
ဒီလောက်ဆို လွဲမှားသော အယူအဆအချို့အတွက် အဖြေကို ရရှိမယ်လို့မျှော်လင့်ပါတယ် ။
အားလုံးကျန်းမာ ကြပါစေ
ဒေါက်ပီ
မ်ိဳးစက္ပြားက်န္းမာေရး ႏွင့္ အေမးမာ်းဆံုး ေမးခြန္းမ်ား
လိင္ကိစၥ လိင္မႈဆက္ဆံျခင္းဟာ လူရယ္လို႔ ျဖစ္လာရင္ မေရွာင္လႊဲႏိုင္တ့ဲကိစၥပါပဲ ။ ဒါေပမယ့္ က်ေနာ္တို႔ႏိုင္ငံလိုမ်ဳိးမွာ လိင္အသိပညာေပးေရးဟာ အလြန္အားနည္းတာေၾကာင့္ မေမးရဲ မေျပာရဲရာကေန မျဖစ္သင့္သည္မ်ား ျဖစ္ပြားျခင္း ေရာဂါ ကူးစက္ျခင္း မလိုလားအပ္ေသာ ကိုယ္ဝန္ရျခင္း အစရွိသည့္ ျပသနာမ်ား ၾကံဳေတြ႕လာရပါတယ္ ။ ဒီ့အတြက္ လိင္ကိစၥႏွင့္ပတ္သတ္ၿပီး ေမးေလ့ရွိသည့္ ေမးခြန္းမ်ားကို ေျဖေပးလိုက္ရပါတယ္ ။
>နမ္းရႈံ႕ျခင္းကေန လိင္ေရာဂါေတြကူးစက္ႏိုင္ပါသလား ?
ေရယုန္ေရာဂါမ်ဳိးမွအပ တျခားလိင္ေရာဂါေတြဟာ ကူးစက္ေလ့မရွိပါ ။ ေရယုန္ေရာဂါကို ပါးစပ္ ႏႈတ္ခမ္း တဝိုက္တြင္ အတာေပါက္ေနခ်ိန္ နမ္းရံႈ႕မိျခင္းျဖင့္သာ ကူးစက္ႏိုင္ပါတယ္ ။
>ကြန္ဒံုဝယ္ယူဖို႔အတြက္ ေဆးရံု ေဆးခန္း ေထာက္ခံခ်က္လိုပါသလား ?
မလိုအပ္ပါ
ကြန္ဒံုေဆာင္ထားျခင္းဟာ မိဘမ်ား အုပ္ထိန္းသူမ်ား မႏွစ္ၿမိဳ႕စရာျဖစ္ေသာ္လည္း ကြန္ဒံုသည္ မရည္ရြယ္ဘဲ ရလာႏိုင္ေသာ ကိုယ္ဝန္မ်ား လိင္ေရာဂါမ်ားကို ကာကြယ္ႏိုင္ပါတယ္ ။
>ပါးစပ္နဲ႔ လိင္ဆက္ဆံတ့ဲအခါ အကာအကြယ္လိုပါသလား ?
လိုအပ္ပါတယ္
ပါးစပ္ကေနတဆင့္ လိင္ေရာဂါမ်ားဟာ ကူးစက္ႏိုင္ေခ်နည္းပါးေသာ္လည္း ကူးစက္ႏိုင္ေျခရွိပါတယ္ ။ လိင္အဂၤါမွ ထြက္ရွိေသာ အရည္မ်ားတြင္ ေရာဂါပိုးသန္းႏွင့္ခ်ီပါေလ့ရွိၿပီး ပါးစပ္အတြင္းမွ တဆင့္ ေရာဂါပိုးမ်ား ပ်ံ႕ႏွံ႕ႏိုင္ပါတယ္ ။ ဒါေၾကာင့္ ပါးစပ္နဲ႔လိင္ဆက္ဆံရာတြင္လည္း ကြန္ဒံုသံုးရန္ လိုအပ္ပါတယ္ ။
> ကြန္ဒံုသံုးတာနဲ႔ မသံုးတာ လိင္ဆက္ဆံရာမွာ ကြဲျပားပါသလား ?
လူအမ်ားစုကို ေမးၾကည့္လွ်င္ ကြာျခားသည္ဟူေသာ အေျဖကို ပံုစံအမ်ဳိးမ်ဳိးျဖင့္ ေျဖၾကမည္ကို ေတြ႕ရသလို တခ်ဳိ႕သူမ်ားတြင္ ပိုမို အဆင္ေျပသည္ဟုဆိုသည့္ အေျဖကိုရလိမ့္မည္ ။
တခ်ဳိ့သူမ်ားတြင္ ကြန္ဒုံသံုးျခင္းေၾကာင့္ ကိုယ္ဝန္ရႏိုင္မည့္ အႏၲရာယ္မ်ား လိင္ေရာဂါ အႏၲရာယ္မ်ား စိုးရိမ္ရန္ မရွိသည့္အတြက္ အဆင္ေျပၾကသလို တခ်ဴိ႕သူမ်ားတြင္ ကြန္ဒုံအမ်ဳိးအစားအလိုက္ ထိေတြ႕မႈကြာျခားျခင္းေၾကာင့္ ကြန္ဒုံစြပ္ျခင္းကို ႏွစ္သက္သူမ်ားလဲရွိသည္ ။
ထို႔အတြက္ မည္သို႔ပင္ခံစားရေစကာမူ ကြန္ဒုံသံုးျခင္းသည္သာလွ်င္ လိင္ေရာဂါမ်ားကူးစက္ျခင္းကို တားျမစ္ႏိုင္သည္ ။
>တားေဆးေသာက္တာ ဝလာတတ္လား ?
မဝေစပါ
ဒါဟာ လြဲမွားေနတ့ဲ ယုံတမ္းတစ္ခုသက္သက္ပဲျဖစ္ပါတယ္ ။
>အတူေပြ႕ဖက္နမ္းရႈပ္ျခင္း လက္ျဖင့္ အာသာေျဖေပးျခင္းက ကိုယ္ဝန္ရႏိုင္ပါသလား ?
မရႏိုင္ပါ
ကိုယ္ဝန္ရေစရန္အတြက္ ေယာက္်ားမွ ထြက္ေသာ သုတ္ရည္တြင္ပါသည့္ သုတ္ပိုးေကာင္ႏွင့္ မိန္းမကိုယ္အတြင္းရွိ မမ်ဳိးဥ ေပါင္းစပ္ရန္လိုအပ္ပါတယ္ ။ ဒါေၾကာင့္ သုတ္ရည္ဟာ မိန္းမအဂၤါအတြင္းဝင္မွသာ ကိုယ္ဝန္ရႏိုင္ပါတယ္ ။ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းမွလဲ ကိုယ္ဝန္မရႏိုင္ပါ ။
> အကာအကြယ္မသံုးမိပဲ လိင္ဆက္ဆံမိပါတယ္ အ့ဲအတြင္ အေရးေပၚသေႏၶသားေဆး ဆိုတာ ဘယ္လိုမ်ားပါလဲ ?
အေရးေပၚသေႏၶသားေဆးဆိုသည္မွာ ႐ိုး႐ိုးလစဥ္ေသာက္ရတ့ဲ သေႏၶသားေဆးကို ေဆးပမာဏမ်ားမ်ားပါဝင္ေနျခင္းပဲ ျဖစ္ပါတယ္ ။ နာမည္အမ်ဳိးမ်ဳိးေခၚၾကၿပီး အီးဇီးတူးလို႔ အသိမ်ားပါတယ္ ။ အကာအကြယ္မ့ဲ လိင္ဆက္ဆံၿပီးခ်ိန္ ဒါမွမဟုတ္ ကြန္ဒုံေပါက္ၿပဲသြားခ်ိန္ ျဖစ္လာတ့ဲအခါ ကိုယ္ဝန္မရေအာင္တားဆီးေပးႏိုင္ပါတယ္ ။ ပံုမွန္အားျဖင့္ ေဘးထြက္ဆိုးက်ဳိးမရွိပါ
သတိျပဳရန္မွာ
၁။ အေရးေပၚသာ သံုးရပါမယ္ ပံုမွန္အသံုးျပဳေနပါက ကိုယ္ဝန္တားေဆးမ်ားက့ဲသို႔မဟုတ္သည့္အတြက္ တားဆီးႏိုင္ေျခနည္းပါးလာသလို မူမမွန္ေသာ သေႏၶတည္ျခင္းမ်ားျဖစ္ပြားႏိုင္ပါတယ္
၂။ လိင္ေရာဂါမ်ား မတားဆီးေပးႏိုင္ပါ
၃။ ကိုယ္ဝန္ဖ်က္ခ်ေဆးမဟုတ္ပါ
ဒီေလာက္ဆို လြဲမွားေသာ အယူအဆအခ်ဳိ့အတြက္ အေျဖကို ရရွိမယ္လို႔ေမွ်ာ္လင့္ပါတယ္ ။
အားလံုးက်န္းမာ ၾကပါေစ
ေဒါက္ပီ