ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နိုင်စေဖို့
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဓိကကတော့ လူဦးရေနဲ့ပတ်သက်ပြီး အရေးကြီးမှုကို သတိပြုမိကြစေချင်တဲ့အတွက် ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ ခေါင်းစဉ်လေးတွေပေးပြီး ကျင်းပခဲ့တာမှာ ဒီနှစ် ၂၀၁၈ အတွက် Theme ကတော့ “Family Planning is a Human Right” မိသားစုစီမံကိန်း ချမှတ်နိုင်ခြင်းဆိုတာ လူသားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်တယ် ဆိုတာပါပဲ။
အရင်ဆုံး မိသားစုစီမံကိန်း (Family Planning) ဆိုတာဘာလဲ ရှင်းပြလိုပါတယ်။ အများစုကတော့ မိသားစုစီမံကိန်းဆိုရင် သားဆက်ခြားတာကိုပဲ ပြေးမြင်တတ်ကြတယ်။ တကယ့်မူရင်းအဓိပ္ပါယ်ကတော့ ဘယ်အသက်အရွယ်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုသားဆက်ခြားနည်းတွေသုံးပြီး တားထားမယ်၊ စသဖြင့် စနစ်တကျ အစီအစဉ်ဆွဲထားတာကို ခေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုစီမံကိန်းလို့ ပြောလိုက်ရင် နှစ်ပိုင်းပါပါတယ်၊ တစ်ပိုင်းက မလိုချင်ဘဲနဲ့ ရနေတဲ့သူတွေကို ကိုယ်ဝန်တားထားပေးခြင်းနဲ့ နောက်တစ်ပိုင်းကတော့ လိုချင်ရက်နဲ့ ကလေးမရတဲ့သူတွေကို ကလေးရအောင် ကုသပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူထုကြားထဲမှာ ကြည့်လိုက်ရင် ဒီပြဿနာနှစ်ခုမှာ မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရနေတဲ့သူတွေက ပိုများတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ခုထဲမှာ သားဆက်ခြားဖို့ကို ပိုပြီးအရေးတကြီး လုပ်နေရတာ ဖြစ်ပါတယ်။
ဒီမိသားစုစီမံကိန်းလုပ်ငန်း၊ သားဆက်ခြားလုပ်ငန်းဟာ အရေးကြီးလားဆိုရင် အရေးကြီးတယ်ပဲ ပြောရမှာပါ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်။ မင်္ဂလာပွဲတစ်ခုကို အဆင်ပြေပြေလေး ပြီးဆုံးသွားဖို့ဆိုရင်တောင် သေသေချာချာ စနစ်တကျ စီစဉ်ရပါတယ်။ ကိုယ့်တစ်ဘဝလုံး၊ မိသားစုတစ်ခုလုံးအတွက်ဆို ပိုလို့တောင် စနစ်တကျ အစီအစဉ်တွေ ဆွဲရဦးမှာပါ။ ပညာတော်သင်သွားခါနီး ကလေးရသွားရင်၊ လုပ်ငန်းတစ်ခု အစပျိုးပြီး အင်တိုက်အားတိုက် လုပ်ရမယ့်အချိန် ကိုယ်ဝန်ရလိုက်ရင် တော်တော်လေး လုပ်ရကိုင်ရ ခက်သွားပါတယ်။ ဒါကြောင့် အဲဒီအစီအစဉ်ကို သေသေချာချာလေး လုပ်ထားဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်ရခြင်း၊ ကလေးမီးဖွားရခြင်းဟာ တအားပင်ပန်းပြီး သိပ်ကိုမှအန္တရာယ်များတယ်။ ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ ကုသမှုတွေ ရယူနိုင်တယ်ဆိုဦးတော့ ဖြစ်နိုင်ချေက ရှိတယ်။ ကလေးတစ်ယောက်မွေးပြီး လပိုင်းအတွင်း နောက်တစ်ခါသာ ကိုယ်ဝန်ဆောင်ခဲ့ရမယ်ဆိုရင် ပိုပြီးတော့ ဂရုစိုက်ရတယ်။ အန္တရာယ်ပိုများသွားလို့ပဲ။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဒီကိစ္စက သိပ်အရေးကြီးတယ်။ မကျန်းမာရင်၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းနဲ့ပဲ အချိန်ကုန်နေရရင် ဒီအမျိုးသမီးတွေရဲ့ ဘ၀ တိုးတက်လာဖို့ရာ မလွယ်ဘူး။
နောက်ပြီး မိခင်နဲ့ကလေးဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်။ ကလေးဆိုတာ မွေးလိုက်ရုံနဲ့ မပြီးပါဘူး။ ကျွေးမွေးရတယ်၊ ပြုစုပျိုးထောင်ပေးရတယ်။ ကလေးအများကြီးမွေးထားတော့ အလုပ်ကို ကောင်းကောင်းမလုပ်ရတော့ဘူး။ စီးပွားရေးတွေ ကြပ်တည်းကုန်တယ်။ ပညာရေးတွေ ထိခိုက်ကုန်တယ်။ ဒါကြောင့် ဒီကိစ္စဟာ ကလေးတွေ၊ အမျိုးသားတွေ၊ မိသားစုဝင်တွေနဲ့ပါ သက်ဆိုင်တယ်။ သူတို့ကိုလည်း အကျိုးရှိစေတယ်။
နောက်ဆုံးတစ်ချက်ကတော့ ဒီနေ့ခေတ်မှာ သိပ်ပြောလာကြတဲ့ Gender Equality ယောကျာ်းမိန်းမ တန်းတူညီမျှရှိလာဖို့ ဆိုတာပဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်၊ ယောကျာ်းနဲ့မိန်းမကြားက အကြီးမားဆုံး ကွာခြားချက်ဟာ ဘာလဲဆိုရင် အဲဒါဟာ “သားအိမ်”ပါပဲ။
ချစ်သူစုံတွဲတစ်တွဲရှိတယ်၊ ကောင်လေးကလည်း သူကြိုက်တဲ့သူကို ချစ်ရေးဆိုတယ်၊ ကောင်မလေးကလည်း သူကြိုက်တဲ့သူကို အဖြေပြန်ပေးတယ်၊ လက်ထပ်တော့လည်း အတူတူပဲ၊ ကိုယ်သဘောကျတဲ့သူ ကိုယ်ယူကြတာပဲ။ လက်ထပ်ပြီး အိမ်ထောင်ရေးသုခ ခံစားတော့လည်း အတူတူပဲ။ မတူတော့တာက ကိုယ်ဝန်ဆောင်၊ ကလေးမွေးတဲ့ နေရာမှာပဲ။ မိန်းမမှာက သားအိမ်ပါနေတဲ့အတွက် သူကပဲ ကိုယ်ဝန်ဆောင်ရတယ်၊ ကလေးမွေးရတယ်၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ သားအိမ်နဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ ရောဂါတွေ သူကပဲ ခံစားရတယ်။ ကလေးမွေးရလို့ အလုပ်အကိုင်ပျက်ရမယ်ဆိုလည်း မိန်းမတွေပဲ။
ဒါကြောင့် ဒီသားအိမ်ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်းဟာ ကျားနဲ့မ တန်းတူဖြစ်လာဖို့အတွက် အခြေအနေကောင်းတစ်ခု ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေအားလုံး ကလေးမမွေးကြနဲ့လို့တော့ ဆိုလိုတာမဟုတ်ပေမယ့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ကို မလိုချင်သေးတဲ့အချိန်မှာ တားထားနိုင်ရမယ်၊ ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းကိုလည်း ကိုယ်တိုင်ရွေးချယ်ခွင့် ရှိရမယ်။ အဲဒါ အမျိုးသမီးတိုင်းမှာ ရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို သားအိမ်မပါလို့ ဒီဒုက္ခတွေကို မသိတဲ့ ယောကျာ်းများကလည်း လေးစားတန်ဖိုးထားပေးဖို့၊ ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။
ဒီနေ့ခေတ် မြန်မာမှာရော ကမ္ဘာမှာပါ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နိုင်တယ် ဆိုတဲ့စကားအတွက် အကောင်းဆုံးသက်သေတွေပါပဲ။ ဒီလိုမျိုး အမျိုးသမီးတွေရဲ့ဘ၀ တိုးတက်လာဖို့၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းတွေ မြင့်လာဖို့အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တာကတော့ သူတို့လိုချင်တဲ့ မိသားစုစီမံကိန်းအတိုင်း အကောင်အထည်ဖော်ပြီး ဘဝကို စနစ်တကျ ဖြတ်သန်းနိုင်ဖို့ပါပဲ။
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
ပုခက္လႊဲေသာလက္ေတြ ကမာၻကိုကုိင္လႈပ္ႏုိင္ေစဖို႔
ႏွစ္စဥ္ႏွစ္တုိင္း ဇူလုိင္လ ၁၁ ရက္ေန႕ကုိ ကမာၻ႕လူဦးေရေန႕အျဖစ္ သတ္မွတ္ထားပါတယ္။ အဓိကကေတာ့ လူဦးေရနဲ႕ပတ္သက္ျပီး အေရးၾကီးမႈကို သတိျပဳမိၾကေစခ်င္တဲ့အတြက္ ျဖစ္ပါတယ္။ တစ္ႏွစ္တစ္ခါ ေခါင္းစဥ္ေလးေတြေပးျပီး က်င္းပခဲ့တာမွာ ဒီႏွစ္ ၂၀၁၈ အတြက္ Theme ကေတာ့ “Family Planning is a Human Right” မိသားစုစီမံကိန္း ခ်မွတ္ႏုိင္ျခင္းဆုိတာ လူသားအားလံုးရဲ႕ အေျခခံလူ႕အခြင့္အေရး ျဖစ္တယ္ ဆုိတာပါပဲ။
အရင္ဆံုး မိသားစုစီမံကိန္း (Family Planning) ဆိုတာဘာလဲ ရွင္းၿပလိုပါတယ္။ အမ်ားစုကေတာ့ မိသားစုစီမံကိန္းဆုိရင္ သားဆက္ၿခားတာကုိပဲ ေၿပးၿမင္တတ္ၾကတယ္။ တကယ့္မူရင္းအဓိပၸါယ္ကေတာ့ ဘယ္အသက္အရြယ္မွာ ကေလးယူမယ္၊ ကေလးဘယ္ႏွေယာက္ယူမယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား ဘယ္လိုသားဆက္ၿခားနည္းေတြသံုးၿပီး တားထားမယ္၊ စသၿဖင့္ စနစ္တက် အစီအစဥ္ဆြဲထားတာကုိ ေခၚတာ ၿဖစ္ပါတယ္။ ဒါေၾကာင့္ မိသားစုစီမံကိန္းလို႔ ေၿပာလိုက္ရင္ ႏွစ္ပုိင္းပါပါတယ္၊ တစ္ပုိင္းက မလိုခ်င္ဘဲနဲ႕ ရေနတဲ့သူေတြကုိ ကုိယ္၀န္တားထားေပးၿခင္းနဲ႕ ေနာက္တစ္ပိုင္းကေတာ့ လိုခ်င္ရက္နဲ႕ ကေလးမရတဲ့သူေတြကုိ ကေလးရေအာင္ ကုသေပးၿခင္းတို႔ပဲ ၿဖစ္ပါတယ္။ ဒါေပမယ့္ လူထုၾကားထဲမွာ ၾကည္႔လိုက္ရင္ ဒီၿပႆနာႏွစ္ခုမွာ မလိုခ်င္ဘဲနဲ႕ ကုိယ္၀န္ရေနတဲ့သူေတြက ပုိမ်ားတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္မုိ႔ ဒီႏွစ္ခုထဲမွာ သားဆက္ၿခားဖုိ႕ကုိ ပုိၿပီးအေရးတၾကီး လုပ္ေနရတာ ၿဖစ္ပါတယ္။
ဒီမိသားစုစီမံကိန္းလုပ္ငန္း၊ သားဆက္ၿခားလုပ္ငန္းဟာ အေရးၾကီးလားဆုိရင္ အေရးၾကီးတယ္ပဲ ေၿပာရမွာပါ။ ရုိးရုိးေလးပဲ စဥ္းစားၾကည္႔။ မဂၤလာပြဲတစ္ခုကို အဆင္ေၿပေၿပေလး ၿပီးဆံုးသြားဖုိ႔ဆုိရင္ေတာင္ ေသေသခ်ာခ်ာ စနစ္တက် စီစဥ္ရပါတယ္။ ကုိယ့္တစ္ဘ၀လံုး၊ မိသားစုတစ္ခုလံုးအတြက္ဆုိ ပိုလို႔ေတာင္ စနစ္တက် အစီအစဥ္ေတြ ဆြဲရဦးမွာပါ။ ပညာေတာ္သင္သြားခါနီး ကေလးရသြားရင္၊ လုပ္ငန္းတစ္ခု အစပ်ိဳးျပီး အင္တုိက္အားတုိက္ လုပ္ရမယ့္အခ်ိန္ ကုိယ္၀န္ရလိုက္ရင္ ေတာ္ေတာ္ေလး လုပ္ရကိုင္ရ ခက္သြားပါတယ္။ ဒါေၾကာင့္ အဲဒီအစီအစဥ္ကို ေသေသခ်ာခ်ာေလး လုပ္ထားဖုိ႕ အေရးၾကီးပါတယ္။
ကုိယ္၀န္ေဆာင္ရျခင္း၊ ကေလးမီးဖြားရျခင္းဟာ တအားပင္ပန္းျပီး သိပ္ကုိမွအႏၱရာယ္မ်ားတယ္။ ဘယ္ေလာက္ပဲ အဆင့္ျမင့္တဲ့ ကုသမႈေတြ ရယူႏုိင္တယ္ဆုိဦးေတာ့ ျဖစ္ႏုိင္ေခ်က ရွိတယ္။ ကေလးတစ္ေယာက္ေမြးၿပီး လပုိင္းအတြင္း ေနာက္တစ္ခါသာ ကုိယ္၀န္ေဆာင္ခဲ့ရမယ္ဆုိရင္ ပုိျပီးေတာ့ ဂရုစိုက္ရတယ္။ အႏၱရာယ္ပုိမ်ားသြားလုိ႕ပဲ။ ဒါေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးအတြက္ ဒီကိစၥက သိပ္အေရးၾကီးတယ္။ မက်န္းမာရင္၊ ကုိယ္၀န္ေဆာင္၊ ကေလးေမြးျခင္းနဲ႕ပဲ အခ်ိန္ကုန္ေနရရင္ ဒီအမ်ိဳးသမီးေတြရဲ႕ ဘ၀ တုိးတက္လာဖုိ႕ရာ မလြယ္ဘူး။
ေနာက္ျပီး မိခင္နဲ႔ကေလးဟာ ခြဲၿခားလို႔မရေအာင္ ဆက္စပ္ေနတယ္။ ကေလးဆုိတာ ေမြးလိုက္ရံုနဲ႔ မၿပီးပါဘူး။ ေကၽြးေမြးရတယ္၊ ၿပဳစုပ်ိဳးေထာင္ေပးရတယ္။ ကေလးအမ်ားၾကီးေမြးထားေတာ့ အလုပ္ကို ေကာင္းေကာင္းမလုပ္ရေတာ့ဘူး။ စီးပြားေရးေတြ ၾကပ္တည္းကုန္တယ္။ ပညာေရးေတြ ထိခုိက္ကုန္တယ္။ ဒါေၾကာင့္ ဒီကိစၥဟာ ကေလးေတြ၊ အမ်ိဳးသားေတြ၊ မိသားစု၀င္ေတြနဲ႕ပါ သက္ဆုိင္တယ္။ သူတို႕ကိုလည္း အက်ိဳးရွိေစတယ္။
ေနာက္ဆံုးတစ္ခ်က္ကေတာ့ ဒီေန႕ေခတ္မွာ သိပ္ေျပာလာၾကတဲ့ Gender Equality ေယာက်ာ္းမိန္းမ တန္းတူညီမွ်ရွိလာဖုိ႔ ဆိုတာပဲ။ ရုိုးရုိးေလးပဲ စဥ္းစားၾကည္႔ရေအာင္၊ ေယာက်ာ္းနဲ႔မိန္းမၾကားက အၾကီးမားဆံုး ကြာၿခားခ်က္ဟာ ဘာလဲဆုိရင္ အဲဒါဟာ “သားအိမ္”ပါပဲ။
ခ်စ္သူစံုတြဲတစ္တြဲရွိတယ္၊ ေကာင္ေလးကလည္း သူၾကိဳက္တဲ့သူကို ခ်စ္ေရးဆုိတယ္၊ ေကာင္မေလးကလည္း သူၾကိဳက္တဲ့သူကို အေၿဖၿပန္ေပးတယ္၊ လက္ထပ္ေတာ့လည္း အတူတူပဲ၊ ကိုယ္သေဘာက်တဲ့သူ ကုိယ္ယူၾကတာပဲ။ လက္ထပ္ၿပီး အိမ္ေထာင္ေရးသုခ ခံစားေတာ့လည္း အတူတူပဲ။ မတူေတာ့တာက ကုိယ္၀န္ေဆာင္၊ ကေလးေမြးတဲ့ ေနရာမွာပဲ။ မိန္းမမွာက သားအိမ္ပါေနတဲ့အတြက္ သူကပဲ ကုိယ္၀န္ေဆာင္ရတယ္၊ ကေလးေမြးရတယ္၊ ကုိယ္၀န္ေဆာင္ၿခင္း၊ ကေလးေမြးၿခင္းနဲ႔ပတ္သက္တဲ့ ဒုကၡေတြ၊ သားအိမ္နဲ႔ပတ္သက္တဲ့ ဒုကၡေတြ၊ ေရာဂါေတြ သူကပဲ ခံစားရတယ္။ ကေလးေမြးရလို႔ အလုပ္အကုိင္ပ်က္ရမယ္ဆုိလည္း မိန္းမေတြပဲ။
ဒါေၾကာင့္ ဒီသားအိမ္ၿပႆနာကို ေၿဖရွင္းေပးလိုက္ၿခင္းဟာ က်ားနဲ႔မ တန္းတူၿဖစ္လာဖုိ႔အတြက္ အေၿခအေနေကာင္းတစ္ခု ဖန္တီးေပးလိုက္ၿခင္းပဲ ၿဖစ္ပါတယ္။ မိန္းကေလးေတြအားလံုး ကေလးမေမြးၾကနဲ႔လုိ႔ေတာ့ ဆုိလုိတာမဟုတ္ေပမယ့္ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္၀န္ကို မလိုခ်င္ေသးတဲ့အခ်ိန္မွာ တားထားႏုိင္ရမယ္၊ ကုိယ္နဲ႔သင့္ေတာ္တဲ့နည္းလမ္းကိုလည္း ကုိယ္တုိင္ေရြးခ်ယ္ခြင့္ ရွိရမယ္။ အဲဒါ အမ်ိဳးသမီးတုိင္းမွာ ရွိေနတဲ့ မ်ိဳးဆက္ပြါးက်န္းမာေရးဆုိင္ရာ အခြင့္အေရးတစ္ခုပဲ ၿဖစ္ပါတယ္။ ဒီအခြင့္အေရးကို သားအိမ္မပါလို႔ ဒီဒုကၡေတြကို မသိတဲ့ ေယာက်ာ္းမ်ားကလည္း ေလးစားတန္ဖုိးထားေပးဖုိ႔၊ ပူးေပါင္းပါ၀င္ေပးဖုိ႕ လိုပါတယ္။
ဒီေန႔ေခတ္ ၿမန္မာမွာေရာ ကမာၻမွာပါ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ေပၚထြက္ေနၿပီ ၿဖစ္ပါတယ္။ သူတို႔ေတြဟာ ပုခက္လႊဲေသာလက္ေတြ ကမာၻကိုကိုင္လႈပ္ႏုိင္တယ္ ဆုိတဲ့စကားအတြက္ အေကာင္းဆံုးသက္ေသေတြပါပဲ။ ဒီလိုမ်ိဳး အမ်ိဳးသမီးေတြရဲ႕ဘ၀ တုိးတက္လာဖုိ႕၊ ပညာေရး၊ စီးပြားေရး၊ လူမႈေရးအဆင့္အတန္းေတြ ျမင့္လာဖုိ႕အတြက္ မျဖစ္မေန လုပ္ေဆာင္သင့္တာကေတာ့ သူတို႕လုိခ်င္တဲ့ မိသားစုစီမံကိန္းအတုိင္း အေကာင္အထည္ေဖာ္ျပီး ဘ၀ကို စနစ္တက် ျဖတ္သန္းႏုိင္ဖုိ႕ပါပဲ။
ေရးသားသူ - ေဒါက္တာ ျဖိဳးသီဟ