စိတ်ကူးယဉ်ကိုယ်ဝန်

ကိုယ်ဝန်မရှိဘဲ ဗိုက်ကြီးနိုင်ပါသလား?

ဘယ်လိုမေးခွန်းပါလိမ့်?

ကိုယ်ဝန်မရှိဘဲ ဗိုက်ကြီးမတဲ့လား?ကြီးနိုင်တာပေါ့…

သားအိမ်ထဲမှာ သန္ဓေသားမရှိဘဲ ကိုယ်ဝန်ရှိသကဲ့သို့ လက္ခဏာတွေ အကုန်ခံစားရတဲ့ စိတ်ကူးယဉ်ကိုယ်ဝန်လို့ အမည်တပ်တဲ့ အခြေအနေတစ်ခုရှိပါတယ်။ ဆေးပညာအခေါ်အဝေါ်အရတော့ Pseudocyesis လို့ခေါ်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြမလဲ?

ကိုယ်ဝန်ရှိသူတွေပြနေကြလက္ခဏာတွေအကုန်လုံးနီးပါးတွေ့ရပါတယ်:

  • အစားအသောက်ပျက်ခြင်း
  • မူးဝေပျို့အန်ခြင်း
  • ရင်သားများကြီးထွားလာခြင်း၊ရင်သားများနာခြင်း
  • ဗိုက်ထွက်လာခြင်း(တကယ့်ကိုယ်ဝန်ဆောင်ကဲ့သို့ပင် ဗိုက်ပူလာခြင်း)
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ကလေးလှုပ်ခြင်းကို ခံစားမိခြင်း
  • ဆီးခဏခဏသွားခြင်း
  • ခါးနာခြင်း
  • ရာသီမပေါ်ခြင်း၊ သို့သော် ဆီးစစ်တံနှင့်စစ်ကြည့်လျှင် တစ်ကြောင်းသာပေါ်ခြင်း

(အချို့အမျိုးသမီးများတွင် ရာသီမလာခြင်းဟာ တစ်လနှစ်လလောက်ထိဖြစ်နိုင်သလို…. ရှစ်လ ကိုးလထိ ရာသီမလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။)

ဒီအခြေအနေဟာ ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေများလဲ?

  • ကလေးရချင်စိတ်အလွန်အမင်းပြင်းပျနေသူများ
  • ယခင်က ကိုယ်ဝန်ဖျက်ချထားဖူးပြီး ယခုအခါမှ ကလေးလိုချင်နေသူများ
  • ယခင်က တစ်ကြိမ်ထက်ပို၍ ကိုယ်ဝန်ပျက်ကျဖူးသည့် ရာဇဝင်ရှိသူများ
  • သွေးဆုံးခါနီးအရွယ်တွင် ကလေးလိုချင်သူများ
  • ကိုယ်ဝန်မရနိုင်သူများ
  • ကိုယ်ဝန်ရမှာ အလွန်ကြောက်နေသူများ
  • ကလေးဆုံးရှုံးဖူးသူများ (ကလေးဆုံးပါး ၊ပျောက်ရှ… စသဖြင့်)
  • စိတ်ဓာတ်ကျဆင်းနေသူများ
  • သားဥအိမ်အတွင်းအကျိတ်ရှိသူများ
  • ဦးနှောက်အတွင်း ဓာတုပစ္စည်း Chemical မမျှတမှုဖြစ်နေသူများ

ကိုယ်ဝန်အတုမှန်း ဘယ်လိုသိနိုင်မလဲ?

  • ဆီးစစ်ကြည့်တဲ့ အချိန်တိုင်း တစ်ကြောင်းသာပေါ်မယ်။
  • အာထရာဆောင်းရိုက်ကြည့်ရင် သားအိမ်ထဲမှာ ကလေးမတွေ့ရပါ။ (အာထရာဆောင်းအဖြေကတော့ စိတ်ကူးယဉ်ကိုယ်ဝန်နဲ့ ကိုယ်ဝန်အစစ်ကို ခွဲခြားပေးမယ့် အရေးပါဆုံးစစ်ဆေးမှုလို့ဆိုနိုင်ပါတယ်။)

ကုသမှု

ဒါကြောင့် မိမိမှာ ဒီလို လက္ခဏာတွေနဲ့ ရှိနေမယ် မသေမချာဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်နုစဉ်တည်းက သေချာစမ်းသပ်ပါ..

မိမိမှာ ပြောခဲ့သလို ကိုယ်ဝန်တု(စိတ်ကူးယဉ်ကိုယ်ဝန်) ရှိနေပါက လက်ခံနိုင်သော စိတ်အစဉ်ကို ထားပါ..

တချို့သော အမျိုးသမီးများတွင် ရောဂါအခံတစ်ခုခုကြောင့်ဆိုတာထက် စိတ်ကြောင့်ဖြစ်တဲ့အခြေအနေမို့ စိတ်ပိုင်းဆိုင်ရာကုသမှုနဲ့ မိသားစုဝင်များရဲ့ နှစ်သိမ့်အားပေးမှု အဓိကလိုအပ်ပါတယ်။

မှန်ကန်သော ကုသမှုနှင့် နှစ်သိမ့်ဆွေးနွေးမှုပေးနိုင်ပါက သေချာပျောက်ကင်းနိုင်ပီး နောက်ထပ်ကိုယ်ဝန်အစစ်အမှန်ရနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်…

မေ (ဆေး ၂)

စိတ္ကူးယဥ္ကိုယ္ဝန္

ကိုယ္ဝန္မ႐ွိဘဲ ဗိုက္ႀကီးႏိုင္ပါသလား?

ဘယ္လိုေမးခြန္းပါလိမ့္?

ကိုယ္ဝန္မ႐ွိဘဲ ဗိုက္ႀကီးမတဲ့လား?ႀကီးႏိုင္တာေပါ့…

သားအိမ္ထဲမွာ သေႏၶသားမ႐ွိဘဲ ကိုယ္ဝန္႐ွိသကဲ့သို႔ လကၡဏာေတြ အကုန္ခံစားရတဲ့ စိတ္ကူးယဥ္ကိုယ္ဝန္လို႔ အမည္တပ္တဲ့ အေျခအေနတစ္ခု႐ွိပါတယ္။ ေဆးပညာအေခၚအေဝၚအရေတာ့ Pseudocyesis လို႔ေခၚပါတယ္။

ဘယ္လိုလကၡဏာေတြျပမလဲ?

ကိုယ္ဝန္႐ွိသူေတြျပေနၾကလကၡဏာေတြအကုန္လံုးနီးပါးေတြ႔ရပါတယ္:

  • အစားအေသာက္ပ်က္ျခင္း
  • မူးေဝပ်ိဳ႕အန္ျခင္း
  • ရင္သားမ်ားႀကီးထြားလာျခင္း၊ရင္သားမ်ားနာျခင္း
  • ဗိုက္ထြက္လာျခင္း(တကယ့္ကိုယ္ဝန္ေဆာင္ကဲ့သို႔ပင္ ဗိုက္ပူလာျခင္း)
  • ကိုယ္အေလးခ်ိန္တက္လာျခင္း
  • ကေလးလႈပ္ျခင္းကို ခံစားမိျခင္း
  • ဆီးခဏခဏသြားျခင္း
  • ခါးနာျခင္း
  • ရာသီမေပၚျခင္း၊ သို႔ေသာ္ ဆီးစစ္တံႏွင့္စစ္ၾကည့္လ်ွင္ တစ္ေၾကာင္းသာေပၚျခင္း

(အခ်ိဳ႕အမ်ိဳးသမီးမ်ားတြင္ ရာသီမလာျခင္းဟာ တစ္လႏွစ္လေလာက္ထိျဖစ္ႏိုင္သလို…. ႐ွစ္လ ကိုးလထိ ရာသီမလာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။)

ဒီအေျခအေနဟာ ဘယ္လိုလူေတြမွာ ျဖစ္ႏိုင္ေခ်မ်ားလဲ?

  • ကေလးရခ်င္စိတ္အလြန္အမင္းျပင္းပ်ေနသူမ်ား
  • ယခင္က ကိုယ္ဝန္ဖ်က္ခ်ထားဖူးၿပီး ယခုအခါမွ ကေလးလိုခ်င္ေနသူမ်ား
  • ယခင္က တစ္ျကိမ္ထက္ပို၍ ကိုယ္ဝန္ပ်က္က်ဖူးသည့္ ရာဇဝင္႐ွိသူမ်ား
  • ေသြးဆံုးခါနီးအရြယ္တြင္ ကေလးလိုခ်င္သူမ်ား
  • ကိုယ္ဝန္မရႏိုင္သူမ်ား
  • ကိုယ္ဝန္ရမွာ အလြန္ေၾကာက္ေနသူမ်ား
  • ကေလးဆံုး႐ွံဳးဖူးသူမ်ား (ကေလးဆံုးပါး ၊ေပ်ာက္႐ွ… စသျဖင့္)
  • စိတ္ဓာတ္က်ဆင္းေနသူမ်ား
  • သားဥအိမ္အတြင္းအက်ိတ္႐ွိသူမ်ား
  • ဦးေႏွာက္အတြင္း ဓာတုပစၥည္း Chemical မမ်ွတမႈျဖစ္ေနသူမ်ား

ကိုယ္ဝန္အတုမွန္း ဘယ္လိုသိႏိုင္မလဲ?

  • ဆီးစစ္ၾကည့္တဲ့ အခ်ိန္တိုင္း တစ္ေၾကာင္းသာေပၚမယ္။
  • အာထရာေဆာင္း႐ိုက္ၾကည့္ရင္ သားအိမ္ထဲမွာ ကေလးမေတြ႔ရပါ။ (အာထရာေဆာင္းအေျဖကေတာ့ စိတ္ကူးယဥ္ကိုယ္ဝန္နဲ႔ ကိုယ္ဝန္အစစ္ကို ခြဲျခားေပးမယ့္ အေရးပါဆံုးစစ္ေဆးမႈလို႔ဆိုႏိုင္ပါတယ္။)

ကုသမႈ

ဒါ​ေၾကာင္​့ မိမိမွာ ဒီလို လကၡဏာ​ေတြနဲ႔ ႐ွိ​ေနမယ္​ မ​ေသမခ်ာျဖစ္​​ေနမယ္​ဆိုရင္​ ကုိယ္​ဝန္​ႏုစဥ္​တည္​းက ​ေသခ်ာစမ္​းသပ္​ပါ..

မိမိမွာ ​ေျပာခဲ့သလို ကိုယ္​ဝန္​တု(စိတ္​ကူးယဥ္​ကုိယ္​ဝန္​) ႐ွိ​ေနပါက လက္​ခံႏိုင္​​ေသာ စိတ္​အစဥ္​ကို ထားပါ..

တခ်ိဳ႕​ေသာ အမ်ိဳးသမီးမ်ားတြင္​ ေရာဂါအခံတစ္ခုခုေၾကာင့္ဆိုတာထက္ စိတ္ေၾကာင့္ျဖစ္တဲ့အေျခအေနမို႔ စိတ္ပိုင္းဆိုင္ရာကုသမႈနဲ႔ မိသားစုဝင္မ်ားရဲ႕ ႏွစ္သိမ့္အားေပးမႈ အဓိကလိုအပ္ပါတယ္။

​မွန္​ကန္​​ေသာ ကုသမႈႏွင္​့ ႏွစ္​သိမ္​့​ေဆြး​ေႏြးမႈ​ေပးႏိုင္​ပါက ​ေသခ်ာ​ေပ်ာက္​ကင္​းႏိုင္​ပီး ​ေနာက္​ထပ္​ကိုယ္​ဝန္​အစစ္​အမွန္​ရႏိုင္​ဖို႔ ရာခိုင္​ႏႈန္​းမ်ားပါတယ္​…

ေမ (ေဆး ၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…