ကြိတ်မှန်ရွက်အကြောင်း

ကြိတ်မှန်ရွက်ဆိုတာ အာယုဗေဒ ဆေးပညာရပ်မှာ နာမည်ကြီးဆေးဖက်ဝင် အရွက်တစ်မျိုး ဖြစ်ပါတယ်။ အရွက်ကစ အရိုးအထိ အသုံးဝင်ပါတယ်။ အမျိုးသမီးတွေ အတွက်ဆို ဆံပင်သန်ဆေး ဖြစ်ပါတယ်။ အုန်းဆီနဲ့ရောပြီး လိမ်းတတ်ကြပါတယ်။ ဒါ့အပြင် အသည်းအတွက်ရော၊ ဆီးချိုအတွက်ရော အသုံးပြုကြပါတယ်။ မျက်စိအတွက်လည်း ဆေးတစ်ပါးဖြစ်ပါတယ်။ တော်တော်များများ ကိုတော့ သိပ္ပံနည်းကျ လေ့လာထားတာ မရှိသေးပါဘူး။ လေ့လာချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

ဆံပင်အတွက်တော့ သေချာလေ့လာထားတာတွေ ရှိပါတယ်လို့ဖော်ပြထားပါတယ်။ ကြိတ်မှန်ရွက် ကို ဆံပင်သန်ဆေး ဖော်စပ်ရာမှာ ပါဝင်ပစ္စည်းတစ်ခု အဖြစ် သုံးပါတယ်။ ဆံပင်ကို တကယ်သန်စေတယ် အကျိုးရှိတယ်ဆိုပြီး စမ်းသပ်လေ့လာထားကြပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပြီး စိတ်ချလက်ချ သုံးနိုင်တယ်လို့တွေ့ရှိရပါတယ်။ တချို့အရာတွေဟာ ကောင်းတယ်ဆိုတိုင်းလည်း စိတ်ချလက်ချ မသုံးသင့်ပါဘူး။ သေချာစမ်းသပ်လေ့လာထားတာမျိုး ရှိမှ သုံးတာကောင်းပါတယ်။ ဘေးလည်း ကင်းပါတယ်။

ဆီးချိုနဲ့ပတ်သတ်ပြီး ကောင်းတယ်လို့ပြောကြပေမယ့် တော်တော် ခိုင်လုံတဲ့ သက်သေပြချက်တွေ လေ့လာချက်တွေတော့ မတွေ့ရသေးပါဘူး။ တရိ စ္ဆာန်တွေ မှာ စမ်းသပ်ထားတာတွေ တော့ ရှိပါတယ်။ ဒါပေမယ့် လူမှာ စမ်းသာလေ့လာထားတာမျိုး မတွေ့ရတဲ့ အတွက် လုံးဝစိတ်ချယုံကြည်နိုင်တယ်လို့မပြောနိုင်ပါဘူး။ တချို့တိုင်းရင်းဆေးဝါးတွေဟာ လူတစ်ယောက်နဲ့ တည့်ပေမယ့် နောက်တစ်ယောက်နဲ့ မတည့်တာတွေ ဘေးဖြစ်တာတွေ ရှိနိုင်တာမို့၊ သိပ္ပံနည်းကျလေ့လာထားတာမျိုး ရှိမှ ယုံသင့်ပါတယ်။ ကောင်းကျိုး ဆိုးကျိုး သေချာသိမှ သုံးရတာ ဘေးကင်းနိုင်ပါတယ်။

မျက်စိအတွက်ကတော့ လူမှာ စမ်းသပ်ထားတာ တစ်ခုတွေ့ရပါတယ်။ အမြင်အာရုံပိုကောင်းလာတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာပဲ စမ်းသပ်ထားတယ်လို့ပြောတဲ့ အတွက် လုံးဝစိတ်ချရတဲ့ အခြေအနေ မဟုတ်ပါဘူး။ အသည်းအတွက်ရော ကောင်းတယ်လို့ပြောကြပေမယ့် စိတ်ကျေနပ်လောက်စရာ လေ့လာချက်တွေ မတွေ့ရသေးပါဘူး။ သွေးတိုးကျစေတဲ့ အစွမ်း၊ သွေးတွင်း အဆီကျစေတဲ့ အစွမ်း၊ ဆီးဆေး စသဖြင့် ကောင်းကျိုးတွေ ရှိနေပေမယ့် သေချာတဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်တွေ အကိုးအကားတွေ နည်းပါးသေးတဲ့ အတွက် အခိုင်အမာ သုံးစွဲဖို့ကခက်နေပါသေးတယ်။

ကြိတ်မှန်ရွက်မှာ ပါဝင်တဲ့ Wedelolactone ဆိုတဲ့ ဓာတ်ဟာ အသားဓာတ် စုပ်ယူမှုကို ဟန့်တားနိုင်တယ်လို့လည်း တွေ့ရှိရပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေ မပြည့်စုံသေးတဲ့ အတွက် အနောက်တိုင်းဆေးပညာ အနေနဲ့တော့ လက်ခံစရာ မရှိသေးပါဘူး။ နောက်ထပ် ပိုကောင်းတဲ့ လေ့လာချက်တွေ၊ စိတ်ချရတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ ဆေးဝါး အဖြစ် အသုံးပြုဖို့စိတ်ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေး အရ သုံးမယ်ဆိုရင်တော့ မိမိကိုယ်တိုင် ချင့်ချိန်ပြီး သုံးစွဲကြဖို့နဲ့ကောင်းကျိုး ဆိုးကျိုးတွေကို သေချာ သတိထားရမှာ ဖြစ်ကြောင်း မျှဝေလိုက်ပါတယ်။

Dr. Jasmine

ၾကိတ္မွန္ရြက္အေၾကာင္း

ၾကိတ္မွန္ရြက္ဆိုတာ အာယုေဗဒ ေဆးပညာရပ္မွာ နာမည္ၾကီးေဆးဖက္၀င္ အရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ အရြက္ကစ အရိုးအထိ အသံုး၀င္ပါတယ္။ အမ်ိဳးသမီးေတြ အတြက္ဆို ဆံပင္သန္ေဆး ျဖစ္ပါတယ္။ အုန္းဆီနဲ ့ေရာျပီး လိမ္းတတ္ၾကပါတယ္။ ဒါ့အျပင္ အသည္းအတြက္ေရာ၊ ဆီးခ်ိဳအတြက္ေရာ အသံုးျပဳၾကပါတယ္။ မ်က္စိအတြက္လည္း ေဆးတစ္ပါးျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား ကိုေတာ့ သိပၸံနည္းက် ေလ့လာထားတာ မရွိေသးပါဘူး။ ေလ့လာခ်က္အခ်ိဳ ့ကို ေဖာ္ျပလိုက္ပါတယ္။

ဆံပင္အတြက္ေတာ့ ေသခ်ာေလ့လာထားတာေတြ ရွိပါတယ္လို ့ေဖာ္ျပထားပါတယ္။ ၾကိတ္မွန္ရြက္ ကို ဆံပင္သန္ေဆး ေဖာ္စပ္ရာမွာ ပါ၀င္ပစၥည္းတစ္ခု အျဖစ္ သံုးပါတယ္။ ဆံပင္ကို တကယ္သန္ေစတယ္ အက်ိဳးရွိတယ္ဆိုျပီး စမ္းသပ္ေလ့လာထားၾကပါတယ္။ ေဘးထြက္ဆိုးက်ိဳး မရွိသေလာက္နည္းျပီး စိတ္ခ်လက္ခ် သံုးနိုင္တယ္လို ့ေတြ ့ရွိရပါတယ္။ တခ်ိဳ ့အရာေတြဟာ ေကာင္းတယ္ဆိုတိုင္းလည္း စိတ္ခ်လက္ခ် မသံုးသင့္ပါဘူး။ ေသခ်ာစမ္းသပ္ေလ့လာထားတာမ်ိဳး ရွိမွ သံုးတာေကာင္းပါတယ္။ ေဘးလည္း ကင္းပါတယ္။

ဆီးခ်ိဳနဲ ့ပတ္သတ္ျပီး ေကာင္းတယ္လို ့ေျပာၾကေပမယ့္ ေတာ္ေတာ္ ခိုင္လံုတဲ့ သက္ေသျပခ်က္ေတြ ေလ့လာခ်က္ေတြေတာ့ မေတြ ့ရေသးပါဘူး။ တရိ စၦာန္ေတြ မွာ စမ္းသပ္ထားတာေတြ ေတာ့ ရွိပါတယ္။ ဒါေပမယ့္ လူမွာ စမ္းသာေလ့လာထားတာမ်ိဳး မေတြ ့ရတဲ့ အတြက္ လံုး၀စိတ္ခ်ယံုၾကည္နိုင္တယ္လို ့မေျပာနိုင္ပါဘူး။ တခ်ိဳ ့တိုင္းရင္းေဆး၀ါးေတြဟာ လူတစ္ေယာက္နဲ ့ တည့္ေပမယ့္ ေနာက္တစ္ေယာက္နဲ ့ မတည့္တာေတြ ေဘးျဖစ္တာေတြ ရွိနိုင္တာမို ့၊ သိပၸံနည္းက်ေလ့လာထားတာမ်ိဳး ရွိမွ ယံုသင့္ပါတယ္။ ေကာင္းက်ိဳး ဆုိးက်ိဳး ေသခ်ာသိမွ သံုးရတာ ေဘးကင္းနိုင္ပါတယ္။

မ်က္စိအတြက္ကေတာ့ လူမွာ စမ္းသပ္ထားတာ တစ္ခုေတြ ့ရပါတယ္။ အျမင္အာရုံပိုေကာင္းလာတယ္ဆိုတာ ေတြ ့ရွိရပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္မွာပဲ စမ္းသပ္ထားတယ္လို ့ေျပာတဲ့ အတြက္ လံုး၀စိတ္ခ်ရတဲ့ အေျခအေန မဟုတ္ပါဘူး။ အသည္းအတြက္ေရာ ေကာင္းတယ္လိို ့ေျပာၾကေပမယ့္ စိတ္ေက်နပ္ေလာက္စရာ ေလ့လာခ်က္ေတြ မေတြ ့ရေသးပါဘူး။ ေသြးတိုးက်ေစတဲ့ အစြမ္း၊ ေသြးတြင္း အဆီက်ေစတဲ့ အစြမ္း၊ ဆီးေဆး စသျဖင့္ ေကာင္းက်ိဳးေတြ ရွိေနေပမယ့္ ေသခ်ာတဲ့ သိပၸံနည္းက် ေလ့လာစမ္းသပ္ခ်က္ေတြ အကိုးအကားေတြ နည္းပါးေသးတဲ့ အတြက္ အခိုင္အမာ သံုးစြဲဖို ့ကခက္ေနပါေသးတယ္။

ၾကိတ္မွန္ရြက္မွာ ပါ၀င္တဲ့ Wedelolactone ဆိုတဲ့ ဓာတ္ဟာ အသားဓာတ္ စုပ္ယူမွုကို ဟန္ ့တားနိုင္တယ္လို ့လည္း ေတြ ့ရွိရပါတယ္။ သိပၸံနည္းက် ေလ့လာခ်က္ေတြ မျပည့္စံုေသးတဲ့ အတြက္ အေနာက္တိုင္းေဆးပညာ အေနနဲ ့ေတာ့ လက္ခံစရာ မရွိေသးပါဘူး။ ေနာက္ထပ္ ပိုေကာင္းတဲ့ ေလ့လာခ်က္ေတြ၊ စိတ္ခ်ရတဲ့ စမ္းသပ္မွုေတြ ျပဳလုပ္ျပီးမွ ေဆး၀ါး အျဖစ္ အသံုးျပဳဖို ့စိတ္ခ်ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တိုင္းရင္းေဆး အရ သံုးမယ္ဆိုရင္ေတာ့ မိမိကိုယ္တိုင္ ခ်င့္ခ်ိန္ျပီး သံုးစြဲၾကဖို ့နဲ ့ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို ေသခ်ာ သတိထားရမွာ ျဖစ္ေၾကာင္း မ်ွေ၀လိုက္ပါတယ္။

Dr. Jasmine

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *