ရုတ်တရက် မိုက်ခနဲ ဘာကြောင့်လဲ?
ရုတ်တရက်မူးမေ့လဲတယ်ဆိုတာ ခဏလေးအတွင်းမှာ ဘာကိုမှမသိတော့ဘဲသတိလစ်သွားတာဖြစ်ပြီးဦးနှောက်ကို Oxygen ရောက်တာမလုံလောက်လို့ဖြစ်ပါတယ်။ခံစားရနိုင်တဲ့လက္ခဏာတွေကတော့
_ ရုတ်တရက် မိုက်ခနဲပြာထွက်သွားတာ
_ တစ်ကိုယ်လုံးအားမရှိသလို ခံစားရတာ
_ အမြင်အာရုံတွေဝေဝါးလာတာ
_ ဖြူဖျော့ပြီး အန်တာ၊ ချွေးစေးတွေပြန်တာ
_ နှလုံးခုန်နှုန်းနှေးလာတာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
_ အချိန်အကြာကြီးမတ်တပ်ရပ်ရတာ( ပူတဲ့ရာသီ၊ လေဝင်လေထွက်မကောင်းတဲ့နေရာမှာပိုဖြစ်ပါတယ်)
_ အလွန်အမင်းစိတ်ထိခိုက်သွားတာ
_ သွေးထွက်များတာ၊ သွေးမြင်တွေ့လိုက်တာ
_ ဆေးထိုးခံရတာ၊ ဆေးထိုးအပ်မြင်လိုက်တာ
_ နှလုံးရောဂါအခံရှိတာ
_ နှလုံးခုန်နှုန်း မမှန်တာ၊ မြန်တာ
_ အရမ်းနာကျင်တာ၊ အောင့်တာ
_ လည်ပင်းကိုရုတ်တရက် ဖိအားရောက်တာ
_ ရာသီလာနေချိန်သွေးဆင်းများတာ
_ အရက်အလွန်သောက်တာ
_ သောက်နေတဲ့ဆေးတစ်ချို့ကြောင့့်
_ဆီးချိုရှိတာ
ထူးထူးခြားခြား ဖြစ်တတ်တဲ့အသက်အရွယ်ရယ်လို့မရှိပါဘူး။အရွယ်မရွေးဖြစ်နိုင်တဲ့အထဲမှာ ကျောင်းနေအရွယ် မိန်းကလေးတွေ ကျောင်းမှာစုဝေးပြီးရပ်နေတဲ့အချိန်တွေမှာ ပိုအတွေ့များပါတယ်။
မူးမေ့ပြီးတာနဲ့ သိပ်မကြာခင်မှာပုံမှန်အတိုင်း သတိပြန်ရလာတတ်ပါတယ်။ နောက်ဆက်တွဲရယ်လို့မရှိတတ်ပေမယ့်တစ်ခါတစ်ခါလဲကျတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကပစ္စည်းတွေနဲ့ခိုက်မိပြီး ခေါင်းဒဏ်ရာရတာ၊ ခြေလက်တွေဒဏ်ရာရတတွေဖြစ်တတ်ပါတယ်။
သက်သာအောင် လုပ်ဆောင်ရန်မှာ
_ မေ့လဲနေတဲ့အချိန်မှာ ဖြစ်နေတဲ့လူကို ကြမ်းပြင်ပေါ် ဘယ်ဘက် ကိုစောင်းပြီးလှဲထားပေးပါ။
_ ခြေထောက်၂ဖက်မြှောက်မယ်ဆိုရင် နှလုံးကိုသွေးပိုရောက်လို့ပိုကောင်းနိုင်ပါတယ်။
_ မူးလဲပြီး ၁၀မိနစ်ခန့် လူနာကို လှဲထားပေးပါ။
သတိပြုရန်မှာ
_ မကြာခဏ မူးမေ့လဲတတ်သူ
_ အတက်ရောဂါနှင့်တွဲဖြစ်တတ်သူ
_ သွေးပေါင်အလွန်ကျခြင်း၊ သွေးပေါင်အလွန်တက်ခြင်းတို့နှင့်တွဲဖြစ်တတ်သူများ အထူးသတိပြုပြီး ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။
မယ်တင်( ဆေး ၁)