ဟိုကိစ္စ စိတ်သိပ်မပါဘူးဖြစ်နေလား (အမျိုးသား)

ဆွဲဆောင်မှုအင်အားဘယ်လောက်ကောင်းကောင်း လှည့်ကြည့်ယုံလောက်ပဲစိတ်ပါပြီး ခရီးဆုံးထိသွားချင်စိတ်မရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့လိင်စိတ်ဆန္ဒ ကုန်ခန်းကျဆင်းမှုဟာ ပုံမှန်မဟုတ်ဘဲဖြစ်နေပြီလို့ ယူဆရမှာပါ။ တခါတလေမှာ ပြီးဆုံးတဲ့ထိရောက်သွားပေမယ့် စိတ်ကျေနပ်လောက်တဲ့ခံစားချက်မျိုးမရှိဘူးဆိုရင် ဒါကိုလည်း လိင်စိတ်ကျဆင်းတယ်လို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ကြိမ်နှစ်ကြိမ် ဆန္ဒမပြည့်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အချိန်အတန်ကြာ အကြိမ်ကြိမ်ဆက်ဖြစ်နေရင်တော့ ပုံမှန်အနေအထားဟုတ်မဟုတ်ဆန်းစစ်ရတော့မှာပဲဖြစ်ပါတယ်။

လိင်စိတ်အထွဋ်အထိပ်မရောက်စေတဲ့ ရောဂါအကြောင်းရင်းတွေကတော့

  • အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းမထွက်ခြင်း/နည်းခြင်း။
  • ကိုယ်တွင်း အခြားဟော်မုန်းဓာတ်များမညီမျှခြင်း
  • လေဖြတ်ခြင်း၊ ဆီးချို၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် အာရုံကြောစနစ်အားနည်းသွားခြင်း
  • လိင်အင်္ဂါနှင့် အနီးတစ်ဝိုက် ခွဲစိတ်မှုပြုလုပ်ဖူးခြင်း
  • လိင်အင်္ဂါတွင် အနာဖြစ်ခြင်း
  • အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ဒါပေမယ့် လိင်စိတ်အထွဋ်အထိပ်မရရှိခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းကတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကြောင့်လို့ဆိုပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်လွယ်ခြင်း၊ လိင်ဆက်ဆံရန်ကြောက်နေခြင်း၊ လက်တွဲဖော်အပေါ်စိတ်ကျေနပ်မှုမရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ၍ စိတ်ဒဏ်ရာရဖူးခြင်းတို့ဟာ ဆန္ဒပန်းတိုင်ကိုမရောက်ရခြင်းရဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေကိုကုသဖို့အတွက်ကတော့ ဆန္ဒမပြည့်မြောက်ခြင်းရဲ့ အကြောင်းရင်းမြစ်ကို ကုသရမှာဖြစ်ပါတယ်။ အရက်နှင့်မူးယစ်ဆေးဝါးကိုရှောင်ကျဉ်ဖို့လိုအပ်ပြီး ဆီးချို၊သွေးတိုးအစရှိသောရောဂါများရှိပါက နေထိုင်မှုပုံစံနှင့်ဆေးဝါးကုထုံးကို တွဲဖက်ကာ ကျန်းမာအောင်လေ့ကျင့်ယူရပါမယ်။ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းဆိုရင်တော့ မိမိရဲ့လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ကာ ညှိနှိုင်းယူခြင်း နဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ဟိုကိစၥ စိတ္သိပ္မပါဘူးျဖစ္ေနလား (အမ်ိဳးသား)

ဆြဲေဆာင္မႈအင္အားဘယ္ေလာက္ေကာင္းေကာင္း လွည့္ၾကည့္ယံုေလာက္ပဲစိတ္ပါၿပီး ခရီးဆံုးထိသြားခ်င္စိတ္မ႐ွိတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနၿပီဆိုရင္ေတာ့ သင့္ရဲ႕လိင္စိတ္ဆႏၵ ကုန္ခန္းက်ဆင္းမႈဟာ ပံုမွန္မဟုတ္ဘဲျဖစ္ေနၿပီလို႔ ယူဆရမွာပါ။ တခါတေလမွာ ၿပီးဆံုးတဲ့ထိေရာက္သြားေပမယ့္ စိတ္ေက်နပ္ေလာက္တဲ့ခံစားခ်က္မ်ိဳးမ႐ွိဘူးဆိုရင္ ဒါကိုလည္း လိင္စိတ္က်ဆင္းတယ္လို႔ပဲ သတ္မွတ္ရမွာျဖစ္ပါတယ္။ တစ္ႀကိမ္ႏွစ္ႀကိမ္ ဆႏၵမျပည့္ျခင္းဟာ ျဖစ္ေလ့ျဖစ္ထ႐ွိေပမယ့္ အခ်ိန္အတန္ၾကာ အႀကိမ္ႀကိမ္ဆက္ျဖစ္ေနရင္ေတာ့ ပံုမွန္အေနအထားဟုတ္မဟုတ္ဆန္းစစ္ရေတာ့မွာပဲျဖစ္ပါတယ္။

လိင္စိတ္အထြဋ္အထိပ္မေရာက္ေစတဲ့ ေရာဂါအေၾကာင္းရင္းေတြကေတာ့

  • အမ်ိဳးသားေဟာ္မုန္း တက္စတိုစတီ႐ုန္းမထြက္ျခင္း/နည္းျခင္း။
  • ကိုယ္တြင္း အျခားေဟာ္မုန္းဓာတ္မ်ားမညီမ်ွျခင္း
  • ေလျဖတ္ျခင္း၊ ဆီးခ်ိဳ၊ ထိခိုက္ဒဏ္ရာရျခင္းတို႔ေၾကာင့္ အာရံုေၾကာစနစ္အားနည္းသြားျခင္း
  • လိင္အဂၤါႏွင့္ အနီးတစ္ဝိုက္ ခြဲစိတ္မႈျပဳလုပ္ဖူးျခင္း
  • လိင္အဂၤါတြင္ အနာျဖစ္ျခင္း
  • အရက္ႏွင့္ မူးယစ္ေဆးဝါး သံုးစြဲျခင္း တို႔ေၾကာင့္ပဲျဖစ္ပါတယ္။

ဒါေပမယ့္ လိင္စိတ္အထြဋ္အထိပ္မရ႐ွိျခင္းရဲ႕ အျဖစ္အမ်ားဆံုးအေၾကာင္းရင္းကေတာ့ စိတ္ပိုင္းဆိုင္ရာ ေဝဒနာေတြေၾကာင့္လို႔ဆိုပါတယ္။ စိတ္ဓာတ္က်ျခင္း၊ စိတ္ပူပန္လြယ္ျခင္း၊ လိင္ဆက္ဆံရန္ေၾကာက္ေနျခင္း၊ လက္တြဲေဖာ္အေပၚစိတ္ေက်နပ္မႈမ႐ွိျခင္း၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရ၍ စိတ္ဒဏ္ရာရဖူးျခင္းတို႔ဟာ ဆႏၵပန္းတိုင္ကိုမေရာက္ရျခင္းရဲ႕ အဓိကအခ်က္ေတြပဲျဖစ္ပါတယ္။

ဒီလိုအေျခအေနကုိကုသဖို႔အတြက္ကေတာ့ ဆႏၵမျပည့္ေျမာက္ျခင္းရဲ႕ အေၾကာင္းရင္းျမစ္ကို ကုသရမွာျဖစ္ပါတယ္။ အရက္ႏွင့္မူးယစ္ေဆးဝါးကိုေ႐ွာင္က်ဥ္ဖို႔လိုအပ္ၿပီး ဆီးခ်ိဳ၊ေသြးတိုးအစ႐ွိေသာေရာဂါမ်ား႐ွိပါက ေနထိုင္မႈပံုစံႏွင့္ေဆးဝါးကုထံုးကို တြဲဖက္ကာ က်န္းမာေအာင္ေလ့က်င့္ယူရပါမယ္။ စိတ္ပိုင္းဆိုင္ရာအေၾကာင္းရင္းဆိုရင္ေတာ့ မိမိရဲ႕လက္တြဲေဖာ္နဲ႔ ပြင့္ပြင့္လင္းလင္းတိုင္ပင္ကာ ညႇိႏိႈင္းယူျခင္း နဲ႔ စိတ္ဖိစီးမႈကို ေျဖ႐ွင္းျခင္းဟာ အေကာင္းဆံုးနည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *