ဟိုကိစ္စ စိတ်သိပ်မပါဘူးဖြစ်နေလား (အမျိုးသမီး)
အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် အမျိုးသားတွေလောက် စိတ်အားထက်သန်မှုမရှိဘူးလို့ဆိုကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးထုအတွက် အတိုင်းအတာတစ်ခုထိမှန်ကန်နေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ကာမဆန္ဒအထွဋ်အထိပ်ရောက်ဖို့အတွက် ဖြတ်ကျော်ရမယ့်အဆင့်ဆင့်တွေဟာ အမျိုးသားတွေထက်ပိုမိုတဲ့အတွက် အမျိုးသမီးထုဟာ ဆန္ဒပန်းတိုင်အရောက်နည်းကြရတာလဲဖြစ်ပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းဟာ ရောဂါ၊ခန္ဓာရဲ့ချို့ယွင်းချက်ကြောင့်ဖြစ်တတ်သလို စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ရောဂါ၊ ခန္ဓာကြောင့် ပန်းတိုင်မရောက်ရတဲ့အကြောင်းတွေကတော့
- ခန္ဓာကိုယ်အောက်ပိုင်း သွေးကြောများ ထိခိုက်ဒဏ်ရာရဖူးခြင်း
- ဆီးချို၊ သွေးတိုး၊ လေဖြတ်ခြင်းတို့ကြောင့် အာရုံကြောများထိခိုက်ထားခြင်း
- စိတ်ငြိမ်ဆေး၊ စိတ်ရောဂါကုသဆေးဝါးများနှင့် မူးယစ်ဆေးသုံးစွဲခြင်း
- အမျိုးသမီး လိင်အင်္ဂါဇာတ် အနာတရဖြစ်ထားခြင်း၊ ယောနိထိခိုက်ဒဏ်ရာရခြင်း တို့ကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် လိင်စိတ်အထွဋ်အထိပ်မရရှိခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းကတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ အထူးသဖြင့် စိုးရိမ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
- ကိုယ်ဝန်ရှိသွားမှာတွေးပြီးပူပန်ခြင်း
- အထိအတွေ့မရှိဖူးသေးသူများတွင် ပြီးမြောက်မှုကိုမခံစားဖူးသောကြောင့် ကြောက်နေခြင်း
- ပြီးမြောက်သွားမည်ကိုပင် ရှက်နေခြင်း
- စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုရှိနေခြင်း
- လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုခံခဲ့ရဖူးခြင်း
- လိင်ဆက်ဆံဖော်နှင့်အပေးအယူမမျှဘဲ အမျိုးသားဘက်မှကျေနပ်သောအခါ ရပ်တန့်လိုက်ရခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေကိုကုသဖို့အတွက်ကတော့ ဆန္ဒမပြည့်မြောက်ခြင်းရဲ့ အကြောင်းရင်းမြစ်ကို ကုသရမှာဖြစ်ပါတယ်။ အရက်နှင့်မူးယစ်ဆေးဝါးကိုရှောင်ကျဉ်ဖို့လိုအပ်ပြီး ဆီးချို၊သွေးတိုးအစရှိသောရောဂါများရှိပါက နေထိုင်မှုပုံစံနှင့်ဆေးဝါးကုထုံးကို တွဲဖက်ကာ ကျန်းမာအောင်လေ့ကျင့်ယူရပါမယ်။ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းဆိုရင်တော့ မိမိရဲ့လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ကာ ညှိနှိုင်းယူခြင်းနဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့ လိင်စိတ်ခံစားမှုကို ဖြစ်ပေါ်မယ့် စိတ်၊ခန္ဓာခံစားချက်များကို ကိုယ့်ရဲ့လက်တွဲဖော်နဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ရန်ဟာ အရေးအကြီးအချက်တစ်ခုဖြစ်ပါတယ်လို့ တင်ပြရင်း။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ဟိုကိစၥ စိတ္သိပ္မပါဘူးျဖစ္ေနလား (အမ်ိဳးသမီး)
အမ်ိဳးသမီးေတြဟာ ေယဘုယ်အားျဖင့္ အမ်ိဳးသားေတြေလာက္ စိတ္အားထက္သန္မႈမ႐ွိဘူးလို႔ဆိုၾကပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံမွာ႐ွိတဲ့အမ်ိဳးသမီးထုအတြက္ အတိုင္းအတာတစ္ခုထိမွန္ကန္ေနပါတယ္။ အမ်ိဳးသမီးတစ္ဦးရဲ႕ ကာမဆႏၵအထြဋ္အထိပ္ေရာက္ဖို႔အတြက္ ျဖတ္ေက်ာ္ရမယ့္အဆင့္ဆင့္ေတြဟာ အမ်ိဳးသားေတြထက္ပိုမိုတဲ့အတြက္ အမ်ိဳးသမီးထုဟာ ဆႏၵပန္းတိုင္အေရာက္နည္းၾကရတာလဲျဖစ္ပါတယ္။
ဒီလိုျဖစ္ရတဲ့အေၾကာင္းရင္းဟာ ေရာဂါ၊ခႏၶာရဲ႕ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ျဖစ္တတ္သလို စိတ္ပိုင္းဆိုင္ရာေဝဒနာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
ေရာဂါ၊ ခႏၶာေၾကာင့္ ပန္းတိုင္မေရာက္ရတဲ့အေၾကာင္းေတြကေတာ့
- ခႏၶာကိုယ္ေအာက္ပိုင္း ေသြးေၾကာမ်ား ထိခိုက္ဒဏ္ရာရဖူးျခင္း
- ဆီးခ်ိဳ၊ ေသြးတိုး၊ ေလျဖတ္ျခင္းတို႔ေၾကာင့္ အာရံုေၾကာမ်ားထိခိုက္ထားျခင္း
- စိတ္ၿငိမ္ေဆး၊ စိတ္ေရာဂါကုသေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးသံုးစြဲျခင္း
- အမ်ိဳးသမီး လိင္အဂၤါဇာတ္ အနာတရျဖစ္ထားျခင္း၊ ေယာနိထိခိုက္ဒဏ္ရာရျခင္း တို႔ေၾကာင့္ျဖစ္ပါတယ္။
ဒါေပမယ့္ လိင္စိတ္အထြဋ္အထိပ္မရ႐ွိျခင္းရဲ႕ အျဖစ္အမ်ားဆံုးအေၾကာင္းရင္းကေတာ့ စိတ္ပိုင္းဆိုင္ရာ ေဝဒနာေတြ အထူးသျဖင့္ စိုးရိမ္မႈေတြေၾကာင့္ပဲျဖစ္ပါတယ္။ ဒီလိုျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့
- ကိုယ္ဝန္႐ွိသြားမွာေတြးၿပီးပူပန္ျခင္း
- အထိအေတြ႔မ႐ွိဖူးေသးသူမ်ားတြင္ ၿပီးေျမာက္မႈကိုမခံစားဖူးေသာေၾကာင့္ ေၾကာက္ေနျခင္း
- ၿပီးေျမာက္သြားမည္ကိုပင္ ႐ွက္ေနျခင္း
- စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်ဆင္းမႈ႐ွိေနျခင္း
- လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေစာ္ကားမႈခံခဲ့ရဖူးျခင္း
- လိင္ဆက္ဆံေဖာ္ႏွင့္အေပးအယူမမ်ွဘဲ အမ်ိဳးသားဘက္မွေက်နပ္ေသာအခါ ရပ္တန္႔လိုက္ရျခင္းတို႔ေၾကာင့္ပဲျဖစ္ပါတယ္။
ဒီလိုအေျခအေနကုိကုသဖို႔အတြက္ကေတာ့ ဆႏၵမျပည့္ေျမာက္ျခင္းရဲ႕ အေၾကာင္းရင္းျမစ္ကို ကုသရမွာျဖစ္ပါတယ္။ အရက္ႏွင့္မူးယစ္ေဆးဝါးကိုေ႐ွာင္က်ဥ္ဖို႔လိုအပ္ၿပီး ဆီးခ်ိဳ၊ေသြးတိုးအစ႐ွိေသာေရာဂါမ်ား႐ွိပါက ေနထိုင္မႈပံုစံႏွင့္ေဆးဝါးကုထံုးကို တြဲဖက္ကာ က်န္းမာေအာင္ေလ့က်င့္ယူရပါမယ္။ စိတ္ပိုင္းဆိုင္ရာအေၾကာင္းရင္းဆိုရင္ေတာ့ မိမိရဲ႕လက္တြဲေဖာ္နဲ႔ ပြင့္ပြင့္လင္းလင္းတိုင္ပင္ကာ ညႇိႏိႈင္းယူျခင္းနဲ႔ စိတ္ဖိစီးမႈကို ေျဖ႐ွင္းျခင္းဟာ အေကာင္းဆံုးနည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။ မိမိရဲ႕ လိင္စိတ္ခံစားမႈကို ျဖစ္ေပၚမယ့္ စိတ္၊ခႏၶာခံစားခ်က္မ်ားကို ကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔ပြင့္ပြင့္လင္းလင္းတိုင္ပင္ရန္ဟာ အေရးအႀကီးအခ်က္တစ္ခုျဖစ္ပါတယ္လို႔ တင္ျပရင္း။
ေမတၱာျဖင့္
စိုင္းျမတ္သူ