အိပ်ရာထဲမှာ စိတ်မပါဘြဲဖစ်နေပါသလား?

အမျိုးသားတို့ရဲ့ လိင်စိတ်ဆန္ဒအတက်အကျဟာ အောက်ပါအခြေအနေ အကြောင်းအချက်များရဲ့ လွှမ်းမိုးမှုနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။

အမျိုးသားတို့အနေနဲ့ အိပ်ရာထဲမှာစိတ်မပါဖြစ်နေမယ်ဆိုရင်တော့ ဒီအချက်လေးတွေ လုပ်ကြည့်သင့်ပါတယ်…..

(1)လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့လျှင် မိနစ် 30 ခန့် ခပ်ရွရွလမ်းလျှောက်ခြင်း၊ပြေးခြင်း၊ ရေကူးခြင်း၊ယောဂကျင့်ခြင်း စသဖြင့် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုှုကောင်းစေသည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။

(2)ဒါမျိုးလေးတွေ များများစားပါ။
*ပိုတက်စီယမ်ကြွယ်ဝသော အစားအစာများ (ငှက်ပျောသီး၊ကြက်သွန်ဖြူ /နီ….စသဖြင့်)

*ငါးကြီးဆီ၊တူနာငါး၊ဆော်လမွန်ငါး

*ထောပတ်သီး၊သံလွင်ဆီ

*ဗီတာမင် Bအုပ်စု ပါဝင်သောအစားအစာများ (ဝက်သား၊မြေပဲ၊ကြက်ဥအကာ၊စသဖြင့် )

(3)စိတ်ဖိဆီးမှုများကိုလျှော့ချပါ။
*သင့်ကိုစိတ်ဖိဆီးမှုဖြစ်စေတဲ့အရာတွေကို တစ်ယောက်တည်းကြိတ်ခံစားနေခြင်းဟာ စိတ်ဖိဆီးမှုကိုပိုမိုဆိုးရွားစေပါတယ်။သင်ယုံကြည်စိတ်ချရတဲ့သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ယောက်ကို ဖွင့်ဟပြောပြတိုင်ပင်ခြင်းဟာ စိတ်ဖိဆီးမှုကိုလျော့ကျစေပြီး အကြံဉာဏ်ကောင်းများ၊အကူညီကောင်းများလည်းရနိုင်ပါတယ်။

*စိတ်ဖိဆီးနေရသည့်အကြောင်းအချက်များကို စာရွက်ပေါ်တွင် တစ်ချက်ချျင်းချရေးပါ။ဘယ်အချက်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တစ်ချက်ချင်းခေါင်းအေးအေးထား အချိန်ပေးပြီးစဉ်းစားခြင်းဖြင့် သင့်ခေါင်းထဲရှုပ်နေတဲ့အရာအတော်များများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

*ခဏလောက်အနားယူပါ။လုပ်နေကျအလုပ်တွေကို ခဏရပ်လိုက်ပြီး သင်နှစ်သက်ရာတစ်ခုခုကို အချိန်ပေးလုပ်ပါ။စာအုပ်ဖတ်ခြင်း ၊ရုပ်ရှင်ကြည့်ခြင်း၊အနှိပ်ခံခြင်း စသဖြင့် သင့်စိတ်အပန်းပြေစေမည့်အရာတစ်ခုခုကိုလုပ်ပါ။

*လေ့ကျင့်ခန်းလုပ်ခြင်း၊ကခြင်းတို့သည်လည်း စိတ်ဖိစီးမှာကိုသိသာစွာလျော့ကျစေပါတယ်။ စိတ်ဖိဆီးမှုလျော့ကျသွားတာနဲ့အမျျှ လိင်စွမ်းဆောင်ရည်လည်း သိသိသာသာမြင့်တက်လာတာကိုတွေ့ရမှာပါ။

(4)သင့်အဖော်ကို အလေးထားပါ။
လိင်မှုရေးရာကိစ္စရပ်တွေဟာ မိမိတစ်ဦးတည်းသာယာမှုရရှိဖို့ထက် မိမိရဲ့အဖော်ကိုရောပါ ကျေနပ်မှုရရှိစေမှုသာ နှစ်ဦးနှစ်ဖက် အပေးအယူညီမျှပြီး ပြီးပြည့်စုံတဲ့အချိန်ကောင်းတစ်ခုကိုရရှိမှာ ဖြစ်ပါတယ်။ဒါကြောင့် သင့်အဖော်ရဲ့ လိင်ပိုင်းဆိုင်ရာလိုအပ်မှု၊လိုလားမှုတို့ကို အလေးပေးပြီး ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ခြင်းဖြင့် အိပ်ရာထဲက အချိန်တွေကို ကြည်နူးစွာဖြတ်သန်းလိုက်ပါ။

(5)ဒါတွေကိုတော့ လုံးဝရှောင်
ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် လိင်စိတ်ဆန္ဒကိုပါလျော့နည်းစေတဲ့ အပြုအမူတွေဖြစ်တဲ့
-အရက်၊ဘီယာသောက်သုံးခြင်း
-ဆေးလိပ်သောက်ခြင်း
-အိပ်ရေးပျက်ခြင်း…. စတာတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

မေ (ဆေး ၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *