ဘယ်လိုလေးလှချင်တာလဲ?

သင့်မျက်နှာပေါင်းမတင်မီ ပထမဆုံးစဉ်းစားသင့်တာကတော့ ” သင်ဘယ်လိုမျိုးလှချင်တာလဲ ” ဆိုတဲ့အချက်ပါ။

မျက်နှာဖြူဝင်းချင်တာလား? အရေးအကြောင်းတွေလျော့ပါးပြီးအသားအရည်တင်းရင်းချင်တာလား? အစက်အပြောက်တွေကင်းရှင်းချင်တာလား?….စသဖြင့်….ကိုယ်လိုချင်တဲ့ အာနိသင်ပေါ်မူတည်ပြီး ဘယ်လိုအသီးအနှံသုံးရမလဲဆိုတာ ကွဲပြားတာမို့ တစ်ခုချင်းစီ သေချာပြောပြပေးမယ်….အဆုံးထိဖတ်ပေးနော်….

ဘယ်လိုအသားအရည်မျိုးပဲဖြစ်ဖြစ် ပေါင်းတင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက

မိတ်ကပ်ဖျက်ပါ
မိမိနှစ်သက်ရာ မျက်နှာသစ်ဆေးတစ်မျိုးမျိုးနဲ့ ရေခပ်နွေးနွေးကို အသုံးပြုပြီး မျက်နှာကိုစင်ကြယ်စွာဆေးကြောပါ။
(1)သင်ကအဆီပြန်တဲ့အသားအရည်မို့ အဆီပြန်တာကိုထိန်းသိမ်းချင်တာလား?

-> ဒါဆိုရင်တော့ လွယ်ပါတယ်။

ခရမ်းချဉ်သီးအမှည့်တစ်လုံးကို အရည်ညှစ်ပြီး မျက်နှာပေါ်သုတ်လိမ်းထားလိုက်ရုံပါပဲ။

ခရမ်းချဉ်သီးအစေ့ကိုလည်း တကူးတကဖယ်စရာမလိုပါဘူး။

ထို့နောက် ၁၅မိနစ် -မိနစ် ၂၀ အကြာမှာ မျက်နှာကို ရိုးရိုးရေနဲ့ပြန်သစ်လိုက်ရုံပါပဲ။

ခရမ်းချဉ်သီးအစေ့လေးတွေက မျက်နှာပြန်သစ်တဲ့အခါမှာ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို scrub လုပ်သလို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

(2)ခြောက်သွေ့ပြီးကြမ်းတမ်းတဲ့အသားအရည်မို့ စိုစိုနုနုလေးဖြစ်ချင်တာလား?

->အားလုံးသိကြတဲ့အတိုင်း ခြောက်သွေ့တဲ့အသားအရည်အတွက် ဆိုရင် သခွားသီးထက်ကောင်းတာမရှိတော့ဘူးနော်။

လွယ်လည်းလွယ်တယ်လေ။

သခွားသီးတစ်လုံးကို အသီးခြစ်တဲ့ကိရိယာလေးနဲ့ခြစ်၊ အရည်ညှစ်၊ ရလာတဲ့အရည်ရော၊အဖတ်ကိုရော မျက်နှာပေါ်မှာလိမ်းထားပါ။

ပြီးရင် သခွားသီးအကွင်းလေး ၂ကွင်းလှီးပြီး မျက်လုံးပေါ်မှာကပ်။

15မိနစ် – မိနစ် ၂၀ လောက်နေရင် မျက်နှာသုတ်ပုဝါကို ရေနွေးလေးနဲ့စိမ်၊ရေညှစ်၊ပြီးရင် မျက်နှာကို ထိုရေနွေးဝတ်လေးနဲ့သုတ်ပြီး သန့်စင်လိုက်ပါ။

သခွားသီးက ရေဓာတ်ဖြည့်တင်းပေးလို့ မျက်နှာလေးက စိုစိုလေးနဲ့ ဝင်းပလာတဲ့အပြင်…ရေနွေးဝတ်လေးနဲ့ မျက်နှာသစ်လိုက်ရတော့ မျက်နှာမှာ သွေးလှည့်ပတ်မှုကောင်းပြီး အကြောလည်းပြေ…နေလို့လည်းကောင်းပေါ့….

(3)ဝက်ခြံတွေကို စပျစ်သီးနဲ့အနိုင်ယူမယ်
မျက်နှာပေါ်ကဝက်ခြံတွေ သိသိသာသာသက်သာစေချင်ရင်တော့ စပျစ်သီးလေးတွေကို ချေပြီး ရလာတဲ့အရည်ရော အဖတ်ရောကို မျက်နှာပေါ်မှာ ခြောက်သွားတဲ့အထိလိမ်းထားနော်။

အရည်တွေခြောက်သွားပြီဆိုတော့မှ ရေနဲ့ဆေးချလိုက်ရင် တစ်ခဏ အတွင်း သိသာတဲ့ရလဒ်ကိုရမှာပါလို့….

(4)မျက်နှာအသားအရည် ညိုညစ်ညစ်ကြီးဖြစ်နေပြီလား ?

သင်္ဘောသီးမှည့်လေးကို အရည်ညှစ်ပြီး အရည်ရောအဖတ်ကိုရော မျက်နှာပေါ်မိနစ် ၂၀ခန့် လိမ်းပြီး နှိပ်နယ်ပေးပါ။ပြီးရင် ရေအေးလေးနဲ့မျက်နှာသစ်ချလိုက်ပါ….

မိနစ် ၂၀ အတွင်းမှာတင် ညိုညစ်ညစ်အသားအရည်ကြီးအစား ဝင်းပတဲ့အသားအရည်လေးအဖြစ်ပြောင်းသွားမှာပါ။

(5)Baby Face လေးလို နူးညံ့ချင်တယ်လား?

ကလေးငယ်လေးတွေရဲ့အသားအရည်လို နူးညံ့ဝင်းပချင်တယ်ဆိုရင် တော့….ပန်းသီးလေးက ကူညီပေးပါရစေတဲ့…

ပန်းသီး ၅စိတ် ၆စိတ်လောက်ကို ကြိတ်၊ ပြီးရင် ရလာတဲ့ ပန်းသီးအရည်ရယ်၊အနှစ်ဖတ်လေးတွေရယ်ကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နဲ့ရောမွှေ၊ မျက်နှာပေါ်သုတ်လိမ်းထား၊ ၁၅မိနစ်ခန့်ကြာလို့ ရေအေးလေးနဲ့မျက်နှာသစ်ချလိုက်ရင်တော့ နူးညံ့အိစက်တဲ့ Baby Skin ပိုင်ရှင်လေး ဖြစ်ပြီပေါ့!

* ဘယ် mask အမျိုးအစားမဆို မျက်နှာကို နောက်ဆုံး ရေနဲ့ မသစ်ခင်မှာ မျက်နှာကိုအသာအယာနှိပ်နယ်ပေးပြီး သေချာပွတ်ပေးပါ။

ဒီလိုလုပ်ခြင်းအားဖြင့် သစ်သီးထဲက ဗီတာမင်ဓာတ်တွေ၊ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)တွေဟာ အရေပြားထဲ ကောင်းစွာစိမ့်ဝင်စေနိုင်ပြီး မျက်နှာရဲ့သွေးလည်ပတ်မှုလည်းကောင်းစေပါတယ်။

အသာအယာပွတ်တိုက်ခြင်းအားဖြင့် မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။*

အားလုံးပြီးလို့ မျက်နှာသစ်ပြီးသွားရင်တော့ မျက်နှာကို ပုဝါနဲ့ အသာအယာရေသုတ်ပြီး ရေဓာတ်ဖြည့်တင်းပေးတဲ့ moisturizer တစ်ခုခုလိမ်းထားလိုက်ပါနော်။
တစ်ပတ်တစ်ခါပုံမှန် သဘာဝသစ်သီးတွေနဲ့ မျက်နှာပေါင်းတင်ပေးခြင်းဟာ အံ့မခန်းတဲ့ပျိုုမျစ်လှပမှုတွေကို သင့်ထံဆောင်ကျဉ်းလာပေးမှာပဲ ဖြစ်ပါတယ်နော်…..

(အသားအရည်ဖြူဝင်းစေဖို့၊ အရေးအကြောင်းကင်း တင်းရင်းစေဖို့ ဘယ်လိုသစ်သီးတွေကိုအသုံးပြုပြီး ပေါင်းတင်ကြမလဲဆိုတာကို နောက်ဆောင်းပါးတစ်ပုဒ်ပြင်ဆင်နေတာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်)

ဒေါက်တာဝင်း(UM 2)

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…