မျက်ရစ်ဖော်ခြင်း , မျက်အိတ်ထုတ်ခြင်း ကုသမှု

ဆရာမတို့ရဲ့ အလှအပရေးရာ ဆေးပညာ တစ်နေ့ထက်တစ်နေ့ တိုးတက်ထွန်းကားလာတာနဲ့ အမျှ လူတို့ရဲ့မျက်နှာ ပုံပန်းသွင်ပြင်ကို ပိုပြီးကြည့်ကောင်းအောင် ကုသလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိနေပြီပဲ ဖြစ်ပါတယ်

အဲ့လိုပြုပြင်မှုတွေထဲကမှ အခုတစ်ခေါက်မှာတော့ မျက်ရစ်ခွဲစိတ်မှုအကြောင်းလေးကို ဆရာမ ပြောပြပေးချင်ပါတယ်

ဆရာမတို့ အလှအပရေးရာမှာ အပေါ်မျက်ရစ်ခွဲစိတ်မှုနဲ့ အောက်မျက်ရစ်ခွဲစိတ်မှု ဆိုပြီး2မျိုးရှိပါတယ်

အပေါ်မျက်ရစ်ကို ဘယ်သူတွေခွဲစိတ်ပြုပြင်လေ့ရှိလဲဆိုတော့

1)မွေးရာပါ မျက်ရစ်မပါသူများ

2)မျက်ရစ်သေးသူများ

3)အသက်အရွယ်ကြီးလာလို့ အပေါ်မျက်ခွံတွဲကျပြီး အမြင်အာရုံ မြင်ကွင်းကွယ်နေသူများ

4)မျက်ရစ်ဘယ်ညာမညီသူများ

5)အပေါ်မျက်ခွံဖောင်းနေသူများ ပြုလုပ်လေ့ရှိပါတယ်

အောက်မျက်ရစ်ခွဲစိတ်မှုကိုတော့ မျက်အိတ်ဖောင်းနေသူများက အမြဲပင်ပန်းနေတဲ့ပုံပေါ်ခြင်း, မိမိရှိရင်းစွဲ အသက်ထက် ပိုပြီးကြီးတယ်ထင်ရခြင်း တို့အတွက်ကြောင့် ကုသမှုခံယူလေ့ရှိပါတယ်

အပေါ်မျက်ရစ်ခွဲစိတ်မှု အနေနဲ့ကတော့ မျက်ခွံပေါ်မှာရှိတဲ့ အရေပြား,အဆီ တစ်ချို့ကိုဖယ်ထုတ်ပြီး ချုပ်ရိုးသေးသေးလေးတွေနဲ့ ပြန်ချုပ်တာပဲဖြစ်ပါတယ်

အောက်မျက်အိတ်ကိုတော့ ခွဲစိတ်ဆရာဝန်ရဲ့ အသုံးပြုတဲ့ နည်းလမ်းပေါ်မူတည်ပြီး ချုပ်ရိုးပြန်ချုပ်စရာ လို မလို ကွာခြားနိုင်ပါတယ်

ခွဲစိတ်မှု နှစ်မျိုးလုံးကို တစ်ပြိုင်နက်ထဲလုပ်လို့ရတဲ့ အတွက် ခွဲစိတ်ပြီး ၁လ အကြာမှာ ရှိရင်းစွဲ အသက်ထက် ပိုငယ်သွားသလို ဖြစ်သွားတာကို သတိပြုမိမှာပါ

ခွဲစိတ်မှုကြာမြင့်ချိန်ကတော့ ၁နာရီမှ ၁နာရီခွဲအတွင်းကြာမြင့်တတ်ပါတယ်

ထုံဆေးထိုးပြီး ခွဲလေ့ရှိပါတယ်

ဆေးရုံတွေရဲ့ ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်းထဲမှာ ခွဲတာက ပိုပြီးတော့ စိတ်ချရပါတယ်

ခွဲစိတ်မှုခံယူပြီး ၁လမှ ၆လအတွင်း တစ်ဖြည်းဖြည်း အသားကျပြီးတော့ ကြည့်ကောင်းလာမှာပဲဖြစ်ပါတယ်

ခွဲစိတ်ကုသမှုခံယူပြီး ဘာတွေကြုံတွေနိုင်ရမလဲဆိုတော့

1)အနည်းငယ်ယောင်ခြင်း

2)အနည်းငယ်နာခြင်း

3)သွေးခြေဥခြင်း

4)ခွဲစိတ်မှုခံယူပြီး ၃ရက်အတွင်း မျက်လုံးဖွင့်ရခက်ခြင်း, အမြင်အာရုံ နဲနဲဝါးခြင်း, မျက်လုံးခြောက်ခြင်း များခံစားရနိုင်ပါတယ်

လိုက်နာရမယ့်အချက်တွေကတော့

1)ရေခဲကပ်ပေးခြင်း

2)မျက်လုံးကို ညင်ညင်သာသာ သန့်ရှင်းပေးခြင်း

3)မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းမပြုရ

3)မျက်ကပ်မှန်, eye liner, eye shadow, mascara သုံးခြင်းများ ၂ပတ်လောက်ရှောင်ပေးသင့်ပါတယ်

4) နေကာမျက်မှန်တပ်ပေးခြင်း, ခေါင်းအုံမြင့်မြင့်ဖြင့် အိပ်ခြင်းများပြုလုပ်ပေးသင့်ပါတယ်

ခွဲစိတ်မှုခံယူပြီး ၃ရက်မှ ၁ပတ်အတွင်းမှာတော့ ချုပ်ရိုးဖြည်လေ့ရှိပါတယ်

ခွဲစိတ်မှုခံယူနေစဉ် တစ်လျှောက် ခွဲစိတ်ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာဖို့လဲ လိုအပ်ပါတယ်

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့

1)ဘယ်ညာမညီခြင်း

2)အမာရွတ်ဖြစ်ခြင်း

3)အနာကျက်နှေးခြင်း များဖြစ်တတ်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)







2)မျက်​ရစ်​​သေးသူများ













1)အနည်း​ငယ်​​ယောင်​ခြင်း

2)အနည်းငယ်​နာခြင်း

3)​သွေး​ခြေဥခြင်း



1)​ရေခဲကပ်​​ပေးခြင်း








1)ဘယ်​ညာမညီခြင်း

2)အမာရွတ်​ဖြစ်​ခြင်း



ရွှန်းလဲ့ (ဆေး ၂)

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…