မျက်ခုံးတက်တူးထိုးခြင်း

သာမန် အမျိုးသမီးလေးတစ်ယောက်ကို မျက်နှာပြင်ပေါ်မှာ တက်တူးထိုးဖို့ပြောရင် ငြင်းဆန်ကြမှာပါ။ဒါပေမဲ့ မျက်ခုံးမွှေး နေ့စဉ် ဆွဲစရာ၊ခြယ်သစရာမလိုဘဲ လှပတဲ့ မျက်ခုံးလေးတစ်စုံ ပိုင်ဆိုင်ရမယ်ဆိုရင်တော့ စိတ်ဝင်စားကြမှာပေါ့နော်။ဒါကြောင့် မျက်ခုံးတက်တူးထိုးတဲ့ အကြောင်းလေး ဝေမျှပေးလိုက်ပါတယ်။

မျက်ခုံးတက်တူးရေးဆွဲတယ်ဆိုတာ မျက်ခုံးမှာ ပုံစံကျလှပပြီး သဘာဝဆန်တဲ့ မျက်ခုံးမွှေးပုံစံအချောင်းလေးတွေကို ဆေးရည်နဲ့ ရေးဆွဲတာပါ။မျက်ခုံးတက်တူးဆိုပေမဲ့ ခန္ဓာကိုယ်တက်တူးတွေလို အရေပြားနက်နက်ထဲထိ ရေးဆွဲတာမဟုတ်လို့ တစ်သက်တာမခံပါဘူး။မိမိရဲ့အသားအရေ၊ထိန်းသိမ်းမှုနဲ့ အသုံးပြုတဲ့ ဆေးရည်ပေါ်မူတည်ပြီးတော့ ၁-၃နှစ်ထိ ကြာရှည်ခံပါတယ်။

မျက်ခုံးမွှေးတက်တူး ရေးဆွဲမယ်ဆိုရင် မိမိလိုချင်တဲ့ မျက်ခုံးပုံစံနဲ့ လိုက်ဖက်တဲ့ အနေအထားကို ပညာရှင်နဲ့ အရင် ညှိယူနိုင်ပါတယ်။များသောအားဖြင့် မျက်ခုံးပေါ်မှာ ပုံကြမ်းအရင် ရေးဆွဲကြပါတယ်။ပြီးရင် မျက်ခုံးပေါ်မှာ ထုံဆေးနာရီဝက်ခန့်ထားပြီးမှ မျက်ခုံးတက်တူး ရေးဆွဲခြင်းကို စတင်ပါတယ်။မျက်ခုံးတက်တူးထိုးပြီး ၁လအကြာ လိုအပ်တာလေးတွေ ပြန်ဖြည့်ဖို့ ဒုတိယအကြိမ် လာရတတ်ပါတယ်။

မျက်ခုံးတက်တူးထိုးပြီး တစ်ပတ်လောက် မျက်ခုံးကို ရေ၊ချွေး၊lotion၊မိတ်ကပ်၊ဆပ်ပြာ မထိသင့်ပါဘူး။သန့်ရှင်းသော လက် (သို့မဟုတ်) နားကြပ်တံနဲ့ မျက်ခုံးပေါ် ointment တစ်မျိုးမျိုးလိမ်းနိုင်ပါတယ်။မျက်ခုံးတက်တူးများ မှိန်သွားနိုင်တာကြောင့် လေဆာ၊Peeling၊Glycolic acid စတာတွေ ၂ပတ်ခန့် ရှောင်ရပါမယ်။အနာမကျက်သေးခင်မှာ ဖုန်မှုန့်၊အညစ်အကြေး၊အမှုန်အမွှားတွေနဲ့ ထိတွေ့ခြင်းက ရှောင်သင့်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည် (ဆေး ၂)

မ်က္ခံုးတက္တူးထိုးျခင္း

သာမန္ အမ်ိဳးသမီးေလးတစ္ေယာက္ကို မ်က္ႏွာျပင္ေပၚမွာ တက္တူးထိုးဖို႔ေျပာရင္ ျငင္းဆန္ၾကမွာပါ။ဒါေပမဲ့ မ်က္ခံုးေမႊး ေန႔စဥ္ ဆြဲစရာ၊ျခယ္သစရာမလိုဘဲ လွပတဲ့ မ်က္ခံုးေလးတစ္စံု ပိုင္ဆိုင္ရမယ္ဆိုရင္ေတာ့ စိတ္ဝင္စားၾကမွာေပါ့ေနာ္။ဒါေၾကာင့္ မ်က္ခံုးတက္တူးထိုးတဲ့ အေၾကာင္းေလး ေဝမွ်ေပးလိုက္ပါတယ္။

မ်က္ခံုးတက္တူးေရးဆြဲတယ္ဆိုတာ မ်က္ခံုးမွာ ပံုစံက်လွပၿပီး သဘာဝဆန္တဲ့ မ်က္ခံုးေမႊးပံုစံအေခ်ာင္းေလးေတြကို ေဆးရည္နဲ႔ ေရးဆြဲတာပါ။မ်က္ခံုးတက္တူးဆိုေပမဲ့ ခႏၶာကိုယ္တက္တူးေတြလို အေရျပားနက္နက္ထဲထိ ေရးဆြဲတာမဟုတ္လို႔ တစ္သက္တာမခံပါဘူး။မိမိရဲ႕အသားအေရ၊ထိန္းသိမ္းမႈနဲ႔ အသံုးျပဳတဲ့ ေဆးရည္ေပၚမူတည္ၿပီးေတာ့ ၁-၃ႏွစ္ထိ ၾကာ႐ွည္ခံပါတယ္။

မ်က္ခံုးေမႊးတက္တူး ေရးဆြဲမယ္ဆိုရင္ မိမိလိုခ်င္တဲ့ မ်က္ခံုးပံုစံနဲ႔ လိုက္ဖက္တဲ့ အေနအထားကို ပညာ႐ွင္နဲ႔ အရင္ ညႇိယူႏိုင္ပါတယ္။မ်ားေသာအားျဖင့္ မ်က္ခံုးေပၚမွာ ပံုၾကမ္းအရင္ ေရးဆြဲၾကပါတယ္။ၿပီးရင္ မ်က္ခံုးေပၚမွာ ထံုေဆးနာရီဝက္ခန္႔ထားၿပီးမွ မ်က္ခံုးတက္တူး ေရးဆြဲျခင္းကို စတင္ပါတယ္။မ်က္ခံုးတက္တူးထိုးၿပီး ၁လအၾကာ လိုအပ္တာေလးေတြ ျပန္ျဖည့္ဖို႔ ဒုတိယအႀကိမ္ လာရတတ္ပါတယ္။

မ်က္ခံုးတက္တူးထိုးၿပီး တစ္ပတ္ေလာက္ မ်က္ခံုးကို ေရ၊ေခြၽး၊lotion၊မိတ္ကပ္၊ဆပ္ျပာ မထိသင့္ပါဘူး။သန္႔႐ွင္းေသာ လက္ (သို႔မဟုတ္) နားၾကပ္တံနဲ႔ မ်က္ခံုးေပၚ ointment တစ္မ်ိဳးမ်ိဳးလိမ္းႏိုင္ပါတယ္။မ်က္ခံုးတက္တူးမ်ား မွိန္သြားႏိုင္တာေၾကာင့္ ေလဆာ၊Peeling၊Glycolic acid စတာေတြ ၂ပတ္ခန္႔ ေ႐ွာင္ရပါမယ္။အနာမက်က္ေသးခင္မွာ ဖုန္မႈန္႔၊အညစ္အေၾကး၊အမႈန္အမႊားေတြနဲ႔ ထိေတြ႕ျခင္းက ေ႐ွာင္သင့္ပါတယ္။

က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္

ပြင့္ရည္ (ေဆး ၂)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *