မျက်ရိုးဘာလို့ကိုက်ရသလဲ

စာဖတ်သူတွေအနေနဲ့ မျက်ရိုးကိုက်ခြင်းကို တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျက်ရိုးကိုက်ခြင်းဟာ သတိမထားမိလိုက်တဲ့အပြုအမူလေးတွေကနေအစပြုပြီး ခေါင်းကိုက်သွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မျက်ရိုးကိုက်စေနိုင်တဲ့အကြောင်းရင်းတွေကိုတင်ပြလိုက်ပါတယ်။

(၁) ပက်လက်လဲလျောင်း၍စာဖတ်ခြင်း

ပက်လက်လှဲပြီးစာဖတ်တဲ့အခါ သင့်မျက်လုံးဟာ စာလုံးတွေကိုဖတ်ဖို့အတွက်ပိုပြီးအားယူရပါတယ်။ ဒီအခါမှာ ကြာကြာဖတ်လေလေ မျက်ရိုးပိုကိုက်လေဖြစ်သွားပြီး မျက်စိမှိတ်ပြီးအနားယူရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

(၂) ဖုန်းစခရင်ကိုကြည့်ပြီး စာဖတ်ချိန် စာကြည့်ချိန်ကြာလွန်းခြင်း

ဖုန်းမျက်နှာပြင်သေးလေလေ စာလုံးလေးတွေသေးလေလေ စာလုံးတွေကိုလိုက်ဖက်ရတာ မျက်စိအင်အားပိုစိုက်ရလေလေပါပဲ။ ဒါ့အပြင်ဖုန်းမျက်နှာပြင်ရဲ့အလင်းရောင်ဟာ မျက်စိစူးစေတာကြောင့် မျက်ရိုးကိုက်ကြရတာဖြစ်ပါတယ်။ လေ့လာချက်များအရ ကွန်ပြူတာ၊ ဖုန်းအသုံးပြုပြီးစာဖတ်ခြင်းဟာ စာရွက်နဲ့စာဖတ်ခြင်းထက် ငါးဆပိုပြီးမျက်စိအားစိုက်ထုတ်ရပါတယ်။

(၃) ညဘက်ကားမောင်းခြင်း

ညဘက်ကားမောင်းတဲ့အခါမှာ အလင်းရောင်မလုံလောက်ခြင်း၊ တစ်ဖက်ကားများမှမီးစူးစူးများကြောင့် မျက်စိကျိန်းခြင်း စသည်တို့ကြောင့် မျက်လုံးဟာ ပိုမိုအားစိုက်ထုတ်ရပါတယ်။ ဒီအခါမှာ မနက်မိုးလင်းတဲ့အခါ မျက်ရိုးကိုက်ခြင်း၊ အိပ်ရာထရခက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်တတ်ပါတယ်။

(၄) ကွန်ပြူတာကို အချိန်ကြာမြင့်စွာကြည့်ရှုရခြင်း

ဒါဟာလည်း ဖုန်းမျက်နှာပြင်ကိုအချိန်ကြာကြာကြည့်ရှုခြင်းနဲ့အလားတူပါပဲ။ ဒစ်ဂျစ်တယ်မျက်နှာပြင်ရဲ့အလင်းရောင်ကြောင့် သင့်ရဲ့ မျက်စိဟာညောင်းညာလာပြီး အလုပ်များပြီးဆုံးသွားလို့စိတ်လျျှော့လိုက်တဲ့အခါ ခေါင်းအုံ၊မျက်ရိုးကိုက်ခြင်းတို့ ဖြစ်ကျန်ခဲ့တတ်ပါတယ်။

(၅) ရေလုံလောက်အောင်မသောက်ခြင်း

ကျွန်တော်တို့ရဲ့မျက်လုံးတွေဟာ ရေဓာတ်ကိုလိုအပ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းမရှိမှသာ မျက်ကြည်လွှာမှာစိုစွတ်ပြီး မျက်ရည်ကြည်လေးများနဲ့ ချောမွေ့နေမှာဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ မျက်လုံးအိမ်နဲ့ မျက်စိကြွက်သားတွေဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘဲ မျက်ရိုးကိုက်ခြင်းကို ခံစားရတတ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

မ်က္႐ိုးဘာလို႔ကိုက္ရသလဲ

စာဖတ္သူေတြအေနနဲ႔ မ်က္႐ိုးကိုက္ျခင္းကို တစ္ႀကိမ္မဟုတ္တစ္ႀကိမ္ေတာ့ ၾကံဳဖူးၾကမယ္ထင္ပါတယ္။ ဒီလိုမ်က္႐ိုးကိုက္ျခင္းဟာ သတိမထားမိလိုက္တဲ့အျပဳအမူေလးေတြကေနအစျပဳၿပီး ေခါင္းကိုက္သြားတဲ့အထိျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ မ်က္႐ိုးကိုက္ေစႏိုင္တဲ့အေၾကာင္းရင္းေတြကိုတင္ျပလိုက္ပါတယ္။

(၁) ပက္လက္လဲေလ်ာင္း၍စာဖတ္ျခင္း

ပက္လက္လွဲၿပီးစာဖတ္တဲ့အခါ သင့္မ်က္လံုးဟာ စာလံုးေတြကိုဖတ္ဖို႔အတြက္ပုိၿပီးအားယူရပါတယ္။ ဒီအခါမွာ ၾကာၾကာဖတ္ေလေလ မ်က္႐ိုးပိုကိုက္ေလျဖစ္သြားၿပီး မ်က္စိမွိတ္ၿပီးအနားယူရတဲ့အထိျဖစ္သြားႏိုင္ပါတယ္။

(၂) ဖုန္းစခရင္ကိုၾကည့္ၿပီး စာဖတ္ခ်ိန္ စာၾကည့္ခ်ိန္ၾကာလြန္းျခင္း

ဖုန္းမ်က္ႏွာျပင္ေသးေလေလ စာလံုးေလးေတြေသးေလေလ စာလံုးေတြကိုလိုက္ဖက္ရတာ မ်က္စိအင္အားပိုစိုက္ရေလေလပါပဲ။ ဒါ့အျပင္ဖုန္းမ်က္ႏွာျပင္ရဲ႕အလင္းေရာင္ဟာ မ်က္စိစူးေစတာေၾကာင့္ မ်က္႐ိုးကိုက္ၾကရတာျဖစ္ပါတယ္။ ေလ့လာခ်က္မ်ားအရ ကြန္ျပဴတာ၊ ဖုန္းအသံုးျပဳၿပီးစာဖတ္ျခင္းဟာ စာရြက္နဲ႔စာဖတ္ျခင္းထက္ ငါးဆပိုၿပီးမ်က္စိအားစိုက္ထုတ္ရပါတယ္။

(၃) ညဘက္ကားေမာင္းျခင္း

ညဘက္ကားေမာင္းတဲ့အခါမွာ အလင္းေရာင္မလံုေလာက္ျခင္း၊ တစ္ဖက္ကားမ်ားမွမီးစူးစူးမ်ားေၾကာင့္ မ်က္စိက်ိန္းျခင္း စသည္တို႔ေၾကာင့္ မ်က္လံုးဟာ ပိုမိုအားစိုက္ထုတ္ရပါတယ္။ ဒီအခါမွာ မနက္မိုးလင္းတဲ့အခါ မ်က္႐ိုးကိုက္ျခင္း၊ အိပ္ရာထရခက္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ျဖစ္တတ္ပါတယ္။

(၄) ကြန္ျပဴတာကို အခ်ိန္ၾကာျမင့္စြာၾကည့္႐ွဳရျခင္း

ဒါဟာလည္း ဖုန္းမ်က္ႏွာျပင္ကိုအခ်ိန္ၾကာၾကာၾကည့္႐ွဳျခင္းနဲ႔အလားတူပါပဲ။ ဒစ္ဂ်စ္တယ္မ်က္ႏွာျပင္ရဲ႕အလင္းေရာင္ေၾကာင့္ သင့္ရဲ႕ မ်က္စိဟာေညာင္းညာလာၿပီး အလုပ္မ်ားၿပီးဆံုးသြားလို႔စိတ္ေလ််ွာ့လိုက္တဲ့အခါ ေခါင္းအံု၊မ်က္႐ိုးကိုက္ျခင္းတို႔ ျဖစ္က်န္ခဲ့တတ္ပါတယ္။

(၅) ေရလံုေလာက္ေအာင္မေသာက္ျခင္း

ကြၽန္ေတာ္တို႔ရဲ႕မ်က္လံုးေတြဟာ ေရဓာတ္ကိုလိုအပ္ပါတယ္။ ေရဓာတ္ခန္းေျခာက္ျခင္းမ႐ွိမွသာ မ်က္ၾကည္လႊာမွာစိုစြတ္ၿပီး မ်က္ရည္ၾကည္ေလးမ်ားနဲ႔ ေခ်ာေမြ႔ေနမွာျဖစ္ပါတယ္။ ေရဓာတ္ခန္းေျခာက္တဲ့အခါ မ်က္လံုးအိမ္နဲ႔ မ်က္စိႂကြက္သားေတြဟာ အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ဘဲ မ်က္႐ိုးကိုက္ျခင္းကို ခံစားရတတ္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *