“မွေးခင်းစကလေးမျက်စိနာနေပြီဆိုရင်ဘာတွေလုပ်သင့်ပါလဲ”
သားသမီးဆိုတာမိဘများ၏ရတနာများပင်ဖြစ်ကြပါတယ်။မိဘများသည်မိမိ၏ရင်သွေးလေးကိုယ်ခန္ဓာမှာအနီစက်အနာလေးပေါ်လာရင်တောင်တအားဂရုစိုက်တတ်ကြပါသည်။ဒီကနေ့ပြောပြပေးမှာကတော့မွေးခင်းစခလေးမှာမျက်စိနာခြင်းနှင့်မျက်ရည်ပူထွက်ခြင်းအကြောင်းဖြစ်ပါသည်။မျက်စိဆိုတာမျိုးကလူခန္ဓာကိုယ်မှာအရေးကြီးဆုံးနဲ့အနုနယ်ဆုံးအရာပင်ဖြစ်ပါတယ်။ခလေးငယ်များမျက်စိနာနေပြီဆိုရင်မိဘများကဘယ်လိုရောဂါလက္ခဏာမျိုးတွေခလေးငယ်များခံစားနေရသလဲဆိုတာသတိချက်ဖို့လိုအပ်ပါသည်။များသောအားဖြင့်မွေးပြီးငါးရက်ကနေနှစ်ပတ်အတွင်းခလေးငယ်များမျက်စိနာခြင်းကိုကူးစက်ခံရနိူင်ပါသည်။ခလေးငယ်များမျက်စိနာပြီဆိုရင်ခလေးရဲ့မျက်ခွံလေးများဖောင်းလာခြင်း ယောင်လာခြင်း မျက်ရည်ပူများ မျက်ချေးများ အဝါရောင်သို့မဟုတ်အဖြူရောင်ပျစ်ပျစ်မျက်ဝတ်များထွက်ခြင်း ခလေးရဲ့မျက်သားလေးကအစပိုင်းမှာပန်းရောင်ပြောင်းလာပြီးတဖြည်းဖြည်းနီလာခြင်းတို့ကိုခလေးငယ်များတွင်ခံစားရနိူင်ပါသည်။ခလေးငယ်များမျက်စိနာခြင်းကအဓိအားဖြင့်မိခင်များမှတဆင့်ကူးစက်နိူင်ပါသည်။များသောအားဖြင့်ဘက်တီးရီးယားများနှင့်ဗိုင်းရ်ပိုးများကြောင့်ဖြစ်ကြပါသည်။မိခင်မှာလိင်မှတဆင့်ကူးစက်တတ်သောရောဂါများရှိနေတတ်ရင်လည်းခလေးငယ်၏မျက်စိကိုမွေးလမ်းကြောင်းမှလည်းကူးစက်နိူင်ပါသည်။ဓာတုဗေဒဆေးဝါးတွေကြောင့်လည်းခလေးငယ်များမျက်စိနာခြင်းတို့ကိုဖြစ်စေနိူင်ပါသည်။ခလေးငယ်နဲ့ဓာတ်မတည့်သောအရာများကြောင့်လဲ မျက်စိနာခြင်းကိုဖြစ်စေနိူင်ပါသည်။ထို့အပြင်မျက်ရည်ယိုပြွန်ပိတ်နေခြင်းကြောင့်လည်းမျက်စိနာခြင်းတို့ကိုဖြစ်စေနိူင်ပါသည်။ခလေးငယ်များမျက်စိနာပြီဆိုရင်နီးစပ်ရာဆရာဝန်များဖြင့်ပြသပြီးခလေးငယ်ကိုကိုင်တွယ်တဲ့အခါလက်ကိုစင်ကြယ်စွာဆေးပြီးမှကိုင်ခြင်းချီခြင်း အဝတ်အစားအနှီးများကိုသန့်ရှင်းစွာထားပေးရပါမည်။ခလေးငယ်၏မျက်လုံးမှမျက်ချေးများ မျက်ဝတ်များကိုရေနွေးအေးအေးနှင့်အဝတ်သန့်သန့်ဖြင့်ဖြည်းညှင်းစွာသုတ်ပေးရပါမည်။ခလေးမျက်စိနာခြင်းကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးမှသာပိုးသတ်ဆေး(anti-biotics)ကိုသုံးသင့်ပါသည်။ထို့အပြင်ခလေးနဲ့ဓာတ်မတည့်စေသောအရာများကိုခလေး၏အဝေးဆုံးနေရာတွင်သာထားရှိကပါမည်။မိခင်နို့ရည်ခပ်ပေးခြင်းကလည်းခလေးငယ်မျက်စိနာခြင်းသက်သာအောင်များစွာအထောက်အကူပြုစေနိူင်ပါသည်။မိခင်နို့ရည်ကိုဝါဂွမ်းသန့်သန့်လေးနဲ့ခလေးရဲ့မျက်လုံးကိုပါးပါးလေးသုတ်လိမ်းပေးကပါမည်။ခလေးငယ်မျက်လုံးနာခြင်းကိုပိုးသတ်ဆေးပါသောမျက်စဉ်းဆေးမသုံးခင်မျက်စိတဝိုက်ကိုသန့်ရှင်းအောင်ပြုလုပ်ပေးပြီးမှမျက်စဉ်းဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းမျက်စဉ်းခပ်ပေးရပါမည်။အဓိအာဖြင့်တော့ခလေးငယ်မျက်လုံးမနာအောင်မျက်လုံးကိုသန့်ရှင်းစင်ကြယ်စွာအမြဲထားပေးဖို့လိုအပ်ပါသည်။
ဘဝအလင်းဆောင်နိူင်ကြပါစေ။
Dr Arkar