အလွန်အမင်းအန်နေသော မေမေဗိုက်
ကိုယ်ဝန်ဆောင်မေမေတိုင်း ကိုယ်ဝန်မဆောင်ခင်ထဲက ကြိုသိထားတာတစ်ခုရှိပါတယ်။ကိုယ်ဝန်ဆောင်ရင် အန်မယ် ( ဗိုက်ကြီးနာဆွဲမယ်)ပေါ့။ ဒါကြောင့် ဇာတ်ကားတော်တော်များများမှာတောင်မင်းသမီးကိုယ်ဝန်ရှိပြီဆိုရင် မင်းသမီး အန်တဲ့ ဇာတ်ဝင်ခန်းပါပြီး သိကြတာကိုး။ မှန်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းနီးပါးဟာ ၁၄ပတ်( ကိုယ်ဝန် ၃လ) မတိုင်ခင် အထိကို အန်တတ်ကြပါတယ်။
ကိုယ်ဝန်သည် ၁၀ဦးမှာ ၇ဦးလောက်ကို အန်တာပါ။ အချိန်အားဖြင့်လည်း မနက်ပိုင်းမှာအန်တာများလို့
Morning Sickness လို့တောင်ခေါ်ပါတယ်။ ကိုယ်ဝန် ၃ လကျော်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ခြွင်းချက်တော့ရှိတယ်။ အဲ့ဒါက အလွန်အမင်း အန်တဲ့ မေမေဗိုက်တွေ။အလွန်အမင်းအန်တယ်ဆိုတဲ့ မေမေဗိုက်တွေဟာ တစ်နေ့ကို အကြိမ်၅၀ ထိကို အန်တာပါ။ စားသမျှကိုအန်ပြီးနောက်ဆုံးဘာမှမစားရင်တောင် အန်တတ်ပါတယ်။ ဒီမေမေတွေ ဘယ်လောက်ပင်ပန်းမလဲနော်။
ဒီလို အရမ်းအန်ရတဲ့အကြောင်းအရင်းရယ်လို့အတိအကျမရှိပါဘူး။ ဒါပေမယ့် မျိုးရိုးလိုက် တတ်တာတွေတော့တွေ့ရပါတယ်။ အရင်ကိုယ်ဝန်တုန်းက အရမ်းအန်ဖူးတယ်ဆိုရင်လည်း နောက်ကိုယ်ဝန်မှာဒီလိုအန်ဖို့ဖြစ်နိုင်ချေများပါတယ်။အရမ်းအန်တာရဲ့ နောက်ဆက်တွဲကတော့
- အန်လွန်းလို့ ခန္တာကိုယ်ကရေဓာတ်ခမ်းခြောက်လာတတ်ပါတယ်။
- ကိုယ်တွင်းသက်စောင့်ဓာတ်တွေ ကမောက်ကမ ဖြစ်လာပါတယ်။
- ခန္တာကိုယ်ထဲ အက်ဆစ်ဓာတ်အရမ်းများပြီး ပြင်းထန်တဲ့အခြေအနေတွေထိဖြစ်တတ်ပါတယ်။
- ကိုယ်အလေးချိန် ကျသွားတာမျိုးဖြစ်တတ်ပါတယ်။
- သွေးပေါင်ကျတာတွေဖြစ်နိုင်ပါတယ်။
ဒီပြသနာကို ဖြေရှင်းကုသဖို့တော့ ဆရာဝန်တွေက အအန်ပျောက်ဆေးပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။တစ်ချို့ လိုအပ်တဲ့ မိခင်တွေအတွက်တော့ အန်လို့ ကုန်ဆုံးသွားတဲ့ရေဓာတ်၊ သက်စောင့်ဓာတ်တွေပြန်ဖြည့်ဖို
Drip ပုလင်းချိတ်ရတာတို့နဲ့ အားပြည့်အောင် ပြန်လုပ်ရနိုင်ပါတယ်။ဒီလိုအရမ်းအန်တော့ ကလေးကိုရော မထိခိုက်ဘူးလို့ မေးစရာရှိ လာပါတယ်။
အရမ်းအန်တဲ့အခါ ကလေးကိုတိုက်ရိုက်ထိခိုက်တာမျိုးမရှိပေမယ့် မိခင်က အန်လွန်းမက အန်ပြီး အစားမစားနိုင်တဲ့အခါ မိခင်လည်း ကိုယ်အလေးချိန်ကျတဲ့အပြင် ဗိုက်ထဲက ကလေးလည်း ထွားသင့်သလောက်မထွားတာ ပေါင်မပြည့်တာဖြစ်တတ်ပါတယ်။ဒီလို အရမ်းအန်တတ်တဲ့ မေမေတွေဟာ စိတ်ဓာတ်ကျတဲ့ ခံစားချက်မျိုးပါရှိနေတတ်ပါတယ်။
” ငါ့မှ ဖြစ်ရလေခြင်း” ဝေးဝေးသွားရင် လမ်းမှာအန်မှာလား” စတဲ့ ပူပန်မှုတွေရှိတတ်ကြပါတယ်။ဒါ့အပြင် အရမ်းအန်တဲ့အခါ အစာမြိုပြွန် ပြဲပြီး သွေးစလေးတွေပါလာတာမျိုးလည်းရှိနိုင်ပါတယ်။ဒါဆို အရမ်းအန်တဲ့ မေမေတွေများရှိတယ်ဆိုရင် ဒါဟာ ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ပါဘူး။အခြားကိုယ်ဝန်ဆောင်တွေထက် ပိုပင်ပန်းတယ်ဆ်ုပေမယ့် သက်သာအောင်လုပ်လို့ရတယ့် နည်းလမ်းတွေလည်းရှိပါတယ်လို့ ပြောချင်ပါတယ်။
မယ်တင်( ဆေး ၁)
အလြန္အမင္းအန္ေနေသာ ေမေမဗိုက္
ကိုယ္ဝန္ေဆာင္ေမေမတိုင္း ကိုယ္ဝန္မေဆာင္ခင္ထဲက ႀကိဳသိထားတာတစ္ခုရွိပါတယ္။ကိုယ္ဝန္ေဆာင္ရင္ အန္မယ္ ( ဗိုက္ႀကီးနာဆြဲမယ္)ေပါ့။ ဒါေၾကာင့္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာေတာင္မင္းသမီးကိုယ္ဝန္ရွိၿပီဆိုရင္ မင္းသမီး အန္တဲ့ ဇာတ္ဝင္ခန္းပါၿပီး သိၾကတာကိုး။ မွန္ပါတယ္။ ကိုယ္ဝန္ေဆာင္တိုင္းနီးပါးဟာ ၁၄ပတ္( ကိုယ္ဝန္ ၃လ) မတိုင္ခင္ အထိကို အန္တတ္ၾကပါတယ္။
ကိုယ္ဝန္သည္ ၁၀ဦးမွာ ၇ဦးေလာက္ကို အန္တာပါ။ အခ်ိန္အားျဖင့္လည္း မနက္ပိုင္းမွာအန္တာမ်ားလို႔
Morning Sickness လို႔ေတာင္ေခၚပါတယ္။ ကိုယ္ဝန္ ၃ လေက်ာ္ရင္ သူ႔အလိုလို သက္သာသြားတတ္ပါတယ္။ႁခြင္းခ်က္ေတာ့ရွိတယ္။ အဲ့ဒါက အလြန္အမင္း အန္တဲ့ ေမေမဗိုက္ေတြ။အလြန္အမင္းအန္တယ္ဆိုတဲ့ ေမေမဗိုက္ေတြဟာ တစ္ေန႔ကို အႀကိမ္၅၀ ထိကို အန္တာပါ။ စားသမၽွကိုအန္ၿပီးေနာက္ဆံုးဘာမွမစားရင္ေတာင္ အန္တတ္ပါတယ္။ ဒီေမေမေတြ ဘယ္ေလာက္ပင္ပန္းမလဲေနာ္။
ဒီလို အရမ္းအန္ရတဲ့အေၾကာင္းအရင္းရယ္လို႔အတိအက်မရွိပါဘူး။ ဒါေပမယ့္ မ်ိဳးရိုးလိုက္ တတ္တာေတြေတာ့ေတြ႕ရပါတယ္။ အရင္ကိုယ္ဝန္တုန္းက အရမ္းအန္ဖူးတယ္ဆိုရင္လည္း ေနာက္ကိုယ္ဝန္မွာဒီလိုအန္ဖို႔ျဖစ္ႏိုင္ေခ်မ်ားပါတယ္။အရမ္းအန္တာရဲ႕ ေနာက္ဆက္တြဲကေတာ့
- အန္လြန္းလို႔ ခနၱာကုိယ္ကေရဓာတ္ခမ္းေျခာက္လာတတ္ပါတယ္။
- ကိုယ္တြင္းသက္ေစာင့္ဓာတ္ေတြ ကေမာက္ကမ ျဖစ္လာပါတယ္။
- ခနၱာကိုယ္ထဲ အက္ဆစ္ဓာတ္အရမ္းမ်ားၿပီး ျပင္းထန္တဲ့အေျခအေနေတြထိျဖစ္တတ္ပါတယ္။
- ကိုယ္အေလးခ်ိန္ က်သြားတာမ်ိဳးျဖစ္တတ္ပါတယ္။
- ေသြးေပါင္က်တာေတြျဖစ္ႏိုင္ပါတယ္။
ဒီျပသနာကို ေျဖရွင္းကုသဖို႔ေတာ့ ဆရာဝန္ေတြက အအန္ေပ်ာက္ေဆးေပးတာမ်ိဳးေတြ လုပ္ေပးႏိုင္ပါတယ္။တစ္ခ်ိဳ႕ လုိအပ္တဲ့ မိခင္ေတြအတြက္ေတာ့ အန္လို႔ ကုန္ဆံုးသြားတဲ့ေရဓာတ္၊ သက္ေစာင့္ဓာတ္ေတြျပန္ျဖည့္ဖို
Drip ပုလင္းခ်ိတ္ရတာတို႔နဲ႔ အားျပည့္ေအာင္ ျပန္လုပ္ရႏိုင္ပါတယ္။ဒီလိုအရမ္းအန္ေတာ့ ကေလးကိုေရာ မထိခိုက္ဘူးလို႔ ေမးစရာရွိ လာပါတယ္။
အရမ္းအန္တဲ့အခါ ကေလးကိုတိုက္ရိုက္ထိခိုက္တာမ်ိဳးမရွိေပမယ့္ မိခင္က အန္လြန္းမက အန္ၿပီး အစားမစားႏိုင္တဲ့အခါ မိခင္လည္း ကိုယ္အေလးခ်ိန္က်တဲ့အျပင္ ဗိုက္ထဲက ကေလးလည္း ထြားသင့္သေလာက္မထြားတာ ေပါင္မျပည့္တာျဖစ္တတ္ပါတယ္။ဒီလို အရမ္းအန္တတ္တဲ့ ေမေမေတြဟာ စိတ္ဓာတ္က်တဲ့ ခံစားခ်က္မ်ိဳးပါရွိေနတတ္ပါတယ္။
” ငါ့မွ ျဖစ္ရေလျခင္း” ေဝးေဝးသြားရင္ လမ္းမွာအန္မွာလား” စတဲ့ ပူပန္မႈေတြရွိတတ္ၾကပါတယ္။ဒါ့အျပင္ အရမ္းအန္တဲ့အခါ အစာၿမိဳႁပြန္ ျပဲၿပီး ေသြးစေလးေတြပါလာတာမ်ိဳးလည္းရွိႏိုင္ပါတယ္။ဒါဆို အရမ္းအန္တဲ့ ေမေမေတြမ်ားရွိတယ္ဆိုရင္ ဒါဟာ ကိုယ္တစ္ေယာက္တည္းျဖစ္တာမဟုတ္ပါဘူး။အျခားကိုယ္ဝန္ေဆာင္ေတြထက္ ပိုပင္ပန္းတယ္ဆ္ုေပမယ့္ သက္သာေအာင္လုပ္လို႔ရတယ့္ နည္းလမ္းေတြလည္းရွိပါတယ္လို႔ ေျပာခ်င္ပါတယ္။
မယ္တင္( ေဆး ၁)