ကလေးတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစရှိပါတယ်
မိဘတိုင်းဟာ ကိုယ်သွေးသားနဲ့ ရင်းပြီး မွေးဖွားလာတဲ့ကလေးတိုင်းကို… သားသား၊ မီးမီ၊ ဖေ့ချစ်ဆုံးလေး၊မေ့ချစ်ဆုံးလေး… ဝေါဟောရ မျိုးစုံဖွင့်ဆိုကြတယ်… ရင်ထဲက နစ်နစ်ကာကာ ချစ်ကြတာ အမှန်ပါ… သို့သော် တချို့မိဘတွေဟာ အချစ်ကြီးလွန်းတာကြောင့်ကလေးကို နစ်ရာ ရောက်နိုင်သလို…. ချုပ်ချယ်လွန်းရာ ရောက်နိုင်ပါတယ်…ဒါကြောင့် မိဘတိုင်းဟာ မိမိကလေးနဲ့ ပတ်သတ်လာရင် ဆောင်ရန် ရှောင်ရန်လေးတွေ အကြုံပြု ပြောပြချင်ပါတယ်…
– ဂရုတစိုက်ရှိပါ
ကလေးတစ်ယောက်ဟာ ဘယ်လိုပဲ ငယ်ရွယ်သေးတယ်ဆိုစေကာမူ.. လူလားမြောက်ပြီး အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ.. သူ့ကိုယ်ပိုင် စိတ်ကူး စိတ်သန်းတွေ ပေါ်ထွက်လာပါတယ်… ကလေးတစ်ယောက်ရဲ့ ပြုမူနေထိုင်ပုံကို ကြည့်ရှုခြင်းဖြင့် .. သူ့ရဲ့ စိတ်နေသဘောထားကို အကဲခတ်လေ့လာနိုင်ပါတယ်…
ဒါကြောင့် မိဘများဟာ.. ပြုစုပျိုးထောင်သူတစ်ယောက်အနေနဲ့.. မိမိရဲ့ သားသမီးဆီမှာ ဘယ်လို အလေ့အကျင့်ရှိတယ်၊ရည်မှန်းချက်ရှိတယ် စတာတွေပေါ် မူတည်ပြီး သေချာတည့်မတ်ပေးရပါမယ်…
– နှိုင်းယှဉ်ခြင်း မပြုပါနဲ့
တစ်မိသားစုတည်းက ပေါက်ဖွားလာတဲ့ ညီအစ်ကိုပဲဆိုစေကာမူ.. တစ်ယောက်က အတန်း ပညာမှာ တော်တယ်… တစ်ယောက်က အတန်းစာကို စိတ်မဝင်စားပဲ ဂီတ၊ပန်းချီ၊ စာပေ အစရှိတာတွေ ကို ပိုခုံမင်တယ်.. ဒီလိုအခါမျိုးမှာ “မင်းအစ်ကိုက စာတော်တယ်၊မင်းက အားနေရင် ဂစ်တာ တဒေါင်ဒေါင်နဲ့” .. ဒီလို ကြိမ်းမောင်းတဲ့အခါမျိုးမှာ.. ကလေးဟာ မိမိလျှောက်တဲ့ လမ်းကြောင်းကို တည့်မတ်စွာ မလျှောက်နိုင်ပဲ တွေဝေကာ ပန်းတိုင်ပျောက်တတ်ပါတယ်..
– ဖေးမ ကူညီပါ
မိမိဖြစ်စေချင်တာ အတင်းအကြပ် ခိုင်းခြင်းထက် … ဝါသနာပါသော လမ်းကြောင်းကို အထောက်အကူပေးပါ… သေချာ ကြပ်မတ်ပေးနိုင်သောသူထံ အပ်နှံပေးပါ…
– ယုံကြည်မှုထားပေးပါ
တဖက်က ကူညီအားပေးနေသလို နှုတ်မှလည်း “တော်ကြောင်း၊ တိုးတက်လာကြောင်း “ထုတ်ဖော်ပြောကြားခြင်းဖြင့် အသိအမှတ်ပြုပေးပါက ကလေးအနေနဲ့ သူကိုယ်သူ ယုံကြည်မှုပိုရှိလာမှာဖြစ်ပါတယ်။
– နောက်ဆုံးတစ်ချက်ကတော့ မိဘများအနေနဲ့လည်း မိမိတို့ရဲ့ သားသမီးအပေါ် ယုံကြည်မှုထားပေးပါ။
” Every Child Is Special ” (ကလေးတိုင်းမှာ ထူးခြားကောင်းမွန်တဲ့ အရည်အသွေးတစ်ခုစီ ရှိတယ်)ဆိုတဲ့အချက်ကို ယုံကြည်ပါ။ ဆရာဝန်မှတော်တယ်…အင်ဂျင်နီယာမှတော်တယ်…စတဲ့ ရှေးရိုးစွဲအယူအဆများကို စွန့်ပစ်နိုင်ပါစေ။ ပညာရပ်တိုင်းက သူ့နေရာနဲ့သူ အသုံးဝင်ကြောင်း တန်ဖိုးထားတတ်ပါစေ။
*သင့်ကလေးမှာ ကိုယ်ပိုင်အစွမ်းအစရှိပါတယ်။ပြုစုပျိုးထောင်ပေးဖို့က သင့်တာဝန်ပါ။*
ပိုင်နီမောင်
ကေလးတိုင္းမွာ ကိုယ္ပိုင္အစြမ္းအစ႐ွိပါတယ္
မိဘတိုင္းဟာ ကုိယ္ေသြးသားနဲ႔ ရင္းၿပီး ေမြးဖြားလာတဲ့ကေလးတိုင္းကို… သားသား၊ မီးမီ၊ ေဖ့ခ်စ္ဆံုးေလး၊ေမ့ခ်စ္ဆံုးေလး… ေဝါေဟာရ မ်ိဳးစံုဖြင့္ဆိုၾကတယ္… ရင္ထဲက နစ္နစ္ကာကာ ခ်စ္ၾကတာ အမွန္ပါ… သို႔ေသာ္ တခ်ိဳ႕မိဘေတြဟာ အခ်စ္ႀကီးလြန္းတာေၾကာင့္ကေလးကို နစ္ရာ ေရာက္ႏိုင္သလို…. ခ်ဳပ္ခ်ယ္လြန္းရာ ေရာက္ႏိုင္ပါတယ္…ဒါေၾကာင့္ မိဘတိုင္းဟာ မိမိကေလးနဲ႔ ပတ္သတ္လာရင္ ေဆာင္ရန္ ေ႐ွာင္ရန္ေလးေတြ အၾကံဳျပဳ ေျပာျပခ်င္ပါတယ္…
– ဂ႐ုတစိုက္႐ွိပါ
ကေလးတစ္ေယာက္ဟာ ဘယ္လိုပဲ ငယ္ရြယ္ေသးတယ္ဆုိေစကာမူ.. လူလားေျမာက္ျပီး အသိဥာဏ္ဖံြ႔ၿဖိဳးတိုးတက္လာတာနဲ႔အမွ်.. သူ႔ကုိယ္ပိုင္ စိတ္ကူး စိတ္သန္းေတြ ေပၚထြက္လာပါတယ္… ကေလးတစ္ေယာက္ရဲ႕ ျပဳမူေနထိုင္ပံုကို ျကည့္႐ႈျခင္းျဖင့္ .. သူ႔ရဲ႕ စိတ္ေနသေဘာထားကို အကဲခတ္ေလ့လာႏိုင္ပါတယ္…
ဒါေၾကာင့္ မိဘမ်ားဟာ.. ျပဳစုပ်ိဳးေထာင္သူတစ္ေယာက္အေနနဲ႔.. မိမိရဲ႕ သားသမီးဆီမွာ ဘယ္လို အေလ့အက်င့္႐ွိတယ္၊ရည္မွန္းခ်က္႐ွိတယ္ စတာေတြေပၚ မူတည္ၿပီး ေသခ်ာတည့္မတ္ေပးရပါမယ္…
– ႏိႈင္းယွဥ္ျခင္း မျပဳပါနဲ႔
တစ္မိသားစုတည္းက ေပါက္ဖြားလာတဲ့ ညီအစ္ကိုပဲဆိုေစကာမူ.. တစ္ေယာက္က အတန္း ပညာမွာ ေတာ္တယ္… တစ္ေယာက္က အတန္းစာကို စိတ္မဝင္စားပဲ ဂီတ၊ပန္းခ်ီ၊ စာေပ အစ႐ွိတာေတြ ကို ပိုခံုမင္တယ္.. ဒီလိုအခါမ်ိဳးမွာ “မင္းအစ္ကိုက စာေတာ္တယ္၊မင္းက အားေနရင္ ဂစ္တာ တေဒါင္ေဒါင္နဲ႔” .. ဒီလို ႀကိမ္းေမာင္းတဲ့အခါမ်ိဳးမွာ.. ကေလးဟာ မိမိေလွ်ာက္တဲ့ လမ္းေၾကာင္းကို တည့္မတ္စြာ မေလွ်ာက္ႏိုင္ပဲ ေတြေဝကာ ပန္းတိုင္ေပ်ာက္တတ္ပါတယ္..
– ေဖးမ ကူညီပါ
မိမိျဖစ္ေစခ်င္တာ အတင္းအၾကပ္ ခိုင္းျခင္းထက္ … ဝါသနာပါေသာ လမ္းေၾကာင္းကို အေထာက္အကူေပးပါ… ေသခ်ာ ၾကပ္မတ္ေပးႏိုင္ေသာသူထံ အပ္ႏွံေပးပါ…
– ယံုၾကည္မႈထားေပးပါ
တဖက္က ကူညီအားေပးေနသလို ႏႈတ္မွလည္း ”ေတာ္ေၾကာင္း၊ တိုးတက္လာေၾကာင္း “ထုတ္ေဖာ္ေျပာၾကားျခင္းျဖင့္ အသိအမွတ္ျပဳေပးပါက ကေလးအေနနဲ႔ သူကိုယ္သူ ယံုၾကည္မႈပို႐ွိလာမွာျဖစ္ပါတယ္။
– ေနာက္ဆံုးတစ္ခ်က္ကေတာ့ မိဘမ်ားအေနနဲ႔လည္း မိမိတို႔ရဲ႕ သားသမီးအေပၚ ယံုၾကည္မႈထားေပးပါ။
” Every Child Is Special ” (ကေလးတိုင္းမွာ ထူးျခားေကာင္းမြန္တဲ့ အရည္အေသြးတစ္ခုစီ ႐ွိတယ္)ဆုိတဲ့အခ်က္ကို ယံုၾကည္ပါ။ ဆရာဝန္မွေတာ္တယ္…အင္ဂ်င္နီယာမွေတာ္တယ္…စတဲ့ ေ႐ွး႐ိုးစြဲအယူအဆမ်ားကို စြန္႔ပစ္ႏိုင္ပါေစ။ ပညာရပ္တိုင္းက သူ႔ေနရာနဲ႔သူ အသံုးဝင္ေၾကာင္း တန္ဖိုးထားတတ္ပါေစ။
*သင့္ကေလးမွာ ကိုယ္ပိုင္အစြမ္းအစ႐ွိပါတယ္။ျပဳစုပ်ိဳးေထာင္ေပးဖို႔က သင့္တာဝန္ပါ။*
ပိုင္နီေမာင္