ချက်စူ

စာဖတ်သူတို့ရဲ့ရပ်ကွက်တွေမှာ ချက်စူစူနဲ့ကလေးငယ်လေးတွေ တွေ့ဖူးကြမှာပါ။ ဒီကလေးငယ်တွေဟာ ချက်ကလေးစူတာကလွဲရင် ကျန်တာဘာရောရာမှမရှိ၊ ချက်စူစူလေးကလည်း နာတာကျင်တာမရှိဆိုတော့ အမှုမဲ့အမှတ်မဲ့နဲ့ မြင်နေကျအတိုင်းထားလိုက်မိကြမယ်ထင်ပါတယ်။ ချက်စူလေးတွေဘာကြောင့်ဖြစ်လာရသလဲ လေ့လာကြည့်ကြရအောင်နော်။

လူသားတစ်ဦးဟာ သန္ဓေသားဘဝမှာ မိခင်ဆီကအာဟာရနဲ့အောက်စီဂျင်ရယူပြီး အောက်စီဂျင်မပါတဲ့သွေးညစ်တွေကိုပြန်လည်စွန့်ထုတ်ဖို့ ချက်ပေါက်မှာရှိတဲ့ ချက်ကြိုးက တာဝန်ယူသယ်ဆောင်ပေးပါတယ်။ မွေးဖွားပြီးတဲ့အခါမှာတော့ ချက်ကြိုးရဲ့လုပ်ငန်းမရှိတော့တဲ့အတွက် ချက်ကြိုးရှိရာအပေါက်ကလေးနေရာမှာကြွက်သားတွေနဲ့ပိတ်သွားရပါတယ်။ ဒီလိုမျိုးမပိတ်ခဲ့ရင်တော့ ဝမ်းတွင်းရှိ အူ၊ အဆီပြင်အစရှိတဲ့ ကိုယ်တွင်းအင်္ဂါများအပေါက်လေးကတဆင့် ကျွံထွက်လာတဲ့အတွက် ချက်စူလေးတွေဖြစ်လာရတာပါပဲ။ ဆေးပညာအင်္ဂလိပ်အခေါ်အဝေါ်အရ ဒါကို Umbilical Hernia လို့ခေါ်ပါတယ်။

ချက်စူလေးဟာ နာကျင်မှုမရှိပါဘူး။ ကလေးငယ်ငိုတဲ့အခါ ချက်စူလေးဟာပိုစူထွက်လာပြီး ငြိမ်နေတဲ့အခါမှာပြန်လည်သေးသွားတတ်ပါတယ်။ လက်နဲ့ဖိလိုက်တဲ့အခါမှာ ရံဖန်ရံခါသေးသွားတတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ အချို့ကလေးငယ်တွေမှာ အူကျွံဝက်ပြီး ညပ်သွားတဲ့အခါ အူပိတ်ချင်သလိုဖြစ်ပြီးနာကျင်တတ်ပါတယ်။ ဒါကိုတော့ Incarcerated Herniaလို့ခေါ်ပြီး အရေးပေါ်ကုသမှုခံယူရမှာပဲဖြစ်ပါတယ်။

ချက်စူခြင်းဟာ ကမ္ဘာပေါ်ရှိ ကလေးငယ် ဆယ်ယောက်မှာတစ်ယောက်နှုန်း ဖြစ်ပွားနေပါတယ်။ ချက်စူဖြစ်စေတဲ့အပေါက်လေးဟာ ကလေးငယ် အသက် သုံး၊လေးနှစ်ခန့်မှာပြန်လည်ပိတ်သွားတတ်တဲ့အတွက် ကုသမှုသီးသန့်မလိုဘဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အကာ်၍များ ကျောင်းတက်ချိန်ထိမပိတ်ခဲ့ဘူးဆိုရင်တော့ ခွဲစိတ်ကုသမှုကိုခံယူရမှာဖြစ်ပါတယ်။ ဒီလိုကုသပြီးတဲ့အခါမှာ ပြန်လည်စူထွက်နိုင်ခြေဟာ မရှိသလောက်နည်းပါးသွားပြီဖြစ်ပြီး သာမန်ကလေးငယ်တစ်ယောက်အတိုင်း ချပ်ချပ်ရှိသွားပြီဖြစ်ပါကြောင်း..။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ခ်က္စူ

စာဖတ္သူတို႔ရဲ႕ရပ္ကြက္ေတြမွာ ခ်က္စူစူနဲ႔ကေလးငယ္ေလးေတြ ေတြ႔ဖူးၾကမွာပါ။ ဒီကေလးငယ္ေတြဟာ ခ်က္ကေလးစူတာကလြဲရင္ က်န္တာဘာေရာရာမွမ႐ွိ၊ ခ်က္စူစူေလးကလည္း နာတာက်င္တာမ႐ွိဆိုေတာ့ အမႈမဲ့အမွတ္မဲ့နဲ႔ ျမင္ေနက်အတိုင္းထားလိုက္မိၾကမယ္ထင္ပါတယ္။ ခ်က္စူေလးေတြဘာေၾကာင့္ျဖစ္လာရသလဲ ေလ့လာၾကည့္ၾကရေအာင္ေနာ္။

လူသားတစ္ဦးဟာ သေႏၶသားဘဝမွာ မိခင္ဆီကအာဟာရနဲ႔ေအာက္စီဂ်င္ရယူၿပီး ေအာက္စီဂ်င္မပါတဲ့ေသြးညစ္ေတြကိုျပန္လည္စြန္႔ထုတ္ဖို႔ ခ်က္ေပါက္မွာ႐ွိတဲ့ ခ်က္ႀကိဳးက တာဝန္ယူသယ္ေဆာင္ေပးပါတယ္။ ေမြးဖြားၿပီးတဲ့အခါမွာေတာ့ ခ်က္ႀကိဳးရဲ႕လုပ္ငန္းမ႐ွိေတာ့တဲ့အတြက္ ခ်က္ႀကိဳး႐ွိရာအေပါက္ကေလးေနရာမွာႂကြက္သားေတြနဲ႔ပိတ္သြားရပါတယ္။ ဒီလိုမ်ိဳးမပိတ္ခဲ့ရင္ေတာ့ ဝမ္းတြင္း႐ွိ အူ၊ အဆီျပင္အစ႐ွိတဲ့ ကိုယ္တြင္းအဂၤါမ်ားအေပါက္ေလးကတဆင့္ ကြၽံထြက္လာတဲ့အတြက္ ခ်က္စူေလးေတြျဖစ္လာရတာပါပဲ။ ေဆးပညာအဂၤလိပ္အေခၚအေဝၚအရ ဒါကို Umbilical Hernia လို႔ေခၚပါတယ္။

ခ်က္စူေလးဟာ နာက်င္မႈမ႐ွိပါဘူး။ ကေလးငယ္ငိုတဲ့အခါ ခ်က္စူေလးဟာပိုစူထြက္လာၿပီး ၿငိမ္ေနတဲ့အခါမွာျပန္လည္ေသးသြားတတ္ပါတယ္။ လက္နဲ႔ဖိလိုက္တဲ့အခါမွာ ရံဖန္ရံခါေသးသြားတတ္ပါတယ္။ ျဖစ္ေတာင့္ျဖစ္ခဲအေနနဲ႔ အခ်ိဳ႕ကေလးငယ္ေတြမွာ အူကြၽံဝက္ၿပီး ညပ္သြားတဲ့အခါ အူပိတ္ခ်င္သလိုျဖစ္ၿပီးနာက်င္တတ္ပါတယ္။ ဒါကိုေတာ့ Incarcerated Herniaလို႔ေခၚၿပီး အေရးေပၚကုသမႈခံယူရမွာပဲျဖစ္ပါတယ္။

ခ်က္စူျခင္းဟာ ကမၻာေပၚ႐ွိ ကေလးငယ္ ဆယ္ေယာက္မွာတစ္ေယာက္ႏႈန္း ျဖစ္ပြားေနပါတယ္။ ခ်က္စူျဖစ္ေစတဲ့အေပါက္ေလးဟာ ကေလးငယ္ အသက္ သံုး၊ေလးႏွစ္ခန္႔မွာျပန္လည္ပိတ္သြားတတ္တဲ့အတြက္ ကုသမႈသီးသန္႔မလိုဘဲ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။ အကာ္၍မ်ား ေက်ာင္းတက္ခ်ိန္ထိမပိတ္ခဲ့ဘူးဆိုရင္ေတာ့ ခြဲစိတ္ကုသမႈကိုခံယူရမွာျဖစ္ပါတယ္။ ဒီလိုကုသၿပီးတဲ့အခါမွာ ျပန္လည္စူထြက္ႏိုင္ေျခဟာ မ႐ွိသေလာက္နည္းပါးသြားၿပီျဖစ္ၿပီး သာမန္ကေလးငယ္တစ္ေယာက္အတိုင္း ခ်ပ္ခ်ပ္႐ွိသြားၿပီျဖစ္ပါေၾကာင္း..။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *