သွေးပေါ်ဆေးထိုးတယ်ဆိုတာ...
အရပ်ထဲမှာ သွေးပေါ်ဆေးဆိုပြီး အမျိုးသမီးတွေပြောတာ ကြားဖူးကြမှာပါ။ ဒီထိုးဆေးထဲမှာ Estrogen နဲ့ Progestin ဆိုတဲ့ ဟော်မုန်းတွေပါပါတယ်။ ဒီဟော်မုန်းတွေဟာ Pituitary Gland ကိုသွားရောက်ဖိနှိပ်ပြီး သားဥမကြွေအောင်လုပ်ပါတယ်။ သားဥမကြွေတဲ့အတွက် ကိုယ်ဝန်လည်းမရတော့ပါဘူး။ ဒီဆေးထိုးရင် သားအိမ်နံရံလည်းထူလာစေပါတယ် သားအိမ်ခေါင်းကအချွဲကိုလည်း ပိုပြစ်စေပါတယ်။ဒီတော့ သုတ်ပိုးဝင်ရောက်ရတာ ပိုခက်ခဲစေပါတယ်။
ဘယ်လိုထိုးရသလဲ?
ဒီဆေးဟာ တစ်လတစ်ခါပုံမှန်ထိုးပြီး ကိုယ်ဝန်ကိုတစ်လတားပေးတဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးဟာ ကိုယ်ဝန်တားပေးတဲ့ဆေးသာဖြစ်ပြီး လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုတော့ မတားဆီးပေးနိုင်ပါဘူး။ ဒီအတွက် လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ဆိုရင်တော့ အကာအကွယ်(ကွန်ဒုံး)သုံးရမှာဖြစ်ပါတယ်။
ဒီဆေးထိုးတဲ့အမျိုးသမီးတွေမှာ
-ရာသီမမှန်တာ
ရာသီလာတာ များခြင်း သို့်မဟုတ် နည်းခြင်း
ရာသီလာရက်စိပ်လွန်းခြင်း သို့်မဟုတ် ကျဲလွန်းခြင်း
-ရာသီမလာခြင်း
-ခေါင်းကိုက်ခြင်း
-ကိုယ်အလေးချိန်တက်လာခြင်း
-ရင်သားနာကျင်ခြင်း
-စိတ်လှုပ်ရှားလွယ်ခြင်း
-သွေးခဲဆင်းခြင်း(ရှားရှားပါးပါးသာဖြစ်ပါတယ်)စတဲ့ ဘေးထွက်ဆိုးကျိူးတွေဖြစ်တတ်ပါတယ်။
ဒီဆေးကို ထိုးလို့မရတဲ့အမျိုးသမီးတွေကတော့-
-ကိုယ်ဝန်ရှိသူများ
-အသည်းရောဂါရှိသူများ
-နှလုံးရောဂါရှိသူများ
-ခေါင်းကိုက်တတ်သူများ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူများ ဖြစ်ပါတယ်။
ဒီဆေးနဲ့ သုံးလခံသန္ဓေတားဆေး ဘာကွာလဲဆိုရင် ဒီဆေးမှာတော့ estrogen နဲ့ Progestin ပါပြီး သုံးလခံဆေးမှာတော့ Progestin ပဲပါပါတယ်။ ဒီဆေးက တစ်လခံကိုယ်ဝန်တားဆေးဖြစ်ပြီး တစ်လတစ်ခါထိုးရတယ်။ Depo ကတော့ သုံးလတစ်ကြိမ်ထိုးရပါတယ်။ဘယ်ဆေးပဲထိုးထိုး၊ သောက်သောက် အရေးကြီးတာကတော့ မိမိရဲ့ကျန်းမာရေးအခြေအနေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်လို့ ရေးသားဖော်ပြချင်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေသြးေပၚေဆးထိုးတယ္ဆိုတာ...
အရပ္ထဲမွာ ေသြးေပၚေဆးဆိုၿပီး အမ်ိဳးသမီးေတြေျပာတာ ၾကားဖူးၾကမွာပါ။ ဒီထိုးေဆးထဲမွာ Estrogen နဲ႔ Progestin ဆိုတဲ့ ေဟာ္မုန္းေတြပါပါတယ္။ ဒီေဟာ္မုန္းေတြဟာ Pituitary Gland ကိုသြားေရာက္ဖိႏွိပ္ၿပီး သားဥမေႂကြေအာင္လုပ္ပါတယ္။ သားဥမေႂကြတဲ့အတြက္ ကိုယ္ဝန္လည္းမရေတာ့ပါဘူး။ ဒီေဆးထိုးရင္ သားအိမ္နံရံလည္းထူလာေစပါတယ္ သားအိမ္ေခါင္းကအခြ်ဲကိုလည္း ပိုျပစ္ေစပါတယ္။ဒီေတာ့ သုတ္ပိုးဝင္ေရာက္ရတာ ပိုခက္ခဲေစပါတယ္။
ဘယ္လိုထိုးရသလဲ?
ဒီေဆးဟာ တစ္လတစ္ခါပံုမွန္ထိုးၿပီး ကိုယ္ဝန္ကိုတစ္လတားေပးတဲ့ေဆးျဖစ္ပါတယ္။ ဒီေဆးဟာ ကိုယ္ဝန္တားေပးတဲ့ေဆးသာျဖစ္ၿပီး လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြကိုေတာ့ မတားဆီးေပးႏိုင္ပါဘူး။ ဒီအတြက္ လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ဖို႔ဆိုရင္ေတာ့ အကာအကြယ္(ကြန္ဒံုး)သံုးရမွာျဖစ္ပါတယ္။
ဒီေဆးထိုးတဲ့အမ်ိဳးသမီးေတြမွာ
-ရာသီမမွန္တာ
ရာသီလာတာ မ်ားျခင္း သို႔္မဟုတ္ နည္းျခင္း
ရာသီလာရက္စိပ္လြန္းျခင္း သို႔္မဟုတ္ က်ဲလြန္းျခင္း
-ရာသီမလာျခင္း
-ေခါင္းကိုက္ျခင္း
-ကိုယ္အေလးခ်ိန္တက္လာျခင္း
-ရင္သားနာက်င္ျခင္း
-စိတ္လႈပ္ရွားလြယ္ျခင္း
-ေသြးခဲဆင္းျခင္း(ရွားရွားပါးပါးသာျဖစ္ပါတယ္)စတဲ့ ေဘးထြက္ဆိုးက်ိဴးေတြျဖစ္တတ္ပါတယ္။
ဒီေဆးကို ထိုးလို႔မရတဲ့အမ်ိဳးသမီးေတြကေတာ့-
-ကိုယ္ဝန္ရွိသူမ်ား
-အသည္းေရာဂါရွိသူမ်ား
-ႏွလံုးေရာဂါရွိသူမ်ား
-ေခါင္းကိုက္တတ္သူမ်ား၊ ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိသူမ်ား ျဖစ္ပါတယ္။
ဒီေဆးနဲ႔ သံုးလခံသေႏၶတားေဆး ဘာကြာလဲဆိုရင္ ဒီေဆးမွာေတာ့ estrogen နဲ႔ Progestin ပါၿပီး သံုးလခံေဆးမွာေတာ့ Progestin ပဲပါပါတယ္။ ဒီေဆးက တစ္လခံကိုယ္ဝန္တားေဆးျဖစ္ၿပီး တစ္လတစ္ခါထိုးရတယ္။ Depo ကေတာ့ သံုးလတစ္ႀကိမ္ထိုးရပါတယ္။ဘယ္ေဆးပဲထိုးထိုး၊ ေသာက္ေသာက္ အေရးႀကီးတာကေတာ့ မိမိရဲ႕က်န္းမာေရးအေျခအေနကို ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွ လုပ္ကိုင္ေဆာင္ရြက္သင့္ပါတယ္လို႔ ေရးသားေဖာ္ျပခ်င္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)