” ဆယ်ကျော်သက်အရွယ် ဘာကျွေးမယ် ”
မိဘအများစုသည် သားသားမီးမီးများကို မွေးကင်းစမိခင်နို့တိုက်ဖို့ ၊၆လပြည့်တဲ့အခါ ဖြည့်စွက်စာကျွေးဖို့ ဂရုတစိုက်ရှိလှသော်လည်း အပျိုဖော်လူပျိုဖော်ဝင်စအရွယ်မှာ မည်သို့သောအစားအစာအမျိုးစားများကို ကျွေးသင့်သည်ကိုတော့ သတိမထားမိဘဲရှိတတ်ကြသည်။စင်စစ်အားဖြင့် ဆယ်ကျော်သက်အရွယ်ဆိုသည်မှာ ကလေးဘဝမှ အရွယ်ရောက်သူတစ်ယောက်အဖြစ် ဖွံဖြိုးလာသည့်ကာလဖြစ်သည့်အလျောက် ကိုယ်ခန္ဓာအတွက် အင်အားဖြစ်စေမည့် ၊ကိုယ်ခန္ဓာကြီးထွားမှုကို အထေယက်အကူဖြစ်စေမည့် အာဟာရများစွာ လိုအပ်ပေသည်။မေမေဖေဖေတို့ရွေးချယ် ကျွေးနိုင်စေရန်ငှါ ဖော်ပြပေးလိုက်ပါသည်:
1)ပရိုတင်း(အသားဓာတ်)ပါဝင်သောအစားအစာများ
ကြွက်သားများဖွံဖြိုးဖို့အတွက် အသား၊ငါး၊ပဲ၊ဥအမျိုးမျိုး စတဲ့ ပရိုတင်းပါဝင်သော အစားအစာများ ထမင်းပွဲတွင်ပါပါစေ။
2)ကစီဓာတိကြွယ်ဝသောအစားအစာများ
ဆန်၊ဂံျု၊ပြောင်း၊အာလူး…စသော ကစီဓာတ်ပါသောအစားအစာများသည် သင့်ကလေး ကြီးကောင်ဝင်ချိန်အတွက်လိုအပ်သော ကယ်လိုရီပမာဏနှင့် အင်အားကိုဖြည့်စွမ်းပေးပါလိမ့်မည်ဒ
3)ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝသောအစားအစာများ
ဟင်းသီးဟင်းရွက်များ အသီးအနှံများသည် ကလေးတို့၏ ကိုယ်ခံစွမ်းအားအတွက်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များကို ပေးစွမ်းပါလိမ့်မည်။သတိပြုစရာတစ်ခုက အသီးအနံှ ဟင်းသီးဟင်းရွက်တစ်မျိုးတွင်ပါဝင်သော ဗီတာမင်နှင့်သတ္တုဓာတ်များသည် အခြားတစ်မျိုးတွင်ပါသောဓာတ်များနှင့် အနည်းနှင့်အများကွဲလွဲမှုရှိနိုင်သောကြောင့် အသီးအနှံဟင်းသီးဟင်းရွက်များကို နေ့စဉ်တစ်မျိုးတည်းကျွေးမည့်အစား တစ်နေ်တစ်မျိုး အမျိုးအစားမတူငည်များကို တစ်လှည့်စီကျွေးသင့်ပါသည်။
4)ကယ်လ်စီယမ်ပါဝင်သော အစားအစာများ
အရိုးနှင့်ကြွက်သားများ ကြီးထွားဖွံဖြိုးဖို့အတွက် အဓိကလိုအပ်သော ကယ်လ်စီယမ်ဓာတ်ရရှိစေရန် နို့၊ဒိန်ချဉ်၊ချိစ် စသောနို့ထွက်ပစ္စည်းများ အလေးပေးပြီး ကျွေးမွေးပါ။
5)သံဓာတ်
သံဓာတ်သည် သမီးမိန်းကလေးများအတွက်ပိုမိုလိုအပ်ပေသည်၊အပျိုဖော်ဝင်ချိန် ရာသီသွေးပေါ်သည့်အခါ ရာသီသွေးနှင့်အတူ သံဓာတ်များ ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်သည်။သံဓာတ်မပြည့်ဝပါက သွေးအားနည်းရောဂါလက္ခဏာများခံစားလာရနိုင်သဖြင့် သံဓာတ်ပါသောအသားအစာများကျွေးမွေးခြင်း၊လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သံဓာတ်အားဆေးတိုက်ကျွေးခြင်းများပြုလုပ်ပါ။
အထက်ဖော်ပြပါ အသားအစာများ ဂရုထားကျွေးမွေးပြီး ကျနိးမာပျော်ရွှင်သော သားသမီးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။
ဒေါက်တာဝင်း (UM 2)
ဆန်၊ဂျုံ၊ပြောင်း၊အာလူး…စသော ကစီဓာတ်ပါသောအစားအစာများသည် သင့်ကလေး ကြီးကောင်ဝင်ချိန်အတွက်လိုအပ်သော ကယ်လိုရီပမာဏနှင့် အင်အားကိုဖြည့်စွမ်းပေးပါလိမ့်မည်ဒ
5)သံဓာတ်
ဒေါက်တာဝင်း (UM 2)
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ
1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
Leave a Reply
Your email address will not be published. Required fields are marked *