ဆေးပုံစံ-ဆေးပြားပုံစံ၊ သောက်ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်း ပိုးဝင်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အရေပြားနှင့် ကြွက်သားပျော့များ ပိုးဝင်ခြင်း၊ နားပြည်ယိုခြင်း၊ ဆုံဆို့နာ၊ ပင်နီဆလင်ဆေးနှင့် မတည့်သော ကာလသားရောဂါရှိသူများ၊ နှလုံး အတွင်းခန်းရောင်ခြင်း။
သုံးစွဲရန်အညွှန်း- ၁ ပြား ၆ နာရီခြား သို့ ၂ပြား ၁၂နာရီခြား။ အများဆုံး တစ်နေ့ ၄ ဂရမ်ထိသာသောက်သုံးရန်။
ဆေးရည်-လူကြီး- ၁၀စီစီ ၆နာရီခြား သို့ ၂၀စီစီ ၁၂နာရီခြား။
-၂နှစ်အောက်ကလေး-တစ်နေ့ ၁၂.၅စီစီ။
-၂နှစ်မှ ၈နှစ်- တစ်နေ့ ၂၅စီစီ။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အသည်းမကောင်းသူများနှင့် အသည်းရောဂါရှိသူများ။
သတိပြုရမည့်အချက်များ-ကြာရှည် နှင့် ခဏခဏ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ နှလုံးခုန်မမှန်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကြွက်သားအားနည်းလာသောရောဂါ (myasthenia gravis)ရှိသူများ ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။ အူမကြီးရောင်ခြင်းဖြစ်တတ်သဖြင့် ဆေးသောက်ပြီး ဝမ်းလျောသူများတွင် သတိပြုပါ။ သွေးတွင်းအဆီချဆေး lovastatin နှင့် တွဲသုံးပါက ကျောက်ကပ်ဓာတ်နှင့် အသည်းဓာတ်များ စစ်ဆေးရန်လိုအပ်ပါသည်။
ဘေးထွက်ဆိုးကျိုး-ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်းစသော အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ၊ အမြှေးပါးတု အူမကြီးရောင်ခြင်း၊ အသည်းထိခိုက်ခြင်း၊ နားထိခိုက်ခြင်း၊ ဆေးမတည့်ခြင်း၊ အာရုံကြောမကြီးထိခိုက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-cimetidine နှင့်တွဲသုံးပါက ဘေးထွက်ဆိုးကျိုးပိုများစေပါသည်။ carbamazepine, cyclosporine, phenytoin, alfentanil, cisapride, lovastatin, bromocriptine, valproate, terfenadine, astimazole ဆေးများ၏ သွေးတွင်းပမာဏကို တက်စေပါသည်။ theophylline, digoxin, ergotamine, midazolam စသောဆေးများ၏ စွန့်ထုတ်မှုကိုကြာစေပါသည်။
ဒေါက်တာချို(ဆေး ၁)