ခေါင်းမထောင်နိုင်တဲ့ပန်းတွေ

အမျိုးသားတွေမှာ အသက်အရွယ်ရလာတာနဲ့အမျှ တိုးတိုးတိတ်တိတ်စိတ်ပူရတဲ့ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ ပန်းသေပန်းညှိုးခြင်း (Erectile Dysfunction)ဖြစ်ပါတယ်။ ဒီရောဂါဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ အိမ်ထောင်ရေးသုခနဲ့တကွ နေ့စဉ်ကိုယ့်ရဲ့အသက်ရှင်နေထိုင်မှုကိုပါ အကျိုးသက်ရောက်မှုရှိစေနိုင်တဲအတွက် အရေးကြီးတဲ့အကြောင်းအရာတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီတော့ ပန်းသေပန်းညှိုးခြင်း ဘာကြောင့်ဖြစ်စေနိုင်သလဲ လေ့လာကြည့်ရအောင်လား။

ပန်းသေပန်းညှိုးခြင်းဆိုတာဘာလဲ?

ပန်းသေပန်းညှိုးခြင်းဆိုတာ အမျိုးသားလိင်အင်္ဂါဟာ ကာမစပ်ယှက်ရန်အတွက် တောင့်တောင့်တင်းတင်းဖြစ်အောင်မစွမ်းဆောင်နိုင်တော့တာဖြစ်ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်တင်ပြရမယ်ဆိုရင်တော့ ကိစ္စမပြုမီကပင် တောင့်တောင့်တင်းတင်းရှိအောင်မစွမ်းဆောင်နိုင်ခြင်း၊ ကာမဆက်ဆံနေစဉ်အချိန်လုံလောက်အောင် တောင့်တောင့်တင်းတင်းမရှိခြင်း၊ လိင်ကိစ္စတွင် စိတ်ဝင်စားမှုအားနည်းခြင်းတို့ဟာ ပန်းသေပန်းညှိုးခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ?

ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့အကြောင်းရင်းအများကြီးရှိတဲ့အထဲက အဓိကအကြောင်းတစ်ခုကတော့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ အလုပ်အရမ်းများပြီးအားအင်ဆက်တိုက်ကုန်ခမ်းခြင်းကြောင့်ဖြစ်ဖြစ်၊ စိတ်ဆင်းရဲစရာကြုံတွေ့ရမှုကြောင့်ဖြစ်ဖြစ် လိင်ကိစ္စမှာ စိတ်မပါတဲ့အခါ ပန်းသေပန်းညှိုးဖြစ်နိုင်ပါတယ်။ အခြားသောရောဂါတွေဖြစ်တဲ့

  • – နှလုံးရောဂါ
  • – သွေးတိုးရောဂါ
  • – ဆီးချိုရောဂါ
  • – ကင်ဆာဝေဒနာ အစရှိတဲ့နာတာရှည်ရောဂါတွေအပြင်
  • – ထိခိုက်ဒဏ်ရာရခြင်း
  • – အဝလွန်ခြင်း
  • – စိတ်ပူတတ်လွန်းခြင်း
  • – အသက်ကြီးရင့်လာခြင်း တို့ကြောင့်လည်း ပန်းသေပန်းညှိုးရောဂါရတတ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဆေးလိပ်အလွန်သောက်သူတွေ၊ အရက်အလွန်အကျွံသောက်သူတွေနဲ့ မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းနှင့် ဘိန်းမှထွက်သောမူးယစ်ဆေးများ) အသုံးပြုသူတွေမှာလည်း ပန်းသေပန်းညှိုးခြင်းဖြစ်စေတတ်တာကို သတိပြုထားသင့်ပါတယ်။

အသက်ကြီးခြင်းနှင့် ပန်းကလေးခေါင်းငိုက်စိုက်ကျခြင်း

ပန်းသေပန်းညှိုးခြင်းဟာ အသက်ကြီးလာလေ ဖြစ်နိုင်ခြေများလေဆိုတာကတော့ ငြင်းမရတဲ့အချက်ပါပဲ။ စစ်တမ်းတွေအရ အမျိုးသားထုရဲ့

– အသက် ၆၀ အောက်မှာ ၁၂%
– အသက် ၆၀ မှ ၇၀ အတွင်းမှာ ၂၂%
– အသက် ၇၀ ကျော် အမျိုးသားတွေမှာ ၃၀% အထိ ပန်းသေပန်းညှိုးရောဂါရှိနေတယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ အသက်ကြီးလာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလျှော့ပေးကြရတော့မှာလား။ အသက်ကြီးလာပေမယ့် ကျန်းမာရေးနဲ့ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်၊ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့နေထိုင်စားသောက်ပုံကိုပြုပြင်မယ် ဆိုရင်တော့ ပန်းသေပန်းညှိုးဖြစ်ခြင်းကို လျှော့ချနိုင်ကြောင်းကို လေ့လာစမ်းစစ်ချက်တွေက တစ်ညီတစ်ညွတ်ထဲထောက်ခံထားကြကြောင်းတွေ့ရပါတယ်။

ဆေးကောင်းဝါးကောင်း သွေးတောင်းတုန်းမှာသုံးကြမလား?

ပန်းသေပန်းညှိုးခြင်းအတွက် ဆေးဝါးများစွာကို လွယ်ကူစွာဝယ်လို့ရနိုင်ပါတယ်။ ဒီဆေးဝါးတွေကို လိင်ဆက်ဆံမှုမပြုမီ နာရီဝက်အလိုခန့်ကြိုတင်သောက်ခြင်းဖြင့် သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် အချို့သောသာမာန်လူတွေမှာတောင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နှလုံးတုန်ခြင်း၊ အော့အန်ခြင်းစတာတွေခံစားရနိုင်တဲ့အတွက် သွေးပေါင်အတက်အကျမမှန်သူများ၊နှလုံးရောဂါရှိသူများ၊ သွေးပျစ်သူများ၊ အစာအိမ်ရောဂါဝေဒနာသည်များ သုံးစွဲမယ်ဆိုရင် အထူးသတိပြုဖို့လိုအပ်ပါမယ်။ ဒါကြောင့် ဆေးဝါးအပြင် ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးနဲ့ညီညွတ်သောအစားအသောက်၊နေထိုင်ပုံတို့ကို ကျင့်သုံးမယ်ဆိုရင်တော့ လန်းလန်းဆန်းဆန်းနေကြာပန်းများ ပြန်လည်ဖြစ်နိုင်ပါတယ်လို့ အကြံပြုရင်း..။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ေခါင္းမေထာင္ႏိုင္တဲ့ပန္းေတြ

အမ်ိဳးသားေတြမွာ အသက္အရြယ္ရလာတာနဲ႔အမ်ွ တိုးတိုးတိတ္တိတ္စိတ္ပူရတဲ့ကိစၥတစ္ခု႐ွိပါတယ္။ အဲဒါကေတာ့ ပန္းေသပန္းညႇိဳးျခင္း (Erectile Dysfunction)ျဖစ္ပါတယ္။ ဒီေရာဂါဟာ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ၊ အိမ္ေထာင္ေရးသုခနဲ႔တကြ ေန႔စဥ္ကိုယ့္ရဲ႕အသက္႐ွင္ေနထိုင္မႈကိုပါ အက်ိဳးသက္ေရာက္မႈ႐ွိေစႏိုင္တဲအတြက္ အေရးႀကီးတဲ့အေၾကာင္းအရာတစ္ခုလို႔ေျပာရင္ မမွားႏိုင္ပါဘူး။ ဒီေတာ့ ပန္းေသပန္းညႇိဳးျခင္း ဘာေၾကာင့္ျဖစ္ေစႏိုင္သလဲ ေလ့လာၾကည့္ရေအာင္လား။

ပန္းေသပန္းညႇိဳးျခင္းဆိုတာဘာလဲ?

ပန္းေသပန္းညႇိဳးျခင္းဆိုတာ အမ်ိဳးသားလိင္အဂၤါဟာ ကာမစပ္ယွက္ရန္အတြက္ ေတာင့္ေတာင့္တင္းတင္းျဖစ္ေအာင္မစြမ္းေဆာင္ႏိုင္ေတာ့တာျဖစ္ပါတယ္။ ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္တင္ျပရမယ္ဆိုရင္ေတာ့ ကိစၥမျပဳမီကပင္ ေတာင့္ေတာင့္တင္းတင္း႐ွိေအာင္မစြမ္းေဆာင္ႏိုင္ျခင္း၊ ကာမဆက္ဆံေနစဥ္အခ်ိန္လံုေလာက္ေအာင္ ေတာင့္ေတာင့္တင္းတင္းမ႐ွိျခင္း၊ လိင္ကိစၥတြင္ စိတ္ဝင္စားမႈအားနည္းျခင္းတို႔ဟာ ပန္းေသပန္းညႇိဳးျခင္းရဲ႕ လကၡဏာေတြျဖစ္ပါတယ္။

ဘာေၾကာင့္ျဖစ္သလဲ?

ပန္းေသပန္းညႇိဳးျဖစ္ေစႏိုင္တဲ့အေၾကာင္းရင္းအမ်ားႀကီး႐ွိတဲ့အထဲက အဓိကအေၾကာင္းတစ္ခုကေတာ့ စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်ျခင္းျဖစ္ပါတယ္။ အလုပ္အရမ္းမ်ားၿပီးအားအင္ဆက္တိုက္ကုန္ခမ္းျခင္းေၾကာင့္ျဖစ္ျဖစ္၊ စိတ္ဆင္းရဲစရာၾကံဳေတြ႔ရမႈေၾကာင့္ျဖစ္ျဖစ္ လိင္ကိစၥမွာ စိတ္မပါတဲ့အခါ ပန္းေသပန္းညႇိဳးျဖစ္ႏိုင္ပါတယ္။ အျခားေသာေရာဂါေတြျဖစ္တဲ့

  • - ႏွလံုးေရာဂါ
  • - ေသြးတိုးေရာဂါ
  • - ဆီးခ်ိဳေရာဂါ
  • - ကင္ဆာေဝဒနာ အစ႐ွိတဲ့နာတာ႐ွည္ေရာဂါေတြအျပင္
  • - ထိခိုက္ဒဏ္ရာရျခင္း
  • - အဝလြန္ျခင္း
  • - စိတ္ပူတတ္လြန္းျခင္း
  • - အသက္ႀကီးရင့္လာျခင္း တို႔ေၾကာင့္လည္း ပန္းေသပန္းညႇိဳးေရာဂါရတတ္ပါတယ္။

ေနာက္ထပ္အေရးႀကီးတဲ့အခ်က္ကေတာ့ ေဆးလိပ္အလြန္ေသာက္သူေတြ၊ အရက္အလြန္အကြၽံေသာက္သူေတြနဲ႔ မူးယစ္ေဆးဝါး (အထူးသျဖင့္ ဘိန္းႏွင့္ ဘိန္းမွထြက္ေသာမူးယစ္ေဆးမ်ား) အသံုးျပဳသူေတြမွာလည္း ပန္းေသပန္းညႇိဳးျခင္းျဖစ္ေစတတ္တာကို သတိျပဳထားသင့္ပါတယ္။

အသက္ႀကီးျခင္းႏွင့္ ပန္းကေလးေခါင္းငိုက္စိုက္က်ျခင္း

ပန္းေသပန္းညႇိဳးျခင္းဟာ အသက္ႀကီးလာေလ ျဖစ္ႏိုင္ေျခမ်ားေလဆိုတာကေတာ့ ျငင္းမရတဲ့အခ်က္ပါပဲ။ စစ္တမ္းေတြအရ အမ်ိဳးသားထုရဲ႕

- အသက္ ၆၀ ေအာက္မွာ ၁၂%
- အသက္ ၆၀ မွ ၇၀ အတြင္းမွာ ၂၂%
- အသက္ ၇၀ ေက်ာ္ အမ်ိဳးသားေတြမွာ ၃၀% အထိ ပန္းေသပန္းညႇိဳးေရာဂါ႐ွိေနတယ္လို႔ သိရပါတယ္။ ဒီလိုဆိုေတာ့ အသက္ႀကီးလာလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အေလ်ွာ့ေပးၾကရေတာ့မွာလား။ အသက္ႀကီးလာေပမယ့္ က်န္းမာေရးနဲ႔ကိုယ္လက္ေလ့က်င့္ခန္းမွန္မွန္လုပ္မယ္၊ က်န္းမာေရးကိုထိခိုက္ႏိုင္တဲ့ေနထိုင္စားေသာက္ပံုကိုျပဳျပင္မယ္ ဆိုရင္ေတာ့ ပန္းေသပန္းညႇိဳးျဖစ္ျခင္းကို ေလ်ွာ့ခ်ႏိုင္ေၾကာင္းကို ေလ့လာစမ္းစစ္ခ်က္ေတြက တစ္ညီတစ္ၫြတ္ထဲေထာက္ခံထားၾကေၾကာင္းေတြ႔ရပါတယ္။

ေဆးေကာင္းဝါးေကာင္း ေသြးေတာင္းတုန္းမွာသံုးၾကမလား?

ပန္းေသပန္းညႇိဳးျခင္းအတြက္ ေဆးဝါးမ်ားစြာကို လြယ္ကူစြာဝယ္လို႔ရႏိုင္ပါတယ္။ ဒီေဆးဝါးေတြကို လိင္ဆက္ဆံမႈမျပဳမီ နာရီဝက္အလိုခန္႔ႀကိဳတင္ေသာက္ျခင္းျဖင့္ သံုးစြဲႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေသာသာမာန္လူေတြမွာေတာင္ ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေတြျဖစ္တဲ့ ႏွလံုးတုန္ျခင္း၊ ေအာ့အန္ျခင္းစတာေတြခံစားရႏိုင္တဲ့အတြက္ ေသြးေပါင္အတက္အက်မမွန္သူမ်ား၊ႏွလံုးေရာဂါ႐ွိသူမ်ား၊ ေသြးပ်စ္သူမ်ား၊ အစာအိမ္ေရာဂါေဝဒနာသည္မ်ား သံုးစြဲမယ္ဆိုရင္ အထူးသတိျပဳဖို႔လိုအပ္ပါမယ္။ ဒါေၾကာင့္ ေဆးဝါးအျပင္ ကိုယ္လက္လႈပ္႐ွားမႈနဲ႔ က်န္းမာေရးနဲ႔ညီၫြတ္ေသာအစားအေသာက္၊ေနထိုင္ပံုတို႔ကို က်င့္သံုးမယ္ဆိုရင္ေတာ့ လန္းလန္းဆန္းဆန္းေနၾကာပန္းမ်ား ျပန္လည္ျဖစ္ႏိုင္ပါတယ္လို႔ အၾကံျပဳရင္း..။

ေမတၱာျဖင့္
စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *