အမျိုးသားများ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေပြီလား
အမျိုးသားတစ်ယောက်အဖို့ … မိမိအဖော်နဲ့ လိင်ဆက်ဆံနေစဉ်မှာ… ဆန္ဒမပြီးမြောက်ခင်ထိ လိင်အင်္ဂါ ထောင်မတ်နေဖို့ရာ လိုအပ်ပါတယ်…ဒီလိုမဟုတ်ပဲ လမ်းခုလတ်မှာ ပန်းညိုးသွားတာ.. လိင်စိတ်နှိုးကြွနေပေမယ့် ..မထောင်မတ်နိုင်ခြင်းကို Erectile dysfunction လို့ ခေါ်ပါတယ်…ဒီလိုဖြစ်ခြင်းဟာ ခေတ္တခဏ ဖြစ်နိုင်သလို ရောဂါအရင်းမြစ်တစ်ခုကြောင့်လဲ ဖြစ်တတ်ပါတယ်..
ဒီလို ခံစားနေရတဲ့ အမျိုးသားတွေမှာ “လိင်အင်္ဂါမထောင်မတ်နိုင်ဖို့ ခက်ခဲခြင်း၊ ဆန္ဒပြီးမြောက်သည်ထိ ထိန်းမထားနိုင်ခြင်း၊ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု နည်းခြင်း ” စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်… ဒါြ့ပင် သုတ်လွှတ်ဖို့ရာ ကြာညောင်းခြင်း၊ လိင်စိတ်နိုးကြွဖို့ရာ မျိုးစုံပြုလုပ်သော်ငြား ဆန္ဒမပြီးမြောက်နိုင်ခြင်းတွေ ကြုံရတတ်ပါတယ်… ဒီလို ကြုံတွေ့ရတာ လအတန်ကြာလာပါက ဆရာဝန်နှင့် ဆွေးနွေးကုသသင့်ပါတယ်.. သို့မှသာ မိမိ၏ ရောဂါ ဇစ်မြစ်ကို အမြန်ရှာဖွေနိုင်ပြီး ထိရောက်တဲ့ ကုသမှုကို ပေးနိုင်မှာပဲ ဖြစ်ပါတယ်…
သွေးတိုး၊ နှလုံး ၊ ဆီးချို ရှိတဲ့ လူနာများ၊ အဝလွန်သူများ မှာ ဒီလိုကိစ္စရပ်တွေ ပိုကြုံရတတ်ပါတယ်… ဆေးလိပ် ၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတွေကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်.. ခွဲစိတ်ကုသမှုပြီးနောက်ပိုင်းမှာ (သို့) ထိခိုက်မှု တစ်ခုကြောင့်လဲ ကြုံရတတ်ပါတယ် ဒါြ့ပင် အသက်ရွယ်ကြီးမြင့်လာတဲ့ နောက်ပိုင်းမှာလဲ ဒါမျိုး ကြုံရတတ်ပါတယ်..သို့သော် လူလတ်ပိုင်းတွေမှာလဲ ဖြစ်လေ့ရှိတတ်တာမို့
သတိပြုသင့်ပါတယ်…
တခါတရံမှာ မိသားစုနဲ့ဆိုင်တဲ့ ပြသနာများ၊ စီးပွားရေး လူမှုရေး အစရှိတာတွေကြောင့် စိတ်ပင်ပန်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးကြောင့် လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း ဖြစ်တတ်ပါတယ်.. တခြားနိုင်ငံတွေမှာတော့ ဒီလိုစိတ်ကြောင့်ဖြစ်တဲ့ ပြသနာကို ကုသဖို့ရာ… “မိမိ ခံစားချက်၊ စိတ်အခြေအနေကို ဖွင့်ပြော၊ပြန်ဆွေးနွေးခြင်း စသည့် ကုထုံး” ဖြင့် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ကုသပေမယ့်.. မြန်မာနိုင်ငံက အရှက်အကြောက်ကြီးတာကြောင့် ဒီလို ကိစ္စကို တပါးသူကိုပြောပြဖို့ရာ ရှက်တတ်ကြပါတယ်..သို့သော် မိမိမှာ ဒီလို ဖြစ်လာပါက နီးစပ်ရာ ဆရာဝန်ဆီမှာတော့ ဖွင့်ပြောတိုင်ပင်သင့်ပါတယ်.. ဒါမှ အမြန်ပျောက်ကင်းနိုင်မှာပါ…
Erectile dysfunction ကို ဆေးဝါးဖြင့် ကုသခြင်း၊ စိတ်ကျန်းမာရေးဆွေးနွေးကုထုံး ၊ ယောဂ ၊ လေ့ကျင့်ခန်း အစရှိသည်တို့ဖြင့် ကုသလို့ရပါတယ်… တခါတရံမှာ တိုင်းရင်းဆေး၊သစ်ပင်ပန်းမံများဖြင့် ကုသလေ့ရှိကြရာ ဒီလို မကုသခင် ဆရာဝန်နှင့် အရင်ဆွေးနွေးတိုင်ပင်သင့်ပါတယ်…ကုသနည်းများဟာ မျိုးစုံပေါ်ထွက်နေပြီးမို့ မိမိအတွက် သင့်လျော်မည့် ကုသနည်းကို ဆရာဝန်က ရွေးချယ်ကုသပေးမှာ ဖြစ်ပါတယ်….
မိမိမှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေး ရှိနေပါက ဒီလို ပြသနာ ဖြစ်ဖို့ အခွင့်လမ်းနည်းပါတယ်… ဒါကြောင့်
- လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
- သင်တင့်မျှတပြီး အားရှိသော အစားအသောက်များစားခြင်း
- ပုံမှန်ကိုယ်အလေးချိန် ထားရှိခြင်း
- အရက်၊ဆေးလိပ် ဖြတ်ခြင်း၊လျော့ချခြင်း
- မိမိစိတ်ကို အပန်းဖြေခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေ ပြုလုပ်သင့်ပါတယ်…
ကျန်းမာ သန်စွမ်းပြီး စိတ်သွားရာ ကိုယ်ပါနိုင်သော အမျိုးသားများ ဖြစ်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်…..
ပိုင်နီမောင်
#healthline
အမ်ိဳးသားမ်ား စိတ္သြားတိုင္းကုိယ္မပါ ျဖစ္ေနၿပီလား
အမ်ိဳးသားတစ္ေယာက္အဖို႔ … မိမိအေဖာ္နဲ႔ လိင္ဆက္ဆံေနစဥ္မွာ… ဆႏၵမၿပီးေျမာက္ခင္ထိ လိင္အဂၤါ ေထာင္မတ္ေနဖို႔ရာ လိုအပ္ပါတယ္…ဒီလိုမဟုတ္ပဲ လမ္းခုလတ္မွာ ပန္းညိဳးသြားတာ.. လိင္စိတ္ႏိႈးႂကြေနေပမယ့္ ..မေထာင္မတ္ႏိုင္ျခင္းကို Erectile dysfunction လို႔ ေခၚပါတယ္…ဒီလိုျဖစ္ျခင္းဟာ ေခတၱခဏ ျဖစ္ႏိုင္သလို ေရာဂါအရင္္းျမစ္တစ္ခုေၾကာင့္လဲ ျဖစ္တတ္ပါတယ္..
ဒီလို ခံစားေနရတဲ့ အမ်ိဳးသားေတြမွာ “လိင္အဂၤါမေထာင္မတ္ႏိုင္ဖို႔ ခက္ခဲျခင္း၊ ဆႏၵၿပီးေျမာက္သည္ထိ ထိန္းမထားႏိုင္ျခင္း၊ လိင္မႈကိစၥအေပၚ စိတ္ဝင္စားမႈ နည္းျခင္း ” စတဲ့ လကၡဏာေတြ ေတြ႔ရတတ္ပါတယ္… ဒါျ့ပင္ သုတ္လႊတ္ဖို႔ရာ ၾကာေညာင္းျခင္း၊ လိင္စိတ္ႏိုးႂကြဖို႔ရာ မ်ိဳးစံုျပဳလုပ္ေသာ္ျငား ဆႏၵမၿပီးေျမာက္ႏိုင္ျခင္းေတြ ၾကံဳရတတ္ပါတယ္… ဒီလို ၾကံဳေတြ႔ရတာ လအတန္ၾကာလာပါက ဆရာဝန္ႏွင့္ ေဆြးေႏြးကုသသင့္ပါတယ္.. သို႔မွသာ မိမိ၏ ေရာဂါ ဇစ္ျမစ္ကို အျမန္႐ွာေဖြႏိုင္ၿပီး ထိေရာက္တဲ့ ကုသမႈကို ေပးႏိုင္မွာပဲ ျဖစ္ပါတယ္…
ေသြးတိုး၊ ႏွလံုး ၊ ဆီးခ်ိဳ ႐ွိတဲ့ လူနာမ်ား၊ အဝလြန္သူမ်ား မွာ ဒီလိုကိစၥရပ္ေတြ ပိုၾကံဳရတတ္ပါတယ္… ေဆးလိပ္ ၊ အရက္၊ မူးယစ္ေဆးဝါး သံုးစဲြျခင္းေတြေၾကာင့္လဲ ျဖစ္ပြားႏိုင္ပါတယ္.. ခဲြစိတ္ကုသမႈၿပီးေနာက္ပိုင္းမွာ (သို႔) ထိခိုက္မႈ တစ္ခုေၾကာင့္လဲ ၾကံဳရတတ္ပါတယ္ ဒါျ့ပင္ အသက္ရြယ္ႀကီးျမင့္လာတဲ့ ေနာက္ပိုင္းမွာလဲ ဒါမ်ိဳး ၾကံဳရတတ္ပါတယ္..သို႔ေသာ္ လူလတ္ပိုင္းေတြမွာလဲ ျဖစ္ေလ့႐ွိတတ္တာမို႔
သတိျပဳသင့္ပါတယ္…
တခါတရံမွာ မိသားစုနဲ႔ဆိုင္တဲ့ ျပသနာမ်ား၊ စီးပြားေရး လူမႈေရး အစ႐ွိတာေတြေၾကာင့္ စိတ္ပင္ပန္းျခင္း၊ စိတ္လႈပ္႐ွားျခင္း၊ စိတ္ဓာတ္က်ျခင္း အစ႐ွိတဲ့ စိတ္က်န္းမာေရးေၾကာင့္ လိင္အဂၤါမေထာင္မတ္ႏိုင္ျခင္း ျဖစ္တတ္ပါတယ္.. တျခားႏိုင္ငံေတြမွာေတာ့ ဒီလုိစိတ္ေၾကာင့္ျဖစ္တဲ့ ျပသနာကို ကုသဖို႔ရာ… “မိမိ ခံစားခ်က္၊ စိတ္အေျခအေနကို ဖြင့္ေျပာ၊ျပန္ေဆြးေႏြးျခင္း စသည့္ ကုထံုး” ျဖင့္ စိတ္က်န္းမာေရးဆရာဝန္ေတြနဲ႔ ကုသေပမယ့္.. ျမန္မာႏိုင္ငံက အ႐ွက္အေၾကာက္ႀကီးတာေၾကာင့္ ဒီလို ကိစၥကို တပါးသူကိုေျပာျပဖို႔ရာ ႐ွက္တတ္ၾကပါတယ္..သို႔ေသာ္ မိမိမွာ ဒီလို ျဖစ္လာပါက နီးစပ္ရာ ဆရာဝန္ဆီမွာေတာ့ ဖြင့္ေျပာတိုင္ပင္သင့္ပါတယ္.. ဒါမွ အျမန္ေပ်ာက္ကင္းႏိုင္မွာပါ…
Erectile dysfunction ကို ေဆးဝါးျဖင့္ ကုသျခင္း၊ စိတ္က်န္းမာေရးေဆြးေႏြးကုထံုး ၊ ေယာဂ ၊ ေလ့က်င့္ခန္း အစ႐ွိသည္တို႔ျဖင့္ ကုသလို႔ရပါတယ္… တခါတရံမွာ တိုင္းရင္းေဆး၊သစ္ပင္ပန္းမံမ်ားျဖင့္ ကုသေလ့႐ွိၾကရာ ဒီလို မကုသခင္ ဆရာဝန္ႏွင့္ အရင္ေဆြးေႏြးတိုင္ပင္သင့္ပါတယ္…ကုသနည္းမ်ားဟာ မ်ိဳးစံုေပၚထြက္ေနၿပီးမို႔ မိမိအတြက္ သင့္ေလ်ာ္မည့္ ကုသနည္းကို ဆရာဝန္က ေရြးခ်ယ္ကုသေပးမွာ ျဖစ္ပါတယ္….
မိမိမွာ ေကာင္းမြန္တဲ့ ခႏၶာကုိယ္နဲ႔ က်န္းမာေရး ႐ွိေနပါက ဒီလို ျပသနာ ျဖစ္ဖို႔ အခြင့္လမ္းနည္းပါတယ္… ဒါေၾကာင့္
- ေလ့က်င့္ခန္း ပံုမွန္လုပ္ျခင္း
- သင္တင့္မွ်တၿပီး အား႐ွိေသာ အစားအေသာက္မ်ားစားျခင္း
- ပံုမွန္ကုိယ္အေလးခ်ိန္ ထား႐ွိျခင္း
- အရက္၊ေဆးလိပ္ ျဖတ္ျခင္း၊ေလ်ာ့ခ်ျခင္း
- မိမိစိတ္ကို အပန္းေျဖျခင္း အစ႐ွိတဲ့ ေန႔စဥ္လႈပ္႐ွားမႈေလးေတြ ျပဳလုပ္သင့္ပါတယ္…
က်န္းမာ သန္စြမ္းၿပီး စိတ္သြားရာ ကုိယ္ပါႏိုင္ေသာ အမ်ိဳးသားမ်ား ျဖစ္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္…..
ပုိင္နီေမာင္
#healthline