ပါဝင်သောဆေး-r-linolenic acid
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ရင်သာနာကျင်ခြင်းကို သက်သာစေရန်၊ အမျိုးသမီးများ ဓမ္မတာလာစဉ်ဖြစ်သော လက္ခဏာများသက်သာစေရန်၊ ပျိုဖော်ဝင်ချိန်နှင့် သွေးဆုံးချိန်တွင်ဖြစ်တတ်သော ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်သော လက္ခဏာများ၊ အရေပြားပြဿနာများသက်သာစေရန်၊ သွေးတွင်းအဆီများခြင်း၊ အရက်နာကျခြင်း၊ ပန်းနာရင်ကျပ်၊ အဆစ်နာစသောရောဂါများကုသရာတွင်လည်း ကူညီပေးပါသည်။ ထို့အပြင် အရေပြားနှင့် ဆံသားကောင်းမွန်စေပါသည်။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၁ကြိမ်။ သုံးစွဲသောအခြေအနေပေါ်မူတည်၍ တစ်နေ့ ၃လုံး ၆လ အထိသုံးစွဲနိုင်ပါသည်။ ကလေးများတွင် ဆေးပမာဏ တစ်ဝက်လျော့၍ သုံးစွဲရပါမည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-နို့ခမ်းဆေး၊ သွေးကျဲဆေး၊ ကိုချီစင်း စသောဆေးများနှင့် တွဲမသုံးသင့်ပါ။
ဒေါက်တာချို(ဆေး ၁)