ပါဝင်သောဆေး-Essential phospholipids၊
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသည်းအဆီဖုံးသူများ၊ အသည်းရောင်ခြင်းအမျိုးမျိုး၊ အသည်းခြောက်ခြင်း၊ အသည်းကောင်းစွာ အလုပ်မလုပ်နိုင်သူများအတွက် အားဆေးအဖြစ် အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၂ လုံး တစ်နေ့ ၃ ကြိမ်။ တစ်နေ့ ဆေး ၆လုံးထက်ပိုမသောက်ရ။
လုံးဝအသုံးမပြုသင့်သောသူများ-ပဲပိစပ်နှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပါဝင်သော ပဲပိစပ်အဆီကြောင့် ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်တတ်ပါသည်။ နာတာရှည် အသည်းရောင်သူများတွင် လူနာ၏အခြေအနေပေါ်မူတည်၍ ပဲပိစပ်အဆီများနှင့် တွဲသုံးသင့်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်အောင့်ခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ယားယံခြင်း၊ နှုတ်ခမ်း ပါးစပ်နှင့် လည်းချောင်းများ ထူလာခြင်း၊ ရောင်လာခြင်း၊ အစာအိမ်ရောဂါ လက္ခဏာများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးကျဲဆေးများ၏ ပမာဏကို သေချာချိန်ညှိရန် လိုအပ်ပါသည်။
ဒေါက်တာချို(ဆေး ၁)