မွေးလမ်းကြောင်းချဲ့ဖို့ လိုမလို?

မွေးလမ်းကြောင်းချဲ့တယ် ဆိုတာဟာ ကလေးမွေးဖွားချိန်မှာ မွေးဖွားရလွယ်ကူစေဖို့အတွက်မွေးလမ်းကြောင်းအဝကြွက်သားကို ခွဲစိတ်၍ ချဲ့ပေးခြင်းဖြစ်ပါတယ်။ ရိုးရိုးမွေးသူတိုင်းမွေးလမ်းကြောင်းချဲ့ဖို့မလိုနိုင်ပါ။

အဓိကအားဖြင့်

  • ကလေးထွားလွန်းသူများ
  • ညှပ်စွဲ၊လေစုပ်မွေးရသူများ
  • မွေးနေစဉ်ကာလတွင်း ကလေးမြန်မြန်ထွက်ရန်လိုအပ်သော အခြေအနေများ ( ဥပမာ – မွေးနေစဉ်ကလေးနှလုံးခုန်နှုန်းမမှန်ခြင်းများ)
  • မိခင်အနေနှင့် ဆက်ညှစ်ရန်အားမရှိတော့သော(သို့) ရောဂါအခံ တစ်ခုခုရှိသူများ

ဘယ်အချိန်မှာလုပ်လဲလို့မေးရင်တော့

  • ကလေးမွေးလမ်းကြောင်းဝခေါင်းပြူချိန်၊ သားအိမ်ညှစ်ချိန်မှာ တစ်ပြိုင်နက်မွေးလမ်းကြောင်းချဲ့ရန် အထူးအသုံးပြုသော ထိပ်တုံးကပ်ကြေးနှင့် ထုံဆေးပေးပြီး ညှပ်၍ ချဲ့ပါတယ်။ ( သွေးပူနေချိန်သားအိမ်ညှစ်လို့ ဗိုက်နာနေချိန်ဖြစ်လို့ မနာလိုက်၊ မသိလိုက်ကြတာများပါတယ်၊ အလွန်အမင်းစိုးရိမ်ဖို့မလိုပါ) ပြီးရင်မွေးလမ်းကြောင်းချဲ့တဲ့နေရာကို ကလေးမွေးပြီးတာနဲ့ ကြွက်သား၊ အရေပြားလွှာတို့ကို စနစ်တကျပြန်ချုပ်ပေးပါတယ်။

နောက်ဆက်တွဲ ကိစ္စစိတ်ပူရသလားမေးရင်တော့

  • ချုပ်တဲ့နေရာမှာ သွေးထွက်များတာ၊
  • ချုပ်ရိုးပြန်ကွဲထွက်တာ
  • ချုပ်ရိုးပိုးဝင်တာ
  • လိင်ဆက်ဆံချိန်နာတာ( ချုပ်ရိုး အသားတတ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်)တို့ဖြစ်နိုင်ပါတယ်။

မွေးလမ်းကြောင်းချဲ့သည့်နေရာ အနာကျက်စေဖို့ဆိုရင်တော့

  • အနာသက်သာစေသောဆေး( ဥပမာ – Paracetamol)
  • အနာကို အယောင်ကျစေရန် သန့်စင်သေ ရေခဲတုံးနှင့် ကပ်ပေးခြင်း
  • အနာပိုးဝင်ခြင်းမရှိစေရန် ဆီး၊ဝမ်းသွားအပြီးတွင် ရေနွေး ကြက်သီးဖြန်းလေးနှင့် အနာအားဆေးပေးခြင်း
  • အနာကွဲထွက်ခြင်းမဖြစ်စေရန် ဝမ်းမချုပ်စေဘဲ အမျှင်ဓာတ် စားပေးခြင်း၊
  • မွေးလမ်းကြောင်းကြွက်သား လေ့ကျင့်ခန်းလုပ်ပေးခြင်း တို့ဖြင့် လျင်မြန်စွာ အနာကျက်စေပါတယ်။

သတိထားရမယ့်အနေအထားမျိုးကတော့

  • မွေးလမ်းကြောင်းချဲ့သည့်နေရာတွင် နာလာခြင်း၊ နီမြန်းလာခြင်း

ဒီလောက်ဆို မွေးလမ်းကြောင်းဘာလို့ချဲ့ရလဲ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာလေးသိပြီမို့ ရိုးရိုးမွေးမဲ့ မေမေတို့ အရမ်းမကြောက်ကြနဲ့တော့နော်

မယ်တင်( ဆေး ၁)

ေမြးလမ္းေၾကာင္းခ်ဲ့ဖို႔ လိုမလို?

ေမြးလမ္းေၾကာင္းခ်ဲ့တယ္ ဆိုတာဟာ ကေလးေမြးဖြားခ်ိန္မွာ ေမြးဖြားရလြယ္ကူေစဖို႔အတြက္ေမြးလမ္းေၾကာင္းအဝႂကြက္သားကို ခြဲစိတ္၍ ခ်ဲ့ေပးျခင္းျဖစ္ပါတယ္။ ရိုးရိုးေမြးသူတိုင္းေမြးလမ္းေၾကာင္းခ်ဲ့ဖို႔မလိုႏိုင္ပါ။

အဓိကအားျဖင့္

  • ကေလးထြားလြန္းသူမ်ား
  • ညႇပ္စြဲ၊ေလစုပ္ေမြးရသူမ်ား
  • ေမြးေနစဥ္ကာလတြင္း ကေလးျမန္ျမန္ထြက္ရန္လိုအပ္ေသာ အေျခအေနမ်ား ( ဥပမာ – ေမြးေနစဥ္ကေလးႏွလံုးခုန္ႏႈန္းမမွန္ျခင္းမ်ား)
  • မိခင္အေနႏွင့္ ဆက္ညႇစ္ရန္အားမရွိေတာ့ေသာ(သို႔) ေရာဂါအခံ တစ္ခုခုရွိသူမ်ား

ဘယ္အခ်ိန္မွာလုပ္လဲလို႔ေမးရင္ေတာ့

  • ကေလးေမြးလမ္းေၾကာင္းဝေခါင္းျပဴခ်ိန္၊ သားအိမ္ညႇစ္ခ်ိန္မွာ တစ္ၿပိဳင္နက္ေမြးလမ္းေၾကာင္းခ်ဲ့ရန္ အထူးအသံုးျပဳေသာ ထိပ္တံုးကပ္ေၾကးႏွင့္ ထံုေဆးေပးၿပီး ညႇပ္၍ ခ်ဲ့ပါတယ္။ ( ေသြးပူေနခ်ိန္သားအိမ္ညႇစ္လို႔ ဗိုက္နာေနခ်ိန္ျဖစ္လို႔ မနာလိုက္၊ မသိလိုက္ၾကတာမ်ားပါတယ္၊ အလြန္အမင္းစိုးရိမ္ဖို႔မလိုပါ) ၿပီးရင္ေမြးလမ္းေၾကာင္းခ်ဲ့တဲ့ေနရာကို ကေလးေမြးၿပီးတာနဲ႔ ႂကြက္သား၊ အေရျပားလႊာတို႔ကို စနစ္တက်ျပန္ခ်ဳပ္ေပးပါတယ္။

ေနာက္ဆက္တြဲ ကိစၥစိတ္ပူရသလားေမးရင္ေတာ့

  • ခ်ဳပ္တဲ့ေနရာမွာ ေသြးထြက္မ်ားတာ၊
  • ခ်ဳပ္ရိုးျပန္ကြဲထြက္တာ
  • ခ်ဳပ္ရိုးပိုးဝင္တာ
  • လိင္ဆက္ဆံခ်ိန္နာတာ( ခ်ဳပ္ရိုး အသားတတ္ျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္)တို႔ျဖစ္ႏိုင္ပါတယ္။

ေမြးလမ္းေၾကာင္းခ်ဲ့သည့္ေနရာ အနာက်က္ေစဖို႔ဆိုရင္ေတာ့

  • အနာသက္သာေစေသာေဆး( ဥပမာ – Paracetamol)
  • အနာကို အေယာင္က်ေစရန္ သန္႔စင္ေသ ေရခဲတံုးႏွင့္ ကပ္ေပးျခင္း
  • အနာပိုးဝင္ျခင္းမရွိေစရန္ ဆီး၊ဝမ္းသြားအၿပီးတြင္ ေရေႏြး ၾကက္သီးျဖန္းေလးႏွင့္ အနာအားေဆးေပးျခင္း
  • အနာကြဲထြက္ျခင္းမျဖစ္ေစရန္ ဝမ္းမခ်ဳပ္ေစဘဲ အမၽွင္ဓာတ္ စားေပးျခင္း၊
  • ေမြးလမ္းေၾကာင္းႂကြက္သား ေလ့က်င့္ခန္းလုပ္ေပးျခင္း တို႔ျဖင့္ လ်င္ျမန္စြာ အနာက်က္ေစပါတယ္။

သတိထားရမယ့္အေနအထားမ်ိဳးကေတာ့

  • ေမြးလမ္းေၾကာင္းခ်ဲ့သည့္ေနရာတြင္ နာလာျခင္း၊ နီျမန္းလာျခင္း

ဒီေလာက္ဆို ေမြးလမ္းေၾကာင္းဘာလို႔ခ်ဲ့ရလဲ ဘယ္လို ဂရုစိုက္ရမလဲ ဆိုတာေလးသိၿပီမို႔ ရိုးရိုးေမြးမဲ့ ေမေမတို႔ အရမ္းမေၾကာက္ၾကနဲ႔ေတာ့ေနာ္

မယ္တင္( ေဆး ၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *