မွေးလမ်းကြောင်းချဲ့ခြင်း

Episiotomy မွေးလမ်းကြောင်းချဲ့ခြင်းဆိုသည်မှာ ရိုးရိုးမီးဖွားသော မိခင်များ အများအားဖြင့် သားဦးမွေးသူအများစုအတွက် မိန်းမကိုယ်ကို ချဲ့ပြီး မွေးဖွားရခြင်းကို မွေးလမ်းကြောင်းချဲ့ခြင်းလို့ ခေါ်ပါတယ် ။ တစ်ခါတစ်ရံ နောက်ထပ် မွေးဖွားလာသော ကလေးများတွင်ပါ ချဲ့ရတာမျိုး ရှိတတ်ပါတယ် ။အများအားဖြင့် ထုံဆေးနဲ့ လုပ်လေ့ရှိပါတယ် ။

အဓိက ရည်ရွယ်ချက်မှာ မိန်းမကိုယ်ကြွက်သားများ စုတ်ပြဲမှုကို ကာကွယ်ရန် ကလေးမွေးရ လွယ်ကူစေရန်ဖြစ်ပါတယ် ။မွေးလမ်းကြောင်းချဲ့ခြင်းကို မိခင်၏ တင်ပဆုံရိုး အနေအထား ကလေးရဲ့ အရွယ် သားအိမ်ထဲရှိ အနေအထားတို့အပေါ်မူတည်ပြီး လုပ်ပါတယ် ။

မွေးလမ်းကြောင်း ချဲ့ပြီးပါက ပြန်ချုပ်ပါတယ် ။ ၃ ချက်ချုပ်ပြီး အများအားဖြင့် ပြန်ချုပ်ရိုးဖြည်စရာမလိုသော ချုပ်သားများဖြင့် ချုပ်ပေးပါတယ် ။ ပိုးသတ်ဆေး နဲ့ အနာသက်သာဆေး ၄-၅ ရက်ပေးပါတယ် ။

ချုပ်ထားတဲ့နေရာဟာ ကြာလေကောင်းလေဖြစ်ပြီး အနာကို ဖိထိုင်ပေးရန် လိုအပ်ပါတယ် ။ လေးပတ်က ခြောက်ပတ်အတွင်း အနာကျက်လေ့ရှိပါတယ် ။ အနာကို ဆေးမှုန့်များသိပ်ခြင်း နနွင်းမှုန့်များသိပ်ခြင်းဟာ ရောဂါပိုများပိုမိုဝင်ရောက်စေနိုင်ပြီး အနာမကျက်ခြင်း ပြည်တည်ခြင်းများမှ အစ တခြားရောဂါများဆက်လက်ဖြစ်ပွားနိုင်ပါတယ် ။

မွေးလမ်းကြောင်း ချဲ့သည်ဖစ်စေ ကြွက်သားများ စုတ်ပြဲမှုကြောင့် ချုပ်ရသည်ဖြစ်စေ အနာကို ဂရုစိုက်သင့်ပါတယ် ။ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်စေနိုင်သည့် အတွက် ဆီးသွားပြီးတိုင်း သေချာဆေးကြောခြင်းကဲ့သို့ တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးအလေးပေး လုပ်ဆောင်ရန် လိုအပ်ပါတယ် ။ ထို့အပြင် ချုပ်ရိုးကွဲထွက်မှုမရှိစေရန် ဝမ်းချုပ်မှုကို ကာကွယ်ရန် ရေများများသောက်ခြင်းများလဲ လိုအပ်ပါတယ် ။

အကယ်၍ ဖျားခြင်း ပျို့အန်ခြင်း ဆီးပူဆီးအောင့်ခြင်း သွေးဆင်းမှု များလွန်းခြင်း မီးဖွားရာနေရာပတ်ဝန်းကျင်တွင် အလွန်နာခြင်း ချုပ်ရိုးတွင် စစ်ကြည့်ပါက ချုပ်ရိုးမှာ နီရဲပြီး ဖောင်းနေခြင်းများ ဖြစ်ပွားပါက ဆရာဝန်နှင့်ပြန်လည်ပြသရန် လိုအပ်ပါတယ် ။

ဒေါက်ပီ

ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္း

Episiotomy ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းဆိုသည္မွာ ႐ိုး႐ိုးမီးဖြားေသာ မိခင္မ်ား အမ်ားအားျဖင့္ သားဦးေမြးသူအမ်ားစုအတြက္ မိန္းမကိုယ္ကို ခ်ဲ႕ၿပီး ေမြးဖြားရျခင္းကို ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းလို႔ ေခၚပါတယ္ ။ တစ္ခါတစ္ရံ ေနာက္ထပ္ ေမြးဖြားလာေသာ ကေလးမ်ားတြင္ပါ ခ်ဲ႕ရတာမ်ဳိး ရွိတတ္ပါတယ္ ။အမ်ားအားျဖင့္ ထံုေဆးနဲ႔ လုပ္ေလ့ရွိပါတယ္ ။

အဓိက ရည္ရြယ္ခ်က္မွာ မိန္းမကိုယ္ႂကြက္သားမ်ား စုတ္ၿပဲမႈကို ကာကြယ္ရန္ ကေလးေမြးရ လြယ္ကူေစရန္ျဖစ္ပါတယ္ ။ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းကို မိခင္၏ တင္ပဆံု႐ိုး အေနအထား ကေလးရဲ႕ အရြယ္ သားအိမ္ထဲရွိ အေနအထားတို႔အေပၚမူတည္ၿပီး လုပ္ပါတယ္ ။

ေမြးလမ္းေၾကာင္း ခ်ဲ႕ၿပီးပါက ျပန္ခ်ဳပ္ပါတယ္ ။ ၃ ခ်က္ခ်ဳပ္ၿပီး အမ်ားအားျဖင့္ ျပန္ခ်ဳပ္႐ိုးျဖည္စရာမလိုေသာ ခ်ဳပ္သားမ်ားျဖင့္ ခ်ဳပ္ေပးပါတယ္ ။ ပိုးသတ္ေဆး နဲ႔ အနာသက္သာေဆး ၄-၅ ရက္ေပးပါတယ္ ။

ခ်ဳပ္ထားတဲ့ေနရာဟာ ၾကာေလေကာင္းေလျဖစ္ၿပီး အနာကို ဖိထိုင္ေပးရန္ လိုအပ္ပါတယ္ ။ ေလးပတ္က ေျခာက္ပတ္အတြင္း အနာက်က္ေလ့ရွိပါတယ္ ။ အနာကို ေဆးမႈန္႔မ်ားသိပ္ျခင္း နႏြင္းမႈန္႔မ်ားသိပ္ျခင္းဟာ ေရာဂါပိုမ်ားပိုမိုဝင္ေရာက္ေစႏိုင္ၿပီး အနာမက်က္ျခင္း ျပည္တည္ျခင္းမ်ားမွ အစ တျခားေရာဂါမ်ားဆက္လက္ျဖစ္ပြားႏိုင္ပါတယ္ ။

ေမြးလမ္းေၾကာင္း ခ်ဲ႕သည္ဖစ္ေစ ႂကြက္သားမ်ား စုတ္ၿပဲမႈေၾကာင့္ ခ်ဳပ္ရသည္ျဖစ္ေစ အနာကို ဂ႐ုစိုက္သင့္ပါတယ္ ။ ဆီးလမ္းေၾကာင္းပိုးဝင္တာမ်ဳိး ျဖစ္ေစႏိုင္သည့္ အတြက္ ဆီးသြားၿပီးတိုင္း ေသခ်ာေဆးေၾကာျခင္းက့ဲသို႔ တစ္ကိုယ္ရည္သန္႔ရွင္းမႈ အထူးအေလးေပး လုပ္ေဆာင္ရန္ လိုအပ္ပါတယ္ ။ ထို႔အျပင္ ခ်ဳပ္႐ိုးကြဲထြက္မႈမရွိေစရန္ ဝမ္းခ်ဳပ္မႈကို ကာကြယ္ရန္ ေရမ်ားမ်ားေသာက္ျခင္းမ်ားလဲ လိုအပ္ပါတယ္ ။

အကယ္၍ ဖ်ားျခင္း ပ်ိဳ႕အန္ျခင္း ဆီးပူဆီးေအာင့္ျခင္း ေသြးဆင္းမႈ မ်ားလြန္းျခင္း မီးဖြားရာေနရာပတ္ဝန္းက်င္တြင္ အလြန္နာျခင္း ခ်ဳပ္႐ိုးတြင္ စစ္ၾကည့္ပါက ခ်ဳပ္ရိုးမွာ နီရဲျပီး ေဖာင္းေနျခင္းမ်ား ျဖစ္ပြားပါက ဆရာဝန္ႏွင့္ျပန္လည္ျပသရန္ လိုအပ္ပါတယ္ ။

ေဒါက္ပီ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *